ကက်ရှ်မီးယားပြည်နယ်အရေးနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်စစ်တပ်တို့ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွား

460

ဂျန်ဇက် (NP News) - ဧပြီ ၂၇
ကုလသမဂ္ဂအဖွဲ့က နျူကလီးယားပိုင်ဆိုင်ထားသော အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြားဖြစ်ပွားနေသည့် တင်းမာမှု များကိုလျှော့ချရန်အတွက် တစ်ဖက်နှင့်တစ်ဖက် သည်းခံရန်တိုက်တွန်းခဲ့ပြီးနောက် မကြာမီ ဧပြီလ(၂၅)ရက်တွင် ပါကစ္စတန်နှင့် အိန္ဒိယစစ်သားများသည် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယအစိုးရက ပါကစ္စတန် နိုင်ငံသည် ကက်ရှ်မီးယားပြည်နယ်တွင် လူပေါင်း(၂၆)ဦးသေဆုံး စေခဲ့သည့်နယ်စပ်ဖြတ်ကျော်သည့် အကြမ်းဖက် တိုက်ခိုက်မှုကို ကူညီပံ့ပိုးပေးခဲ့ကြောင်း စွပ်စွဲခဲ့ပြီးနောက် နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးက ဆယ်စုနှစ် အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ကြောင်း သိရသည်။
ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး အပြန်အလှန်ပစ်ခတ်မှုများ စတင်ခဲ့ကြောင်း အေအက်ဖ်သတင်းဌာနကို အတည်ပြုခဲ့သည်။
ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယား ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ‘‘အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့တွေဟာ နယ်စပ်မျဉ်းကို ဖြတ်ကျော်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့တယ်။ အရပ်သားတွေကို ပစ်ခတ်တာမျိုးတော့မဟုတ်ဘူး” ဟု ပြောသည်။
အိန္ဒိယစစ်တပ်ကလည်း နယ်စပ်ဒေသတွင် နှစ်နိုင်ငံတပ်ဖွဲ့များကြား လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ် ခြင်းများရှိနေပြီး အိန္ဒိယစစ်တပ်က ပါကစ္စတန်စစ်တပ်၏ စတင်ပစ်ခတ်ခြင်းများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောသည်။ ပါကစ္စတန်စစ် တပ်၏ပစ်ခတ်မှုများကို ထိရောက်စွာတုံ့ပြန်သွားမည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။ ကုလသမဂ္ဂအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် ပြဿနာ များကို ငြိမ်းချမ်းစွာဖြေရှင်းရမည်ဖြစ်ကြောင်း ဧပြီလ(၂၅)ရက် တွင်တိုက်တွန်းတောင်းဆိုခဲ့သည်။ ကုလသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ‘‘ပါကစ္စတန်နဲ့ အိန္ဒိယအစိုးရတို့ကို တောင်းဆိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သည်းခံပေးဖို့ပါ၊ အခြေအနေတွေကို နောက်ထပ်ဆိုးရွားတာမျိုး ထပ်မံဖြစ်အောင်မလုပ်ဖို့ တောင်းဆိုပါတယ်” ဟု ပြောသည်။
အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသတွင် ခရီးသွား(၂၆)ဦးကို သေဆုံးစေရန် ပစ်ခတ်တိုက်ခိုက်ခဲ့သူများ ကို ကမ္ဘာမြေအဆုံးအထိ လိုက်လံရှာဖွေ အပြစ်ပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီက ကတိပေးလိုက် သည်။
ကက်ရှ်မီးယားဒေသတွင် ဧပြီလ(၂၂) ရက်က အမည်မသိသေနတ်သမားနှစ်ဦးက ခရီးသွားများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ပစ်ခတ်မှုကျူးလွန်သူနှစ်ဦးက ပါကစ္စတန်နိုင်ငံသားများဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။ သေဆုံးခဲ့သူများနှင့်ပတ်သက်ပြီး အောက်မေ့အမှတ်ရဖွယ်အခမ်းအနားကို ဧပြီလ(၂၄) ရက်က ကျင်းပခဲ့ရာ လူပေါင်းထောင်ချီတက်ရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီလည်း တက်ရောက်ကာ မိန့်ခွန်းပြောဆိုခဲ့ ကြောင်း သိရသည်။
အိန္ဒိယဝန်ကြီးချုပ်က “တစ်ကမ္ဘာလုံးကို ကျွန်တော် ပြောလိုတယ်။ အိန္ဒိယနိုင်ငံဟာ အကြမ်းဖက်သမားတိုင်းနဲ့ အကြမ်းဖက်သမားတွေကို အားပေးထောက်ခံသူတိုင်းကို ခြေရာခံပြီး အပြစ်ပေး အရေးယူတာတွေ လုပ်ဆောင်သွား မယ်။ ကက်ရှ်မီးယားဒေသမှာ လူပေါင်း (၂၆) ဦး သေဆုံးစေခဲ့သူ နှစ်ဦးကိုလည်း ကမ္ဘာမြေအဆုံးအထိ လိုက်လံရှာဖွေ အပြစ်ပေးမယ်။ အကြမ်းဖက်သမားတွေကြောင့် အိန္ဒိယရဲ့စိတ်ဓာတ်ပိုင်း ဘယ်တော့မှ ယိမ်းယိုင်ပြိုကွဲမှာ မဟုတ်ဘူး။ အကြမ်းဖက်သမားတွေကို အရေးမယူဘဲနေမှာ မဟုတ်ဘူး။ သေဆုံးသူတွေအတွက် တရားမျှတမှုရအောင် ကြိုးပမ်းသွားမယ်။ တစ်နိုင်ငံလုံးက အဲဒီအကြမ်းဖက်မှုတွေကိုဖြေရှင်းဖို့ ခိုင်မာစွာရှိနေပါ တယ်။ လူသားမျိုးနွယ်ကို ယုံကြည်သူတိုင်း ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်” ဟု ပြောသည်။
အိန္ဒိယအစိုးရသည် အကြမ်းဖက်တိုက်ခိုက်မှုကိုတုံ့ပြန်ရေးနှင့်ပတ်သက်ပြီး အစိုးရအတိုက်အခံပါတီနှင့်အတူ အဖွဲ့ အစည်းအားလုံးကို တွေ့ဆုံဆွေးနွေးမည်ဟု ပြောသည်။ ကက်ရှ်မီးယားဒေသတွင်ဖြစ် ပွားခဲ့သော တိုက်ခိုက်မှုကို ၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း Resistance Front အဖွဲ့က ဝန်ခံပြောဆိုထားသည်။ အိန္ဒိယအစိုးရနှင့် လုံခြုံရေး တပ်ဖွဲ့များက Resistance Front အဖွဲ့သည် ပါကစ္စတန်အခြေစိုက် လက်ကာအီတိုင်ဘာအဖွဲ့၏ တပ်ဦးအဖွဲ့ဖြစ် ကြောင်း ပြောဆိုထားသည်။
အိန္ဒိယအစိုးရက ပါကစ္စတန်အစိုးရသည် နယ်စပ်ဖြတ်ကျော် အကြမ်းဖက်တိုက်ခိုက်မှုများကိုအားပေးကူညီ ထောက်ပံ့ပေးနေကြောင်း ဧပြီလ(၂၃)ရက် ညပိုင်းက ပြောဆိုခဲ့သလို အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံကြား ထိစပ်နေ သော နယ်စပ်များကိုပိတ်ပင်မှု များပြုလုပ်မည်ဖြစ်ပြီး ရေပိုင်နက်မျှဝေသုံးစွဲရေးစာချုပ်ကို ဆိုင်းငံ့မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံနှင့် သံတမန် ဆက်ဆံရေးကို အဆင့်အတန်းနှိမ့်ချသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက သတင်းထုတ်ပြန်ထားသည်။ အိန္ဒိယအခြေစိုက်မီဒီယာများနှင့် အာဏာရပါတီခေါင်းဆောင်များက ပါကစ္စတန်နိုင်ငံ အပေါ် စစ်ရေးအရေး ယူမှုများလုပ်ဆောင်ရန်တောင်းဆိုနေကြောင်း သိရသည်။ ပါကစ္စတန်အစိုးရက အိန္ဒိယ အစိုးရ၏ ထုတ်ပြန်ချက်များကို ငြင်းဆန်ထားပြီး အိန္ဒိယအစိုးရ၏ တုံ့ပြန်ချက်များအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧပြီလ(၂၄) ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပါကစ္စတန်အစိုးရသည် စစ်ရေးတာဝန်ရှိသူများနှင့် အရပ်ဘက်အကြီးတန်း အရာရှိကြီးများ ပူးပေါင်း ပါဝင်မည့် နိုင်ငံအမျိုးသားလုံခြုံရေးကော်မတီကို အရေးပေါ် ခေါ်ယူခဲ့ကြောင်းသိရသည်။ ပါကစ္စတန်အစိုးရက ၎င်းတို့သည် အိန္ဒိယအစိုးရ လုပ်ဆောင်ချက်များအတိုင်းတုံ့ပြန်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံသားများကို ဗီဇာထုတ်ပေးမှု ကို ဆိုင်းငံ့လိုက်ကြောင်း၊ အိန္ဒိယသံတမန်အချို့ကို နှင်ထုတ်ခဲ့သလို အိန္ဒိယလေယာဉ်များကို ပါကစ္စတန် လေကြောင်းပိုင်နက် အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ပါကစ္စတန်အစိုးရသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ် ရေးများကိုလည်းဆိုင်းငံ့ခဲ့ရာ နှစ်နိုင်ငံ ကြား တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ပါကစ္စတန်အစိုးရသည် နှစ်ပေါင်း (၆၀) ကျော်ကြာ မျှဝေသုံးစွဲနေသော ရေပိုင်နက်နှင့်ပတ် သက်သောစာချုပ်ကို အိန္ဒိယအစိုးရက ဆိုင်းငံ့လိုက် ခြင်းကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ အိန္ဒိယ အစိုးရသည် လက်ရှိအချိန်တွင် ကက်ရှ်မီးယား ပြည်နယ်အတွင်းရှိ ပါကစ္စတန်နိုင်ငံသားများကို ထွက်ခွာ ရန်အမိန့်ပေးခဲ့ပြီး နယ်စပ်ဒေသကို ပိတ်ပင်လိုက် ကြောင်းသိရသည်။ ကက်ရှ်မီးယားပြည်နယ်သည် အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံကြား ပိုင်နက် နယ်မြေ အငြင်းပွားမှုရှိ နေသော ပြည်နယ်ဖြစ်ပြီး ပြည်နယ် အတွင်းနေထိုင်သူအများစုက အစ္စလာမ်ဘာသာဝင် များဖြစ်ကြောင်းသိရသည်။ ကက်ရှ်မီးယားပြည်နယ်သည် ကမ္ဘာလှည့်ခရီးသွားအများဆုံး လာရောက်သော ပြည်နယ်တစ်ခုဖြစ်ပြီး (၂၀၂၄) ခုနှစ် အတွင်း ခရီး သွား (၃ ဒသမ ၅) သန်း လာရောက်ခဲ့ကြောင်း သိရ သည်။
ကက်ရှ်မီးယားပြည်နယ်တွင် ဧပြီလ(၂၂) ရက်ကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစ္စရေးအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များက ပြစ်တင်ရှုတ်ချထားကြောင်းသိရသည်။ ပါကစ္စတန်နိုင်ငံ အဆင့်မြင့် ကော်မရှင်မှ စစ်ရေးအကြံပေးများကို ယခုသီတင်းပတ်အတွင်း နိုင်ငံအတွင်းမှ ထွက်ခွာရန်နှင့် အိန္ဒိယနိုင်ငံရှိ ပါကစ္စတန် သံတမန် (၅၅)ဦးအနက် (၃၀)ဦးကို မေလ(၁)ရက် နောက်ဆုံး ထားပြီး နိုင်ငံအတွင်းမှထွက်ခွာရန် အိန္ဒိယအစိုးရက အမိန့် ပေးထားသည်။ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် (၁၉၄၇)ခုနှစ်နောက်ပိုင်းကတည်းက ကက်ရှ်မီးယားပြည် နယ်နှင့် ပတ်သက်ပြီး ပိုင်နက်နယ်မြေ အငြင်းပွားနေခဲ့ကာ ထိပ်တိုက်တွေ့ဆုံမှုများ၊ စစ်ပွဲများ ဖြစ်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version:
ကက္ရွ္မီးယားျပည္နယ္အေရးႏွင့္ပတ္သက္ၿပီး အိႏၵိယႏွင့္ ပါကစၥတန္စစ္တပ္တို႔ အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြား
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၇
ကုလသမဂၢအဖြဲ႕က န်ဴကလီးယားပိုင္ဆိုင္ထားေသာ အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကားျဖစ္ပြားေနသည့္ တင္းမာမႈ မ်ားကိုေလွ်ာ့ခ်ရန္အတြက္ တစ္ဖက္ႏွင့္တစ္ဖက္ သည္းခံရန္တိုက္တြန္းခဲ့ၿပီးေနာက္ မၾကာမီ ဧၿပီလ(၂၅)ရက္တြင္ ပါကစၥတန္ႏွင့္ အိႏၵိယစစ္သားမ်ားသည္ အျပန္အလွန္ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။ အိႏၵိယအစိုးရက ပါကစၥတန္ ႏိုင္ငံသည္ ကက္ရွ္မီးယားျပည္နယ္တြင္ လူေပါင္း(၂၆)ဦးေသဆုံး ေစခဲ့သည့္နယ္စပ္ျဖတ္ေက်ာ္သည့္ အၾကမ္းဖက္ တိုက္ခိုက္မႈကို ကူညီပံ့ပိုးေပးခဲ့ေၾကာင္း စြပ္စြဲခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရးက ဆယ္စုႏွစ္ အတြင္း အနိမ့္ဆုံးကို ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
ပါကစၥတန္ထိန္းခ်ဳပ္ထားသည့္ ကက္ရွ္မီးယားျပည္နယ္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးက နယ္စပ္မ်ဥ္းကို ျဖတ္ေက်ာ္ၿပီး အျပန္အလွန္ပစ္ခတ္မႈမ်ား စတင္ခဲ့ေၾကာင္း ေအအက္ဖ္သတင္းဌာနကို အတည္ျပဳခဲ့သည္။
ပါကစၥတန္ထိန္းခ်ဳပ္ထားသည့္ ကက္ရွ္မီးယား ျပည္နယ္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးက ‘‘အိႏၵိယနဲ႔ ပါကစၥတန္ တပ္ဖြဲ႕ေတြဟာ နယ္စပ္မ်ဥ္းကို ျဖတ္ေက်ာ္ၿပီး အျပန္အလွန္ပစ္ခတ္မႈေတြ လုပ္ေဆာင္ခဲ့တယ္။ အရပ္သားေတြကို ပစ္ခတ္တာမ်ိဳးေတာ့မဟုတ္ဘူး” ဟု ေျပာသည္။
အိႏၵိယစစ္တပ္ကလည္း နယ္စပ္ေဒသတြင္ ႏွစ္ႏိုင္ငံတပ္ဖြဲ႕မ်ားၾကား လက္နက္ငယ္မ်ားျဖင့္ အျပန္အလွန္ပစ္ခတ္ ျခင္းမ်ားရွိေနၿပီး အိႏၵိယစစ္တပ္က ပါကစၥတန္စစ္တပ္၏ စတင္ပစ္ခတ္ျခင္းမ်ားကို တုံ႔ျပန္ျခင္းျဖစ္ေၾကာင္း ေျပာသည္။ ပါကစၥတန္စစ္ တပ္၏ပစ္ခတ္မႈမ်ားကို ထိေရာက္စြာတုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း အိႏၵိယစစ္တပ္က ေျပာသည္။ ကုလသမဂၢအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စတီဖင္ဒူဂ်ာရစ္က အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ ျပႆနာ မ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းရမည္ျဖစ္ေၾကာင္း ဧၿပီလ(၂၅)ရက္ တြင္တိုက္တြန္းေတာင္းဆိုခဲ့သည္။ ကုလသမဂၢအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ‘‘ပါကစၥတန္နဲ႔ အိႏၵိယအစိုးရတို႔ကို ေတာင္းဆိုပါတယ္။ တစ္ဖက္နဲ႔တစ္ဖက္ သည္းခံေပးဖို႔ပါ၊ အေျခအေနေတြကို ေနာက္ထပ္ဆိုး႐ြားတာမ်ိဳး ထပ္မံျဖစ္ေအာင္မလုပ္ဖို႔ ေတာင္းဆိုပါတယ္” ဟု ေျပာသည္။
အိႏၵိယထိန္းခ်ဳပ္ထားသည့္ ကက္ရွ္မီးယားေဒသတြင္ ခရီးသြား(၂၆)ဦးကို ေသဆုံးေစရန္ ပစ္ခတ္တိုက္ခိုက္ခဲ့သူမ်ား ကို ကမာၻေျမအဆုံးအထိ လိုက္လံရွာေဖြ အျပစ္ေပးသြားမည္ျဖစ္ေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက ကတိေပးလိုက္ သည္။
ကက္ရွ္မီးယားေဒသတြင္ ဧၿပီလ(၂၂) ရက္က အမည္မသိေသနတ္သမားႏွစ္ဦးက ခရီးသြားမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ၿပီး ပစ္ခတ္မႈက်ဴးလြန္သူႏွစ္ဦးက ပါကစၥတန္ႏိုင္ငံသားမ်ားျဖစ္ေၾကာင္း အိႏၵိယရဲတပ္ဖြဲ႕က သတင္း ထုတ္ျပန္ထားသည္။ ေသဆုံးခဲ့သူမ်ားႏွင့္ပတ္သက္ၿပီး ေအာက္ေမ့အမွတ္ရဖြယ္အခမ္းအနားကို ဧၿပီလ(၂၄) ရက္က က်င္းပခဲ့ရာ လူေပါင္းေထာင္ခ်ီတက္ေရာက္ခဲ့ၿပီး အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီလည္း တက္ေရာက္ကာ မိန႔္ခြန္းေျပာဆိုခဲ့ ေၾကာင္း သိရသည္။
အိႏၵိယဝန္ႀကီးခ်ဳပ္က “တစ္ကမာၻလုံးကို ကြၽန္ေတာ္ ေျပာလိုတယ္။ အိႏၵိယႏိုင္ငံဟာ အၾကမ္းဖက္သမားတိုင္းနဲ႔ အၾကမ္းဖက္သမားေတြကို အားေပးေထာက္ခံသူတိုင္းကို ေျခရာခံၿပီး အျပစ္ေပး အေရးယူတာေတြ လုပ္ေဆာင္သြား မယ္။ ကက္ရွ္မီးယားေဒသမွာ လူေပါင္း (၂၆) ဦး ေသဆုံးေစခဲ့သူ ႏွစ္ဦးကိုလည္း ကမာၻေျမအဆုံးအထိ လိုက္လံရွာေဖြ အျပစ္ေပးမယ္။ အၾကမ္းဖက္သမားေတြေၾကာင့္ အိႏၵိယရဲ႕စိတ္ဓာတ္ပိုင္း ဘယ္ေတာ့မွ ယိမ္းယိုင္ၿပိဳကြဲမွာ မဟုတ္ဘူး။ အၾကမ္းဖက္သမားေတြကို အေရးမယူဘဲေနမွာ မဟုတ္ဘူး။ ေသဆုံးသူေတြအတြက္ တရားမွ်တမႈရေအာင္ ႀကိဳးပမ္းသြားမယ္။ တစ္ႏိုင္ငံလုံးက အဲဒီအၾကမ္းဖက္မႈေတြကိုေျဖရွင္းဖို႔ ခိုင္မာစြာရွိေနပါ တယ္။ လူသားမ်ိဳးႏြယ္ကို ယုံၾကည္သူတိုင္း ကြၽန္ေတာ္တို႔နဲ႔ အတူရွိေနပါတယ္” ဟု ေျပာသည္။
အိႏၵိယအစိုးရသည္ အၾကမ္းဖက္တိုက္ခိုက္မႈကိုတုံ႔ျပန္ေရးႏွင့္ပတ္သက္ၿပီး အစိုးရအတိုက္အခံပါတီႏွင့္အတူ အဖြဲ႕ အစည္းအားလုံးကို ေတြ႕ဆုံေဆြးေႏြးမည္ဟု ေျပာသည္။ ကက္ရွ္မီးယားေဒသတြင္ျဖစ္ ပြားခဲ့ေသာ တိုက္ခိုက္မႈကို ၎တို႔က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း Resistance Front အဖြဲ႕က ဝန္ခံေျပာဆိုထားသည္။ အိႏၵိယအစိုးရႏွင့္ လုံၿခဳံေရး တပ္ဖြဲ႕မ်ားက Resistance Front အဖြဲ႕သည္ ပါကစၥတန္အေျခစိုက္ လက္ကာအီတိုင္ဘာအဖြဲ႕၏ တပ္ဦးအဖြဲ႕ျဖစ္ ေၾကာင္း ေျပာဆိုထားသည္။
အိႏၵိယအစိုးရက ပါကစၥတန္အစိုးရသည္ နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ားကိုအားေပးကူညီ ေထာက္ပံ့ေပးေနေၾကာင္း ဧၿပီလ(၂၃)ရက္ ညပိုင္းက ေျပာဆိုခဲ့သလို အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံၾကား ထိစပ္ေန ေသာ နယ္စပ္မ်ားကိုပိတ္ပင္မႈ မ်ားျပဳလုပ္မည္ျဖစ္ၿပီး ေရပိုင္နက္မွ်ေဝသုံးစြဲေရးစာခ်ဳပ္ကို ဆိုင္းငံ့မည္ျဖစ္ေၾကာင္း သတင္း ထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ ပါကစၥတန္ႏိုင္ငံႏွင့္ သံတမန္ ဆက္ဆံေရးကို အဆင့္အတန္းႏွိမ့္ခ်သြားမည္ျဖစ္ေၾကာင္း အိႏၵိယအစိုးရက သတင္းထုတ္ျပန္ထားသည္။ အိႏၵိယအေျခစိုက္မီဒီယာမ်ားႏွင့္ အာဏာရပါတီေခါင္းေဆာင္မ်ားက ပါကစၥတန္ႏိုင္ငံ အေပၚ စစ္ေရးအေရး ယူမႈမ်ားလုပ္ေဆာင္ရန္ေတာင္းဆိုေနေၾကာင္း သိရသည္။ ပါကစၥတန္အစိုးရက အိႏၵိယ အစိုးရ၏ ထုတ္ျပန္ခ်က္မ်ားကို ျငင္းဆန္ထားၿပီး အိႏၵိယအစိုးရ၏ တုံ႔ျပန္ခ်က္မ်ားအတိုင္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ဧၿပီလ(၂၄) ရက္က သတင္းထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ ပါကစၥတန္အစိုးရသည္ စစ္ေရးတာဝန္ရွိသူမ်ားႏွင့္ အရပ္ဘက္အႀကီးတန္း အရာရွိႀကီးမ်ား ပူးေပါင္း ပါဝင္မည့္ ႏိုင္ငံအမ်ိဳးသားလုံၿခဳံေရးေကာ္မတီကို အေရးေပၚ ေခၚယူခဲ့ေၾကာင္းသိရသည္။ ပါကစၥတန္အစိုးရက ၎တို႔သည္ အိႏၵိယအစိုးရ လုပ္ေဆာင္ခ်က္မ်ားအတိုင္းတုံ႔ျပန္မည္ျဖစ္ၿပီး အိႏၵိယႏိုင္ငံသားမ်ားကို ဗီဇာထုတ္ေပးမႈ ကို ဆိုင္းငံ့လိုက္ေၾကာင္း၊ အိႏၵိယသံတမန္အခ်ိဳ႕ကို ႏွင္ထုတ္ခဲ့သလို အိႏၵိယေလယာဥ္မ်ားကို ပါကစၥတန္ ေလေၾကာင္းပိုင္နက္ အသုံးျပဳခြင့္ပိတ္ပင္လိုက္ေၾကာင္း သတင္းထုတ္ျပန္လိုက္သည္။ ပါကစၥတန္အစိုးရသည္ အိႏၵိယႏိုင္ငံႏွင့္ ကုန္သြယ္ ေရးမ်ားကိုလည္းဆိုင္းငံ့ခဲ့ရာ ႏွစ္ႏိုင္ငံ ၾကား တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ပါကစၥတန္အစိုးရသည္ ႏွစ္ေပါင္း (၆၀) ေက်ာ္ၾကာ မွ်ေဝသုံးစြဲေနေသာ ေရပိုင္နက္ႏွင့္ပတ္ သက္ေသာစာခ်ဳပ္ကို အိႏၵိယအစိုးရက ဆိုင္းငံ့လိုက္ ျခင္းကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ အိႏၵိယ အစိုးရသည္ လက္ရွိအခ်ိန္တြင္ ကက္ရွ္မီးယား ျပည္နယ္အတြင္းရွိ ပါကစၥတန္ႏိုင္ငံသားမ်ားကို ထြက္ခြာ ရန္အမိန႔္ေပးခဲ့ၿပီး နယ္စပ္ေဒသကို ပိတ္ပင္လိုက္ ေၾကာင္းသိရသည္။ ကက္ရွ္မီးယားျပည္နယ္သည္ အိႏၵိယႏွင့္ပါကစၥတန္ႏိုင္ငံၾကား ပိုင္နက္ နယ္ေျမ အျငင္းပြားမႈရွိ ေနေသာ ျပည္နယ္ျဖစ္ၿပီး ျပည္နယ္ အတြင္းေနထိုင္သူအမ်ားစုက အစၥလာမ္ဘာသာဝင္ မ်ားျဖစ္ေၾကာင္းသိရသည္။ ကက္ရွ္မီးယားျပည္နယ္သည္ ကမာၻလွည့္ခရီးသြားအမ်ားဆုံး လာေရာက္ေသာ ျပည္နယ္တစ္ခုျဖစ္ၿပီး (၂၀၂၄) ခုႏွစ္ အတြင္း ခရီး သြား (၃ ဒသမ ၅) သန္း လာေရာက္ခဲ့ေၾကာင္း သိရ သည္။
ကက္ရွ္မီးယားျပည္နယ္တြင္ ဧၿပီလ(၂၂) ရက္ကျဖစ္ပြားခဲ့ေသာ အၾကမ္းဖက္တိုက္ခိုက္မႈႏွင့္ ပတ္သက္ၿပီး အစၥေရးအပါအဝင္ ကမာၻ႔ေခါင္းေဆာင္မ်ားက ျပစ္တင္ရႈတ္ခ်ထားေၾကာင္းသိရသည္။ ပါကစၥတန္ႏိုင္ငံ အဆင့္ျမင့္ ေကာ္မရွင္မွ စစ္ေရးအႀကံေပးမ်ားကို ယခုသီတင္းပတ္အတြင္း ႏိုင္ငံအတြင္းမွ ထြက္ခြာရန္ႏွင့္ အိႏၵိယႏိုင္ငံရွိ ပါကစၥတန္ သံတမန္ (၅၅)ဦးအနက္ (၃၀)ဦးကို ေမလ(၁)ရက္ ေနာက္ဆုံး ထားၿပီး ႏိုင္ငံအတြင္းမွထြက္ခြာရန္ အိႏၵိယအစိုးရက အမိန႔္ ေပးထားသည္။ အိႏၵိယႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ (၁၉၄၇)ခုႏွစ္ေနာက္ပိုင္းကတည္းက ကက္ရွ္မီးယားျပည္ နယ္ႏွင့္ ပတ္သက္ၿပီး ပိုင္နက္နယ္ေျမ အျငင္းပြားေနခဲ့ကာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ား၊ စစ္ပြဲမ်ား ျဖစ္ခဲ့ဖူးေၾကာင္း သိရသည္။