ကမ္ဘာလုံးဆိုင်ရာစီးပွားရေး သတိပေးချက်ကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထုတ်ပြန်

 588

Pika (NP News) – ဧပြီ ၂၇

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးသည် ယခုနှစ်တွင် ပိုမိုနှေးကွေးစွာကြီးထွားနိုင်လာခြေရှိပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာမှုကို ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ပြောကြားခဲ့သည်။ ကမ္ဘာလုံး ဆိုင်ရာကုန်သွယ်မှုအနှောင့်အယှက်များနှင့် ပြည်တွင်းစက်မှုလုပ်ငန်းများကို ပြည်ပပြိုင်ဆိုင်မှုမှ အကာအကွယ် ပေးသည့် ကျင့်ထုံးများမြင့်တက်လာမှုကို ကိုးကားပြီး (IMF) က ယခုကဲ့သို့ သတင်းထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ချမှတ်ခဲ့သော အခွန်စည်းကြပ်မှုများသည် ဥရောပသမဂ္ဂနှင့် တရုတ်တို့ အပါအဝင် ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများ နှင့် အကွဲအပြဲများကို သိသိသာသာဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
ထို့ပြင် အရေးပေါ်ပြုပြင်ပြောင်းလဲမှုများ နှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အသစ်ပြန်လည် ပြုလုပ်ရန် IMF အဖွဲ့ မန်နေးဂျင်းဒါရိုက်တာ Kristalina Georgieva က တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ Kristalina Georgieva က “ငွေကြေးမတည်ငြိမ်မှုတွေက သိသိသာသာမြင့်တက်လာနေပြီး ကုန်သွယ်ရေးမူဝါဒ တွေကလည်း အပြောင်းအလဲတွေဖြစ်နေပါတယ်။ အမေရိကန်ရဲ့ထိရောက်တဲ့ အခွန်စည်းကြပ်မှုနှုန်းတွေက အရင်တုန်းက နောက်ဆုံးမြင်တွေ့ရခဲ့တဲ့အကြိမ်နဲ့စာရင် သိသိသာသာကို မြင့်တက်လာခဲ့ပါတယ်” ဟု ပြောခဲ့ သည်။
ထို့ပြင် အမေရိကန်အစိုးရ၏ သွင်းကုန်အားလုံးအပေါ် အကောက်ခွန်(၁၀)ရာခိုင်နှုန်းနှင့် တရုတ် ကုန်ပစ္စည်းများအပေါ် မြင့်မားသော နှုန်းထားများ အပါအဝင် ဒေါ်နယ်ထရမ့်အစိုးရ၏ ကုန်သွယ်ရေး ဆိုင်ရာ အရေးယူမှုများမြင့်တက်လာခြင်းကြောင့် အချို့သောကုန်ပစ္စည်းများသည် အမြင့်ဆုံး(၁၄၅)ရာ ခိုင်နှုန်းအထိ အခွန်စည်းကြပ်မှုများနှင့်ရင်ဆိုင်နေရကြောင်း Kristalina Georgieva ကပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်များကို လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရသည် အမေရိကန်၏သွင်းကုန် အားလုံးအပေါ် အခွန်ကောက်ခံမှုကို (၈၄)ရာခိုင်နှုန်းမှ (၁၂၅)ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး လက်ရှိအချိန် အထိ အသိသာအထင်ရှားဆုံး လက်တုံ့ပြန်မှု တစ်ခုဖြစ်ခဲ့ကြောင်း Kristalina Georgieva က ပြောခဲ့သည်။

Zawgyi Version:
ကမာၻလုံးဆိုင္ရာစီးပြားေရး သတိေပးခ်က္ကို ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) ထုတ္ျပန္
Pika (NP News) – ဧၿပီ ၂၇

ကမာၻလုံးဆိုင္ရာစီးပြားေရးသည္ ယခုႏွစ္တြင္ ပိုမိုေႏွးေကြးစြာႀကီးထြားႏိုင္လာေျခရွိၿပီး ေငြေၾကးေဖာင္းပြမႈ ျမင့္တက္လာမႈကို ရင္ဆိုင္ရႏိုင္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ေျပာၾကားခဲ့သည္။ ကမာၻလုံး ဆိုင္ရာကုန္သြယ္မႈအေႏွာင့္အယွက္မ်ားႏွင့္ ျပည္တြင္းစက္မႈလုပ္ငန္းမ်ားကို ျပည္ပၿပိဳင္ဆိုင္မႈမွ အကာအကြယ္ ေပးသည့္ က်င့္ထုံးမ်ားျမင့္တက္လာမႈကို ကိုးကားၿပီး (IMF) က ယခုကဲ့သို႔ သတင္းထုတ္ျပန္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ခ်မွတ္ခဲ့ေသာ အခြန္စည္းၾကပ္မႈမ်ားသည္ ဥေရာပသမဂၢႏွင့္ တ႐ုတ္တို႔ အပါအဝင္ ကုန္သြယ္ေရးမိတ္ဖက္ႏိုင္ငံမ်ား ႏွင့္ အကြဲအၿပဲမ်ားကို သိသိသာသာျဖစ္ေပၚေစခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အေရးေပၚျပဳျပင္ေျပာင္းလဲမႈမ်ား ႏွင့္ ကမာၻလုံးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈကို အသစ္ျပန္လည္ ျပဳလုပ္ရန္ IMF အဖြဲ႕ မန္ေနးဂ်င္းဒါ႐ိုက္တာ Kristalina Georgieva က ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ Kristalina Georgieva က “ေငြေၾကးမတည္ၿငိမ္မႈေတြက သိသိသာသာျမင့္တက္လာေနၿပီး ကုန္သြယ္ေရးမူဝါဒ ေတြကလည္း အေျပာင္းအလဲေတြျဖစ္ေနပါတယ္။ အေမရိကန္ရဲ႕ထိေရာက္တဲ့ အခြန္စည္းၾကပ္မႈႏႈန္းေတြက အရင္တုန္းက ေနာက္ဆုံးျမင္ေတြ႕ရခဲ့တဲ့အႀကိမ္နဲ႔စာရင္ သိသိသာသာကို ျမင့္တက္လာခဲ့ပါတယ္” ဟု ေျပာခဲ့ သည္။
ထို႔ျပင္ အေမရိကန္အစိုးရ၏ သြင္းကုန္အားလုံးအေပၚ အေကာက္ခြန္(၁၀)ရာခိုင္ႏႈန္းႏွင့္ တ႐ုတ္ ကုန္ပစၥည္းမ်ားအေပၚ ျမင့္မားေသာ ႏႈန္းထားမ်ား အပါအဝင္ ေဒၚနယ္ထရမ့္အစိုးရ၏ ကုန္သြယ္ေရး ဆိုင္ရာ အေရးယူမႈမ်ားျမင့္တက္လာျခင္းေၾကာင့္ အခ်ိဳ႕ေသာကုန္ပစၥည္းမ်ားသည္ အျမင့္ဆုံး(၁၄၅)ရာ ခိုင္ႏႈန္းအထိ အခြန္စည္းၾကပ္မႈမ်ားႏွင့္ရင္ဆိုင္ေနရေၾကာင္း Kristalina Georgieva ကေျပာၾကားခဲ့သည္။ အဆိုပါလုပ္ရပ္မ်ားကို လက္တုံ႔ျပန္သည့္အေနျဖင့္ တ႐ုတ္အစိုးရသည္ အေမရိကန္၏သြင္းကုန္ အားလုံးအေပၚ အခြန္ေကာက္ခံမႈကို (၈၄)ရာခိုင္ႏႈန္းမွ (၁၂၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ခဲ့ၿပီး လက္ရွိအခ်ိန္ အထိ အသိသာအထင္ရွားဆုံး လက္တုံ႔ျပန္မႈ တစ္ခုျဖစ္ခဲ့ေၾကာင္း Kristalina Georgieva က ေျပာခဲ့သည္။

Related news

© 2021. All rights reserved.