မြန်မာ့စီးပွားရေး စျေးကွက်သုံးသပ်ချက်

1270

ပြည့်ဖြိုး (NP News)
မြန်မာနိုင်ငံ၏ စီးပွားရေးဈေးကွက်သည် နှစ်သစ်ကူးသင်္ကြန်ကာလအတွင်းအပြောင်းအလဲ နည်းပါးစွာဖြင့် ဆက်လက်လည်ပတ်ခဲ့သည်။ ပြည် တွင်းဈေးကွက်အတွင်း အခြေခံစားသောက်ကုန်စည် ဈေးနှုန်းများမှာ အမြင့်ဈေးနှင့်တည်ငြိမ်နေပြီး အလှူ ဒါနပြုလုပ်မှုများအတွက် ဝယ်ယူမှုများပြားကြောင်း သိရသည်။ အခြားတန်ဖိုးမြင့်ကုန်စည်များဖြစ်သည့် ရွှေ၊ ဒေါ်လာ၊ ကားနှင့် အိမ်ခြံမြေဈေးကွက်မှာ ဆက် လက်အေးစက်နေကြောင်း အကျိုးဆောင်များ ထံမှသိရသည်။ ရွှေဈေးကွက်အတွင်း သင်္ကြန်မတိုင်မီ ကာလနှင့်သင်္ကြန်အပြီးကာလအကြား အပြောင်းအလဲမရှိ တည်ငြိမ်နေပြီး နိုင်ငံခြားငွေလဲဈေးနှုန်းများ မှာ ပြင်ပဈေးရော တရားဝင်ဈေးပါတည်ငြိမ်နေခြင်း ဖြစ်သည်။ ပြည်တွင်းဈေးကွက်အတွင်း၌ ကြီးမား သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ရန် လုပ်ငန်းများစတင်လည်ပတ် နေပြီဖြစ်ရာ ဈေးကွက်လိုအပ်ချက်အရ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်သည်။
ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများ ဈေးကွက်ကောင်းမွန်သော်လည်း ဈေးကစားမှုများနှင့် ဈေးကွက်လက်ဝါးကြီးအုပ်မှုများမရှိစေရန် သက်ဆိုင်ရာမှ စနစ်တကျစီမံခန့်ခွဲသင့်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည်။ တရုတ် -မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကမြို့တစ်မြို့ ဖြစ်သော လားရှိုး မြို့ကို သက်ဆိုင်ရာက ပြန်လည်ထိန်းချုပ်သည့်သတင်းများထွက်ပေါ်ခဲ့ရာ ရှမ်းပြည်မြောက်ပိုင်း ကုန် သွယ်ရေး ပြန်လည်စတင်နိုင်ရန် သတင်းကောင်းတစ်ခုဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ် ရေးလုပ်ငန်းတွင် အကြီးမားဆုံးဖြစ်သော လားရှိုး-မှုဆယ်လမ်းကြောင်းသည် လတ်တလောတွင် တရား မဝင် ကုန်သွယ်ရေးအချို့နှင့် နယ်စပ်ကုန်စည်အချို့ကိုသာ ကုန်သွယ်နိုင်သော အခြေအနေတွင် ရောက်ရှိ နေသည်။ လာမည့်ရက်ပိုင်းအတွင်း အပြောင်းအလဲမရှိနိုင်သော်လည်း အနာဂတ်တွင် ကုန်သွယ်ရေး လုပ် ငန်းများ ပြန်လည် စတင်နိုင်သောအခြေအနေ ဖြစ်ပေါ်လာသည်။ ပြည်တွင်းဈေးကွက်အတွင်း ငွေကြေး ဖောင်းပွမှုဆက်လက်ဖြစ်ပွားနေသည့်အပြင် အထွေထွေကုန် ဈေးနှုန်းများမှာလည်း ဆက်တိုက် မြင့် တက်နေဆဲဖြစ်သည်။ သက်ဆိုင်ရာမှ ဈေးကွက်နှင့်ပတ်သတ်သော အပြောင်းအလဲ တစ်စုံတစ်ရာကို အကောင်အထည်မဖော်နိုင်ခြင်းကြောင့် လာမည့်ရက်ပိုင်းအတွင်းဈေးကွက် အပြောင်းအလဲနည်းပါးနေ မည်ဖြစ်သည်။
ငလျင်ဘေးပြန်လည်ထူထောင်ရေး ဦးစားပေးနေရမည့် ဈေးကွက် အခြေအနေ
ငလျင်ဘေးဒဏ်သင့်သည့် မြို့များဖြစ်သော မန္တလေးနှင့်စစ်ကိုင်းဒေသတို့သည် လူဦးရေ ထူထပ် သည့်အပြင် မြန်မာနိုင်ငံအလည်ပိုင်းရှိအသေးစား အလတ်စား လုပ်ငန်းများလုပ်ကိုင်ရာဒေသကြီးများ ဖြစ်ကြသည်။ လတ်တလောတွင်အသေးစားအလတ်စားစက်မှုလက်မှုလုပ်ငန်းများပြန်လည်လည် ပတ် နိုင်ခြင်းမရှိသေးရာ လာမည့်ရက်ပိုင်းအတွင်း စီးပွားရေးအရ ကျပ်တည်းမှုဖြစ်ပေါ်နေမည်ဖြစ်သည်။ ပြန် လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် နိုင်ငံတကာအကူအညီများလိုအပ်နေသည့်အပြင် စီး ပွားရေးအရ တိကျသောစီမံကိန်းများလည်း လိုအပ်နေသည်။ ထိုသို့မဟုတ်ပါက ပြန်လည်ထူထောင်ရာ တွင် စီးပွားရေးအဆင်မပြေခြင်းကြောင့် နောက်ဆက်တွဲလူမှုပြဿနာများပေါ်ပေါက်လာနိုင်သည်။ ငလျင်ဘေးသင့်ဒေသများတွင် လတ်တလော အခြေခံစားသောက်ကုန်များဈေးတက်နေပြီး လာမည့်ရက် ပိုင်းအတွင်း ပြန်လည်ကျဆင်းရန်မလွယ်ကူကြောင်း သိရသည်။ ငလျင်ကြောင့် မန္တလေးအိမ်ခြံမြေဈေး ကွက်ရပ်တန့်သွားပြီး ပြင်ဦးလွင်အိမ်ခြံမြေများ အငှားရော အရောင်းအဝယ်ပါ ပြန်လည်ကောင်းမွန်လာ ကြောင်း အကျိုးတော်ဆောင်များထံမှသိရသည်။ ပျက်စီးဆုံးရှုံးခဲ့သည့် အိုးအိမ်တိုက်တာများကို ပြန် လည်တည်ဆောက်ရန်မှာ အတန်အသင့်အချိန်ယူရမည်ဖြစ်သောကြောင့် ကြားကာလအတွင်း ငလျင် ဒဏ်သင့်ပြည်သူများအတွက် စားဝတ်နေရေးပြေ လည်စေရန် စီးပွားရေးအရ ကုစားမှုများပြုလုပ်ပေး သင့်သည်။ လာမည့်ရက်များအတွင်း သင်္ကြန်ပိတ်ရက်များကျော်လွန်လာပြီဖြစ်ရာ ငလျင်ဒဏ်သင့်ဒေသ များတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင် လည်ပတ်ကြမည်ဖြစ်ပြီး သက်ဆိုင်ရာမှ လိုအပ်သော အကူအညီများပေးအပ်သင့်သည်။ ငလျင်ဒဏ်သင့် ဒေသများတွင် ဈေးကွက်ပြန်လည် ကောင်းမွန်လာ ရန်လပိုင်းမျှကြာမြင့်ဦးမည်ဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
အပြောင်းအလဲတည်ငြိမ်သော ရွှေဈေး၊ ငွေလဲဈေး
ပြည်တွင်းရွှေဈေးကွက်အတွင်း နှစ်သစ်ကူသင်္ကြန်ကာလရုံးပိတ်ရက်များကြောင့် ဈေးကွက် ပိတ် ထားသည့်အပြင် ပြင်ပရွှေဈေးကွက်တွင်လည်းအရောင်းအဝယ်မရှိတည်ငြိမ်နေကြောင်းသိရသည်။ လက် ရှိဧပြီလ (၂၂)ရက်တွင် ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်နေရာ ရွှေတစ်အောင်စလျှင် (၃၄၇၂) ဒေါ်လာ အထိမြင့်တက်နေသည်။ ထိုသို့ ကမ္ဘာ့ရွှေ ဈေးမြင့်တက်မှုသည် ပြည်တွင်းရွှေဈေးကွက်ကိုပါ သက် ရောက်မှုရှိလာပြီး ပြင်ပဈေးကွက်အတွင်း၌ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၅)သိန်းအထိ ဈေးနှုန်း မြင့်တက်လာသည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်မှုသည် အမေရိကန်နှင့်တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေး စစ်ပွဲကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများဖြစ်သည်။ ယင်းအကျိုးသက်ရောက်မှုကို တစ် ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆက်လက်ကြုံတွေ့ရမည်ဖြစ်ပြီး အဓိကအားဖြင့်နိုင်ငံတကာငွေကြေး ဈေး နှုန်းများ တန်ဖိုးလျော့ကျခြင်းဖြစ်ပေါ်လာမည်ဖြစ်သည်။
လတ်တလောတွင် ပြည်တွင်းငွေလဲဈေးနှုန်းများ တည်ငြိမ်နေခြင်းမှာ သက်ဆိုင်ရာက သတ်မှတ် ထားသည့် ပို့ကုန်/သွင်းကုန်မူဝါဒများကြောင့်ဖြစ်ပြီး လာမည့်ရက်ပိုင်းအထိ ဆက်လက်တည်ငြိမ်နိုင် သည်။ လတ်တလောဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ ရွှေဈေးနှုန်းများမှာ ဧပြီလအတွင်း ရွှေတစ်အောင် စလျှင် (၃၀ဝဝ)ဒေါ်လာမှ ဒေါ်လာ(၃၄၇၀) ကျော် အထိ၊ ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေ တစ်ကျပ်သား လျှင်(၆၇)သိန်းခွဲဝန်းကျင်မှ (၇၅)သိန်းကျပ် ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးများ အတက်ဈေးဖြင့် မတည်ငြိမ်သော်လည်း နိုင်ငံတကာငွေလဲဈေးကွက် အတွင်း ဒေါ်လာဈေးများမှာ ဧပြီလတစ်လလုံးတည်ငြိမ်နေခဲ့ကြောင်းသိရသည်။ ဧပြီလ (၁)ရက်မှ (၂၂) ရက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် (၄၄၃၀)ကျပ်မှ (၄၄၁၀)ကျပ်အကြားသာ ပေါက်ဈေး ဖြစ်ပေါ် ခဲ့ကြောင်း ပြင်ပဈေးကွက်များအရသိရသည်။ လက် ရှိဧပြီလတစ်လလုံးနိုင်ငံခြားငွေလဲဈေးများ ဆက် လက်တည်ငြိမ်နိုင်ပြီး ရွှေဈေးနှုန်းမှာမူ ကမ္ဘာ့ပေါက်ဈေးအရ ဆက်လက်မြင့်တက်နေမည်ဖြစ်သည်။
အိမ်ဆောက်ပစ္စည်းနှင့်ဘိလပ်မြေဈေးများ
ပြည်တွင်းအိမ်ဆောက်ပစ္စည်းဈေးကွက်သည် ရာသီချိန်ဖြစ်သောကြောင့် အရောင်းအဝယ် ကောင်းနေသည့်အပြင် ဘိလပ်မြေဈေးများမှာလည်း ငလျင်ကြီးအပြီးတွင် အဆမတန်မြင့်တက်နေ ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ဘိလပ်မြေဈေးကွက် အတွင်း သင်္ကြန်ကာလမတိုင်မီက တစ်အိတ်လျှင် သုံးသောင်းဝန်းကျင်ရှိနေရာမှ သင်္ကြန်ကာလအတွင်း တစ်အိတ်လျှင်လေးသောင်းမှ လေးသောင်းခွဲ ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့သည်။ တစ်ဖန် သင်္ကြန်ကာလကုန်ဆုံးချိန်တွင် ဈေးများ ပြန်လည်ကျဆင်းလာပြီး လက်ရှိ ဧပြီလ (၂၂)ရက်တွင် ရန်ကုန်မြို့၌ ဘိလပ်မြေတစ်အိတ်လျှင် လေး သောင်းဝန်းကျင်နှင့် မန္တလေးမြို့တွင် ဘိလပ်မြေတစ်အိတ်လျှင်သုံးသောင်း ဝန်းကျင်အထိရောက်ရှိနေ သည်။ ဘိလပ်မြေဈေးအပြောင်းအလဲမှာ မြန်ဆန်နေပြီး သက်ဆိုင်ရာ ဘိလပ်မြေအရောင်းကိုယ်စား လှယ်များမှ စက်ရုံထုတ်ဈေးဖြင့် ရောင်းချပေးနေသော်လည်း လက်လီဈေးကွက်အတွင်း ဈေးနှုန်း တည် ငြိမ်မှုမရှိ ကြောင်းသိရသည်။
ဘိလပ်မြေဈေးမြင့်တက်မှုကိုဖြေရှင်းရန် ပြည်ပမှ ပါမစ်တစ်တန်လျှင်ငါးသိန်းဈေးဖြင့် ထိုင်း ဘိလပ်မြေများဝင်ရောက်လျက်ရှိကြောင်းသိရသည်။ ရန်ကုန်မြို့ရွှေပြည်သာရွှေမဲဆိပ်ကမ်းသို့ ဧပြီလ (၉)ရက်တွင် တန်ချိန် (၁၅၀ဝ)နှင့် ဧပြီလ(၂၀) ရက်တွင်လည်း တန်ချိန် (၂၄၀ဝ)ထပ်မံဝင်ရောက်ခဲ့ ကြောင်းသိရသည်။ ကော့သောင်းနယ်စပ်မှတစ်ဆင့် ရန်ကုန်သို့တင်သွင်းနေသော ဘိလပ်မြေများမှာ လက်ရှိတွင် ပြည်တွင်းဘိလပ်မြေလိုအပ်ချက်ကို ဖြည့်တင်းနေရကြောင်းသိရသည်။ ထို့အတူ သံ ဈေး ကွက်အတွင်း (၁၉)ပေ ဟော်လိုပိုက်ဈေးများမှာ လည်း ဈေးမြင့်တက်နေပြီး ဈေးကွက်အတွင်းဝယ် ယူသုံးစွဲမှုများပြားကြောင်းသိရသည်။ အခြားသော သွပ်၊ သံ၊ သစ်သားများမှာလည်း အရောင်းအဝယ် ကောင်းမွန်သည့်အပြင် ဈေးနှုန်းများလည်းမြင့်တက်နေဆဲဖြစ်သည်။ လာမည့်ကာလများအတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးကွက်မှာ ဆက်လက်ဈေးနှုန်း မြင့်မားနေမည့်အပြင် ရောင်းလို အားနှင့် ဝယ်လိုအားနှစ်ခုစလုံး ဈေးကွက်ကောင်းမွန်နေမည် ဖြစ်သည်။
လားရှိုးမြို့ နှင့်မူဆယ်နယ်စပ်ကုန်သွယ်ရေး အနာဂတ်
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် အကြီးဆုံးဖြစ်သော မူဆယ်နယ်စပ်စခန်းမှာ ရှမ်းပြည်မြောက်ပိုင်းဒေသ လက်နက်ကိုင်တိုက်ပွဲများကြောင့် ကုန်သွယ်မှုရပ်တန့်လုနီးပါးအခြေအနေ သို့ရောက်ရှိနေသည်။ သို့သော်လည်း ဧပြီလ(၂၁) ရက် ဝန်းကျင်မှစတင်ကာ လာရှိုးမြို့ကို သက်ဆိုင်ရာက ပြန်လည်ထိန်းသိမ်းလိုက်ကြောင်း သတင်းများထွက်ပေါ်ခဲ့အပြီး ကုန်သွယ်ရေးအတွက် အခွင့်အလမ်းပြင် ဆင်မျှော်လင့်နိုင်လာပြီဖြစ်သည်။ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းတွင် အဓိကမြို့ကြီးဖြစ် သော လားရှိုးမြို့သည် ခရီးတစ်ထောက်နားသည့်မြို့ဖြစ်သည့်အပြင် ရှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေး မြို့ကြီးလည်းဖြစ်သည်။ လားရှိုးမြို့ကို ပြန်လည် လည်ပတ်နိုင်ပါက ရှမ်းမြောက်ကုန်သွယ်ရေးအတွက် လိုအပ်သော ကုန်သွယ်ရေးဆိုင်ရာကွင်းဆက်များကို ပြန်လည်ချိတ်ဆက်လာနိုင်သည်။ သို့သော်လည်း လတ်တလောတွင် တိုင်းရင်းသားလက်နက်ကိုင်များ၏စခန်းများက ပြည်ထောင်စုလမ်းမကြီးတွင် ဆက် လက်စခန်းရှိနေရာ ကုန်သွယ်ရေးအတွက်အပြောင်း အခက်အခဲအချို့ရှိနိုင်ကြောင်းသိရသည်။
လတ်တလောတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ရှမ်းပြည်မြောက်ပိုင်း မှဒေသထွက်ကုန်စည် တချို့ကိုသာ ကုန်သွယ်နိုင်ပြီး မြန်မာပြည်မမှကုန်စည်များ ကုန်သွယ်နိုင်ခြင်းမရှိကြောင်း သိရသည်။ လားရှိုးမြို့ကိုသက်ဆိုင်ရာမှပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ရေရှည်အခွင့်အလမ်းများအတွက် ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

Zawgyi Version:
ျမန္မာ့စီးပြားေရး ေစ်းကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News)
ျမန္မာႏိုင္ငံ၏ စီးပြားေရးေဈးကြက္သည္ ႏွစ္သစ္ကူးသၾကၤန္ကာလအတြင္းအေျပာင္းအလဲ နည္းပါးစြာျဖင့္ ဆက္လက္လည္ပတ္ခဲ့သည္။ ျပည္ တြင္းေဈးကြက္အတြင္း အေျခခံစားေသာက္ကုန္စည္ ေဈးႏႈန္းမ်ားမွာ အျမင့္ေဈးႏွင့္တည္ၿငိမ္ေနၿပီး အလႉ ဒါနျပဳလုပ္မႈမ်ားအတြက္ ဝယ္ယူမႈမ်ားျပားေၾကာင္း သိရသည္။ အျခားတန္ဖိုးျမင့္ကုန္စည္မ်ားျဖစ္သည့္ ေ႐ႊ၊ ေဒၚလာ၊ ကားႏွင့္ အိမ္ၿခံေျမေဈးကြက္မွာ ဆက္ လက္ေအးစက္ေနေၾကာင္း အက်ိဳးေဆာင္မ်ား ထံမွသိရသည္။ ေ႐ႊေဈးကြက္အတြင္း သၾကၤန္မတိုင္မီ ကာလႏွင့္သၾကၤန္အၿပီးကာလအၾကား အေျပာင္းအလဲမရွိ တည္ၿငိမ္ေနၿပီး ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား မွာ ျပင္ပေဈးေရာ တရားဝင္ေဈးပါတည္ၿငိမ္ေနျခင္း ျဖစ္သည္။ ျပည္တြင္းေဈးကြက္အတြင္း၌ ႀကီးမား ေသာ ငလ်င္ေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားကို ျပန္လည္ထူေထာင္ေရးလုပ္ရန္ လုပ္ငန္းမ်ားစတင္လည္ပတ္ ေနၿပီျဖစ္ရာ ေဈးကြက္လိုအပ္ခ်က္အရ အေျပာင္းအလဲမ်ားျဖစ္ေပၚလာႏိုင္သည္။
ျပန္လည္ထူေထာင္ေရးဆိုင္ရာပစၥည္းမ်ား ေဈးကြက္ေကာင္းမြန္ေသာ္လည္း ေဈးကစားမႈမ်ားႏွင့္ ေဈးကြက္လက္ဝါးႀကီးအုပ္မႈမ်ားမရွိေစရန္ သက္ဆိုင္ရာမွ စနစ္တက်စီမံခန႔္ခြဲသင့္ေၾကာင္း ေဝဖန္မႈမ်ား ထြက္ေပၚေနသည္။ တ႐ုတ္ -ျမန္မာ ကုန္သြယ္ေရးလမ္းေၾကာင္း၏ အဓိကၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ေသာ လားရႈိး ၿမိဳ႕ကို သက္ဆိုင္ရာက ျပန္လည္ထိန္းခ်ဳပ္သည့္သတင္းမ်ားထြက္ေပၚခဲ့ရာ ရွမ္းျပည္ေျမာက္ပိုင္း ကုန္ သြယ္ေရး ျပန္လည္စတင္ႏိုင္ရန္ သတင္းေကာင္းတစ္ခုျဖစ္လာခဲ့သည္။ ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ ေရးလုပ္ငန္းတြင္ အႀကီးမားဆုံးျဖစ္ေသာ လားရႈိး-မႈဆယ္လမ္းေၾကာင္းသည္ လတ္တေလာတြင္ တရား မဝင္ ကုန္သြယ္ေရးအခ်ိဳ႕ႏွင့္ နယ္စပ္ကုန္စည္အခ်ိဳ႕ကိုသာ ကုန္သြယ္ႏိုင္ေသာ အေျခအေနတြင္ ေရာက္ရွိ ေနသည္။ လာမည့္ရက္ပိုင္းအတြင္း အေျပာင္းအလဲမရွိႏိုင္ေသာ္လည္း အနာဂတ္တြင္ ကုန္သြယ္ေရး လုပ္ ငန္းမ်ား ျပန္လည္ စတင္ႏိုင္ေသာအေျခအေန ျဖစ္ေပၚလာသည္။ ျပည္တြင္းေဈးကြက္အတြင္း ေငြေၾကး ေဖာင္းပြမႈဆက္လက္ျဖစ္ပြားေနသည့္အျပင္ အေထြေထြကုန္ ေဈးႏႈန္းမ်ားမွာလည္း ဆက္တိုက္ ျမင့္ တက္ေနဆဲျဖစ္သည္။ သက္ဆိုင္ရာမွ ေဈးကြက္ႏွင့္ပတ္သတ္ေသာ အေျပာင္းအလဲ တစ္စုံတစ္ရာကို အေကာင္အထည္မေဖာ္ႏိုင္ျခင္းေၾကာင့္ လာမည့္ရက္ပိုင္းအတြင္းေဈးကြက္ အေျပာင္းအလဲနည္းပါးေန မည္ျဖစ္သည္။
ငလ်င္ေဘးျပန္လည္ထူေထာင္ေရး ဦးစားေပးေနရမည့္ ေဈးကြက္ အေျခအေန
ငလ်င္ေဘးဒဏ္သင့္သည့္ ၿမိဳ႕မ်ားျဖစ္ေသာ မႏၲေလးႏွင့္စစ္ကိုင္းေဒသတို႔သည္ လူဦးေရ ထူထပ္ သည့္အျပင္ ျမန္မာႏိုင္ငံအလည္ပိုင္းရွိအေသးစား အလတ္စား လုပ္ငန္းမ်ားလုပ္ကိုင္ရာေဒသႀကီးမ်ား ျဖစ္ၾကသည္။ လတ္တေလာတြင္အေသးစားအလတ္စားစက္မႈလက္မႈလုပ္ငန္းမ်ားျပန္လည္လည္ ပတ္ ႏိုင္ျခင္းမရွိေသးရာ လာမည့္ရက္ပိုင္းအတြင္း စီးပြားေရးအရ က်ပ္တည္းမႈျဖစ္ေပၚေနမည္ျဖစ္သည္။ ျပန္ လည္ထူေထာင္ေရးလုပ္ငန္းမ်ားလုပ္ကိုင္ရာတြင္ ႏိုင္ငံတကာအကူအညီမ်ားလိုအပ္ေနသည့္အျပင္ စီး ပြားေရးအရ တိက်ေသာစီမံကိန္းမ်ားလည္း လိုအပ္ေနသည္။ ထိုသို႔မဟုတ္ပါက ျပန္လည္ထူေထာင္ရာ တြင္ စီးပြားေရးအဆင္မေျပျခင္းေၾကာင့္ ေနာက္ဆက္တြဲလူမႈျပႆနာမ်ားေပၚေပါက္လာႏိုင္သည္။ ငလ်င္ေဘးသင့္ေဒသမ်ားတြင္ လတ္တေလာ အေျခခံစားေသာက္ကုန္မ်ားေဈးတက္ေနၿပီး လာမည့္ရက္ ပိုင္းအတြင္း ျပန္လည္က်ဆင္းရန္မလြယ္ကူေၾကာင္း သိရသည္။ ငလ်င္ေၾကာင့္ မႏၲေလးအိမ္ၿခံေျမေဈး ကြက္ရပ္တန႔္သြားၿပီး ျပင္ဦးလြင္အိမ္ၿခံေျမမ်ား အငွားေရာ အေရာင္းအဝယ္ပါ ျပန္လည္ေကာင္းမြန္လာ ေၾကာင္း အက်ိဳးေတာ္ေဆာင္မ်ားထံမွသိရသည္။ ပ်က္စီးဆုံးရႈံးခဲ့သည့္ အိုးအိမ္တိုက္တာမ်ားကို ျပန္ လည္တည္ေဆာက္ရန္မွာ အတန္အသင့္အခ်ိန္ယူရမည္ျဖစ္ေသာေၾကာင့္ ၾကားကာလအတြင္း ငလ်င္ ဒဏ္သင့္ျပည္သူမ်ားအတြက္ စားဝတ္ေနေရးေျပ လည္ေစရန္ စီးပြားေရးအရ ကုစားမႈမ်ားျပဳလုပ္ေပး သင့္သည္။ လာမည့္ရက္မ်ားအတြင္း သၾကၤန္ပိတ္ရက္မ်ားေက်ာ္လြန္လာၿပီျဖစ္ရာ ငလ်င္ဒဏ္သင့္ေဒသ မ်ားတြင္ စီးပြားေရးလုပ္ငန္းမ်ား ျပန္လည္စတင္ လည္ပတ္ၾကမည္ျဖစ္ၿပီး သက္ဆိုင္ရာမွ လိုအပ္ေသာ အကူအညီမ်ားေပးအပ္သင့္သည္။ ငလ်င္ဒဏ္သင့္ ေဒသမ်ားတြင္ ေဈးကြက္ျပန္လည္ ေကာင္းမြန္လာ ရန္လပိုင္းမွ်ၾကာျမင့္ဦးမည္ျဖစ္ၿပီး ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။
အေျပာင္းအလဲတည္ၿငိမ္ေသာ ေ႐ႊေဈး၊ ေငြလဲေဈး
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ႏွစ္သစ္ကူသၾကၤန္ကာလ႐ုံးပိတ္ရက္မ်ားေၾကာင့္ ေဈးကြက္ ပိတ္ ထားသည့္အျပင္ ျပင္ပေ႐ႊေဈးကြက္တြင္လည္းအေရာင္းအဝယ္မရွိတည္ၿငိမ္ေနေၾကာင္းသိရသည္။ လက္ ရွိဧၿပီလ (၂၂)ရက္တြင္ ကမာၻ႔ေ႐ႊေဈး စံခ်ိန္တင္ ျမင့္တက္ေနရာ ေ႐ႊတစ္ေအာင္စလွ်င္ (၃၄၇၂) ေဒၚလာ အထိျမင့္တက္ေနသည္။ ထိုသို႔ ကမာၻ႔ေ႐ႊ ေဈးျမင့္တက္မႈသည္ ျပည္တြင္းေ႐ႊေဈးကြက္ကိုပါ သက္ ေရာက္မႈရွိလာၿပီး ျပင္ပေဈးကြက္အတြင္း၌ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၅)သိန္းအထိ ေဈးႏႈန္း ျမင့္တက္လာသည္။ ကမာၻ႔ေ႐ႊေဈး ျမင့္တက္မႈသည္ အေမရိကန္ႏွင့္တ႐ုတ္ႏိုင္ငံတို႔၏ ကုန္သြယ္ေရး စစ္ပြဲေၾကာင့္ ေနာက္ဆက္တြဲ အက်ိဳးသက္ေရာက္မႈမ်ားျဖစ္သည္။ ယင္းအက်ိဳးသက္ေရာက္မႈကို တစ္ ကမာၻလုံးအတိုင္းအတာျဖင့္ ဆက္လက္ႀကဳံေတြ႕ရမည္ျဖစ္ၿပီး အဓိကအားျဖင့္ႏိုင္ငံတကာေငြေၾကး ေဈး ႏႈန္းမ်ား တန္ဖိုးေလ်ာ့က်ျခင္းျဖစ္ေပၚလာမည္ျဖစ္သည္။
လတ္တေလာတြင္ ျပည္တြင္းေငြလဲေဈးႏႈန္းမ်ား တည္ၿငိမ္ေနျခင္းမွာ သက္ဆိုင္ရာက သတ္မွတ္ ထားသည့္ ပို႔ကုန္/သြင္းကုန္မူဝါဒမ်ားေၾကာင့္ျဖစ္ၿပီး လာမည့္ရက္ပိုင္းအထိ ဆက္လက္တည္ၿငိမ္ႏိုင္ သည္။ လတ္တေလာျဖစ္ေပၚခဲ့ေသာ ကမာၻ႔ ေ႐ႊေဈးႏႈန္းမ်ားမွာ ဧၿပီလအတြင္း ေ႐ႊတစ္ေအာင္ စလွ်င္ (၃၀ဝဝ)ေဒၚလာမွ ေဒၚလာ(၃၄၇၀) ေက်ာ္ အထိ၊ ျပင္ပေ႐ႊေဈးကြက္တြင္ အေခါက္ေ႐ႊ တစ္က်ပ္သား လွ်င္(၆၇)သိန္းခြဲဝန္းက်င္မွ (၇၅)သိန္းက်ပ္ ဝန္းက်င္အထိ ေဈးျမင့္တက္ခဲ့ေၾကာင္းသိရသည္။ ျပည္တြင္းေ႐ႊေဈးမ်ား အတက္ေဈးျဖင့္ မတည္ၿငိမ္ေသာ္လည္း ႏိုင္ငံတကာေငြလဲေဈးကြက္ အတြင္း ေဒၚလာေဈးမ်ားမွာ ဧၿပီလတစ္လလုံးတည္ၿငိမ္ေနခဲ့ေၾကာင္းသိရသည္။ ဧၿပီလ (၁)ရက္မွ (၂၂) ရက္အတြင္း အေမရိကန္တစ္ေဒၚလာလွ်င္ (၄၄၃၀)က်ပ္မွ (၄၄၁၀)က်ပ္အၾကားသာ ေပါက္ေဈး ျဖစ္ေပၚ ခဲ့ေၾကာင္း ျပင္ပေဈးကြက္မ်ားအရသိရသည္။ လက္ ရွိဧၿပီလတစ္လလုံးႏိုင္ငံျခားေငြလဲေဈးမ်ား ဆက္ လက္တည္ၿငိမ္ႏိုင္ၿပီး ေ႐ႊေဈးႏႈန္းမွာမူ ကမာၻ႔ေပါက္ေဈးအရ ဆက္လက္ျမင့္တက္ေနမည္ျဖစ္သည္။
အိမ္ေဆာက္ပစၥည္းႏွင့္ဘိလပ္ေျမေဈးမ်ား
ျပည္တြင္းအိမ္ေဆာက္ပစၥည္းေဈးကြက္သည္ ရာသီခ်ိန္ျဖစ္ေသာေၾကာင့္ အေရာင္းအဝယ္ ေကာင္းေနသည့္အျပင္ ဘိလပ္ေျမေဈးမ်ားမွာလည္း ငလ်င္ႀကီးအၿပီးတြင္ အဆမတန္ျမင့္တက္ေန ေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ ဘိလပ္ေျမေဈးကြက္ အတြင္း သၾကၤန္ကာလမတိုင္မီက တစ္အိတ္လွ်င္ သုံးေသာင္းဝန္းက်င္ရွိေနရာမွ သၾကၤန္ကာလအတြင္း တစ္အိတ္လွ်င္ေလးေသာင္းမွ ေလးေသာင္းခြဲ ဝန္းက်င္အထိ ေဈးျမင့္တက္ခဲ့သည္။ တစ္ဖန္ သၾကၤန္ကာလကုန္ဆုံးခ်ိန္တြင္ ေဈးမ်ား ျပန္လည္က်ဆင္းလာၿပီး လက္ရွိ ဧၿပီလ (၂၂)ရက္တြင္ ရန္ကုန္ၿမိဳ႕၌ ဘိလပ္ေျမတစ္အိတ္လွ်င္ ေလး ေသာင္းဝန္းက်င္ႏွင့္ မႏၲေလးၿမိဳ႕တြင္ ဘိလပ္ေျမတစ္အိတ္လွ်င္သုံးေသာင္း ဝန္းက်င္အထိေရာက္ရွိေန သည္။ ဘိလပ္ေျမေဈးအေျပာင္းအလဲမွာ ျမန္ဆန္ေနၿပီး သက္ဆိုင္ရာ ဘိလပ္ေျမအေရာင္းကိုယ္စား လွယ္မ်ားမွ စက္႐ုံထုတ္ေဈးျဖင့္ ေရာင္းခ်ေပးေနေသာ္လည္း လက္လီေဈးကြက္အတြင္း ေဈးႏႈန္း တည္ ၿငိမ္မႈမရွိ ေၾကာင္းသိရသည္။
ဘိလပ္ေျမေဈးျမင့္တက္မႈကိုေျဖရွင္းရန္ ျပည္ပမွ ပါမစ္တစ္တန္လွ်င္ငါးသိန္းေဈးျဖင့္ ထိုင္း ဘိလပ္ေျမမ်ားဝင္ေရာက္လ်က္ရွိေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕ေ႐ႊျပည္သာေ႐ႊမဲဆိပ္ကမ္းသို႔ ဧၿပီလ (၉)ရက္တြင္ တန္ခ်ိန္ (၁၅၀ဝ)ႏွင့္ ဧၿပီလ(၂၀) ရက္တြင္လည္း တန္ခ်ိန္ (၂၄၀ဝ)ထပ္မံဝင္ေရာက္ခဲ့ ေၾကာင္းသိရသည္။ ေကာ့ေသာင္းနယ္စပ္မွတစ္ဆင့္ ရန္ကုန္သို႔တင္သြင္းေနေသာ ဘိလပ္ေျမမ်ားမွာ လက္ရွိတြင္ ျပည္တြင္းဘိလပ္ေျမလိုအပ္ခ်က္ကို ျဖည့္တင္းေနရေၾကာင္းသိရသည္။ ထို႔အတူ သံ ေဈး ကြက္အတြင္း (၁၉)ေပ ေဟာ္လိုပိုက္ေဈးမ်ားမွာ လည္း ေဈးျမင့္တက္ေနၿပီး ေဈးကြက္အတြင္းဝယ္ ယူသုံးစြဲမႈမ်ားျပားေၾကာင္းသိရသည္။ အျခားေသာ သြပ္၊ သံ၊ သစ္သားမ်ားမွာလည္း အေရာင္းအဝယ္ ေကာင္းမြန္သည့္အျပင္ ေဈးႏႈန္းမ်ားလည္းျမင့္တက္ေနဆဲျဖစ္သည္။ လာမည့္ကာလမ်ားအတြင္း ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေဈးကြက္မွာ ဆက္လက္ေဈးႏႈန္း ျမင့္မားေနမည့္အျပင္ ေရာင္းလို အားႏွင့္ ဝယ္လိုအားႏွစ္ခုစလုံး ေဈးကြက္ေကာင္းမြန္ေနမည္ ျဖစ္သည္။
လားရႈိးၿမိဳ႕ ႏွင့္မူဆယ္နယ္စပ္ကုန္သြယ္ေရး အနာဂတ္
ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရးစခန္းမ်ားတြင္ အႀကီးဆုံးျဖစ္ေသာ မူဆယ္နယ္စပ္စခန္းမွာ ရွမ္းျပည္ေျမာက္ပိုင္းေဒသ လက္နက္ကိုင္တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈရပ္တန႔္လုနီးပါးအေျခအေန သို႔ေရာက္ရွိေနသည္။ သို႔ေသာ္လည္း ဧၿပီလ(၂၁) ရက္ ဝန္းက်င္မွစတင္ကာ လာရႈိးၿမိဳ႕ကို သက္ဆိုင္ရာက ျပန္လည္ထိန္းသိမ္းလိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့အၿပီး ကုန္သြယ္ေရးအတြက္ အခြင့္အလမ္းျပင္ ဆင္ေမွ်ာ္လင့္ႏိုင္လာၿပီျဖစ္သည္။ မႏၲေလး-မူဆယ္ ကုန္သြယ္ေရးလမ္းေၾကာင္းတြင္ အဓိကၿမိဳ႕ႀကီးျဖစ္ ေသာ လားရႈိးၿမိဳ႕သည္ ခရီးတစ္ေထာက္နားသည့္ၿမိဳ႕ျဖစ္သည့္အျပင္ ရွမ္းျပည္ေျမာက္ပိုင္း ကုန္သြယ္ေရး ၿမိဳ႕ႀကီးလည္းျဖစ္သည္။ လားရႈိးၿမိဳ႕ကို ျပန္လည္ လည္ပတ္ႏိုင္ပါက ရွမ္းေျမာက္ကုန္သြယ္ေရးအတြက္ လိုအပ္ေသာ ကုန္သြယ္ေရးဆိုင္ရာကြင္းဆက္မ်ားကို ျပန္လည္ခ်ိတ္ဆက္လာႏိုင္သည္။ သို႔ေသာ္လည္း လတ္တေလာတြင္ တိုင္းရင္းသားလက္နက္ကိုင္မ်ား၏စခန္းမ်ားက ျပည္ေထာင္စုလမ္းမႀကီးတြင္ ဆက္ လက္စခန္းရွိေနရာ ကုန္သြယ္ေရးအတြက္အေျပာင္း အခက္အခဲအခ်ိဳ႕ရွိႏိုင္ေၾကာင္းသိရသည္။
လတ္တေလာတြင္ မူဆယ္နယ္စပ္ကုန္သြယ္ေရးမွာ ရွမ္းျပည္ေျမာက္ပိုင္း မွေဒသထြက္ကုန္စည္ တခ်ိဳ႕ကိုသာ ကုန္သြယ္ႏိုင္ၿပီး ျမန္မာျပည္မမွကုန္စည္မ်ား ကုန္သြယ္ႏိုင္ျခင္းမရွိေၾကာင္း သိရသည္။ လားရႈိးၿမိဳ႕ကိုသက္ဆိုင္ရာမွျပန္လည္ ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေသာ္လည္း ေရရွည္အခြင့္အလမ္းမ်ားအတြက္ ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။