ဩစတြေးလျနိုင်ငံတွင် လူပေါင်း(၉၁၈)ဦးက မိုနိုပိုလီဂိမ်းကို တစ်ပြိင်နက်ကစားကာ ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်

 90

Pika (NP News) - ဧပြီ ၂၆

ဩစတြေးလျနိုင်ငံတွင် လူပေါင်း(၉၁၈)ဦးသည် စားပွဲဝိုင်း(၁၅၀)ဝိုင်းတွင် ထိုင်ကာ မိုနိုပိုလီဂိမ်းကို တစ်ပြိုင်နက် ကစားခဲ့ကြပြီး‌နောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ ဆစ်ဒနီမြို့တွင် ကျင်းပခဲ့‌သော မိုနိုပိုလီ ကစားသူ အများဆုံး ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်ကြိုးပမ်းမှုကို ဦးနှောက်ကင်ဆာဖြစ်နေသော ကလေးငယ်များ အတွက် ရန်ပုံငွေနှင့်အသိပညာပေးသည့်ပရဟိတအဖွဲ့ Little Legs ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါကြိုးပမ်းမှုကို ဦးဆောင်ကျင်းပခဲ့သူများထဲတွင် (၂၀၁၇)ခုနှစ်က အသက်(၆)နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့သော သမီးဖြစ်သူ အလီဂရာ၏ မိဘများဖြစ်ကြသော ဆူးအယ်လန်နှင့် မာရီနိုဗစီလီအုတို့လည်း ပါဝင်ကြောင်းသိရသည်။ အလီဂရာ၏ မိဘများက”လူကြီးတွေရော၊လူငယ်တွေပါ အားလုံးပါဝင်ဆင်နွှဲကြပြီး လူတိုင်းဂုဏ်ယူမယ့်အရာတွေကို ပြီးမြောက်အောင်လုပ်ဆောင်ပေးမယ့် နေရာတစ်ခုဖန်တီးချင်ခဲ့တာပါ။ ကျွန်မတို့ ရဲ့သမီး‌လေးကို သေဆုံးစေခဲ့တဲ့ ဦးနှောက်ကင်ဆာရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်ချင်ခဲ့ တာပါ” ဟု ပြောခဲ့သည်။
ထို့ပြင် ဆစ်ဒနီမြို့တွင် Little Legs ဖောင်ဒေးရှင်းက ဦးဆောင်ကျင်းပခဲ့‌သော မိုနိုပိုလီကစားသူ အများဆုံး ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ရန်ကြိုးပမ်းမှုမှာ ဒုတိယအကြိမ်‌မြောက်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ Little Legs ဖောင်ဒေးရှင်း၏ မိုနိုပိုလီကစားသူအများဆုံး ဂင်းနစ်စံချိန်အတွက် ပထမဆုံးအကြိမ် ကြိုးပမ်းမှုသည် ယခင်စံချိန်ဟောင်းဖြစ်သော လူ(၇၃၃)ဦးထက် (၃၀)ဦးလျော့နည်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန် ကြိုးပမ်းမှု ကျရှုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် Little Legs ဖောင်ဒေးရှင်းသည် မိုနိုပိုလီကစားသူ အများဆုံးဂင်းနစ်စံချိန်အတွက် နောက်ထပ်ကြိုးပမ်းမှုများလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလိုဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဩစေၾတးလ်ႏိုင္ငံတြင္ လူေပါင္း(၉၁၈)ဦးက မိုႏိုပိုလီဂိမ္းကို တစ္ၿပိင္နက္ကစားကာ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ဧၿပီ ၂၆

ဩစေၾတးလ်ႏိုင္ငံတြင္ လူေပါင္း(၉၁၈)ဦးသည္ စားပြဲဝိုင္း(၁၅၀)ဝိုင္းတြင္ ထိုင္ကာ မိုႏိုပိုလီဂိမ္းကို တစ္ၿပိဳင္နက္ ကစားခဲ့ၾကၿပီး‌ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ဆစ္ဒနီၿမိဳ႕တြင္ က်င္းပခဲ့‌ေသာ မိုႏိုပိုလီ ကစားသူ အမ်ားဆုံး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္းမႈကို ဦးေႏွာက္ကင္ဆာျဖစ္ေနေသာ ကေလးငယ္မ်ား အတြက္ ရန္ပုံေငြႏွင့္အသိပညာေပးသည့္ပရဟိတအဖြဲ႕ Little Legs ေဖာင္ေဒးရွင္းက ဦးေဆာင္က်င္းပခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အဆိုပါႀကိဳးပမ္းမႈကို ဦးေဆာင္က်င္းပခဲ့သူမ်ားထဲတြင္ (၂၀၁၇)ခုႏွစ္က အသက္(၆)ႏွစ္အ႐ြယ္ျဖင့္ ကြယ္လြန္သြားခဲ့ေသာ သမီးျဖစ္သူ အလီဂရာ၏ မိဘမ်ားျဖစ္ၾကေသာ ဆူးအယ္လန္ႏွင့္ မာရီႏိုဗစီလီအုတို႔လည္း ပါဝင္ေၾကာင္းသိရသည္။ အလီဂရာ၏ မိဘမ်ားက”လူႀကီးေတြေရာ၊လူငယ္ေတြပါ အားလုံးပါဝင္ဆင္ႏႊဲၾကၿပီး လူတိုင္းဂုဏ္ယူမယ့္အရာေတြကို ၿပီးေျမာက္ေအာင္လုပ္ေဆာင္ေပးမယ့္ ေနရာတစ္ခုဖန္တီးခ်င္ခဲ့တာပါ။ ကြၽန္မတို႔ ရဲ႕သမီး‌ေလးကို ေသဆုံးေစခဲ့တဲ့ ဦးေႏွာက္ကင္ဆာေရာဂါနဲ႔ပတ္သက္ၿပီး အသိပညာေပးမႈေတြ လုပ္ေဆာင္ခ်င္ခဲ့ တာပါ” ဟု ေျပာခဲ့သည္။

ထို႔ျပင္ ဆစ္ဒနီၿမိဳ႕တြင္ Little Legs ေဖာင္ေဒးရွင္းက ဦးေဆာင္က်င္းပခဲ့‌ေသာ မိုႏိုပိုလီကစားသူ အမ်ားဆုံး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္းမႈမွာ ဒုတိယအႀကိမ္‌ေျမာက္ႀကိဳးပမ္းမႈတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။ Little Legs ေဖာင္ေဒးရွင္း၏ မိုႏိုပိုလီကစားသူအမ်ားဆုံး ဂင္းနစ္စံခ်ိန္အတြက္ ပထမဆုံးအႀကိမ္ ႀကိဳးပမ္းမႈသည္ ယခင္စံခ်ိန္ေဟာင္းျဖစ္ေသာ လူ(၇၃၃)ဦးထက္ (၃၀)ဦးေလ်ာ့နည္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ ႀကိဳးပမ္းမႈ က်ရႈံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းတြင္ Little Legs ေဖာင္ေဒးရွင္းသည္ မိုႏိုပိုလီကစားသူ အမ်ားဆုံးဂင္းနစ္စံခ်ိန္အတြက္ ေနာက္ထပ္ႀကိဳးပမ္းမႈမ်ားလုပ္ေဆာင္ရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ ယခုလိုဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.