ယူကရိန်းမှာ နေတိုးတပ်ဖွဲ့တွေထားရှိတာက တတိယကမ္ဘာစစ်ကို ပေါ်ပေါက်လာစေနိုင်တယ်လို့ ရုရှားအစိုးရ သတိပေး

269

Pika (NP News) - ဧပြီ ၂၆
ယူကရိန်းနိုင်ငံမှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေ ဖြန့်ကျက်ချထားမှုဟာ ရုရှားနဲ့နေတိုးအဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ကို ဖြစ်ပေါ်လာစေနိုင်ပြီး တတိယကမ္ဘာစစ်အထိဖြစ်ပွားလာနိုင်တယ်လို့ ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှိုဂူက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ငြိမ်းချမ်းရေးတပ်ဖွဲ့ဆိုတဲ့အသုံးအနှုန်းကို ယူကရိန်း အပေါ်ထိန်းချုပ်မှု ထူထောင်ရေးရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်အတွက် ကာဗာတစ်ခုအဖြစ် အသုံးပြုနေတာဖြစ်တယ် လို့ ဆာဂေးရှိုဂူကပြောကြားခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံအများအပြားရဲ့ကာကွယ်ရေးဦးစီးချုပ်တွေဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ထားရှိဖို့ အကြံညဏ်ကို ဆွေးနွေးမှုတွေလုပ်ဆောင်နေကြချိန်မှာ ဆာဂေးရှိုဂူရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ယူကရိန်းမှာထားရှိမယ့် ငြိမ်းချမ်းရေးတပ်ဖွဲ့တွေဟာ ရုရှားနဲ့ယူကရိန်းကြား အပြီးသတ်ငြိမ်းချမ်းရေး ကို အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း နေတိုးအဖွဲ့ဝင်နိုင်ငံ အများအပြားက ပြောဆိုထားကြပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့တပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုကို မလုပ်ဆောင်ဖို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ယခင်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆာဂေးရှိုဂူက ယူကရိန်းမှာ နိုင်ငံခြားငြိမ်းချမ်းရေး တပ်ဖွဲ့တွေ ထားရှိမှုဟာ ရုရှားနဲ့နေတိုးအဖွဲ့ကြား တိုက်ရိုက်ထိပ်တိုက်တွေ့ဆုံမှုတွေကိုဖြစ်ပေါ်လာစေနိုင်ပြီး တတိယကမ္ဘာစစ်အထိ ဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းမွာ ေနတိုးတပ္ဖြဲ႕ေတြထားရွိတာက တတိယကမာၻစစ္ကို ေပၚေပါက္လာေစႏိုင္တယ္လို႔ ႐ုရွားအစိုးရ သတိေပး
Pika (NP News) - ဧၿပီ ၂၆
ယူကရိန္းႏိုင္ငံမွာ ႏိုင္ငံျခားတပ္ဖြဲ႕ဝင္ေတြ ျဖန႔္က်က္ခ်ထားမႈဟာ ႐ုရွားနဲ႔ေနတိုးအဖြဲ႕ၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြ ကို ျဖစ္ေပၚလာေစႏိုင္ၿပီး တတိယကမာၻစစ္အထိျဖစ္ပြားလာႏိုင္တယ္လို႔ ႐ုရွားအမ်ိဳးသားလုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး ဆာေဂးရႈိဂူက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဆိုတဲ့အသုံးအႏႈန္းကို ယူကရိန္း အေပၚထိန္းခ်ဳပ္မႈ ထူေထာင္ေရးရဲ႕စစ္မွန္တဲ့ရည္႐ြယ္ခ်က္အတြက္ ကာဗာတစ္ခုအျဖစ္ အသုံးျပဳေနတာျဖစ္တယ္ လို႔ ဆာေဂးရႈိဂူကေျပာၾကားခဲ့ပါတယ္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအမ်ားအျပားရဲ႕ကာကြယ္ေရးဦးစီးခ်ဳပ္ေတြဟာ ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ထားရွိဖို႔ အႀကံညဏ္ကို ေဆြးေႏြးမႈေတြလုပ္ေဆာင္ေနၾကခ်ိန္မွာ ဆာေဂးရႈိဂူရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာ ျဖစ္ပါတယ္။ ယူကရိန္းမွာထားရွိမယ့္ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြဟာ ႐ုရွားနဲ႔ယူကရိန္းၾကား အၿပီးသတ္ၿငိမ္းခ်မ္းေရး ကို အေထာက္အကူျဖစ္ေစလိမ့္မယ္လို႔လည္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ အမ်ားအျပားက ေျပာဆိုထားၾကပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းမွာ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕တပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားမႈကို မလုပ္ေဆာင္ဖို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ယခင္က ကာကြယ္ေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ ဆာေဂးရႈိဂူက ယူကရိန္းမွာ ႏိုင္ငံျခားၿငိမ္းခ်မ္းေရး တပ္ဖြဲ႕ေတြ ထားရွိမႈဟာ ႐ုရွားနဲ႔ေနတိုးအဖြဲ႕ၾကား တိုက္႐ိုက္ထိပ္တိုက္ေတြ႕ဆုံမႈေတြကိုျဖစ္ေပၚလာေစႏိုင္ၿပီး တတိယကမာၻစစ္အထိ ျဖစ္ပြားလာႏိုင္ေျခရွိတယ္လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။