ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ဈာပနအခမ်းနားကို လူပေါင်းသိန်းချီ လိုက်ပါ ပို့ဆောင်

98

ဂျန်ဇက် (NP News) - ဧပြီ ၂၆
ဧပြီ ၂၆ ရက်က ကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ဈာပနအခမ်းနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် လူပေါင်းသိန်းချီ လိုက်ပါပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဗာတီကန်နန်းတော်က ပုပ်ရဟန်းမင်းကြီးရဲ့ဈာပနကျင်းပချိန်အတွင်း ရင်ပြင် နဲ့ လမ်းတွေမှာ လူပေါင်း နှစ်သိန်းခန့်ရှိတယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ လူသားအားလုံးရဲ့ရင်ထဲမှာရှိနေမှာဖြစ်တယ်လို့ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။
ဈာပနအခမ်းအနားကို ကမ္ဘာတဝှမ်းမှ နိုင်ငံခေါင်းဆောင်ပေါင်း ၅၀ ကျော် ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။ ဈာပနအခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခဲ့သူတစ်ဦးဖြစ်တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးက" ဈာပနအခမ်းအနားကိုကြည့်ပြီး ကြည်နူးမိတယ်။ လူမျိုးအားလုံးကို အတူတူတွေ့ရတာ အရမ်းလှပါတယ်။ ဒီနေ့ဟာ ကမ္ဘာရဲ့အလယ်ဗဟိုနဲ့ ခပ်ဆင်ဆင်တူတယ်" လို့ ပြောပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ရုပ်အလောင်းကို အဝတ်ရောင်ဝတ်ရုံ၊ အနီရောင်ဘောင်းဘီရှည်၊ အနီရောင်ရှုးဖိနပ်ဝတ်ဆင်ပေးထားတယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီး၏ ရုပ်အလောင်းကို ၎င်း နှစ်သက်သည့် ရောမမြို့က Santa Maria Maggiore ဘုရားကျောင်းတွင် မြှုပ်နှံရန် လူအများ လမ်းလျှောက်လိုက်ပို့ခဲ့တယ်လို့ သိရပါတယ်။
လူအများဟာ ပုပ်ရဟန်းမင်းကြီးမြှုပ်နှံထားတဲ့နေရာကို ဧပြီ ၂၇ ရက်မှာ စတင်လာရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရပါတယ်။
ဖရန်စစ်ဆင်ဟာ အဆုတ်ရောင်ရောဂါနဲ့ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး
လက်တင်အမေရိကတိုက်ကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရသူဖြစ်သလို ကိုယ်ကိုယ်ကိုယ် နှိမ့်ချတတ်သူတစ်ဦးဖြစ်ပါတယ်။

Zawgyi Version:
ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ရဲ႕ဈာပနအခမ္းနားကို လူေပါင္းသိန္းခ်ီ လိုက္ပါ ပို႔ေဆာင္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆
ဧၿပီ ၂၆ ရက္က က်င္းပခဲ့တဲ့ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ရဲ႕ဈာပနအခမ္းနားကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အပါအဝင္ လူေပါင္းသိန္းခ်ီ လိုက္ပါပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။
ဗာတီကန္နန္းေတာ္က ပုပ္ရဟန္းမင္းႀကီးရဲ႕ဈာပနက်င္းပခ်ိန္အတြင္း ရင္ျပင္ နဲ႔ လမ္းေတြမွာ လူေပါင္း ႏွစ္သိန္းခန႔္ရွိတယ္လို႔ ဆိုပါတယ္။ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ဟာ လူသားအားလုံးရဲ႕ရင္ထဲမွာရွိေနမွာျဖစ္တယ္လို႔ ဈာပနအခမ္းအနားကို တက္ေရာက္ခဲ့သူေတြက ေျပာပါတယ္။
ဈာပနအခမ္းအနားကို ကမာၻတဝွမ္းမွ ႏိုင္ငံေခါင္းေဆာင္ေပါင္း ၅၀ ေက်ာ္ ကိုယ္တိုင္တက္ေရာက္ခဲ့တယ္လို႔သိရပါတယ္။ ဈာပနအခမ္းအနားကို ကိုယ္တိုင္တက္ေရာက္ခဲ့သူတစ္ဦးျဖစ္တဲ့ ျပင္သစ္ႏိုင္ငံသားတစ္ဦးက" ဈာပနအခမ္းအနားကိုၾကည့္ၿပီး ၾကည္ႏူးမိတယ္။ လူမ်ိဳးအားလုံးကို အတူတူေတြ႕ရတာ အရမ္းလွပါတယ္။ ဒီေန႔ဟာ ကမာၻရဲ႕အလယ္ဗဟိုနဲ႔ ခပ္ဆင္ဆင္တူတယ္" လို႔ ေျပာပါတယ္။
ပုပ္ရဟန္းမင္းႀကီးရဲ႕႐ုပ္အေလာင္းကို အဝတ္ေရာင္ဝတ္႐ုံ၊ အနီေရာင္ေဘာင္းဘီရွည္၊ အနီေရာင္ရႈးဖိနပ္ဝတ္ဆင္ေပးထားတယ္လို႔ သိရပါတယ္။
ပုပ္ရဟန္းမင္းႀကီး၏ ႐ုပ္အေလာင္းကို ၎ ႏွစ္သက္သည့္ ေရာမၿမိဳ႕က Santa Maria Maggiore ဘုရားေက်ာင္းတြင္ ျမႇဳပ္ႏွံရန္ လူအမ်ား လမ္းေလွ်ာက္လိုက္ပို႔ခဲ့တယ္လို႔ သိရပါတယ္။
လူအမ်ားဟာ ပုပ္ရဟန္းမင္းႀကီးျမႇဳပ္ႏွံထားတဲ့ေနရာကို ဧၿပီ ၂၇ ရက္မွာ စတင္လာေရာက္ခြင့္ရမည္ျဖစ္ေၾကာင္း သိရပါတယ္။
ဖရန္စစ္ဆင္ဟာ အဆုတ္ေရာင္ေရာဂါနဲ႔ အသက္ ၈၈ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့ၿပီး
လက္တင္အေမရိကတိုက္ကေန ပထမဆုံး ပုပ္ရဟန္းမင္းႀကီးအျဖစ္ ေ႐ြးခ်ယ္ခံရသူျဖစ္သလို ကိုယ္ကိုယ္ကိုယ္ ႏွိမ့္ခ်တတ္သူတစ္ဦးျဖစ္ပါတယ္။