တရားမဝင်ဓာတ်အားရယူသုံးစွဲမှုမရှိစေရေး ရှောင်တခင် စစ်ဆေးရေးအဖွဲ့များဖြင့် စဉ်ဆက်မပြတ်စစ်ဆေးသွားရန် လိုအပ်

 270

စော (NP News) - ဧပြီ ၂၈

တရားမဝင်ဓာတ်အားရယူသုံးစွဲမှုမရှိစေရေး ရှောင်တခင်စစ်ဆေးရေးအဖွဲ့များဖြင့် စဉ်ဆက်မပြတ်စစ်ဆေးသွား ရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောကြားသည်။
အဆိုပါစကားကို ယမန်နေ့ (ဧပြီ ၂၇ ရက်) က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်း အဝေးခန်းမ၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေ နှင့် ပတ်သက်၍ လုပ်ငန်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဓာတ်အား ထုတ်လုပ်မှုကို တိုးချဲ့တည်ဆောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေသကဲ့သို့ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား များကို ပိုမိုသယ်ဆောင်နိုင်ရန်ကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအခြေအနေအရ ဝန်အား ထိန်းညှိရသဖြင့် အချိန်ပိုင်း ဓာတ်အားပိတ်၍ ဓာတ်အား ဖြန့်ဖြူးပေးနေရသောကြောင့် ဖြန့်ဝေသည့်အချိန်တွင် သတ်မှတ်ထားသည့်အချိန် တိုင်း တိကျစွာရရှိရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ သည်။
ထို့ပြင် တစ်ဖက်တွင်လည်း ဓာတ်အားပြတ်တောက်မှု၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေး၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှုအပိုင်းတွင် တည်ငြိမ်ပြည့်ဝသည့် ဓာတ်အားစနစ်ရရှိရေးတို့ကို ဟန်ချက် ညီ တိုးတက်ကောင်းမွန်စေရန် စီမံဆောင်ရွက်မှုများအပေါ် အားလုံးမှ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ကြောင်း သိရသည်။
အလားတူ မိမိတို့မြို့နယ်များအတွင်း တရားမဝင် ဓာတ်အားရယူ သုံးစွဲမှုများမရှိစေရေး ပုံမှန်စစ်ဆေးခြင်းအပြင် ရှောင်တခင် စစ်ဆေးရေးအဖွဲ့များဖြင့် Spot Check ၊ Cross Check। Counter Check & Surprise Check စစ်ဆေးခြင်းများကို အဖွဲ့ဖွဲ့၍ စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန်နှင့် ဓာတ်အားခကြွေးကျန် အလွဲသုံးစားမှုများ မဖြစ်စေရေး၊ မီတာဖတ်ရှုမှုကို မှန်ကန်စွာဖတ်ရှုသွားနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ပြင် ဓာတ်အားခကောက်ခံရာတွင်လည်း ရရှိသင့်သော နိုင်ငံတော်၏ ဘဏ္ဍာငွေ စနစ်တကျကောက်ခံသွား ရန် နှင့် ဓာတ်အားခကြွေး ကျန်များကိုလည်း ရာနှုန်းပြည့်ကောက်ခံရရှိရေး တွန်းအားပေးဆောင်ရွက်သွားရန် လိုအပ် ကြောင်းလည်း ပြောကြားသည်။

Zawgyi Version:
‌တရားမဝင္ဓာတ္အားရယူသုံးစြဲမႈမရွိေစေရး ေရွာင္တခင္ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ စဥ္ဆက္မျပတ္စစ္ေဆးသြားရန္ လိုအပ္
ေစာ (NP News) - ဧၿပီ ၂၈

တရားမဝင္ဓာတ္အားရယူသုံးစြဲမႈမရွိေစေရး ေရွာင္တခင္စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ စဥ္ဆက္မျပတ္စစ္ေဆးသြား ရန္ လိုအပ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက ေျပာၾကားသည္။
အဆိုပါစကားကို ယမန္ေန႔ (ဧၿပီ ၂၇ ရက္) က ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း (႐ုံးခ်ဳပ္) အစည္း အေဝးခန္းမ၌ ျပဳလုပ္ေသာ ရန္ကုန္တိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အားျဖန႔္ျဖဴးေပးေနမႈအေျခအေန ႏွင့္ ပတ္သက္၍ လုပ္ငန္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္း လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္အတြက္ ဓာတ္အား ထုတ္လုပ္မႈကို တိုးခ်ဲ႕တည္ေဆာက္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနသကဲ့သို႔ ထုတ္လုပ္လ်က္ရွိေသာ လွ်ပ္စစ္ဓာတ္အား မ်ားကို ပိုမိုသယ္ေဆာင္ႏိုင္ရန္ကိုလည္း ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးဉာဏ္ထြန္းက ေျပာသည္။
လက္ရွိျဖစ္ေပၚေနေသာ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈအေျခအေနအရ ဝန္အား ထိန္းညႇိရသျဖင့္ အခ်ိန္ပိုင္း ဓာတ္အားပိတ္၍ ဓာတ္အား ျဖန႔္ျဖဴးေပးေနရေသာေၾကာင့္ ျဖန႔္ေဝသည့္အခ်ိန္တြင္ သတ္မွတ္ထားသည့္အခ်ိန္ တိုင္း တိက်စြာရရွိေရး စနစ္တက် ထိန္းသိမ္းေဆာင္႐ြက္သြားရန္လိုအပ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့ သည္။
ထို႔ျပင္ တစ္ဖက္တြင္လည္း ဓာတ္အားျပတ္ေတာက္မႈ၊ ဓာတ္အားေပ်ာက္ဆုံးမႈ ေလ်ာ့နည္းေစေရး၊ လွ်ပ္စစ္ဓာတ္အားပို႔လႊတ္မႈႏွင့္ ျဖန႔္ျဖဴးမႈအပိုင္းတြင္ တည္ၿငိမ္ျပည့္ဝသည့္ ဓာတ္အားစနစ္ရရွိေရးတို႔ကို ဟန္ခ်က္ ညီ တိုးတက္ေကာင္းမြန္ေစရန္ စီမံေဆာင္႐ြက္မႈမ်ားအေပၚ အားလုံးမွ တက္ညီလက္ညီ ႀကိဳးပမ္းေဆာင္႐ြက္ ၾကရန္ လိုအပ္ေၾကာင္း သိရသည္။
အလားတူ မိမိတို႔ၿမိဳ႕နယ္မ်ားအတြင္း တရားမဝင္ ဓာတ္အားရယူ သုံးစြဲမႈမ်ားမရွိေစေရး ပုံမွန္စစ္ေဆးျခင္းအျပင္ ေရွာင္တခင္ စစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ Spot Check ၊ Cross Check। Counter Check & Surprise Check စစ္ေဆးျခင္းမ်ားကို အဖြဲ႕ဖြဲ႕၍ စဥ္ဆက္မျပတ္ စစ္ေဆးေဆာင္႐ြက္သြားရန္ႏွင့္ ဓာတ္အားခေႂကြးက်န္ အလြဲသုံးစားမႈမ်ား မျဖစ္ေစေရး၊ မီတာဖတ္ရႈမႈကို မွန္ကန္စြာဖတ္ရႈသြားႏိုင္ေရး တာဝန္ရွိသူအဆင့္ဆင့္က စစ္ေဆးၾကပ္မတ္သြားရန္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ထို႔ျပင္ ဓာတ္အားခေကာက္ခံရာတြင္လည္း ရရွိသင့္ေသာ ႏိုင္ငံေတာ္၏ ဘ႑ာေငြ စနစ္တက်ေကာက္ခံသြား ရန္ ႏွင့္ ဓာတ္အားခေႂကြး က်န္မ်ားကိုလည္း ရာႏႈန္းျပည့္ေကာက္ခံရရွိေရး တြန္းအားေပးေဆာင္႐ြက္သြားရန္ လိုအပ္ ေၾကာင္းလည္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.