ဘက်စုံသုံးဖျက်သင်္ဘောအသစ်တစ်စီး ရေချတဲ့အခမ်းအနားကို မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း တက်ရောက်

765

Pika (NP News) - ဧပြီ ၂၇
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ ဘက်စုံသုံးဖျက်သင်္ဘောအသစ်တစ်စီး ရေချတဲ့အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။ အလေးချိန် တန်ချိန်ပေါင်း (၅၀၀၀) တန်ရှိတဲ့ဖျက်သင်္ဘောကို အင်အားအပြင်ဆုံးစစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ထားပြီး ရက်ပေါင်း(၄၀၀)အတွင်း ကိုယ်ပိုင်နည်းပညာတွေနဲ့ ပြီးပြည့်စုံစွာတည်ဆောက်နိုင်ခဲ့တယ်လို့ အာဏာရ အလုပ်သမားပါတီအတွင်းရေးမှူး Jo Chun Ryong က ပြောကြားခဲ့ပါတယ်။
စစ်ဘက်သင်္ဘောတည်ဆောက်ရေးစခန်းဖြစ်တဲ့ Nampho သင်္ဘောကျင်းမှာ ကျင်းပခဲ့တဲ့ ဖျက်သင်္ဘော ရေချပွဲ အခမ်းအနားကို ကင်ဂျုံအန်းက တက်ရောက်ခဲ့တာဖြစ်တယ်လို့ KCNA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါ့ပြင် ကင်ဂျုံအန်းဟာ ရေတပ်အင်အားကို ပိုမိုအားကောင်းလာစေမယ့် ဘက်စုံသုံးဖျက်သင်္ဘောအသစ်ကို တည်ဆောက် နိုင်ခဲ့မှုအတွက် အလုပ်သမားတွေနဲ့ နည်းပညာရှင်တွေအားလုံးကို ကင်ဂျုံအန်းက ကျေးဇူးတင်စကားပြောကြားခဲ့ တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားရဲ့နောက်ဆုံးထွက်ရှိထားတဲ့ စစ်သင်္ဘောတွေဟာ ဒါဇင်နဲ့ချီတဲ့ဒုံးကျည်တွေကို သယ်ဆောင် နိုင်စွမ်းရှိတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပြီးနောက် သီတင်းပတ်(၂)ပတ်ကျော်အကြာမှာ ဘက်စုံသုံးဖျက်သင်္ဘောအသစ် ရေချမှုအခမ်းအနားထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ဘက္စုံသုံးဖ်က္သေဘၤာအသစ္တစ္စီး ေရခ်တဲ့အခမ္းအနားကို ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္း တက္ေရာက္
Pika (NP News) - ဧၿပီ ၂၇
ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းဟာ ဘက္စုံသုံးဖ်က္သေဘၤာအသစ္တစ္စီး ေရခ်တဲ့အခမ္းအနားကို တက္ေရာက္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။ အေလးခ်ိန္ တန္ခ်ိန္ေပါင္း (၅၀၀၀) တန္ရွိတဲ့ဖ်က္သေဘၤာကို အင္အားအျပင္ဆုံးစစ္လက္နက္ပစၥည္းေတြ တပ္ဆင္ထားၿပီး ရက္ေပါင္း(၄၀၀)အတြင္း ကိုယ္ပိုင္နည္းပညာေတြနဲ႔ ၿပီးျပည့္စုံစြာတည္ေဆာက္ႏိုင္ခဲ့တယ္လို႔ အာဏာရ အလုပ္သမားပါတီအတြင္းေရးမႉး Jo Chun Ryong က ေျပာၾကားခဲ့ပါတယ္။
စစ္ဘက္သေဘၤာတည္ေဆာက္ေရးစခန္းျဖစ္တဲ့ Nampho သေဘၤာက်င္းမွာ က်င္းပခဲ့တဲ့ ဖ်က္သေဘၤာ ေရခ်ပြဲ အခမ္းအနားကို ကင္ဂ်ဳံအန္းက တက္ေရာက္ခဲ့တာျဖစ္တယ္လို႔ KCNA ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ ဒါ့ျပင္ ကင္ဂ်ဳံအန္းဟာ ေရတပ္အင္အားကို ပိုမိုအားေကာင္းလာေစမယ့္ ဘက္စုံသုံးဖ်က္သေဘၤာအသစ္ကို တည္ေဆာက္ ႏိုင္ခဲ့မႈအတြက္ အလုပ္သမားေတြနဲ႔ နည္းပညာရွင္ေတြအားလုံးကို ကင္ဂ်ဳံအန္းက ေက်းဇူးတင္စကားေျပာၾကားခဲ့ တယ္လို႔လည္း သိရပါတယ္။
ေျမာက္ကိုရီးယားရဲ႕ေနာက္ဆုံးထြက္ရွိထားတဲ့ စစ္သေဘၤာေတြဟာ ဒါဇင္နဲ႔ခ်ီတဲ့ဒုံးက်ည္ေတြကို သယ္ေဆာင္ ႏိုင္စြမ္းရွိတယ္လို႔ ေလ့လာသုံးသပ္သူေတြက ေျပာၾကားခဲ့ၿပီးေနာက္ သီတင္းပတ္(၂)ပတ္ေက်ာ္အၾကာမွာ ဘက္စုံသုံးဖ်က္သေဘၤာအသစ္ ေရခ်မႈအခမ္းအနားထြက္ေပၚလာတာလည္းျဖစ္ပါတယ္။