“လားရှိုး” ဇာတ်ပေါင်းခန်း

1669

သုတကျော် (NP News)
“ MNDAA ဆုတ်သွားပြီ။ မြို့တော်ခန်းမမှာ တပ်က အများကြီးပဲ။ ဝမ်းသာလိုက်တာ” ဟု လားရှိုး မြို့ခံ အမျိုးသမီးတစ်ဦးက ဧပြီလ (၂၂) ရက်တွင် ၎င်း၏ ရင်တွင်းခံစားချက်ကို NP News သို့ ဆက်သွယ် မျှဝေလာခဲ့သည်။
ဧပြီလ (၂၂) ရက် နံနက်ပိုင်း (၁၀) နာရီတွင်မူ တိုက်ခိုက်ရေးတပ်၊ လက်ရုံးတပ်များ အပါအဝင် တပ်မတော်မှ တပ်ဖွဲ့ဝင် (၂၀ဝဝ) ကျော် လားရှိုးမြို့အတွင်းသို့ လုံခြုံရေးဆောင်ရွက်ရန် ဝင်ရောက်နေရာ ယူလိုက်ခြင်းသည် လားရှိုးကို အစိုးရကပြန်လည် ထိန်းချုပ်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
လားရှိုးမှ ကိုးကန့်များ ဆုတ်၊ မဆုတ် ဆိုသော စကားလုံးနှစ်ခုအကြား ကာလတစ်ခုအကြာ အငြင်းပွားခဲ့သည်။ သို့သော် ယခုအခါ အဖြေထွက်သွားခဲ့ပြီဖြစ်ကြောင်း အားလုံးမျက်မြင်တွေ့ကြရပေ ပြီ။ လားရှိုးမြို့မှ MNDAA တို့ ထွက်ခွာတော့မည်ဟု ယခင်ထွက်ပေါ်ခဲ့သော သတင်းသည် အချို့အတွက် မင်္ဂလာသတင်းဖြစ်ပြီး အချို့အတွက်မူ သတင်းမှန် ဟုတ်ပါ၏လောဟု သင်္ကာမကင်းသတင်းဖြစ်ခဲ့သည်။ လား ရှိုးမြို့ကိုထိန်းချုပ်ရန်အတွက် MNDAA တို့ ကြိုးပမ်းခဲ့ရာတွင် PDF များလည်း ပူးပေါင်းပါဝင်ခဲ့ပြီး သေဆုံးသူလည်း များပြားခဲ့သည်။ ယင်းအတွက် လားရှိုးမှ MNDAA တို့ ထွက်မည်ဆိုသောအခါ PDF ထောက်ခံသူအချို့က မယုံကြ။ သတင်းမှားဟု ဆိုသည်။ အချို့က မခံချိ မခံသာ ဖြစ်သည်။ မည်သို့ ပင် ဖြစ်စေကာမူ အမှန်တရားကား အားလုံး၏ မျက်စိရှေ့တွင် ဖြစ်ပျက်သွားခဲ့လေပြီတည်း။
လားရှိုးမြို့မှ ပြန်ဆုတ်၊ မဆုတ် ဆိုသော အကြောင်းသည် ကာလတစ်ခုအကြာ လျှို့ဝှက်သော အရာတစ်ခုသဖွယ် ဖြစ်နေခဲ့သည်ဟုဆိုရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုးကန့်တို့ဘက်က လည်း ဟန်ဆောင်ကောင်းခဲ့ပြီး နစကအစိုးရဘက်ကလည်း ယခုကိစ္စနှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းမျိုး မရှိသောကြောင့် နှစ်ဖက်အသံတိတ်နေသောအခါ ပြည်သူတို့မှာ အခြေအနေကို စောင့်ကြည့်ရုံမှတစ်ပါး ရွေးစရာ မရှိခဲ့ကြပေ။
ဧပြီလ (၂၁) ရက်သည် လားရှိုးမြို့မှ MNDAA များ အပြီးသတ် ဆုတ်ခွာမည့်ရက်ဖြစ်သည် ဟုဆို ကြလေရာ ယင်းနေ့တွင် လားရှိုး၌ MNDAA အလံများ မရှိတော့ဘဲ မြန်မာနိုင်ငံတော်အလံများသာရှိတော့ ခြင်းက ယင်းအချက်ကို ထောက်ခံနေခဲ့သည်။ MNDAA တို့ တစ်စတစ်စဆုတ်ခွာစဉ် ယခုရက်ပိုင်း အ တွင်းမှာပင် အစိုးရဝန်ထမ်းများကလည်း ပြန်လည်ဝင်ရောက်နေခဲ့ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် မြောက် ပိုင်းမှ ကုန်သွယ်၊ စီးပွား ရေး မြို့တော်ကြီး ဖြစ်သော လားရှိုးမြို့၏အကြောင်း ယခုနှစ်ပိုင်းများအတွင်း အမှန်တကယ် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာတစ်ခု ဖြစ်ခဲ့သည် ဆိုခြင်းမှာ အားလုံး ငြင်းနိုင်မည် မထင်ပါ။ လားရှိုးမြို့ ဇာတ်လမ်း၏ အစကား (၁၀၂၇) ဆိုသော စစ်ဆင်ရေး နှင့် များစွာပတ် သက်နေခဲ့သည်။ ယင်း စစ်ဆင်ရေးအတွင်း MNDAA တို့ လောက်ကိုင်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ချိန်က တရုတ်နိုင်ငံ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် (၂၀၂၄)ခုနှစ်၊ ဇန်နဝါရီ (၁၁)ရက်တွင် ယာယီအပစ် အခတ် ရပ်စဲခဲ့သည်။
ဟိုင်ဂင်သဘောတူညီချက်အရ ပစ်ခတ်တိုက် ခိုက်မှုများကိုရပ်စဲကာ နယ်စပ်ကုန်သွယ်လုပ်ငန်း များကို ပြန်လည်စတင်နိုင်ရန် ဆက်လက်ဆွေးနွေးဆဲ ကာလ (၆) လနီးပါးခန့်အကြာ ဇွန် (၂၅)ရက်တွင် TNLA ပူးပေါင်းအဖွဲ့သည် (၁၀၂၇)စစ်ဆင်ရေး (ဒုတိယအပိုင်း)ကို ပြန်လည်ဖော်ဆောင်ကာ တိုက်ပွဲများ ကို စတင်ခဲ့သကဲ့သို့ ြြီဗဗ အဖွဲ့ကလည်း နောက်မှ လိုက်၍ ပြောင်ပြောင်တင်းတင်း ချိုးဖောက် ခဲ့သည်။
ဤသို့ဖြင့် ဇူလိုင်လ (၃) ရက်မှစတင်ကာ လား ရှိုးမြို့ကိုတိုက်ခိုက်ခဲ့သော MNDAA ပူးပေါင်း အဖွဲ့တို့သည် ဩဂုတ်လအစောပိုင်းတွင်မှ မြို့ကို ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းကာလက အခြေအနေမှာ မြို့သူ၊ မြို့သားတို့အတွက် အိပ်မက်ဆိုးဖြစ်ခဲ့သည်။ ထို့ပြင် တိုက်ပွဲအောက်ရောက်ခဲ့သော လားရှိုးမြို့တွင် အပျက်အစီးကလည်း မနည်းလှပါ။ ထို့အတူ စစ် ဘေးရှောင် ပြည်သူအများအပြားမှာလည်း ယခုထက် တိုင် အခြားနေရာများတွင် သောင်တင်နေဆဲဖြစ်သည်။ “ဘဝမှာ တစ်ခါမှ မကြုံဖူးဘူးလေ။ သေနတ်သံ၊ ဗုံးသံ တွေကြား ကြောက်နေရတာ။ ကိုယ်ဘယ်အချိန် သေမလဲဆိုပြီး စိုးရိမ်စိတ်ကလည်း အပြည့်ပဲ” ဟု လားရှိုး မြို့ခံတစ်ဦးက ယင်းကာလကအခြေအနေကို ပြန်ပြောင်းပြောပြသည်။
လားရှိုးမြို့ကို ရပြီးနောက် MNDAA တို့ ဘက်က အရပ်ဘက်အုပ်ချုပ်ရေးဖော်ဆောင်သည်။ တပ်မတော်ဘက်က ၎င်းတို့ ရှိရာ နေရာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ တစ်ဖက် တွင်လည်း လားရှိုးမြို့အထိ MNDAA ရောက်လာပြီးနောက် တရုတ်ဘက်က နယ်စပ် ကုန်သွယ်ရေးဂိတ် များအား ပိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လားရှိုးမြို့ကို MNDAA တို့ ထိန်းချုပ်ပြီးနောက် ဩဂုတ်လ (၈) ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှ ရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက နေ ပြည်တော်သို့ လာရောက်ခဲ့သည့်အပြင် ဩဂုတ်လ (၁၄) ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံသို့လာရောက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။
နစကဥက္ကဋ္ဌနှင့် မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာ ထောက်ခံပါကြောင်း၊ နစကအနေဖြင့် နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်ငါးရပ်ကို ချမှတ်ဆောင်ရွက် နေမှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး အတွက် တရုတ် နိုင်ငံအနေဖြင့် အလေးထားပူးပေါင်းဆောင်ရွက်ရန်ရှိပါကြောင်း၊ ရှမ်းပြည်နယ် (မြောက် ပိုင်း) တွင် EAO အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များ နှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ လားရှိုး မြို့နှင့်ပတ်သက်သော ဖြစ်စဉ်များသည် အလွန်လျင်မြန်စွာ ဖြစ်လာသည်ဟုဆိုရမည် ဖြစ်သည်။ စစ်နယ်ကျွံလာသော MNDAA ကို တရုတ်ဘက်မှ ဖိအားပေးခြင်းများရှိနေကြောင်း သတင်းများ ထွက် လာသည်။ ထိုစဉ်က အတည် မပြု နိုင်သော်လည်း လူအများကြား ထွက်ပေါ်လာသော သတင်းတစ်ခုမှာ MNDAA ခေါင်းဆောင် ဖုန်တာရွှင့် ကို တရုတ်နိုင်ငံတွင် ဆေးကုသနေစဉ် တရုတ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားလိုက်ပြီဆိုသော အကြောင်း “ဖုန်တာရွှင့်ကို ဖမ်းခဲ့တယ်ဆိုတာကတော့ သေချာတယ်” ဟု လားရှိုးမြို့မှ သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။ ယင်းနောက် MNDAA က အပစ်ရပ်လိုကြောင်း ထုတ်ပြန်ချက်များကို ထုတ်ရာတွင် ၎င်းတို့သည် နိုင်ငံမှ ခွဲမထွက်ကြောင်း၊ တရုတ်နှင့် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းနှင့် မပူးပေါင်း ကြောင်းအပြင် NUG နှင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းခြင်းမျိုး မလုပ်ကြောင်းနှင့် မြန်မာ့အရေး ကို တရုတ်က ကြားဝင်စေ့စပ်ပေးရန်လည်း ဖိတ်ခေါ်ခဲ့သည်။ ယင်းစာထွက်ချိန်တွင် အားလုံး အံ့အားသင့် သွားပြီး အထူးသဖြင့် ထိခိုက်ခဲ့ရသူများမှာ NUG ထောက်ခံသူများဖြစ်ကာ PDF အသက်များ သေဆုံးခဲ့ ရသော လားရှိုးမြို့တိုက်ပွဲအတွက် ရင်နာစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားခဲ့ရသည်။ သို့သော် ထိုစဉ်က ယင်းအချက်ကို မယုံသူများလည်းရှိခဲ့ပြီး စစ်ပရိယာယ်ဟုပင် ဆိုခဲ့ကြသေးသည်။
သို့ဖြင့် မကြာမီတွင် အဘယ်ကြောင့် MNDAA တို့ ယခုကဲ့သို့ ပြောင်းလဲလာသနည်း ဆိုသော အချက်နှင့် ပတ်သက်၍ ထောက်ခံပေးမည့်အချက်အလက်တစ်ခု ထွက်လာသည်။ တရုတ်အထူး ကိုယ် စားလှယ် တိန့်ရှီ ကျွမ်းနှင့် “ဝ” UWSA ၏ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော် အန်းနှင့် UWSP အထွေထွေ အတွင်းရေးမှူး ဦးပေါက် အိုင်းခမ်းတို့ ဩဂုတ်လ (၂၇) ရက်က တရုတ်နိုင်ငံ၊ ဖူအယ်မြို့မှ ဟိုတယ်တစ်ခု တွင် တွေ့ဆုံခဲ့သော အစည်းအဝေးမှတ်တမ်း ပေါက်ကြားခဲ့ခြင်းဖြစ်သည်။ ယင်းမှတ်တမ်း ပေါက်ကြား ခြင်းမှာ ရည်ရွယ်ချက် ရှိရှိလော၊ အမှတ်တမဲ့လော မသိရသော်လည်း စိတ်ဝင်စားဖွယ်ကောင်းခဲ့သည်။
UWSA ခေါင်းဆောင်ပိုင်းနှင့် MNDAA ခေါင်းဆောင်ပိုင်းအကြား နီးကပ်သော ဆက်ဆံရေး ရှိ သည့်အပြင် လားရှိုးမြို့ကို တိုက်ခိုက်စဉ်ကလည်း “ဝ” အနေဖြင့် တိုက်ခိုက်ရေးတွင် ပါဝင်ခြင်း မရှိသော် လည်း လားရှိုးမြို့တိုက်ပွဲ၊ (၁၀၂၇) စစ်ဆင်ရေး ကာလများနှင့် သက်ဆိုင်ခဲ့သည်။ ထိုစဉ်က ဆွေးနွေး ပွဲတွင် နှစ်ဖက်ကြား ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ကြရာ ကျောက်ကော်အန်း၏ထိုစဉ် ပြောကြားချက် အရ ဖုန်တာရွှင့်သည် ကိုးကန့်ဒေသကိုကျော်၍တိုက်ခိုက်ခဲ့စဉ်ကတည်းက လက်လွန်သွားခဲ့ပြီဖြစ်ပြီး တပ်မတော်နှင့် ဆွေးနွေးရမည့်အချိန်ကောင်းကိုလည်း ဆုံးရှုံးသွားခဲ့ရပြီဟုဆိုသည်။ ဖုန်တာရွှင့် ကိုယ် တိုင်ကလည်း တိုက်ပွဲကိုရပ်၍ မရတော့ဘဲ လားရှိုးကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ပြီးမှသာလျှင် ကျယ်ပြန့်သောနယ်မြေအတွက် တောင်းဆိုမှု ကြီးကြီးမားမား ရလိမ့်မည်ဟု ယုံကြည်နေကြောင်း ကျောက်ကော်အန်းထံ ပြောခဲ့သည်ဟု ဆိုသည်။
“တရုတ်ကလည်း အသိအမှတ်မပြု၊ မြန်မာကလည်း လက်မခံ။ အကောင်းဆုံးအခွင့်အရေးကို မင်း ဆုံးရှုံးသွားပြီ။ မင်းတော့ အကြမ်းဖက်သမားဖြစ်ပြီ” ဟု ကျောက်ကော်အန်းက ဖုန်တာရွှင့်ထံ လားရှိုး ကို မတိုက်ခိုက်ခင်သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါအစည်းအဝေးတွင် တိန့်ရှီကျွမ်း က လားရှိုးမှ MNDAA များ ဆုတ်ခွာရန် တွန်အားပေး ပြောကြားခဲ့သည်။ “လားရှိုးကနေ အမြန်ဆုံး ဆုတ်ခွာရမယ်။ ဒါက တရုတ်အစိုးရရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက်ပဲ။ ထုံမော်ကျွင်း (MNDAA ကိုဆိုလိုသည်) ဟာ မြန်မာနိုင်ငံကို အနှောင့်အယှက်ပေးတဲ့ ပြဿနာ ကောင်ဖြစ်လာပြီ။ အဲဒီအပြစ်ကို တာဝန်ခံရမယ်။ စစ် ဆင်ရေးဦးဆောင်သူ မိသားစု (ဖုန်) ဟာ တရုတ်ရဲ့ တောင်းဆိုချက်ကို အကြိမ်ကြိမ် လျစ်လျူရှုနေ တယ်။ တမင်သက်သက် တရုတ်နိုင်ငံကို ဆန့်ကျင်နေတာပဲ ” ဟု တိန့်ရှီကျွမ်းက ပြောသည်။
ထို့ပြင် UWSA အနေဖြင့် ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ အောက်ခြေပြည်သူလူထုကို ထိန်းကျောင်းရန် ခက်ခဲသည်ဆိုသော ခေါင်းစဉ်အရဖြစ်စေ ကိုးကန့်လက်နက်ကိုင်များအတွက် လက်နက်နှင့်စားနပ်ရိက္ခာ များ ကူညီမှုလုံးဝ မပြုလုပ်ရန်လည်း သတိပေးခဲ့သည်။ “ဖုန်တာရွှင့်က ဒုသမ္မတနေရာကိုပါ မှန်းနေ တယ်။ မိုးမမြင် လေမမြင်နဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီး ဘဝင်မြင့်နေပြီ။ တရုတ်စကားပုံတစ်ခုရှိ တယ်။ လူတစ်ဦးကို သေကျေ ပျက်စီးစေချင်ရင် ဦးစွာ ရူးသွပ်စေရမယ်တဲ့။ ဥပဒေမဲ့ အခုလိုတွေ ဆက် သွားနေမယ်ဆိုရင်တော့ မြန်မာ့တပ်မတော်ရဲ့ ချေမှုန်းခြင်းခံရလိမ့်မယ်။ အခု အချိန်မှာ “ဖုန်” မိသားစုနဲ့ PDF ကကြိုးချည်ထား သလိုဖြစ်နေပြီ” ဟု တိန့်ရှီကျွမ်းက ဆိုသည်။
UWSA ဘက်က ကုန်များ MNDAA ဘက် သို့ မပို့ရန် ကန့်သတ်ခြင်းများရှိလာသည်။ ထို့နောက် ဇန်နဝါရီလအတွင်း အားလုံးအံ့အားသင့်ဖွယ် သတင်း တစ်ပုဒ်ထွက်လာသည်။ ယင်းမှာ တပ်မတော်နှင့် MNDAA တို့အကြား အပစ်ရပ်သဘောတူလိုက်ကြောင်း တရုတ်ဘက်က ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သဘောတူညီချက်ဟုဆိုသော အချက်များလည်း အတည်မပြုနိုင်သော်လည်း ထွက် ပေါ်လာခဲ့ရာ ယင်းအချက်အတွင်း လားရှိုးမြို့မှ MNDAA တပ်ဖွဲ့များ ဆုတ်သွားမည်ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် အတိုင်း ယင်းအချက်သည် မှန်၊ မမှန် ငြင်းခုံခဲ့ကြရ သော ကိစ္စဖြစ်ခဲ့၏။ MNDAA တို့ဘက်က ယင်းအချက်ကို တရားဝင် အတည်ပြုခြင်းမရှိသော်လည်း MNDAA အရာရှိတစ်ဦးက (၂၀၂၅) ခုနှစ်တွင်ပင် လားရှိုးမှ ထွက်ခွာမည်ဖြစ်ကြောင်းပြောသည့် ရုပ်သံ ဖိုင်တစ်ခု အွန်လိုင်းထက်တွင် ထွက်ပေါ်လာသည်။ မြေပြင်တွင်မူ MNDAA တပ်ဖွဲ့ဝင်များ ငြိမ်သက်ခဲ့ပြီး အင်အားတိုးမြှင့်ချထားခြင်းနှင့် လားရှိုးမြို့မှ အရပ်သားများကိုပင် ၎င်းတို့၏ မြို့ပြအုပ်ချုပ်ရေးတွင် ခန့်အပ်ခဲ့သေးသည်။ ထို့ပြင် PDF များကလည်း လားရှိုးတွင် ရှိနေခဲ့ပြန်သည်။
လားရှိုးမြို့တွင် MNDAA အလံနှင့် မြန်မာ အလံကို တွဲထောင်သည်။ လားရှိုးမြို့တွင် နေထိုင်ခွင့် ကတ်လုပ်ပေးရန် ပြင်သည်။ တိုက်ပွဲအပြီး ပြတ်တောက်ခဲ့သော လျှပ်စစ်မီးကိုပြင်ပြီး အလှည့်ကျ ပေး သည်။ သို့သော် လားရှိုးမြို့မှ အပျက်အစီး များကို ပြန်လည်ရှင်းလင်းရန်မှာမူ ကြန့်ကြာနေကြောင်း တွေ့ခဲ့ရသည်။ ယင်း အချက်များက လားရှိုး မှ MNDAA များ ထွက်မည်ဆိုသော အချက်အတွက် ယုံရ ခက်ကြီးဆိုသော ဇာတ်လမ်းမျိုး ဖြစ်ခဲ့သေးသည်။ လားရှိုးကို MNDAA များ ထိန်းထားစဉ် လောင်းကစား များကို တရားဝင် ဖွင့်ခွင့်ပေးသည်။ ပြည့်တန်ဆာခန်းများပင် ပါသေးသည်။ ယဉ်ကျေးမှုချင်း မတူသော အုပ်ချုပ်သူများအောက်တွင် လားရှိုး မြို့မှ ဒေသပြည်သူများမှာ အသားမကျပါ။ မြန်မာနိုင်ငံ အတွင်းမှ မြို့တစ်မြို့တွင် နေရသည်ဟုပင် မခံစားရဟု ယင်းမြို့ခံသတင်းရင်းမြစ်အချို့က NP News သို့ ပြောခဲ့ ဖူးသည်။
ထို့ပြင် ၎င်းတို့က ယွမ် (၃၀ဝ) ၊ ယွမ် (၆၀ဝ) စသည်ဖြင့်ပေးကာ ခန့်ထားသော အရပ်ဘက် အုပ် ချုပ်ရေးတွင် ပါဝင်သူများ၏ဖိနှိပ်မှုကိုလည်း ခံကြရသေးသည်။ MNDAA က နောက်၊ နီးရာ ဓား ကြောက် ရသော ဖြစ်စဉ်များလည်း ရှိခဲ့သည်။ “မြို့ထဲ မှာတော့ သတင်းက ထွက်တာပေါ့။ ကြိုသိတာက သူတို့ ထွက်တော့မယ်လို့ အသံ မစခင် ရက်ပိုင်း တည်းက လားရှိုးဆေးရုံကြီးက ပစ္စည်းတွေကို သယ်ထုတ်နေ တာ တွေ့တယ်။ သတင်းမှန်နေပြီလို့ပဲ ယူဆ လိုက်တာ။ ပြီးတော့ သူတို့ ပစ္စည်းတွေ သယ်ကြတာ များ လာတယ်။ အစက ဒီလိုပဲ ဗြောင်တင်တာ။ နောက် ကျတော့ ကားတွေမှာ အမိုးတွေအုပ်ပြီး သယ်တယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ဆိုသည်။
MNDAA တို့ ဆုတ်ပြီး တပ်မတော်က အပြည့်အဝ ပြန်လည်ဝင်ရောက်မည်ဟုပင် အထက် ပါ အမျိုးသမီးက ၎င်းတို့ ဆုတ်ခွာရန် ပြင်ဆင် စဉ်ကပင် မြို့၏ပြောင်းလဲနေသော ဖြစ်စဉ်များကို ကြည့်ကာ တစ်ထစ်ချ ပြောကြားခဲ့သေးသည်။ “မြို့ထဲမှာက PDF တွေ မရှိတော့ဘူးလေ။ ဒါကြောင့် တပ်က မြို့ထဲ အပြည့်အဝ ဝင်ကို ဝင်မယ်လို့ ကျွန်မ ပြောရဲတယ်။ တပ်က လာမှာမို့လို့ PDF တွေကို ထွက်ခိုင်းတာနေ မှာပေါ့” ဟု ၎င်းက ပြောခဲ့သည်။ ယင်းအချက်ကား ယခုအချိန်တွင် မှန်ကန်နေချေပြီ။ MNDAA တို့ မြို့မှ ခွာနေစဉ် တရုတ် အထူးကိုယ်စားလှယ် တိန့်ရှီကျွမ်း က လားရှိုးမြို့တွင် ရောက်နေပြီး အစိုးရ ကိုယ်စား လှယ်အဖွဲ့နှင့် MNDAA ဘက်မှ ကိုယ်စားလှယ် အဖွဲ့လည်း ရှိနေကြသည်။ တရုတ်က လားရှိုးတွင် ကောင်စစ်ဝန် ရုံးခွဲကိုပင် ဖွင့်လှစ်ကာ အပစ်ရပ်ရေး စောင့်ကြည့်မည်သည်။
လားရှိုးမြို့နှင့် ပတ်သက်၍ကား လက်ရှိတွင် ကြည်နူးစရာအခြေအနေတစ်ရပ်ဟု ဆိုနိုင်ဖွယ် ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော မြို့အတွင်း ဝင်ရောက်လာသော တပ်မတော်သားများကို ပြည်သူ များက ကြိုဆိုခဲ့ကြသည်ကိုလည်း တွေ့မြင်ရ သည်။ တစ်ချိန်က တပ်မတော်ကို မကြိုက်ကောင်း မကြိုက်ခဲ့ကြမည်ဖြစ်သော်လည်း အမှန်တကယ် တစ်ပါးသူအုပ်ချုပ်မှုကို ကြုံရသောအခါ တပ်မတော် ကိုအားကိုးသောစိတ်များ ဖြစ်လာဖွယ်ရှိသည်ဟု ဆိုချင်က ဆိုနိုင်ပေလိမ့်မည်။
MNDAA တို့ ခန့်အပ်ထားခဲ့သော မြို့ပြ အုပ်ချုပ်ရေး ဝန်ထမ်းများအတွက်မှာမူ ယခုကဲ့သို့ အခြေ အနေများ ပြောင်းလဲသွားသောအခါ မည်သို့ ဆက်လုပ်ရမည်မသိဘဲ ကြောင်အမ်းအမ်း ဖြစ်သွားသည်ဟု ဆိုနိုင်သည်။ “အရင်က ပါဝါပြခဲ့တဲ့သူတွေလည်း အခုတော့ ဘာဆက်လုပ်ရမှန်း မသိကြတော့ဘူး။ သူ တို့ကို အစိုးရက ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းတယ်” ဟု လားရှိုးမြို့မှ အခြား သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ကျွဲကူး ရေပါ ဆိုသကဲ့သို့ပင် လားရှိုးမှ MNDAA များ ဆုတ်ခွာခြင်း သည် အခြား လက်နက်ကိုင် အဖွဲ့များအတွက်လည်း သတိထားစရာဖြစ်ခဲ့သည်။ လားရှိုး မည်သို့ ဆက် ဖြစ် မည်ဆိုခြင်းကလည်း စိတ်ဝင်စားစရာ ကောင်းသည်။
“ MNDAA က အသိကောင်လေး တစ်ယောက် ရှိတယ်လေ။ နင်တို့ မြို့က ပြန်ထွက်တော့မှာ လားလို့ သတင်းနှိုက်ကြည့်တော့မြို့အနားမှာတင် ရှိတယ်လို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။ လက်ရှိ NP News က စုံစမ်းရရှိသော သတင်းများအရ လားရှိုးမှ ဆုတ်ခွာသော MNDAA တို့ အနေဖြင့် သိန္နီမြို့ နယ်ဘက်တွင် အခြေချမည် ဟုဆိုသည်။ လားရှိုးမြို့၏ အခြေအနေများသည်ကား ဆက်လက် စောင့် ကြည့်ရမည့်အနေအထား ဖြစ်သော်လည်း မသိကိန်း ကြိုးထုံးသည် ယခင်ထက် ပြေသွားပြီဟု ဆိုနိုင်ပြီ ဖြစ်သည်။ သို့သော် လားရှိုးမြို့၏ အကြောင်းမှာ စိတ်ဝင်စားဖွယ်အဖြစ် ဆက်လက် တည်ရှိနေပေအုံး တော့မည်။

Zawgyi Version:
“လားရႈိး” ဇာတ္ေပါင္းခန္း
သုတေက်ာ္ (NP News)
“ MNDAA ဆုတ္သြားၿပီ။ ၿမိဳ႕ေတာ္ခန္းမမွာ တပ္က အမ်ားႀကီးပဲ။ ဝမ္းသာလိုက္တာ” ဟု လားရႈိး ၿမိဳ႕ခံ အမ်ိဳးသမီးတစ္ဦးက ဧၿပီလ (၂၂) ရက္တြင္ ၎၏ ရင္တြင္းခံစားခ်က္ကို NP News သို႔ ဆက္သြယ္ မွ်ေဝလာခဲ့သည္။
ဧၿပီလ (၂၂) ရက္ နံနက္ပိုင္း (၁၀) နာရီတြင္မူ တိုက္ခိုက္ေရးတပ္၊ လက္႐ုံးတပ္မ်ား အပါအဝင္ တပ္မေတာ္မွ တပ္ဖြဲ႕ဝင္ (၂၀ဝဝ) ေက်ာ္ လားရႈိးၿမိဳ႕အတြင္းသို႔ လုံၿခဳံေရးေဆာင္႐ြက္ရန္ ဝင္ေရာက္ေနရာ ယူလိုက္ျခင္းသည္ လားရႈိးကို အစိုးရကျပန္လည္ ထိန္းခ်ဳပ္ၿပီျဖစ္ေၾကာင္း ေဖာ္ျပေနျခင္းျဖစ္သည္။
လားရႈိးမွ ကိုးကန႔္မ်ား ဆုတ္၊ မဆုတ္ ဆိုေသာ စကားလုံးႏွစ္ခုအၾကား ကာလတစ္ခုအၾကာ အျငင္းပြားခဲ့သည္။ သို႔ေသာ္ ယခုအခါ အေျဖထြက္သြားခဲ့ၿပီျဖစ္ေၾကာင္း အားလုံးမ်က္ျမင္ေတြ႕ၾကရေပ ၿပီ။ လားရႈိးၿမိဳ႕မွ MNDAA တို႔ ထြက္ခြာေတာ့မည္ဟု ယခင္ထြက္ေပၚခဲ့ေသာ သတင္းသည္ အခ်ိဳ႕အတြက္ မဂၤလာသတင္းျဖစ္ၿပီး အခ်ိဳ႕အတြက္မူ သတင္းမွန္ ဟုတ္ပါ၏ေလာဟု သကၤာမကင္းသတင္းျဖစ္ခဲ့သည္။ လား ရႈိးၿမိဳ႕ကိုထိန္းခ်ဳပ္ရန္အတြက္ MNDAA တို႔ ႀကိဳးပမ္းခဲ့ရာတြင္ PDF မ်ားလည္း ပူးေပါင္းပါဝင္ခဲ့ၿပီး ေသဆုံးသူလည္း မ်ားျပားခဲ့သည္။ ယင္းအတြက္ လားရႈိးမွ MNDAA တို႔ ထြက္မည္ဆိုေသာအခါ PDF ေထာက္ခံသူအခ်ိဳ႕က မယုံၾက။ သတင္းမွားဟု ဆိုသည္။ အခ်ိဳ႕က မခံခ်ိ မခံသာ ျဖစ္သည္။ မည္သို႔ ပင္ ျဖစ္ေစကာမူ အမွန္တရားကား အားလုံး၏ မ်က္စိေရွ႕တြင္ ျဖစ္ပ်က္သြားခဲ့ေလၿပီတည္း။
လားရႈိးၿမိဳ႕မွ ျပန္ဆုတ္၊ မဆုတ္ ဆိုေသာ အေၾကာင္းသည္ ကာလတစ္ခုအၾကာ လွ်ိဳ႕ဝွက္ေသာ အရာတစ္ခုသဖြယ္ ျဖစ္ေနခဲ့သည္ဟုဆိုရမည္ျဖစ္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ကိုးကန႔္တို႔ဘက္က လည္း ဟန္ေဆာင္ေကာင္းခဲ့ၿပီး နစကအစိုးရဘက္ကလည္း ယခုကိစၥႏွင့္ ပတ္သက္၍ ထုတ္ျပန္ျခင္းမ်ိဳး မရွိေသာေၾကာင့္ ႏွစ္ဖက္အသံတိတ္ေနေသာအခါ ျပည္သူတို႔မွာ အေျခအေနကို ေစာင့္ၾကည့္႐ုံမွတစ္ပါး ေ႐ြးစရာ မရွိခဲ့ၾကေပ။
ဧၿပီလ (၂၁) ရက္သည္ လားရႈိးၿမိဳ႕မွ MNDAA မ်ား အၿပီးသတ္ ဆုတ္ခြာမည့္ရက္ျဖစ္သည္ ဟုဆို ၾကေလရာ ယင္းေန႔တြင္ လားရႈိး၌ MNDAA အလံမ်ား မရွိေတာ့ဘဲ ျမန္မာႏိုင္ငံေတာ္အလံမ်ားသာရွိေတာ့ ျခင္းက ယင္းအခ်က္ကို ေထာက္ခံေနခဲ့သည္။ MNDAA တို႔ တစ္စတစ္စဆုတ္ခြာစဥ္ ယခုရက္ပိုင္း အ တြင္းမွာပင္ အစိုးရဝန္ထမ္းမ်ားကလည္း ျပန္လည္ဝင္ေရာက္ေနခဲ့ျခင္းျဖစ္သည္။ ရွမ္းျပည္နယ္ ေျမာက္ ပိုင္းမွ ကုန္သြယ္၊ စီးပြား ေရး ၿမိဳ႕ေတာ္ႀကီး ျဖစ္ေသာ လားရႈိးၿမိဳ႕၏အေၾကာင္း ယခုႏွစ္ပိုင္းမ်ားအတြင္း အမွန္တကယ္ စိတ္ဝင္စားဖြယ္ေကာင္းေသာ အေၾကာင္းအရာတစ္ခု ျဖစ္ခဲ့သည္ ဆိုျခင္းမွာ အားလုံး ျငင္းႏိုင္မည္ မထင္ပါ။ လားရႈိးၿမိဳ႕ ဇာတ္လမ္း၏ အစကား (၁၀၂၇) ဆိုေသာ စစ္ဆင္ေရး ႏွင့္ မ်ားစြာပတ္ သက္ေနခဲ့သည္။ ယင္း စစ္ဆင္ေရးအတြင္း MNDAA တို႔ ေလာက္ကိုင္ၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္ၿပီး ခ်ိန္က တ႐ုတ္ႏိုင္ငံ၏ ၾကားဝင္ ေစ့စပ္ေပးမႈျဖင့္ (၂၀၂၄)ခုႏွစ္၊ ဇန္နဝါရီ (၁၁)ရက္တြင္ ယာယီအပစ္ အခတ္ ရပ္စဲခဲ့သည္။
ဟိုင္ဂင္သေဘာတူညီခ်က္အရ ပစ္ခတ္တိုက္ ခိုက္မႈမ်ားကိုရပ္စဲကာ နယ္စပ္ကုန္သြယ္လုပ္ငန္း မ်ားကို ျပန္လည္စတင္ႏိုင္ရန္ ဆက္လက္ေဆြးေႏြးဆဲ ကာလ (၆) လနီးပါးခန႔္အၾကာ ဇြန္ (၂၅)ရက္တြင္ TNLA ပူးေပါင္းအဖြဲ႕သည္ (၁၀၂၇)စစ္ဆင္ေရး (ဒုတိယအပိုင္း)ကို ျပန္လည္ေဖာ္ေဆာင္ကာ တိုက္ပြဲမ်ား ကို စတင္ခဲ့သကဲ့သို႔ ျျီဗဗ အဖြဲ႕ကလည္း ေနာက္မွ လိုက္၍ ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ ခဲ့သည္။
ဤသို႔ျဖင့္ ဇူလိုင္လ (၃) ရက္မွစတင္ကာ လား ရႈိးၿမိဳ႕ကိုတိုက္ခိုက္ခဲ့ေသာ MNDAA ပူးေပါင္း အဖြဲ႕တို႔သည္ ဩဂုတ္လအေစာပိုင္းတြင္မွ ၿမိဳ႕ကို ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ ယင္းကာလက အေျခအေနမွာ ၿမိဳ႕သူ၊ ၿမိဳ႕သားတို႔အတြက္ အိပ္မက္ဆိုးျဖစ္ခဲ့သည္။ ထို႔ျပင္ တိုက္ပြဲေအာက္ေရာက္ခဲ့ေသာ လားရႈိးၿမိဳ႕တြင္ အပ်က္အစီးကလည္း မနည္းလွပါ။ ထို႔အတူ စစ္ ေဘးေရွာင္ ျပည္သူအမ်ားအျပားမွာလည္း ယခုထက္ တိုင္ အျခားေနရာမ်ားတြင္ ေသာင္တင္ေနဆဲျဖစ္သည္။ “ဘဝမွာ တစ္ခါမွ မႀကဳံဖူးဘူးေလ။ ေသနတ္သံ၊ ဗုံးသံ ေတြၾကား ေၾကာက္ေနရတာ။ ကိုယ္ဘယ္အခ်ိန္ ေသမလဲဆိုၿပီး စိုးရိမ္စိတ္ကလည္း အျပည့္ပဲ” ဟု လားရႈိး ၿမိဳ႕ခံတစ္ဦးက ယင္းကာလကအေျခအေနကို ျပန္ေျပာင္းေျပာျပသည္။
လားရႈိးၿမိဳ႕ကို ရၿပီးေနာက္ MNDAA တို႔ ဘက္က အရပ္ဘက္အုပ္ခ်ဳပ္ေရးေဖာ္ေဆာင္သည္။ တပ္မေတာ္ဘက္က ၎တို႔ ရွိရာ ေနရာမ်ားကို ေလေၾကာင္း တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့သည္။ တစ္ဖက္ တြင္လည္း လားရႈိးၿမိဳ႕အထိ MNDAA ေရာက္လာၿပီးေနာက္ တ႐ုတ္ဘက္က နယ္စပ္ ကုန္သြယ္ေရးဂိတ္ မ်ားအား ပိတ္ျခင္းတို႔ကို ေဆာင္႐ြက္ခဲ့သည္။ လားရႈိးၿမိဳ႕ကို MNDAA တို႔ ထိန္းခ်ဳပ္ၿပီးေနာက္ ဩဂုတ္လ (၈) ရက္တြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ အာရွ ေရးရာ အထူးကိုယ္စားလွယ္ တိန႔္ရွီကြၽင္းက ေန ျပည္ေတာ္သို႔ လာေရာက္ခဲ့သည့္အျပင္ ဩဂုတ္လ (၁၄) ရက္တြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဝမ္ယိက ျမန္မာႏိုင္ငံသို႔လာေရာက္ကာ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ႏွင့္ ေတြ႕ဆုံ ေဆြးေႏြး ခဲ့သည္။
နစကဥကၠ႒ႏွင့္ မစၥတာ ဝမ္ယိတို႔ ေတြ႕ဆုံစဥ္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ လြတ္လပ္ ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲမႈကို အခိုင္အမာ ေထာက္ခံပါေၾကာင္း၊ နစကအေနျဖင့္ ႏိုင္ငံတည္ၿငိမ္ ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေရွ႕လုပ္ငန္းစဥ္ငါးရပ္ကို ခ်မွတ္ေဆာင္႐ြက္ ေနမႈႏွင့္ လြတ္လပ္ၿပီး တရားမွ်တသည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရန္ ႀကိဳတင္ ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားကိုလည္း ေထာက္ခံပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရး အတြက္ တ႐ုတ္ ႏိုင္ငံအေနျဖင့္ အေလးထားပူးေပါင္းေဆာင္႐ြက္ရန္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္ (ေျမာက္ ပိုင္း) တြင္ EAO အဖြဲ႕မ်ား၏ ၿမိဳ႕႐ြာမ်ားအေပၚ တိုက္ခိုက္မႈျဖစ္စဥ္မ်ား ႏွင့္ပတ္သက္၍လည္း တ႐ုတ္ႏိုင္ငံ အေနျဖင့္ ဆန႔္က်င္ေၾကာင္း စသည္ျဖင့္ ေျပာၾကားခဲ့သည္။ လားရႈိး ၿမိဳ႕ႏွင့္ပတ္သက္ေသာ ျဖစ္စဥ္မ်ားသည္ အလြန္လ်င္ျမန္စြာ ျဖစ္လာသည္ဟုဆိုရမည္ ျဖစ္သည္။ စစ္နယ္ကြၽံလာေသာ MNDAA ကို တ႐ုတ္ဘက္မွ ဖိအားေပးျခင္းမ်ားရွိေနေၾကာင္း သတင္းမ်ား ထြက္ လာသည္။ ထိုစဥ္က အတည္ မျပဳ ႏိုင္ေသာ္လည္း လူအမ်ားၾကား ထြက္ေပၚလာေသာ သတင္းတစ္ခုမွာ MNDAA ေခါင္းေဆာင္ ဖုန္တာ႐ႊင့္ ကို တ႐ုတ္ႏိုင္ငံတြင္ ေဆးကုသေနစဥ္ တ႐ုတ္အစိုးရက ဖမ္းဆီး ထိန္းသိမ္းထားလိုက္ၿပီဆိုေသာ အေၾကာင္း “ဖုန္တာ႐ႊင့္ကို ဖမ္းခဲ့တယ္ဆိုတာကေတာ့ ေသခ်ာတယ္” ဟု လားရႈိးၿမိဳ႕မွ သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။ ယင္းေနာက္ MNDAA က အပစ္ရပ္လိုေၾကာင္း ထုတ္ျပန္ခ်က္မ်ားကို ထုတ္ရာတြင္ ၎တို႔သည္ ႏိုင္ငံမွ ခြဲမထြက္ေၾကာင္း၊ တ႐ုတ္ႏွင့္ ျမန္မာကို ဆန႔္က်င္ေသာ ႏိုင္ငံျခား အသိုင္းအဝိုင္းႏွင့္ မပူးေပါင္း ေၾကာင္းအျပင္ NUG ႏွင့္ စစ္ေရး၊ ႏိုင္ငံေရး ပူးေပါင္းျခင္းမ်ိဳး မလုပ္ေၾကာင္းႏွင့္ ျမန္မာ့အေရး ကို တ႐ုတ္က ၾကားဝင္ေစ့စပ္ေပးရန္လည္း ဖိတ္ေခၚခဲ့သည္။ ယင္းစာထြက္ခ်ိန္တြင္ အားလုံး အံ့အားသင့္ သြားၿပီး အထူးသျဖင့္ ထိခိုက္ခဲ့ရသူမ်ားမွာ NUG ေထာက္ခံသူမ်ားျဖစ္ကာ PDF အသက္မ်ား ေသဆုံးခဲ့ ရေသာ လားရႈိးၿမိဳ႕တိုက္ပြဲအတြက္ ရင္နာစရာ ဇာတ္လမ္းတစ္ပုဒ္ ျဖစ္သြားခဲ့ရသည္။ သို႔ေသာ္ ထိုစဥ္က ယင္းအခ်က္ကို မယုံသူမ်ားလည္းရွိခဲ့ၿပီး စစ္ပရိယာယ္ဟုပင္ ဆိုခဲ့ၾကေသးသည္။
သို႔ျဖင့္ မၾကာမီတြင္ အဘယ္ေၾကာင့္ MNDAA တို႔ ယခုကဲ့သို႔ ေျပာင္းလဲလာသနည္း ဆိုေသာ အခ်က္ႏွင့္ ပတ္သက္၍ ေထာက္ခံေပးမည့္အခ်က္အလက္တစ္ခု ထြက္လာသည္။ တ႐ုတ္အထူး ကိုယ္ စားလွယ္ တိန႔္ရွီ ကြၽမ္းႏွင့္ “ဝ” UWSA ၏ ဒုတိယဥကၠ႒ ဦးေက်ာက္ေကာ္ အန္းႏွင့္ UWSP အေထြေထြ အတြင္းေရးမႉး ဦးေပါက္ အိုင္းခမ္းတို႔ ဩဂုတ္လ (၂၇) ရက္က တ႐ုတ္ႏိုင္ငံ၊ ဖူအယ္ၿမိဳ႕မွ ဟိုတယ္တစ္ခု တြင္ ေတြ႕ဆုံခဲ့ေသာ အစည္းအေဝးမွတ္တမ္း ေပါက္ၾကားခဲ့ျခင္းျဖစ္သည္။ ယင္းမွတ္တမ္း ေပါက္ၾကား ျခင္းမွာ ရည္႐ြယ္ခ်က္ ရွိရွိေလာ၊ အမွတ္တမဲ့ေလာ မသိရေသာ္လည္း စိတ္ဝင္စားဖြယ္ေကာင္းခဲ့သည္။
UWSA ေခါင္းေဆာင္ပိုင္းႏွင့္ MNDAA ေခါင္းေဆာင္ပိုင္းအၾကား နီးကပ္ေသာ ဆက္ဆံေရး ရွိ သည့္အျပင္ လားရႈိးၿမိဳ႕ကို တိုက္ခိုက္စဥ္ကလည္း “ဝ” အေနျဖင့္ တိုက္ခိုက္ေရးတြင္ ပါဝင္ျခင္း မရွိေသာ္ လည္း လားရႈိးၿမိဳ႕တိုက္ပြဲ၊ (၁၀၂၇) စစ္ဆင္ေရး ကာလမ်ားႏွင့္ သက္ဆိုင္ခဲ့သည္။ ထိုစဥ္က ေဆြးေႏြး ပြဲတြင္ ႏွစ္ဖက္ၾကား ပြင့္ပြင့္လင္းလင္း ေျပာၾကားခဲ့ၾကရာ ေက်ာက္ေကာ္အန္း၏ထိုစဥ္ ေျပာၾကားခ်က္ အရ ဖုန္တာ႐ႊင့္သည္ ကိုးကန႔္ေဒသကိုေက်ာ္၍တိုက္ခိုက္ခဲ့စဥ္ကတည္းက လက္လြန္သြားခဲ့ၿပီျဖစ္ၿပီး တပ္မေတာ္ႏွင့္ ေဆြးေႏြးရမည့္အခ်ိန္ေကာင္းကိုလည္း ဆုံးရႈံးသြားခဲ့ရၿပီဟုဆိုသည္။ ဖုန္တာ႐ႊင့္ ကိုယ္ တိုင္ကလည္း တိုက္ပြဲကိုရပ္၍ မရေတာ့ဘဲ လားရႈိးကို ဆက္လက္တိုက္ခိုက္သိမ္းပိုက္ၿပီးမွသာလွ်င္ က်ယ္ျပန႔္ေသာနယ္ေျမအတြက္ ေတာင္းဆိုမႈ ႀကီးႀကီးမားမား ရလိမ့္မည္ဟု ယုံၾကည္ေနေၾကာင္း ေက်ာက္ေကာ္အန္းထံ ေျပာခဲ့သည္ဟု ဆိုသည္။
“တ႐ုတ္ကလည္း အသိအမွတ္မျပဳ၊ ျမန္မာကလည္း လက္မခံ။ အေကာင္းဆုံးအခြင့္အေရးကို မင္း ဆုံးရႈံးသြားၿပီ။ မင္းေတာ့ အၾကမ္းဖက္သမားျဖစ္ၿပီ” ဟု ေက်ာက္ေကာ္အန္းက ဖုန္တာ႐ႊင့္ထံ လားရႈိး ကို မတိုက္ခိုက္ခင္သတိေပးခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔ျပင္ အဆိုပါအစည္းအေဝးတြင္ တိန႔္ရွီကြၽမ္း က လားရႈိးမွ MNDAA မ်ား ဆုတ္ခြာရန္ တြန္အားေပး ေျပာၾကားခဲ့သည္။ “လားရႈိးကေန အျမန္ဆုံး ဆုတ္ခြာရမယ္။ ဒါက တ႐ုတ္အစိုးရရဲ႕ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ပဲ။ ထုံေမာ္ကြၽင္း (MNDAA ကိုဆိုလိုသည္) ဟာ ျမန္မာႏိုင္ငံကို အေႏွာင့္အယွက္ေပးတဲ့ ျပႆနာ ေကာင္ျဖစ္လာၿပီ။ အဲဒီအျပစ္ကို တာဝန္ခံရမယ္။ စစ္ ဆင္ေရးဦးေဆာင္သူ မိသားစု (ဖုန္) ဟာ တ႐ုတ္ရဲ႕ ေတာင္းဆိုခ်က္ကို အႀကိမ္ႀကိမ္ လ်စ္လ်ဴရႈေန တယ္။ တမင္သက္သက္ တ႐ုတ္ႏိုင္ငံကို ဆန႔္က်င္ေနတာပဲ ” ဟု တိန႔္ရွီကြၽမ္းက ေျပာသည္။
ထို႔ျပင္ UWSA အေနျဖင့္ ပုဂၢိဳလ္ေရးအရျဖစ္ေစ၊ ေအာက္ေျချပည္သူလူထုကို ထိန္းေက်ာင္းရန္ ခက္ခဲသည္ဆိုေသာ ေခါင္းစဥ္အရျဖစ္ေစ ကိုးကန႔္လက္နက္ကိုင္မ်ားအတြက္ လက္နက္ႏွင့္စားနပ္ရိကၡာ မ်ား ကူညီမႈလုံးဝ မျပဳလုပ္ရန္လည္း သတိေပးခဲ့သည္။ “ဖုန္တာ႐ႊင့္က ဒုသမၼတေနရာကိုပါ မွန္းေန တယ္။ မိုးမျမင္ ေလမျမင္နဲ႔ ကိုယ့္ကိုယ္ကိုယ္ အရမ္းအထင္ႀကီး ဘဝင္ျမင့္ေနၿပီ။ တ႐ုတ္စကားပုံတစ္ခုရွိ တယ္။ လူတစ္ဦးကို ေသေက် ပ်က္စီးေစခ်င္ရင္ ဦးစြာ ႐ူးသြပ္ေစရမယ္တဲ့။ ဥပေဒမဲ့ အခုလိုေတြ ဆက္ သြားေနမယ္ဆိုရင္ေတာ့ ျမန္မာ့တပ္မေတာ္ရဲ႕ ေခ်မႈန္းျခင္းခံရလိမ့္မယ္။ အခု အခ်ိန္မွာ “ဖုန္” မိသားစုနဲ႔ PDF ကႀကိဳးခ်ည္ထား သလိုျဖစ္ေနၿပီ” ဟု တိန႔္ရွီကြၽမ္းက ဆိုသည္။
UWSA ဘက္က ကုန္မ်ား MNDAA ဘက္ သို႔ မပို႔ရန္ ကန႔္သတ္ျခင္းမ်ားရွိလာသည္။ ထို႔ေနာက္ ဇန္နဝါရီလအတြင္း အားလုံးအံ့အားသင့္ဖြယ္ သတင္း တစ္ပုဒ္ထြက္လာသည္။ ယင္းမွာ တပ္မေတာ္ႏွင့္ MNDAA တို႔အၾကား အပစ္ရပ္သေဘာတူလိုက္ေၾကာင္း တ႐ုတ္ဘက္က ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ထို႔ေနာက္ သေဘာတူညီခ်က္ဟုဆိုေသာ အခ်က္မ်ားလည္း အတည္မျပဳႏိုင္ေသာ္လည္း ထြက္ ေပၚလာခဲ့ရာ ယင္းအခ်က္အတြင္း လားရႈိးၿမိဳ႕မွ MNDAA တပ္ဖြဲ႕မ်ား ဆုတ္သြားမည္ျဖစ္ေၾကာင္း ပါဝင္ခဲ့သည္။ ေဆာင္းပါးအစတြင္ ေဖာ္ျပခဲ့သည့္ အတိုင္း ယင္းအခ်က္သည္ မွန္၊ မမွန္ ျငင္းခုံခဲ့ၾကရ ေသာ ကိစၥျဖစ္ခဲ့၏။ MNDAA တို႔ဘက္က ယင္းအခ်က္ကို တရားဝင္ အတည္ျပဳျခင္းမရွိေသာ္လည္း MNDAA အရာရွိတစ္ဦးက (၂၀၂၅) ခုႏွစ္တြင္ပင္ လားရႈိးမွ ထြက္ခြာမည္ျဖစ္ေၾကာင္းေျပာသည့္ ႐ုပ္သံ ဖိုင္တစ္ခု အြန္လိုင္းထက္တြင္ ထြက္ေပၚလာသည္။ ေျမျပင္တြင္မူ MNDAA တပ္ဖြဲ႕ဝင္မ်ား ၿငိမ္သက္ခဲ့ၿပီး အင္အားတိုးျမႇင့္ခ်ထားျခင္းႏွင့္ လားရႈိးၿမိဳ႕မွ အရပ္သားမ်ားကိုပင္ ၎တို႔၏ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးတြင္ ခန႔္အပ္ခဲ့ေသးသည္။ ထို႔ျပင္ PDF မ်ားကလည္း လားရႈိးတြင္ ရွိေနခဲ့ျပန္သည္။
လားရႈိးၿမိဳ႕တြင္ MNDAA အလံႏွင့္ ျမန္မာ အလံကို တြဲေထာင္သည္။ လားရႈိးၿမိဳ႕တြင္ ေနထိုင္ခြင့္ ကတ္လုပ္ေပးရန္ ျပင္သည္။ တိုက္ပြဲအၿပီး ျပတ္ေတာက္ခဲ့ေသာ လွ်ပ္စစ္မီးကိုျပင္ၿပီး အလွည့္က် ေပး သည္။ သို႔ေသာ္ လားရႈိးၿမိဳ႕မွ အပ်က္အစီး မ်ားကို ျပန္လည္ရွင္းလင္းရန္မွာမူ ၾကန႔္ၾကာေနေၾကာင္း ေတြ႕ခဲ့ရသည္။ ယင္း အခ်က္မ်ားက လားရႈိး မွ MNDAA မ်ား ထြက္မည္ဆိုေသာ အခ်က္အတြက္ ယုံရ ခက္ႀကီးဆိုေသာ ဇာတ္လမ္းမ်ိဳး ျဖစ္ခဲ့ေသးသည္။ လားရႈိးကို MNDAA မ်ား ထိန္းထားစဥ္ ေလာင္းကစား မ်ားကို တရားဝင္ ဖြင့္ခြင့္ေပးသည္။ ျပည့္တန္ဆာခန္းမ်ားပင္ ပါေသးသည္။ ယဥ္ေက်းမႈခ်င္း မတူေသာ အုပ္ခ်ဳပ္သူမ်ားေအာက္တြင္ လားရႈိး ၿမိဳ႕မွ ေဒသျပည္သူမ်ားမွာ အသားမက်ပါ။ ျမန္မာႏိုင္ငံ အတြင္းမွ ၿမိဳ႕တစ္ၿမိဳ႕တြင္ ေနရသည္ဟုပင္ မခံစားရဟု ယင္းၿမိဳ႕ခံသတင္းရင္းျမစ္အခ်ိဳ႕က NP News သို႔ ေျပာခဲ့ ဖူးသည္။
ထို႔ျပင္ ၎တို႔က ယြမ္ (၃၀ဝ) ၊ ယြမ္ (၆၀ဝ) စသည္ျဖင့္ေပးကာ ခန႔္ထားေသာ အရပ္ဘက္ အုပ္ ခ်ဳပ္ေရးတြင္ ပါဝင္သူမ်ား၏ဖိႏွိပ္မႈကိုလည္း ခံၾကရေသးသည္။ MNDAA က ေနာက္၊ နီးရာ ဓား ေၾကာက္ ရေသာ ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္။ “ၿမိဳ႕ထဲ မွာေတာ့ သတင္းက ထြက္တာေပါ့။ ႀကိဳသိတာက သူတို႔ ထြက္ေတာ့မယ္လို႔ အသံ မစခင္ ရက္ပိုင္း တည္းက လားရႈိးေဆး႐ုံႀကီးက ပစၥည္းေတြကို သယ္ထုတ္ေန တာ ေတြ႕တယ္။ သတင္းမွန္ေနၿပီလို႔ပဲ ယူဆ လိုက္တာ။ ၿပီးေတာ့ သူတို႔ ပစၥည္းေတြ သယ္ၾကတာ မ်ား လာတယ္။ အစက ဒီလိုပဲ ေျဗာင္တင္တာ။ ေနာက္ က်ေတာ့ ကားေတြမွာ အမိုးေတြအုပ္ၿပီး သယ္တယ္” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆိုသည္။
MNDAA တို႔ ဆုတ္ၿပီး တပ္မေတာ္က အျပည့္အဝ ျပန္လည္ဝင္ေရာက္မည္ဟုပင္ အထက္ ပါ အမ်ိဳးသမီးက ၎တို႔ ဆုတ္ခြာရန္ ျပင္ဆင္ စဥ္ကပင္ ၿမိဳ႕၏ေျပာင္းလဲေနေသာ ျဖစ္စဥ္မ်ားကို ၾကည့္ကာ တစ္ထစ္ခ် ေျပာၾကားခဲ့ေသးသည္။ “ၿမိဳ႕ထဲမွာက PDF ေတြ မရွိေတာ့ဘူးေလ။ ဒါေၾကာင့္ တပ္က ၿမိဳ႕ထဲ အျပည့္အဝ ဝင္ကို ဝင္မယ္လို႔ ကြၽန္မ ေျပာရဲတယ္။ တပ္က လာမွာမို႔လို႔ PDF ေတြကို ထြက္ခိုင္းတာေန မွာေပါ့” ဟု ၎က ေျပာခဲ့သည္။ ယင္းအခ်က္ကား ယခုအခ်ိန္တြင္ မွန္ကန္ေနေခ်ၿပီ။ MNDAA တို႔ ၿမိဳ႕မွ ခြာေနစဥ္ တ႐ုတ္ အထူးကိုယ္စားလွယ္ တိန႔္ရွီကြၽမ္း က လားရႈိးၿမိဳ႕တြင္ ေရာက္ေနၿပီး အစိုးရ ကိုယ္စား လွယ္အဖြဲ႕ႏွင့္ MNDAA ဘက္မွ ကိုယ္စားလွယ္ အဖြဲ႕လည္း ရွိေနၾကသည္။ တ႐ုတ္က လားရႈိးတြင္ ေကာင္စစ္ဝန္ ႐ုံးခြဲကိုပင္ ဖြင့္လွစ္ကာ အပစ္ရပ္ေရး ေစာင့္ၾကည့္မည္သည္။
လားရႈိးၿမိဳ႕ႏွင့္ ပတ္သက္၍ကား လက္ရွိတြင္ ၾကည္ႏူးစရာအေျခအေနတစ္ရပ္ဟု ဆိုႏိုင္ဖြယ္ ရွိေနသည္။ အဘယ့္ေၾကာင့္ဆိုေသာ ၿမိဳ႕အတြင္း ဝင္ေရာက္လာေသာ တပ္မေတာ္သားမ်ားကို ျပည္သူ မ်ားက ႀကိဳဆိုခဲ့ၾကသည္ကိုလည္း ေတြ႕ျမင္ရ သည္။ တစ္ခ်ိန္က တပ္မေတာ္ကို မႀကိဳက္ေကာင္း မႀကိဳက္ခဲ့ၾကမည္ျဖစ္ေသာ္လည္း အမွန္တကယ္ တစ္ပါးသူအုပ္ခ်ဳပ္မႈကို ႀကဳံရေသာအခါ တပ္မေတာ္ ကိုအားကိုးေသာစိတ္မ်ား ျဖစ္လာဖြယ္ရွိသည္ဟု ဆိုခ်င္က ဆိုႏိုင္ေပလိမ့္မည္။
MNDAA တို႔ ခန႔္အပ္ထားခဲ့ေသာ ၿမိဳ႕ျပ အုပ္ခ်ဳပ္ေရး ဝန္ထမ္းမ်ားအတြက္မွာမူ ယခုကဲ့သို႔ အေျခ အေနမ်ား ေျပာင္းလဲသြားေသာအခါ မည္သို႔ ဆက္လုပ္ရမည္မသိဘဲ ေၾကာင္အမ္းအမ္း ျဖစ္သြားသည္ဟု ဆိုႏိုင္သည္။ “အရင္က ပါဝါျပခဲ့တဲ့သူေတြလည္း အခုေတာ့ ဘာဆက္လုပ္ရမွန္း မသိၾကေတာ့ဘူး။ သူ တို႔ကို အစိုးရက ဘယ္လိုကိုင္တြယ္မလဲဆိုတာ စိတ္ဝင္စားစရာ ေကာင္းတယ္” ဟု လားရႈိးၿမိဳ႕မွ အျခား သတင္းရင္းျမစ္တစ္ဦးက ဆိုသည္။ ကြၽဲကူး ေရပါ ဆိုသကဲ့သို႔ပင္ လားရႈိးမွ MNDAA မ်ား ဆုတ္ခြာျခင္း သည္ အျခား လက္နက္ကိုင္ အဖြဲ႕မ်ားအတြက္လည္း သတိထားစရာျဖစ္ခဲ့သည္။ လားရႈိး မည္သို႔ ဆက္ ျဖစ္ မည္ဆိုျခင္းကလည္း စိတ္ဝင္စားစရာ ေကာင္းသည္။
“ MNDAA က အသိေကာင္ေလး တစ္ေယာက္ ရွိတယ္ေလ။ နင္တို႔ ၿမိဳ႕က ျပန္ထြက္ေတာ့မွာ လားလို႔ သတင္းႏႈိက္ၾကည့္ေတာ့ၿမိဳ႕အနားမွာတင္ ရွိတယ္လို႔ ေျပာတယ္” ဟု ၎က ဆိုသည္။ လက္ရွိ NP News က စုံစမ္းရရွိေသာ သတင္းမ်ားအရ လားရႈိးမွ ဆုတ္ခြာေသာ MNDAA တို႔ အေနျဖင့္ သိႏၷီၿမိဳ႕ နယ္ဘက္တြင္ အေျခခ်မည္ ဟုဆိုသည္။ လားရႈိးၿမိဳ႕၏ အေျခအေနမ်ားသည္ကား ဆက္လက္ ေစာင့္ ၾကည့္ရမည့္အေနအထား ျဖစ္ေသာ္လည္း မသိကိန္း ႀကိဳးထုံးသည္ ယခင္ထက္ ေျပသြားၿပီဟု ဆိုႏိုင္ၿပီ ျဖစ္သည္။ သို႔ေသာ္ လားရႈိးၿမိဳ႕၏ အေၾကာင္းမွာ စိတ္ဝင္စားဖြယ္အျဖစ္ ဆက္လက္ တည္ရွိေနေပအုံး ေတာ့မည္။