ရုရှားနဲ့ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော

129

Pika (NP News) - ဧပြီ ၂၇
ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီချက်တစ်ခုရရှိဖို့က အလွန်နီးစပ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သံတမန်တစ်ဦးနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းက ခရိုင်းမီးယားကျွန်းဆွယ်ကို စွန့်လွှတ်ဖို့အကြံပြုချက် တွေကို ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံ မော်စကိုမြို့အပြင်ဘက်မှာ ကားဗုံးခွဲမှုတစ်ခု အတွင်း ရုရှားထိပ်တန်းဗိုလ်ချုပ်တစ်ဦး သေဆုံးခဲ့ပြီးနောက် ပူတင်နဲ့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်အော့ဖ် တို့ရဲ့တွေ့ဆုံမှုထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်တစ်ခုကို ရရှိဖို့ အလွန်နီးစပ်နေပါပြီ။ နှစ်ဖက်စလုံးက ဒီသဘောတူညီချက်ကို ပြီးဆုံးအောင်လုပ်ဆောင်ဖို့အတွက် အဆင့်မြင့်အရာရှိတွေပါဝင်တဲ့ တွေ့ဆုံမှုတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းတို့ဟာ စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခ အတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား သေဘာတူညီခ်က္တစ္ခုရရွိဖို႔က အလြန္နီးစပ္ေနၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဧၿပီ ၂၇
႐ုရွားနဲ႔ ယူကရိန္းၾကား သေဘာတူညီခ်က္တစ္ခုရရွိဖို႔က အလြန္နီးစပ္ေနၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားသမၼတပူတင္ဟာ အေမရိကန္သံတမန္တစ္ဦးနဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔အတြက္ ျဖစ္ႏိုင္ေျခေတြကို ေဆြးေႏြးခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ယူကရိန္းသမၼတဇီလန္စကီးဟာ ယူကရိန္းက ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို စြန႔္လႊတ္ဖို႔အႀကံျပဳခ်က္ ေတြကို ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕အျပင္ဘက္မွာ ကားဗုံးခြဲမႈတစ္ခု အတြင္း ႐ုရွားထိပ္တန္းဗိုလ္ခ်ဳပ္တစ္ဦး ေသဆုံးခဲ့ၿပီးေနာက္ ပူတင္နဲ႔ အေမရိကန္အထူးသံတမန္ စတိဗ္ဝစ္ေအာ့ဖ္ တို႔ရဲ႕ေတြ႕ဆုံမႈထြက္ေပၚလာတာလည္းျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “႐ုရွားနဲ႔ ယူကရိန္းတို႔ၾကား သေဘာတူညီခ်က္တစ္ခုကို ရရွိဖို႔ အလြန္နီးစပ္ေနပါၿပီ။ ႏွစ္ဖက္စလုံးက ဒီသေဘာတူညီခ်က္ကို ၿပီးဆုံးေအာင္လုပ္ေဆာင္ဖို႔အတြက္ အဆင့္ျမင့္အရာရွိေတြပါဝင္တဲ့ ေတြ႕ဆုံမႈေတြကို ခ်က္ခ်င္းလုပ္ေဆာင္သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ ယူကရိန္းတို႔ဟာ ေစ့စပ္ ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္မႈေတြရွိလာခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ယူကရိန္းပဋိပကၡ အတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ႀကိဳးပမ္းမႈေတြကို စြန႔္လႊတ္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။