ပြန်လည်ထူထောင်ရေးကာလတွင် ကုန်ပစ္စည်းများကို စျေးနှုန်းမြှင့်တင် ရောင်းချသူ များကို ထိထိရောက်ရောက် အရေးယူ မည်

129

Pearl (NP News) - ဧပြီ ၂၆
ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေချိန်ကာလတွင် ကုန်ပစ္စည်းများကို စျေးနှုန်းမြှင့်တင်၍ ရောင်းချသူများကို ထိထိရောက် ရောက် အရေးယူမည်ဖြစ်ကြောင်း ယမန်နေ့ (ဧပြီ ၂၅)ရက်က နေပြည်တော်တွင်ကျင်းပသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ပြောကြားခဲ့သည်။
ငလျင်ဒဏ်သင့်ဒေသများသို့ ထောက်ပံ့လှူဒါန်းမှုများနှင့် ပတ်သက်၍ အလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းမှုများရှိသကဲ့သို့ တစ်ဖက်ကလည်း အချို့စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းဈေးနှုန်းများကို အဆမတန်တင်၍ ရောင်းချနေကြသည်ကို တွေ့ရှိရကြောင်း ဒု ဥက္ကဋ္ဌက ဆိုသည်။
အလားတူ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအနေဖြင့် အချင်းချင်းကူညီရမည့်အစား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသည့် ကာလတွင် ဆောက်လုပ်ရေး ပစ္စည်းများကို မူရင်းဈေးနှုန်းထပ်မံမြှင့်တင်၍ ရောင်းချလျက်ရှိသည်ကို ကြားသိရကြောင်းလည်း ဒု ဥက္ကဋ္ဌက ထည့်သွင်းပြောဆိုထားသည်။
ထို့ကြောင့် မတော်လောဘ စီးပွားရေးသမားများကို နိုင်ငံတော်က ထိန်းချုပ်တားမြစ်ခြင်း၊ မေတ္တာရပ်ခံခြင်း စသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လိုက်နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် ဆောက်လုပ်ရေးပစ္စည်းများနှင့် သက်ဆိုင်သော လိုအပ်သည့်ပစ္စည်းများကိုလည်း နိုင်ငံတော်ကစိစစ်၍ တင်သွင်းခွင့်ပြုထား ကြောင်းသိရသည်။
ငလျင်ဒဏ်သင့် ဒေသများ၌ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှု စံသတ်မှတ်ချက် များအနေဖြင့် အဆင့် (၁) အဆင့် (၂) ၊ အဆင့်(၃) ၊ အဆင့်(၄) နှင့် အဆင့် (၅) ဟူ၍ သတ်မှတ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် အများဆုံးဆောင်ရွက်ပြီးစီးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

Zawgyi Version;
ျပန္လည္ထူေထာင္ေရးကာလတြင္ ကုန္ပစၥည္းမ်ားကို ေစ်းႏႈန္းျမႇင့္တင္ ေရာင္းခ်သူ မ်ားကို ထိထိေရာက္ေရာက္ အေရးယူ မည္
Pearl (NP News) - ဧၿပီ ၂၆
ငလ်င္ဒဏ္သင့္ေဒသမ်ား၌ ျပန္လည္ထူေထာင္ေရးေဆာင္႐ြက္ေနခ်ိန္ကာလတြင္ ကုန္ပစၥည္းမ်ားကို ေစ်းႏႈန္းျမႇင့္တင္၍ ေရာင္းခ်သူမ်ားကို ထိထိေရာက္ ေရာက္ အေရးယူမည္ျဖစ္ေၾကာင္း ယမန္ေန႔ (ဧၿပီ ၂၅)ရက္က ေနျပည္ေတာ္တြင္က်င္းပေသာ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီ အစည္းအေဝး၌ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း ေျပာၾကားခဲ့သည္။
ငလ်င္ဒဏ္သင့္ေဒသမ်ားသို႔ ေထာက္ပံ့လႉဒါန္းမႈမ်ားႏွင့္ ပတ္သက္၍ အလႉရွင္မ်ားက ေစတနာသဒၶါတရား ထက္သန္စြာျဖင့္ လႉဒါန္းမႈမ်ားရွိသကဲ့သို႔ တစ္ဖက္ကလည္း အခ်ိဳ႕စီးပြားေရးလုပ္ငန္းရွင္မ်ားအေနျဖင့္ ကုန္ပစၥည္းေဈးႏႈန္းမ်ားကို အဆမတန္တင္၍ ေရာင္းခ်ေနၾကသည္ကို ေတြ႕ရွိရေၾကာင္း ဒု ဥကၠ႒က ဆိုသည္။
အလားတူ မိမိတို႔ ဗုဒၶဘာသာ လူမ်ိဳးမ်ားအေနျဖင့္ အခ်င္းခ်င္းကူညီရမည့္အစား ျပန္လည္ထူေထာင္ေရး ေဆာင္႐ြက္ေနသည့္ ကာလတြင္ ေဆာက္လုပ္ေရး ပစၥည္းမ်ားကို မူရင္းေဈးႏႈန္းထပ္မံျမႇင့္တင္၍ ေရာင္းခ်လ်က္ရွိသည္ကို ၾကားသိရေၾကာင္းလည္း ဒု ဥကၠ႒က ထည့္သြင္းေျပာဆိုထားသည္။
ထို႔ေၾကာင့္ မေတာ္ေလာဘ စီးပြားေရးသမားမ်ားကို ႏိုင္ငံေတာ္က ထိန္းခ်ဳပ္တားျမစ္ျခင္း၊ ေမတၱာရပ္ခံျခင္း စသည္ျဖင့္ ေဆာင္႐ြက္ေပးလ်က္ရွိသည့္အျပင္ လိုက္နာမႈမရွိပါက ထိထိေရာက္ေရာက္ အေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေဆာက္လုပ္ေရးပစၥည္းမ်ားႏွင့္ သက္ဆိုင္ေသာ လိုအပ္သည့္ပစၥည္းမ်ားကိုလည္း ႏိုင္ငံေတာ္ကစိစစ္၍ တင္သြင္းခြင့္ျပဳထား ေၾကာင္းသိရသည္။
ငလ်င္ဒဏ္သင့္ ေဒသမ်ား၌ ရွာေဖြကယ္ဆယ္ေရးေဆာင္႐ြက္မႈ စံသတ္မွတ္ခ်က္ မ်ားအေနျဖင့္ အဆင့္ (၁) အဆင့္ (၂) ၊ အဆင့္(၃) ၊ အဆင့္(၄) ႏွင့္ အဆင့္ (၅) ဟူ၍ သတ္မွတ္ကာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ကာ လက္ရွိတြင္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊ ပဲခူးတိုင္းေဒသႀကီး၊ စစ္ကိုင္း တိုင္းေဒသႀကီးတို႔တြင္ အမ်ားဆုံးေဆာင္႐ြက္ၿပီးစီးခဲ့ၿပီး မႏၲေလးတိုင္းေဒသႀကီးတြင္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္။