ထိုင်းရဲတပ်ဖွဲ့ လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံး သေဆုံး

 223

Pika (NP News) - ဧပြီ ၂၆

ထိုင်းနိုင်ငံရဲ့နာမည်ကြီးကမ်းခြေမြို့တစ်မြို့အနီးက ပင်လယ်ထဲကို ရဲတပ်ဖွဲ့ရဲ့လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ရာ လိုက်ပါသွားသူခြောက်ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ ပျက်ကျမှုမဖြစ်ပွားမီ Hua Hinခရိုင်မှာ လေထီးလေ့ကျင့်ရေးအတွက် ပြင်ဆင်ဖို့ စမ်းသပ်ပျံသန်းမှုတွေ လုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Archayon Kraithongက ပြောကြားခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ ပျက်ကျသွားတဲ့လေယာဉ်ရဲ့အမျိုးအစားကို ချက်ချင်းဖော်ပြပြောဆိုတာမျိုး မရှိပေမယ့်လည်း အခင်းဖြစ်ပွားရာနေရာကနေရရှိထားတဲ့ဓါတ်ပုံတွေမှာ ပျက်ကျသွားတဲ့လေယာဉ်ဟာ Viking DHC-6 Twin Otter လေယာဉ်ဖြစ်တယ်ဆိုတာကို ပြသနေတယ်လို့လည်း သိရပါတယ်။
အဲဒီလေယာဉ်ငယ်ဟာ Hua Hin လေဆိပ်အနီးမှာ ပျက်ကျသွားခဲ့တာဖြစ်တယ်လို့ Prachub Kiri Khan ပြည်နယ် ပြည်သူ့ဆက်ဆံရေးဌာနက ပြောကြားခဲ့ပါတယ်။ လိုင်းပေါ်မှာတင်ထားတဲ့ဓါတ်ပုံတွေမှာ ပျက်ကျသွားတဲ့လေယာဉ် ငယ်ဟာ ကမ်းလွန်ကနေ (၁၀၀)မီတာအကွာ ပင်လယ်ထဲမှာရှိနေတာကိုလည်း တွေ့မြင်ခဲ့ရပြီး လေယာဉ် ကိုယ်ထည်က နှစ်ပိုင်းကွဲသွားခဲ့ပုံပေါ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ပျက်ကျသွားတဲ့လေယာဉ်ပေါ်မှာ လိုက်ပါသွားသူခြောက်ဦးစလုံးဟာ ရဲအရာရှိတွေဖြစ်ပြီး (၅)ဦးက အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့ကာ အခြားတစ်ဦးက ဆေးရုံမှာသေဆုံးသွားခဲ့တာဖြစ်တယ်လို့ Archayon Kraithong က ပြောကြားခဲ့ပါတယ်။ ပျက်ကျရတဲ့အကြောင်းအရင်းတွေကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေမယ့်လည်း တာဝန်ရှိသူတွေဟာ လေယာဉ်ရဲ့ black box က ဒေတာအချက်အလက်တွေ အပါအဝင် သက်သေအထောက်အထားတွေကို စုဆောင်းနေတယ်လို့ Archayon Kraithong က ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ထိုင္းရဲတပ္ဖြဲ႕ ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံး ေသဆုံး
Pika (NP News) - ဧၿပီ ၂၆

ထိုင္းႏိုင္ငံရဲ႕နာမည္ႀကီးကမ္းေျခၿမိဳ႕တစ္ၿမိဳ႕အနီးက ပင္လယ္ထဲကို ရဲတပ္ဖြဲ႕ရဲ႕ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ရာ လိုက္ပါသြားသူေျခာက္ဦးစလုံး ေသဆုံးသြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။ အဲဒီေလယာဥ္ဟာ ပ်က္က်မႈမျဖစ္ပြားမီ Hua Hinခ႐ိုင္မွာ ေလထီးေလ့က်င့္ေရးအတြက္ ျပင္ဆင္ဖို႔ စမ္းသပ္ပ်ံသန္းမႈေတြ လုပ္ေဆာင္ခဲ့ တာျဖစ္တယ္လို႔ ထိုင္းေတာ္ဝင္ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Archayon Kraithongက ေျပာၾကားခဲ့ပါတယ္။
တာဝန္ရွိသူေတြဟာ ပ်က္က်သြားတဲ့ေလယာဥ္ရဲ႕အမ်ိဳးအစားကို ခ်က္ခ်င္းေဖာ္ျပေျပာဆိုတာမ်ိဳး မရွိေပမယ့္လည္း အခင္းျဖစ္ပြားရာေနရာကေနရရွိထားတဲ့ဓါတ္ပုံေတြမွာ ပ်က္က်သြားတဲ့ေလယာဥ္ဟာ Viking DHC-6 Twin Otter ေလယာဥ္ျဖစ္တယ္ဆိုတာကို ျပသေနတယ္လို႔လည္း သိရပါတယ္။
အဲဒီေလယာဥ္ငယ္ဟာ Hua Hin ေလဆိပ္အနီးမွာ ပ်က္က်သြားခဲ့တာျဖစ္တယ္လို႔ Prachub Kiri Khan ျပည္နယ္ ျပည္သူ႔ဆက္ဆံေရးဌာနက ေျပာၾကားခဲ့ပါတယ္။ လိုင္းေပၚမွာတင္ထားတဲ့ဓါတ္ပုံေတြမွာ ပ်က္က်သြားတဲ့ေလယာဥ္ ငယ္ဟာ ကမ္းလြန္ကေန (၁၀၀)မီတာအကြာ ပင္လယ္ထဲမွာရွိေနတာကိုလည္း ေတြ႕ျမင္ခဲ့ရၿပီး ေလယာဥ္ ကိုယ္ထည္က ႏွစ္ပိုင္းကြဲသြားခဲ့ပုံေပၚတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ပ်က္က်သြားတဲ့ေလယာဥ္ေပၚမွာ လိုက္ပါသြားသူေျခာက္ဦးစလုံးဟာ ရဲအရာရွိေတြျဖစ္ၿပီး (၅)ဦးက အခင္းျဖစ္ပြားရာေနရာမွာ ေသဆုံးသြားခဲ့ကာ အျခားတစ္ဦးက ေဆး႐ုံမွာေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ Archayon Kraithong က ေျပာၾကားခဲ့ပါတယ္။ ပ်က္က်ရတဲ့အေၾကာင္းအရင္းေတြကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးေပမယ့္လည္း တာဝန္ရွိသူေတြဟာ ေလယာဥ္ရဲ႕ black box က ေဒတာအခ်က္အလက္ေတြ အပါအဝင္ သက္ေသအေထာက္အထားေတြကို စုေဆာင္းေနတယ္လို႔ Archayon Kraithong က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.