ကချင်ပြည်နယ်တွင် (၅)နှစ်တွင် သဘာဝဘေးအန္တရာယ် ၂၉၀ ကြိမ်နီးပါးဖြစ်ပွားခဲ့ပြီး လူ (၁၂၀)သေဆုံးခဲ့

57

Pearl (NP News) - ဧပြီ ၂၈
ကချင်ပြည်နယ်တွင် (၅)နှစ်တွင် သဘာဝဘေးအန္တရာယ် ၂၉၀ ကြိမ်နီးပါးဖြစ်ပွားခဲ့ပြီး လူ (၁၂၀)သေဆုံးခဲ့ကြောင်း ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ (၂၆)ရက်က ကချင်ပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး တွင် ကချင်ပြည်နယ်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ဦးစီး၍ ဝန်ထမ်းများနှင့် လူမှုရေးအသင့်အဖွဲ့များကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ကို (၅)နှစ်တာ စာရင်းများအရ မီးဘေး (၁၄၂)ကြိမ်၊ ရေဘေး (၂၇) ကြိမ်၊ ကမ်းပြိုဘေး (၁၃)ကြိမ်၊ လေဘေး (၃၉)ကြိမ်၊ မိုးကြိုးဘေး (၇)ကြိမ်၊ မိုင်းထိ (၂၃)ကြိမ်တို့ဖြင့် စုစုပါင်း ၂၈၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် အိမ်ထောင်စု ၇၆၈၇ စု၊ လူဦးရေ ၁၄၆၀၈၉ ဦး ဘေးသင့်ခဲ့ပြီး သေဆုံး ၁၂၀၊ ဒဏ်ရာရ ၈၅ ဦးရှိကြောင်း သိရသည်။
ထို့ပြင်နှစ်ပေါင်း ၂၀ ကျော်အတွင်း ၂၀၂၄ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဧရာဝတီမြစ်ရေစံချိန်မြင့်တက်မှုကြောင့် အိမ်ထောင်စု ၁၆၃၄၁ စု၊ လူဦးရေ ၆၈၇၄၇ ဦး ရေဘေးဒဏ်ခံစားခဲ့ရပြီး ကဏ္ဍ ၁၇ ခုရှိ ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်းမှာ ငွေကျပ် ၂၂ ဒသမ ၃၆ ဘီလျံထိရှိကြောင်း သိရသည်။

Zawgyi Version:
ကခ်င္ျပည္နယ္တြင္ (၅)ႏွစ္တြင္ သဘာဝေဘးအႏၲရာယ္ ၂၉၀ ႀကိမ္နီးပါးျဖစ္ပြားခဲ့ၿပီး လူ (၁၂၀)ေသဆုံးခဲ့
Pearl (NP News) - ဧၿပီ ၂၈
ကခ်င္ျပည္နယ္တြင္ (၅)ႏွစ္တြင္ သဘာဝေဘးအႏၲရာယ္ ၂၉၀ ႀကိမ္နီးပါးျဖစ္ပြားခဲ့ၿပီး လူ (၁၂၀)ေသဆုံးခဲ့ေၾကာင္း ကခ်င္ျပည္နယ္ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈအဖြဲ႕၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဧၿပီလ (၂၆)ရက္က ကခ်င္ျပည္နယ္၊ ျပည္နယ္အစိုးရအဖြဲ႕႐ုံး တြင္ ကခ်င္ျပည္နယ္ေဘးအႏၲရာယ္ ဆိုင္ရာစီမံခန႔္ခြဲမႈအဖြဲ႕က ဦးစီး၍ ဝန္ထမ္းမ်ားႏွင့္ လူမႈေရးအသင့္အဖြဲ႕မ်ားကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အသိေပးေဟာေျပာပြဲက်င္းပခဲ့ေၾကာင္း သိရသည္။
ကခ်င္ျပည္နယ္အေနျဖင့္ သဘာဝေဘးအႏၲရာယ္ကို (၅)ႏွစ္တာ စာရင္းမ်ားအရ မီးေဘး (၁၄၂)ႀကိမ္၊ ေရေဘး (၂၇) ႀကိမ္၊ ကမ္းၿပိဳေဘး (၁၃)ႀကိမ္၊ ေလေဘး (၃၉)ႀကိမ္၊ မိုးႀကိဳးေဘး (၇)ႀကိမ္၊ မိုင္းထိ (၂၃)ႀကိမ္တို႔ျဖင့္ စုစုပါင္း ၂၈၇ ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျဖစ္ပြားခဲ့မႈေၾကာင့္ အိမ္ေထာင္စု ၇၆၈၇ စု၊ လူဦးေရ ၁၄၆၀၈၉ ဦး ေဘးသင့္ခဲ့ၿပီး ေသဆုံး ၁၂၀၊ ဒဏ္ရာရ ၈၅ ဦးရွိေၾကာင္း သိရသည္။
ထို႔ျပင္ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ၂၀၂၄ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ဧရာဝတီျမစ္ေရစံခ်ိန္ျမင့္တက္မႈေၾကာင့္ အိမ္ေထာင္စု ၁၆၃၄၁ စု၊ လူဦးေရ ၆၈၇၄၇ ဦး ေရေဘးဒဏ္ခံစားခဲ့ရၿပီး က႑ ၁၇ ခုရွိ ပ်က္စီးဆုံးရႈံးမႈတန္ဖိုး စုစုေပါင္းမွာ ေငြက်ပ္ ၂၂ ဒသမ ၃၆ ဘီလ်ံထိရွိေၾကာင္း သိရသည္။