၅၀၀ကေဗွီ လှိုင်သာယာဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

1330

စော(NP News)- ဧပြီ ၂၇
၅၀၀ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
အဆိုပါစီမံကိန်း၏ လုပ်ငန်းတိုးတက်မှုအခြေအနေများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဉာဏ်ထွန်းသည် ယမန်နေ့ (ဧပြီ ၂၆ရက်)က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုနောက် စီမံကိန်း လျာထားချက်အတိုင်း လုပ်ငန်းများပြီးစီးနိုင်ရေး၊လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး သတိ၊ လုံခြုံရေးအသိအမြဲရှိစေရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စနစ်တကျအသုံးပြုစေရေး၊ စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစ္စည်းများကို အရည် အသွေးစံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက် သွားရန် ဝန်ကြီး ဦးဉာဏ်ထွန်းက မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်ဆင်ပြီးစီးသည့် ထရန်စဖော်မာများ နှင့် လျှပ်စစ်ပိုင်းဆိုင်ရာ စက်ပစ္စည်းကိရိယာများကို ငလျင်ဒဏ်သက်ရောက်မှု ရှိ၊ မရှိ ပညာရှင်အဖွဲ့နှင့် ထပ်မံစစ်ဆေးဆောင်ရွက်ပြီး ကျန်ရှိသည့်လုပ်ငန်း များကို သတ်မှတ်ကာလအတွင်း ပြီးပြတ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ယခုအကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည့် ၅၀ဝ ကေဗွီ လှိုင်သာယာ(အနောက်ပိုင်းတက္ကသိုလ်) ဓာတ်အားခွဲရုံစီမံကိန်းသည် လက်ရှိအချိန်တွင် စီမံကိန်းတစ်ခုလုံးအနေဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့် ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဓာတ်အားခွဲရုံစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ်အတွင်း တည်ရှိပြီး လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Zawgyi Version:
၅၀၀ေကဗြီ လႈိင္သာယာဓာတ္အားခြဲ႐ုံစီမံကိန္း ရာႏႈန္းျပည့္ၿပီးစီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိ
ေစာ(NP News)- ဧၿပီ ၂၇
၅၀၀ေကဗြီ လႈိင္သာယာ(အေနာက္ပိုင္းတကၠသိုလ္) ဓာတ္အားခြဲ႐ုံစီမံကိန္း ရာႏႈန္းျပည့္ၿပီးစီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနထံမွ သိရသည္။
အဆိုပါစီမံကိန္း၏ လုပ္ငန္းတိုးတက္မႈအေျခအေနမ်ားကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး၊ ဦးဉာဏ္ထြန္းသည္ ယမန္ေန႔ (ဧၿပီ ၂၆ရက္)က သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုေနာက္ စီမံကိန္း လ်ာထားခ်က္အတိုင္း လုပ္ငန္းမ်ားၿပီးစီးႏိုင္ေရး၊လုပ္ငန္းခြင္ေဘးအႏၲရာယ္ ကင္းရွင္းေရး၊ လုံၿခဳံေရး သတိ၊ လုံၿခဳံေရးအသိအၿမဲရွိေစေရး၊ လုပ္ငန္းခြင္သုံး ပစၥည္းမ်ား စနစ္တက်အသုံးျပဳေစေရး၊ စီမံကိန္းတြင္ တပ္ဆင္အသုံးျပဳမည့္ စက္ပစၥည္းမ်ားကို အရည္ အေသြးစံခ်ိန္စံၫႊန္းျပည့္မီေရး အေလးထားေဆာင္႐ြက္ သြားရန္ ဝန္ႀကီး ဦးဉာဏ္ထြန္းက မွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တပ္ဆင္ၿပီးစီးသည့္ ထရန္စေဖာ္မာမ်ား ႏွင့္ လွ်ပ္စစ္ပိုင္းဆိုင္ရာ စက္ပစၥည္းကိရိယာမ်ားကို ငလ်င္ဒဏ္သက္ေရာက္မႈ ရွိ၊ မရွိ ပညာရွင္အဖြဲ႕ႏွင့္ ထပ္မံစစ္ေဆးေဆာင္႐ြက္ၿပီး က်န္ရွိသည့္လုပ္ငန္း မ်ားကို သတ္မွတ္ကာလအတြင္း ၿပီးျပတ္ေစေရး ၾကပ္မတ္ေဆာင္႐ြက္ရန္လည္း မွာၾကားခဲ့ေၾကာင္း သိရသည္။
ယခုအေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္ ရွိသည့္ ၅၀ဝ ေကဗြီ လႈိင္သာယာ(အေနာက္ပိုင္းတကၠသိုလ္) ဓာတ္အားခြဲ႐ုံစီမံကိန္းသည္ လက္ရွိအခ်ိန္တြင္ စီမံကိန္းတစ္ခုလုံးအေနျဖင့္ ၇၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ကာ စီမံကိန္းတစ္ခုလုံး ရာႏႈန္းျပည့္ ၿပီးစီးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါဓာတ္အားခြဲ႐ုံစီမံကိန္းသည္ ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕ နယ္အတြင္း တည္ရွိၿပီး လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ေရးႏွင့္ ကြပ္ကဲေရးဦးစီးဌာနက အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။