Meta က Reality Labs ယူနစ်မှ ဝန်ထမ်း ၁၀၀ ကျော်ကို အလုပ်ထုတ်

 388

ရောင်နီ (NP News) - ဧပြီ ၂၈

Meta Platforms ဟာ Reality Labs ဌာနခွဲမှ virtual reality စက်ပစ္စည်းတွေကို ဖန်တီးဖို့ အလုပ်ခန့်ထားတဲ့ ဝန်ထမ်း ၁၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်လိုက်တယ်လို့ အဆိုပါကိစ္စနဲ့ နီးစပ်သူတစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
ဒီဝန်ထမ်းလျှော့ချမှုဟာ Meta's Quest နားကြပ်တွေအတွက် VR အတွေ့အကြုံဖန်တီးမှုအပေါ် အာရုံစိုက်ထားတဲ့ Reality Labs ဝန်ထမ်းတွေအပေါ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Meta ရဲ့ခေါင်းဆောင်ပိုင်းတွေကတော့ မတူညီတဲ့ အဖွဲ့နှစ်ဖွဲ့နဲ့ Reality Labs ထဲက အလားတူအလုပ်တွေကို ချောမွေ့အောင်လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
လက်ရှိ Reality Labs မှာတော့ "Oculus Studios ထဲက အချို့ဌာနအဖွဲ့တွေမှာ အဖွဲ့အရွယ်အစားအလိုက် အပြောင်းအလဲတွေ ဆက်လက်လုပ်ဆောင်နေကြပါတယ်" လို့ Meta ရဲ့ပြောရေးဆိုခွင့်ရှိသူ ထရေစီကလေတန် က အီးမေးလ်နဲ့ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
"ဒီအပြောင်းအလဲဟာ တိုးပွားလာနေတဲ့ပရိသတ်အတွက် ပိုမိုကောင်းမွန်တဲ့အကြောင်းအရာတွေ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
အလုပ်ထုတ်ခံရသူတွေထဲမှာ "Supernatural" လို့ခေါ်တဲ့ Fitness အတွက် လမ်းပြမှုများ၊ သင်ကြားမှုများ ပြုလုပ် နိုင်တဲ့ VR fitness app နားကြပ် ထုတ်လုပ်သူတွေ ပါဝင်ပါတယ်။
အလုပ်ထုတ်ခံရသူ ဝန်ထမ်းတွေအနေနဲ့ ကုမ္ပဏီမှာပဲ အခြားရာထူးအသစ်တွေမှာ ပြန်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ Meta ဟာ ၂၀၂၅ ခုနှစ်အစောပိုင်းတည်းက ဝန်ထမ်း ၃,၆၀၀ ခန့် - ဝန်ထမ်းအားလုံးရဲ့ ၅ ရာခိုင်နှုန်း ခန့်ကို အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version:
Meta က Reality Labs ယူနစ္မွ ဝန္ထမ္း ၁၀၀ ေက်ာ္ကို အလုပ္ထုတ္
ေရာင္နီ (NP News) - ဧၿပီ ၂၈

Meta Platforms ဟာ Reality Labs ဌာနခြဲမွ virtual reality စက္ပစၥည္းေတြကို ဖန္တီးဖို႔ အလုပ္ခန႔္ထားတဲ့ ဝန္ထမ္း ၁၀၀ ေက်ာ္ကို အလုပ္မွ ထုတ္ပယ္လိုက္တယ္လို႔ အဆိုပါကိစၥနဲ႔ နီးစပ္သူတစ္ဦးရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ဒီဝန္ထမ္းေလွ်ာ့ခ်မႈဟာ Meta's Quest နားၾကပ္ေတြအတြက္ VR အေတြ႕အႀကဳံဖန္တီးမႈအေပၚ အာ႐ုံစိုက္ထားတဲ့ Reality Labs ဝန္ထမ္းေတြအေပၚမွာ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ Meta ရဲ႕ေခါင္းေဆာင္ပိုင္းေတြကေတာ့ မတူညီတဲ့ အဖြဲ႕ႏွစ္ဖြဲ႕နဲ႔ Reality Labs ထဲက အလားတူအလုပ္ေတြကို ေခ်ာေမြ႕ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။
လက္ရွိ Reality Labs မွာေတာ့ "Oculus Studios ထဲက အခ်ိဳ႕ဌာနအဖြဲ႕ေတြမွာ အဖြဲ႕အ႐ြယ္အစားအလိုက္ အေျပာင္းအလဲေတြ ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္" လို႔ Meta ရဲ႕ေျပာေရးဆိုခြင့္ရွိသူ ထေရစီကေလတန္ က အီးေမးလ္နဲ႔ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။
"ဒီအေျပာင္းအလဲဟာ တိုးပြားလာေနတဲ့ပရိသတ္အတြက္ ပိုမိုေကာင္းမြန္တဲ့အေၾကာင္းအရာေတြ ပိုမိုထိေရာက္စြာ လုပ္ေဆာင္ႏိုင္ဖို႔ ရည္႐ြယ္ပါတယ္" လို႔ ၎က ဆိုပါတယ္။
အလုပ္ထုတ္ခံရသူေတြထဲမွာ "Supernatural" လို႔ေခၚတဲ့ Fitness အတြက္ လမ္းျပမႈမ်ား၊ သင္ၾကားမႈမ်ား ျပဳလုပ္ ႏိုင္တဲ့ VR fitness app နားၾကပ္ ထုတ္လုပ္သူေတြ ပါဝင္ပါတယ္။
အလုပ္ထုတ္ခံရသူ ဝန္ထမ္းေတြအေနနဲ႔ ကုမၸဏီမွာပဲ အျခားရာထူးအသစ္ေတြမွာ ျပန္ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။ Meta ဟာ ၂၀၂၅ ခုႏွစ္အေစာပိုင္းတည္းက ဝန္ထမ္း ၃,၆၀၀ ခန႔္ - ဝန္ထမ္းအားလုံးရဲ႕ ၅ ရာခိုင္ႏႈန္းခန႔္ကို အလုပ္ထုတ္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.