ပုပ်ရဟန်းမင်းကြီး၏ ဈာပနကို ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၃ဝ မှ ခေါင်းဆောင်များ၊ အစိုးရကိုယ်စားလှယ်များ တက်ရောက်မည်

248

ဂျန်ဇက် (NP News) - ဧပြီ ၂၆
ပုပ်ရန်ဟန်းမင်းကြီး ဖရန်စစ် ရုပ်အလောင်းထားရှိရာ St Peter's Basilica သို့ လူအများအပြားလာရောက်ကာ ပုပ်ရဟန်းမင်းကြီးကို လာရောက်ဂါရဝပြုနုတ်ဆက်ခဲ့ကြောင်း သိရသည်။ အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ သော ပုပ်ရဟန်းမင်းကြီး ၏ ဈာပနကို ဧပြီ ၂၆ ရက်တွင် ကျင်းပမည်ဖြစ်ရာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၅ဝ မှ ခေါင်းဆောင်များ၊ စည်းမျဉ်းခံဘုရင် စနစ်ကျင့်သုံးသောနိုင်ငံများမှ ခေါင်းဆောင် များ တက်ရောက်မည်ဖြစ်ကာဧပြီ ၂၅ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အီတလီအစိုးရ နှင့် ဗာတီကန်နန်းတော်သည် St Peter's Basilica ဝန်းကျင်တွင် လုံခြုံရေးတင်းကြပ်ထားပြီး ဒရုန်းပျံသန်းမှုပိတ်ပင်ခြင်း၊ ခေါင်းမိုးပေါ်တွင် စနိုက်ပါသေနတ်သမားများထားရှိခြင်း၊ တိုက်လေယာဉ်များ ပျံသန်း ခြင်းများကို လုပ်ဆောင်လျက်ရှိနေကြောင်း သိရသည်။
ကာဒီနယ်ကီဗင်ဖာရယ်လ်သည် ပုပ်ရဟန်းမင်းကြီးရွေးချယ်ပွဲတွင် ရေပန်းအစားဆုံးဖြစ်နေပြီး ပုပ်ရဟန်းမင်းကြီး အသစ်ဖြစ်လာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။
ပုပ်ရဟန်းမင်းကြီး၏ ဈာပနာအခမ်းနားကို နိုင်ငံပေါင်း ၁၃ဝ ကျော်မှ ကိုယ်စားလှယ်များ စေလွှတ်မည်ဖြစ်ပြီး ဈာပနကျင်းပချိန်တွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ဖွယ်ရှိနေသည်။
ပုပ်ရဟန်းမင်းကြီးသည် အခေါင်းထဲတွင်လဲလျောင်းနေသည့် ပုံစံမျိုးရှိနေပြီး ၎င်းဝတ်ဆင်သည့်အတိုင်း အဝတ်ရောင်ဝတ်ရုံ၊ အနီရောင်ဘောင်းဘီရှည်၊ အနီရောင်ရှုးဖိနပ် ဝတ်ဆင်ပေးထားကြောင်း သိရသည်။ အီတလီ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက လူပေါင်းထောင်ပေါင်းများစွာသည် ပုပ်ရဟန်းမင်းကြီး ဈာပနအခမ်းအနားကို တက်ရောက်ရန်ရောမမြို့ကို လာရောက်ဖွယ်ရှိနေသည်ဟု ခန့်မှန်းထားသည်။
ဈာပနာအခမ်းအနားပြီးချိန်တွင် ပုပ်ရဟန်းမင်းကြီး၏ ရုပ်အလောင်းကို ၎င်း နှစ်သက်သည့် ရောမမြို့က Santa Maria Maggiore ဘုရားကျောင်းတွင် မြှုပ်နှံရန် လူအများ လမ်းလျှောက်လိုက်ပို့မည်ဖြစ်သည်။ လူအများသည် ပုပ်ရဟန်းမင်းကြီးမြှုပ်နှံထားသည့် နေရာကို ဧပြီ ၂၇ ရက်တွင် စတင်လာရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပုပ်ရဟန်းမင်းကြီး မရှိသည့်အတွက် ကမ္ဘာတဝှမ်းမှ ကက်သလစ်ဘာသာဝင် ၁ ဒသမ ၃ ဘီလျံ ကျော်အတွက် ပုပ်ရဟန်းမင်းကြီးအသစ် ထပ်မံရွေးချယ်ရန် စီစဉ်နေရာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ရန် ဗာတီကန်မှ ကာဒီနယ်များ အလုပ်ရှုပ်နေကြောင်း သိရသည်။
ဗာတီကန်မှ ကာဒီနယ်များသည် ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရေးလုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်မည့် ရက်ကိုအတိကျ သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရေးလုပ်ငန်းစဉ်က အနည်းဆုံး ၁၅ ရက် နှင့် ရက် ၂ဝ အတွင်း ကြာမြင့်နိုင်ကြောင်း သိရသည်။
ပုပ်ရဟန်းမင်းကြီးအသစ်ကို မဲပေးရွေးချယ်မည်ဖြစ်ပြီး အသက် ၈ဝ အောက် ကာဒီနယ် ၁၃၅ ဦးက ပုပ်ရဟန်း မင်းကြီးအသစ်ကို ရွေးချယ်မည်ဖြစ်ရာ အီတလီနိုင်ငံသား ကာဒီနယ်ဖြစ်သည့် ပါရိုလင်သည် ပုပ်ရဟန်းမင်းကြီး အသစ်ဖြစ်လာရန် အလားလာများကြောင်း ဗြိတိန်အခြေစိုက် ဝီလီယံဟေးလ် ဘွတ်ကီဒိုင်က ခန့်မှန်း ဈေးဖွင့်ထား သည်။

Zawgyi Version:
ပုပ္ရဟန္းမင္းႀကီး၏ ဈာပနကို ကမာၻတဝွမ္းရွိ ႏိုင္ငံေပါင္း ၁၃ဝ မွ ေခါင္းေဆာင္မ်ား၊ အစိုးရကိုယ္စားလွယ္မ်ား တက္ေရာက္မည္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆
ပုပ္ရန္ဟန္းမင္းႀကီး ဖရန္စစ္ ႐ုပ္အေလာင္းထားရွိရာ St Peter's Basilica သို႔ လူအမ်ားအျပားလာေရာက္ကာ ပုပ္ရဟန္းမင္းႀကီးကို လာေရာက္ဂါရဝျပဳႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။ အသက္ ၈၈ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္ခဲ့ ေသာ ပုပ္ရဟန္းမင္းႀကီး ၏ ဈာပနကို ဧၿပီ ၂၆ ရက္တြင္ က်င္းပမည္ျဖစ္ရာ အေမရိကန္သမၼတေဒၚနယ္ထရမ့္ အပါအဝင္ ကမာၻ႔ႏိုင္ငံေပါင္း ၅ဝ မွ ေခါင္းေဆာင္မ်ား၊ စည္းမ်ဥ္းခံဘုရင္ စနစ္က်င့္သုံးေသာႏိုင္ငံမ်ားမွ ေခါင္းေဆာင္ မ်ား တက္ေရာက္မည္ျဖစ္ကာဧၿပီ ၂၅ ရက္တြင္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
အီတလီအစိုးရ ႏွင့္ ဗာတီကန္နန္းေတာ္သည္ St Peter's Basilica ဝန္းက်င္တြင္ လုံၿခဳံေရးတင္းၾကပ္ထားၿပီး ဒ႐ုန္းပ်ံသန္းမႈပိတ္ပင္ျခင္း၊ ေခါင္းမိုးေပၚတြင္ စႏိုက္ပါေသနတ္သမားမ်ား ထားရွိျခင္း၊ တိုက္ေလယာဥ္မ်ား ပ်ံသန္း ျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရသည္။
ကာဒီနယ္ကီဗင္ဖာရယ္လ္သည္ ပုပ္ရဟန္းမင္းႀကီးေ႐ြးခ်ယ္ပြဲတြင္ ေရပန္းအစားဆုံးျဖစ္ေနၿပီး ပုပ္ရဟန္းမင္းႀကီး အသစ္ျဖစ္လာဖြယ္ရွိေနေၾကာင္း သတင္းမ်ားထြက္ေပၚေနသည္။
ပုပ္ရဟန္းမင္းႀကီး၏ ဈာပနအခမ္းနားကို ႏိုင္ငံေပါင္း ၁၃ဝ ေက်ာ္မွ ကိုယ္စားလွယ္မ်ား ေစလႊတ္မည္ျဖစ္ၿပီး ဈာပနက်င္းပခ်ိန္တြင္ ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ဖြယ္ရွိေနသည္။
ပုပ္ရဟန္းမင္းႀကီးသည္ အေခါင္းထဲတြင္လဲေလ်ာင္းေနသည့္ ပုံစံမ်ိဳးရွိေနၿပီး ၎ဝတ္ဆင္သည့္အတိုင္း အဝတ္ေရာင္ဝတ္႐ုံ၊ အနီေရာင္ေဘာင္းဘီရွည္၊ အနီေရာင္ရႈးဖိနပ္ ဝတ္ဆင္ေပးထားေၾကာင္း သိရသည္။ အီတလီ အရပ္ဘက္ကာကြယ္ေရးေအဂ်င္စီက လူေပါင္းေထာင္ေပါင္းမ်ားစြာသည္ ပုပ္ရဟန္းမင္းႀကီး ဈာပနအခမ္းအနားကို တက္ေရာက္ရန္ေရာမၿမိဳ႕ကို လာေရာက္ဖြယ္ရွိေနသည္ဟု ခန႔္မွန္းထားသည္။
ဈာပနအခမ္းအနားၿပီးခ်ိန္တြင္ ပုပ္ရဟန္းမင္းႀကီး၏ ႐ုပ္အေလာင္းကို ၎ ႏွစ္သက္သည့္ ေရာမၿမိဳ႕က Santa Maria Maggiore ဘုရားေက်ာင္းတြင္ ျမႇဳပ္ႏွံရန္ လူအမ်ား လမ္းေလွ်ာက္လိုက္ပို႔မည္ျဖစ္သည္။ လူအမ်ားသည္ ပုပ္ရဟန္းမင္းႀကီးျမႇဳပ္ႏွံထားသည့္ ေနရာကို ဧၿပီ ၂၇ ရက္တြင္ စတင္လာေရာက္ခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ပုပ္ရဟန္းမင္းႀကီး မရွိသည့္အတြက္ ကမာၻတဝွမ္းမွ ကက္သလစ္ဘာသာဝင္ ၁ ဒသမ ၃ ဘီလ်ံ ေက်ာ္အတြက္ ပုပ္ရဟန္းမင္းႀကီးအသစ္ ထပ္မံေ႐ြးခ်ယ္ရန္ စီစဥ္ေနရာ ပုပ္ရဟန္းမင္းႀကီးေ႐ြးခ်ယ္ရန္ ဗာတီကန္မွ ကာဒီနယ္မ်ား အလုပ္ရႈပ္ေနေၾကာင္း သိရသည္။
ဗာတီကန္မွ ကာဒီနယ္မ်ားသည္ ပုပ္ရဟန္းမင္းႀကီးအသစ္ေ႐ြးခ်ယ္ေရးလုပ္ငန္းမ်ားကို အၿပီးသတ္ေဆာင္႐ြက္မည့္ ရက္ကိုအတိက် သတင္းထုတ္ျပန္ျခင္းမရွိေသးဘဲ ပုပ္ရဟန္းမင္းႀကီးအသစ္ေ႐ြးခ်ယ္ေရးလုပ္ငန္းစဥ္က အနည္းဆုံး ၁၅ ရက္ ႏွင့္ ရက္ ၂ဝ အတြင္း ၾကာျမင့္ႏိုင္ေၾကာင္း သိရသည္။
ပုပ္ရဟန္းမင္းႀကီးအသစ္ကို မဲေပးေ႐ြးခ်ယ္မည္ျဖစ္ၿပီး အသက္ ၈ဝ ေအာက္ ကာဒီနယ္ ၁၃၅ ဦးက ပုပ္ရဟန္း မင္းႀကီးအသစ္ကို ေ႐ြးခ်ယ္မည္ျဖစ္ရာ အီတလီႏိုင္ငံသား ကာဒီနယ္ျဖစ္သည့္ ပါ႐ိုလင္သည္ ပုပ္ရဟန္းမင္းႀကီး အသစ္ျဖစ္လာရန္ အလားလာမ်ားေၾကာင္း ၿဗိတိန္အေျခစိုက္ ဝီလီယံေဟးလ္ ဘြတ္ကီဒိုင္က ခန႔္မွန္း ေဈးဖြင့္ထား သည္။