ပုပ်ရဟန်းမင်းကြီး ဈာပနအခမ်းအနားအတွင်း အမေရိကန်သမ္မတ နဲ့ ယူကရိန်းသမ္မတတို့တွေ့ဆုံဆွေးနွေး

425

ဂျန်ဇက် (NP News) - ဧပြီ ၂၆
ဧပြီ ၂၆ ရက်က ကျင်းပခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ဈာပနအခမ်းအနားကို အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့တက်ရောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ၁၅ မိနစ်ကြာတွေဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အိမ်ဖြူတော်က ၁၅ မိနစ်ကြာတွေ့ဆုံဆွေးနွေးမှုအတွင်း အလွန်ကောင်းမွန်တဲ့တွေဆုံမှုဖြစ်ခဲ့ပြီး သမ္မတနှစ်ဦးဟာ ဗာတီနန်းတော်မှ မပြန်ခင် ထပ်မံတွေ့ဆုံဖွယ်ရှိတယ်လို့ သိရပါတယ်။
ဖရန်စစ်ရဲ့ဈာပနအခမ်းအနားကို ဗြိတိန်ဝန်ကြီးချုပ် ၊ ပြင်သစ်သမ္မတတို့လည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့တွေ့ဆုံဆွေးနွေးပြီးနောက် စစ်ပွဲအဆုံးသတ်ရေးစာချုပ်ဖို့ အလွန်နီးစပ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်သမ္မတရဲ့အထူးကိုယ်စားလှယ် ဝစ်အော့ဟာလည်း ဧပြီ ၂၅ ရက်မှာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတအထူးကိုယ်စားလှယ်နဲ့ ရုရှားသမ္မတတို့ဟာ သုံးနာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး အလွန်အသုံးဝင်တဲ့ဆွေးနွေးပွဲဖြစ်ခဲ့တယ်လို့ ရုရှားသမ္မတရဲ့အထူးကိုယ်စားလှယ်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက်ပိုင်း ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ကြားဝင်ကြိုးပမ်းခဲ့ရာ ရုရှားအစိုးရနဲ့ဆွေးနွေးရာမှာ အဆင်ပြေခဲ့ပေမယ့် ယူကရိန်းသမ္မတနဲ့ဆွေးနွေးရာမှာမျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ဘူးလို့ သိရပါတယ်။ အမေရိကန်အစိုးရက ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ အဆိုပြုချက်တွေပေးပို့ထားပြီး ရုရှားဘက်က လက်ခံဖို့အလားလာများနေပေမယ့်
ယူကရိန်းဘက်က လက်ခံလိုခြင်းမရှိဘူးလို့ သိရပါတယ်။ ယူကရိန်းဟာ ရုရှားနဲ့ချုပ်ဆိုမယ့် ငြိမ်းချမ်းရေးစာချုပ်မှာ ပိုင်နက်နယ်မြေအချို့စွန့်လွှတ်ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

Zawgyi Version:
ပုပ္ရဟန္းမင္းႀကီး ဈာပနအခမ္းအနားအတြင္း အေမရိကန္သမၼတ နဲ႔ ယူကရိန္းသမၼတတို႔ေတြ႕ဆုံေဆြးေႏြး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၆
ဧၿပီ ၂၆ ရက္က က်င္းပခဲ့တဲ့ ပုပ္ရဟန္းမင္းႀကီးဖရန္စစ္ရဲ႕ဈာပနအခမ္းအနားကို အေမရိကန္သမၼတနဲ႔ ယူကရိန္းသမၼတတို႔တက္ေရာက္ခဲ့ၿပီး ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ၁၅ မိနစ္ၾကာေတြဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။
အိမ္ျဖဴေတာ္က ၁၅ မိနစ္ၾကာေတြ႕ဆုံေဆြးေႏြးမႈအတြင္း အလြန္ေကာင္းမြန္တဲ့ေတြဆုံမႈျဖစ္ခဲ့ၿပီး သမၼတႏွစ္ဦးဟာ ဗာတီနန္းေတာ္မွ မျပန္ခင္ ထပ္မံေတြ႕ဆုံဖြယ္ရွိတယ္လို႔ သိရပါတယ္။
ဖရန္စစ္ရဲ႕ဈာပနအခမ္းအနားကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ၊ ျပင္သစ္သမၼတတို႔လည္းတက္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ စစ္ပြဲအဆုံးသတ္ေရးစာခ်ဳပ္ဖို႔ အလြန္နီးစပ္ခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္သမၼတရဲ႕အထူးကိုယ္စားလွယ္ ဝစ္ေအာ့ဟာလည္း ဧၿပီ ၂၅ ရက္မွာ ႐ုရွားသမၼတပူတင္နဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။ အေမရိကန္သမၼတအထူးကိုယ္စားလွယ္နဲ႔ ႐ုရွားသမၼတတို႔ဟာ သုံးနာရီၾကာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး အလြန္အသုံးဝင္တဲ့ေဆြးေႏြးပြဲျဖစ္ခဲ့တယ္လို႔ ႐ုရွားသမၼတရဲ႕အထူးကိုယ္စားလွယ္က ေျပာပါတယ္။
ေဒၚနယ္ထရမ့္ဟာ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔ၾကားဝင္ႀကိဳးပမ္းခဲ့ရာ ႐ုရွားအစိုးရနဲ႔ေဆြးေႏြးရာမွာ အဆင္ေျပခဲ့ေပမယ့္ ယူကရိန္းသမၼတနဲ႔ေဆြးေႏြးရာမွာေမွ်ာ္လင့္သေလာက္ ေအာင္ျမင္မႈမရခဲ့ဘူးလို႔ သိရပါတယ္။ အေမရိကန္အစိုးရက ယူကရိန္းစစ္ပြဲအဆုံးသတ္ေစဖို႔ အဆိုျပဳခ်က္ေတြေပးပို႔ထားၿပီး ႐ုရွားဘက္က လက္ခံဖို႔အလားလာမ်ားေနေပမယ့္
ယူကရိန္းဘက္က လက္ခံလိုျခင္းမရွိဘူးလို႔ သိရပါတယ္။ ယူကရိန္းဟာ ႐ုရွားနဲ႔ခ်ဳပ္ဆိုမယ့္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္မွာ ပိုင္နက္နယ္ေျမအခ်ိဳ႕စြန႔္လႊတ္ဆုံးရႈံးရဖြယ္ရွိေနပါတယ္။