မင်းလှဒေသခံများကို PDF အဖွဲ့က စစ်ဘေးရှောင်ခိုင်းနေ

 793

Pearl (NP News)
PDF အဖွဲ့က မြို့သိမ်းတိုက်ပွဲများဖော်ဆောင်မည်ဟုဆိုကာ မင်းလှဒေသခံများကို စစ်ဘေး ရှောင်ခိုင်းနေကြောင်း ဒေသခံများထံ NP News မှ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များ အရ သိရသည်။
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နှင့် သာယာဝတီမြို့တို့ကို PDF အဖွဲ့က လာမည့် မေလမတိုင်မီ မြို့သိမ်းတိုက်ပွဲဖော်ဆောင်မည်ဟုဆိုကာ အဆိုပါမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများကို စစ်ဘေး ရှောင်ခိုင်းနေကြောင်း သိရသည်။
“သာယာဝတီနဲ့မင်းလှကို ဒီလမကုန်ခင် သိမ်းမှာလို့ပြောကြတာ။ လူတွေက အဲဒါတွေကို ကြောက်နေကြတာ။ ဒေသခံတွေကို လှန့်နေတာ။ အခုဒေသခံတွေ ထောင်ကျော်တယ် စစ်ဘေးရှောင် နေကြရတယ်။ ညညဆို အင်အားတွေ လိုက်ပြတယ်တဲ့။ မင်းလှတာဆုံနဲ့ (၁)မိုင်၊ (၂)မိုင် လောက်ဝေးတဲ့ ရွာတွေအထိကို အင်အားလာပြတာတဲ့။ ပြီးတော့ အဲဒီနားကရွာတွေမှာတိုက်ပွဲဖြစ်မှာ ရှောင်ကြဆိုပြီး လှန့်နေတာ ။ ရွာသားတွေကလည်း အုပ်ချုပ်ရေးနဲ့ နီးတဲ့ နေရာတွေကို လာရှောင်နေကြတယ် ။ မြို့ပေါ် တွေကိုလည်း ပြေးကြတယ်” ဟု ဒေသခံတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် မင်းလှမြို့နယ်ရှိ ထောင်နှင့် ချီသောဒေသခံများသည် နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင် နေပြီး ဒုက္ခများစွာကြုံတွေ့နေရသော်လည်း PDF အဖွဲ့အနေဖြင့် စစ်ဘေးရှောင်နေသည့်နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်နေ ကြောင်းလည်း သိရသည်။ “ဒေသခံတွေက ကြောက်ပြီး ပြေးတော့ အိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေကို ယူပြီပေါ့။ အဲဒီလိုတွေလိုချင်လို့ လူတွေကို ရှောင်ခိုင်းနေတာလေ။ အခု ဒေသခံ လူဦးရေ (၂)ထောင်၊ (၃)ထောင်ကျော် ဒုက္ခရောက်နေကြပြီ။ အိုးပစ်အိမ်ပစ်ပြေးနေကြရတာ။ ပြန် ရင်လည်းပဲ အိမ်မှာလည်း ဘာမှကျန်မှာမဟုတ်ဘူး။ ကျန်ခဲ့ရင်လည်း သူတို့မယူတဲ့ဟာလောက်ပဲ ကျန် မှာ” ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။
ထို့အတူ ပေါင်းတလည်-ပေါက်ခေါင်း လမ်းပိုင်းတွင်လည်း တပ်မတော်နှင့် PDF အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံကျေးရွာများမှ ရွာသူရွာသားများ ကစဉ့်ကလျားထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး စစ် ရှောင်ပြည်သူများအတွက် အစားအသောက်နှင့် သောက်သုံးရေများ လိုအပ်နေကြောင်း သိရသည်။
“ပေါင်းတလည်နဲ့ ပေါက်ခေါင်းကြားမှာ တိုက်ပွဲဖြစ်တာ ဒေသခံရွာကလူတွေရှောင်နေရတယ်။ ကစဉ့်ကလျားပြေးကြရတာ။ အခုလောလောဆယ်မှာတော့ စစ်ရှောင်တွေလည်း အစားအသောက်တွေ ရေတွေ လိုအပ်နေတယ်။ တောထဲတွေမှာ ချက်ပြုတ် စားသောက်နေရတာပေါ့။ ကလေးငယ်တွေရှိ ပြီး တော့ ဘယ်လိုမှသွားဖို့လာဖို့မလွယ်တဲ့လူတော့ ကျန်ခဲ့ကြတာပေါ့” ဟု ပေါက်ခေါင်းဒေသခံတစ်ဦးက NP News သို့ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မင်းလှမြို့နယ်၊ ရန်ကုန် - ပြည်ကားလမ်းအနီးရှိ လုံခြုံရေးစခန်း အချို့ကို PDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ လက် နက်ကြီးများ ၊ လေယာဉ်ပစ်ကူများဖြင့် ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် PDF ဘက်မှ သေဆုံးမှု များပြား ခဲ့ကြောင်း သိရသည်။

Zawgyi Version:
မင္းလွေဒသခံမ်ားကို PDF အဖြဲ႕က စစ္ေဘးေရွာင္ခိုင္းေန
Pearl (NP News)
PDF အဖြဲ႕က ၿမိဳ႕သိမ္းတိုက္ပြဲမ်ားေဖာ္ေဆာင္မည္ဟုဆိုကာ မင္းလွေဒသခံမ်ားကို စစ္ေဘး ေရွာင္ခိုင္းေနေၾကာင္း ေဒသခံမ်ားထံ NP News မွ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ား အရ သိရသည္။
ပဲခူးတိုင္းေဒသႀကီး မင္းလွၿမိဳ႕ႏွင့္ သာယာဝတီၿမိဳ႕တို႔ကို PDF အဖြဲ႕က လာမည့္ ေမလမတိုင္မီ ၿမိဳ႕သိမ္းတိုက္ပြဲေဖာ္ေဆာင္မည္ဟုဆိုကာ အဆိုပါၿမိဳ႕နယ္မ်ားရွိ ေက်း႐ြာမ်ားမွ ေဒသခံမ်ားကို စစ္ေဘး ေရွာင္ခိုင္းေနေၾကာင္း သိရသည္။
“သာယာဝတီနဲ႔မင္းလွကို ဒီလမကုန္ခင္ သိမ္းမွာလို႔ေျပာၾကတာ။ လူေတြက အဲဒါေတြကို ေၾကာက္ေနၾကတာ။ ေဒသခံေတြကို လွန႔္ေနတာ။ အခုေဒသခံေတြ ေထာင္ေက်ာ္တယ္ စစ္ေဘးေရွာင္ ေနၾကရတယ္။ ညညဆို အင္အားေတြ လိုက္ျပတယ္တဲ့။ မင္းလွတာဆုံနဲ႔ (၁)မိုင္၊ (၂)မိုင္ ေလာက္ေဝးတဲ့ ႐ြာေတြအထိကို အင္အားလာျပတာတဲ့။ ၿပီးေတာ့ အဲဒီနားက႐ြာေတြမွာတိုက္ပြဲျဖစ္မွာ ေရွာင္ၾကဆိုၿပီး လွန႔္ေနတာ ။ ႐ြာသားေတြကလည္း အုပ္ခ်ဳပ္ေရးနဲ႔ နီးတဲ့ ေနရာေတြကို လာေရွာင္ေနၾကတယ္ ။ ၿမိဳ႕ေပၚ ေတြကိုလည္း ေျပးၾကတယ္” ဟု ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ မင္းလွၿမိဳ႕နယ္ရွိ ေထာင္ႏွင့္ ခ်ီေသာေဒသခံမ်ားသည္ ေနရပ္စြန႔္ခြာ၍ စစ္ေဘးေရွာင္ ေနၿပီး ဒုကၡမ်ားစြာႀကဳံေတြ႕ေနရေသာ္လည္း PDF အဖြဲ႕အေနျဖင့္ စစ္ေဘးေရွာင္ေနသည့္ေနအိမ္မ်ားမွ တန္ဖိုးရွိပစၥည္းမ်ားကို ယူေဆာင္ေန ေၾကာင္းလည္း သိရသည္။ “ေဒသခံေတြက ေၾကာက္ၿပီး ေျပးေတာ့ အိမ္မွာက်န္ခဲ့တဲ့ပစၥည္းေတြကို ယူၿပီေပါ့။ အဲဒီလိုေတြလိုခ်င္လို႔ လူေတြကို ေရွာင္ခိုင္းေနတာေလ။ အခု ေဒသခံ လူဦးေရ (၂)ေထာင္၊ (၃)ေထာင္ေက်ာ္ ဒုကၡေရာက္ေနၾကၿပီ။ အိုးပစ္အိမ္ပစ္ေျပးေနၾကရတာ။ ျပန္ ရင္လည္းပဲ အိမ္မွာလည္း ဘာမွက်န္မွာမဟုတ္ဘူး။ က်န္ခဲ့ရင္လည္း သူတို႔မယူတဲ့ဟာေလာက္ပဲ က်န္ မွာ” ဟု အထက္ပါ ေဒသခံက ဆက္လက္ေျပာသည္။
ထို႔အတူ ေပါင္းတလည္-ေပါက္ေခါင္း လမ္းပိုင္းတြင္လည္း တပ္မေတာ္ႏွင့္ PDF အဖြဲ႕တို႔ တိုက္ပြဲ ျဖစ္ပြားမႈေၾကာင့္ ေဒသခံေက်း႐ြာမ်ားမွ ႐ြာသူ႐ြာသားမ်ား ကစဥ့္ကလ်ားထြက္ေျပးတိမ္း ေရွာင္ခဲ့ရၿပီး စစ္ ေရွာင္ျပည္သူမ်ားအတြက္ အစားအေသာက္ႏွင့္ ေသာက္သုံးေရမ်ား လိုအပ္ေနေၾကာင္း သိရသည္။
“ေပါင္းတလည္နဲ႔ ေပါက္ေခါင္းၾကားမွာ တိုက္ပြဲျဖစ္တာ ေဒသခံ႐ြာကလူေတြေရွာင္ေနရတယ္။ ကစဥ့္ကလ်ားေျပးၾကရတာ။ အခုေလာေလာဆယ္မွာေတာ့ စစ္ေရွာင္ေတြလည္း အစားအေသာက္ေတြ ေရေတြ လိုအပ္ေနတယ္။ ေတာထဲေတြမွာ ခ်က္ျပဳတ္ စားေသာက္ေနရတာေပါ့။ ကေလးငယ္ေတြရွိ ၿပီး ေတာ့ ဘယ္လိုမွသြားဖို႔လာဖို႔မလြယ္တဲ့လူေတာ့ က်န္ခဲ့ၾကတာေပါ့” ဟု ေပါက္ေခါင္းေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ၿပီးခဲ့သည့္ ရက္ပိုင္းက မင္းလွၿမိဳ႕နယ္၊ ရန္ကုန္ - ျပည္ကားလမ္းအနီးရွိ လုံၿခဳံေရးစခန္း အခ်ိဳ႕ကို PDF အဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ခဲ့သျဖင့္ ႏွစ္ဖက္ၾကား တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဘက္မွ လက္ နက္ႀကီးမ်ား ၊ ေလယာဥ္ပစ္ကူမ်ားျဖင့္ ျပန္လည္ခုခံတိုက္ခိုက္မႈေၾကာင့္ PDF ဘက္မွ ေသဆုံးမႈ မ်ားျပား ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.