မန္တလေးငလျင်ကြီးအပြီး ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများ ဈေးကျနေကာ မြေကွက်အရောင်းဖြစ်နေ

 1411

စော (NP News) - ဧပြီ ၂၆
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးအပြီးတွင် ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများ ဈေးကျနေကာ မြေကွက်အရောင်းဖြစ်နေကြောင်း NP News အိမ်ခြံမြေအကျိုးဆောင်အချို့ထံ မေးမြန်းချက်ထား ချက်များအရ ကနဦးသိရသည်။
“အရောင်းက မြေကွက်ကိုပဲ ပိုလိုက်တယ်။ တိုက်ခန်းအေးသွားတယ်။ အစ်မတို့တောင် တစ်လတစ်ခန်းတောင် မနည်းရောင်းရတယ်။ မြေကွက်ကတော့ ဝယ်ကြတယ်။ မြောက်ဒဂုံတို့၊ မှော်ဘီတို့ အခြားနေရာတွေ မြေကြီးတွေ ကတော့ ရောင်းကြရတယ် ပြောတယ်။ အထပ်မြင့်ကတော့ ငလျင်ကြောင့်ကို ဈေးတွေသာ နည်းနည်းလျော့တာ။ လောလောဆယ်မှာကို တချို့တွေက‌ လျော့ရောင်းတယ်။ တချို့က လျော့မရောင်းဘူး။ အေးတာက ငလျင်ကြောင့် မဟုတ်ဘူး။ ဒီဇင်ဘာထဲက အေးတာ။ အခုကျတော့ ငလျင်ကြောင့်သာ အထပ်မြင့်တွေ၊ ကွန်ဒိုတွေ လူတွေက ကြောက်ကြတာလေ” ဟု ကြည့်မြင့်တိုင်မြို့နယ်မှ အိမ်၊ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောသည်။
လက်ရှိဈေးကွက်အနေအထားအရ တိုက်ခန်းအငှားဈေးကွက်မှာ ပိုမိုအလုပ်ဖြစ်နေပြီး အလုံမြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ် နှင့် စမ်းချောင်းမြို့နယ်တို့တွင် ငွေကျပ် လေးသိန်းဝန်းကျင်ရှိသော တိုက်ခန်းများ အငှားသွက်နေကြောင်း ၎င်းကဆိုသည်။
ထို့ပြင် ယခင်က မြေညီထပ်တစ်ခန်းလျှင် ငွေကျပ်သိန်း ၃၀၀၀ ကျော် ပေါက်ဈေးရှိပြီး ယခုလက်ရှိတွင် ၂၂ ပေကို သိန်း ၂၄၀၀ လျော့ချထားသော်လည်း ဝယ်သူမရှိကြောင်း တောင်ဥက္ကလာပမြို့နယ်တွင် အိမ်၊ ခြံ၊ မြေအကျိုးဆောင် လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ပြောသည်။
မန္တလေးငလျင်ကြီးဒဏ်ကြောင့် အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်ရန် စိုးရိမ်ပူပန်မှုများရှိနေကြောင်း နှင့် ယခု ဧပြီလကုန်ပြီးပါက အရောင်း၊အဝယ်၊အငှားဈေးကွက်သည် ပုံမှန်အခြေအနေဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
မႏၲေလးငလ်င္ႀကီးအၿပီး ရန္ကုန္ၿမိဳ႕ရွိ အထပ္ျမင့္တိုက္ခန္းမ်ား ေဈးက်ေနကာ ေျမကြက္အေရာင္းျဖစ္ေန
ေစာ (NP News) - ဧၿပီ ၂၆
ၿပီးခဲ့သည့္ မတ္လ ၂၈ ရက္က လႈပ္ခတ္ခဲ့ေသာ မႏၲေလးငလ်င္ႀကီးအၿပီးတြင္ ရန္ကုန္ၿမိဳ႕ရွိ အထပ္ျမင့္တိုက္ခန္းမ်ား ေဈးက်ေနကာ ေျမကြက္အေရာင္းျဖစ္ေနေၾကာင္း NP News အိမ္ၿခံေျမအက်ိဳးေဆာင္အခ်ိဳ႕ထံ ေမးျမန္းခ်က္ထား ခ်က္မ်ားအရ ကနဦးသိရသည္။
“အေရာင္းက ေျမကြက္ကိုပဲ ပိုလိုက္တယ္။ တိုက္ခန္းေအးသြားတယ္။ အစ္မတို႔ေတာင္ တစ္လတစ္ခန္းေတာင္ မနည္းေရာင္းရတယ္။ ေျမကြက္ကေတာ့ ဝယ္ၾကတယ္။ ေျမာက္ဒဂုံတို႔၊ ေမွာ္ဘီတို႔ အျခားေနရာေတြ ေျမႀကီးေတြ ကေတာ့ ေရာင္းၾကရတယ္ ေျပာတယ္။ အထပ္ျမင့္ကေတာ့ ငလ်င္ေၾကာင့္ကို ေဈးေတြသာ နည္းနည္းေလ်ာ့တာ။ ေလာေလာဆယ္မွာကို တခ်ိဳ႕ေတြက‌ ေလ်ာ့ေရာင္းတယ္။ တခ်ိဳ႕က ေလ်ာ့မေရာင္းဘူး။ ေအးတာက ငလ်င္ေၾကာင့္ မဟုတ္ဘူး။ ဒီဇင္ဘာထဲက ေအးတာ။ အခုက်ေတာ့ ငလ်င္ေၾကာင့္သာ အထပ္ျမင့္ေတြ၊ ကြန္ဒိုေတြ လူေတြက ေၾကာက္ၾကတာေလ” ဟု ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္မွ အိမ္၊ၿခံ၊ ေျမ အက်ိဳးေဆာင္တစ္ဦးက ေျပာသည္။
လက္ရွိေဈးကြက္အေနအထားအရ တိုက္ခန္းအငွားေဈးကြက္မွာ ပိုမိုအလုပ္ျဖစ္ေနၿပီး အလုံၿမိဳ႕နယ္၊ ၾကည့္ျမင္တိုင္ ၿမိဳ႕နယ္ ႏွင့္ စမ္းေခ်ာင္းၿမိဳ႕နယ္တို႔တြင္ ေငြက်ပ္ ေလးသိန္းဝန္းက်င္ရွိေသာ တိုက္ခန္းမ်ား အငွားသြက္ေနေၾကာင္း ၎ကဆိုသည္။
ထို႔ျပင္ ယခင္က ေျမညီထပ္တစ္ခန္းလွ်င္ ေငြက်ပ္သိန္း ၃၀၀၀ ေက်ာ္ ေပါက္ေဈးရွိၿပီး ယခုလက္ရွိတြင္ ၂၂ ေပကို သိန္း ၂၄၀၀ ေလ်ာ့ခ်ထားေသာ္လည္း ဝယ္သူမရွိေၾကာင္း ေတာင္ဥကၠလာပၿမိဳ႕နယ္တြင္ အိမ္၊ ၿခံ၊ ေျမအက်ိဳးေဆာင္ လုပ္ငန္းေဆာင္႐ြက္ေနသူတစ္ဦးက ေျပာသည္။
မႏၲေလးငလ်င္ႀကီးဒဏ္ေၾကာင့္ အထပ္ျမင့္တိုက္ခန္းမ်ားတြင္ ေနထိုင္ရန္ စိုးရိမ္ပူပန္မႈမ်ားရွိေနေၾကာင္း ႏွင့္ ယခု ဧၿပီလကုန္ၿပီးပါက အေရာင္း၊အဝယ္၊အငွားေဈးကြက္သည္ ပုံမွန္အေျခအေနျဖစ္လာႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.