အကြမ်းဖက်အဖွဲ့များအား ထောက်ပံ့မှုပေးခဲ့ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ဝန်ခံ

 82

Htay Oung (NP News) - ဧပြီ ၂၈

ပါကစ္စတန်အစိုးရအနေနဲ့ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ခဲ့တဲ့ သမိုင်းကြောင်း ရှိ-မရှိ မေးမြန်းခံရ တဲ့အခါ အမေရိကန်နဲ့ အနောက်နိုင်ငံများအတွက် အဲဒီ ညစ်ပတ်တဲ့အလုပ်များကို လုပ်ခဲ့ရဖူးတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ဝန်ခံကြောင်း၊ ဒီဖြစ်ရပ်ဟာ မကြာသေးခင် အရပ်သား ၂၆ ဦး သေဆုံးခဲ့ရတဲ့ (ဂျမူး-ကက်ရှ်မီးယား) ပါဟယ်လ်ဂမ်အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး ပေါ်ထွက်လာခြင်းဖြစ်တယ်လို့ နယူးဒေလီ အခြေစိုက် “ NDTV” ၂ဝ၂၅ ခုနှစ် ဧပြီလ ၂၅ ရက်က ရေးသားပါတယ်။
“Sky News” ဗြိတိသျှသတင်းဌာနနဲ့တွေ့ဆုံစဉ်မေးခွန်းများကို ပါကစ္စတန်ဝန်ကြီး ခါဝါဂျာ_ အမ် _အာရှစ်က အဲဒီလို ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ပါတယ်။
“ဝန်ကြီးခင်ဗျား အဲဒီအကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီ၊ လေ့ကျင့်ပေးမှုနဲ့ ရန်ပုံငွေ ပံ့ပိုးမှုတွေ အတွက် ပါကစ္စတန်မှာ ရှည်လျားတဲ့သမိုင်းကြောင်းရှိတယ်ဆိုတာ ဝန်ခံပါသလား” လို့ သတင်းထောက်က မေးမြန်းခဲ့ပါတယ်။
ပါကစ္စတန်ဝန်ကြီးက "ကျွန်တော်တို့ဟာ အနောက်နိုင်ငံနဲ့ ဗြိတိန် အပါအဝင် လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လုံးလုံး အမေရိကန်အတွက် အဲဒီညစ်ပတ်တဲ့အလုပ်တွေကို လုပ်ခဲ့တာပါ" ဒါပေမယ့် “မှားလို့” လို့ အမြန်ပြောဆိုလိုက်ပြီး အဲ့ဒီလို လုပ်တဲ့အတွက် ပါကစ္စတန်က အကျိုးဆက် များကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အာဖဂန်စစ်ပွဲနဲ့ 9/11 ဖြစ်စဉ်နောက်ပိုင်း အမေရိကန်ဦးဆောင် တာလီဘန်တိုက်ဖျက်ရေးစစ်ပွဲမှာ အနောက်နိုင်ငံများနဲ့ မပူးပေါင်းခဲ့ဘူး ဆိုရင် ပါကစ္စတန်ရဲ့ မှတ်တမ်းဟာ " ခြောက်ပစ်ကင်း သဲလဲစင်" ဖြစ်နေစရာရှိတယ်လို့ ဖြည့်စွက်ပြောဆိုပါတယ်။
အိန္ဒိယထိန်းချုပ်ထားတဲ့ ဂျမူး-ကက်ရှ်မီးယား ဘိုင်ဆာရမ် ချိင့်ဝှမ်းရှိ အပန်းဖြေမြက်ခင်းပြင်တစ်ခုမှာ အပြစ်မဲ့ အရပ်သား ၂၆ ဦး ပစ်သတ်ခံခဲ့ရတဲ့ “ပါဟယ်လ်ဂမ်အကြမ်းဖက်မှု” အပြီး အမေရိကန်နဲ့ အနောက်နိုင်ငံများ အတွက် အကြမ်းဖက်သမားများကို ကျောထောက်နောက်ခံပေးခြင်းဖြင့် ညစ်ပတ်တဲ့အလုပ်များကို လုပ်ဆောင် နေကြောင်း ပါကစ္စတန်ဝန်ကြီးရဲ့ဝန်ခံချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
ဆိုဗီယက်-အာဖဂန်စစ်ပွဲ( ၁၉၇၉-၁၉၈၉ ခုနှစ်) မှာ ပါကစ္စတန်ဟာ အမေရိကန်ကို ကူညီတဲ့အနေနဲ့ ဆိုဗီယက် တို့ကို တိုက်ထုတ်ရန် လက်နက်ကိုင်စစ်သွေးကြွများကို လေ့ကျင့်သင်ကြားပေးခြင်း၊ လက်သင့်ခံ ခိုလှုံခွင့်ပေးခြင်း များ ပြုလုပ်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့အတွက် အမေရိကန်နှင့် ဆိုဗီယက်တို့ကြား “ကိုယ်စားပြုစစ်” Proxy war မှာ ပါကစ္စတန်ဟာ ဗိုက်အငှားနဲ့ ဓါးထိုးခံရင်း အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်လာခဲ့ ပါတယ်။ စစ်ပွဲဟာ အာဖဂန်နစ္စတန်မှ ဆိုဗီယက်တိ့ု ဆုတ်ခွာခြင်းနဲ့အတူ ပြည်တွင်းစစ် ပြီးဆုံးခဲ့ပြီး ၂၀၀၁ ခုနှစ် အမေရိကန်ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အဆောက်အအုံကို တိုက်ခိုက်ခံရချိန်အထိ ဆယ်စုနှစ်တစ်ခုနီးပါး တာလီဘန်များက ဦးဆောင်နေရာ ယူထားနိုင်ခဲ့ပါတယ်။
အဲဒီကာလ အိုစမာဘင်လာဒင်ရဲ့အယ်လ်ကိုင်ဒါများကို တာလီဘန်တို့က အာဖဂန်မှာ ခိုလှုံခွင့်ပေး ထားချိန်ဖြစ်ပါ တယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ အယ်လ်ကိုင်ဒါတို့ဟာ အမေရိကန် မြေပေါ်မှာ အကြီးမားဆုံး တိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့အတွက် လူပေါင်း ၂,၉၉၆ ဦး သေဆုံးခဲ့ရတယ်။ အမေရိကန်ဟာ အာဖဂန်နစ္စတန် နိုင်ငံအတွင်း အလုံးစုံ ကျူးကျော်ဝင်ရောက်ခဲ့ပြီး တစ်ဖန် တာလီဘန်များကို ချေမှုန်းရာမှာ ပါကစ္စတန်ဟာ အမေရိကန်ဦးဆောင်တပ်များ စစ်ဆင်ရေးရဲ့ အချက်အချာဖြစ်နေခဲ့ပါတယ်။
အိန္ဒိယ ဆန့်ကျင်ရေးအကြမ်းဖက်သမားတွေကို သူ့ရဲ့ မြေပေါ်မှာ ကျောထောက်နောက်ခံပြု၊ ငွေ ကြေးထောက်ပံ့ လေ့ကျင့်ပေးနေတဲ့ ပါကစ္စတန်ဟာ ပါဟယ်လ်ဂမ်မှာ အရပ်သားတွေကို သတ်ခဲ့တဲ့တိုက်ခိုက်သူတွေကို ပံ့ပိုးပေးတယ်လို့ ထပ်မံစွပ်စွဲခြင်း ခံရပါတယ်။ အိန္ဒိယနိုင်ငံရဲ့အလိုအရှိဆုံး အကြမ်းဖက်သမားတစ်ဦးဖြစ်သူ “ဟာဖက်ဇ်_ဆာအိဒ်” ဦးဆောင် “လက်ရှ်ခါ-အီး_တိုင်ဘာ” နဲ့ ဆက်နွယ်နေတဲ့ “ခုခံရေးတပ်ဦး” (TRF) က တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
ယခုတိုက်ခိုက်မှုဟာ တားမြစ်ပိတ်ပင်ခံထားရတဲ့ လက်ရှ်ခါအီးတိုင်ဘာ (LeT) အကြမ်းဖက်အဖွဲ့ရဲ့ဆက်စပ် အမာခံအဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်သူများအများစုဟာ နိုင်ငံခြားသား အကြမ်းဖက်သမားများ ဖြစ်ကြပြီး ဒေသခံတော်လှန်ရေးသမားများနဲ့ မြေပေါ်ထောက်ပို့များကလည်း ကူညီပေးခဲ့ကြကြောင်း၊ အဲ့ဒီအဖွဲ့ကို ၂၀၀၈ ခုနှစ် မွန်ဘိုင်းတိုက်ခိုက်မှု “26/11” ကြိုးကိုင်သူဟာ ဖက်ဇ်ဆာအိဒ်က ထိန်းချုပ်ထားတယ်လို့ သတင်းရင်း မြစ်များအရ သိရှိရပါတယ်။
အဆိုပါအဖွဲ့ဟာ ကက်ရှ်မီးယားမှာ အချိန်ကြာမြင့်စွာ လှုပ်ရှားနေခဲ့ကြောင်း၊ နယ်မြေ ၃ ခု အပါအဝင် ဒေသအနှံ့ ထင်ရှားတဲ့ တိက်ခိုက်မှုအတော်များများဟာ သူတို့လက်ချက်ဖြစ်တယ်လို့ လုံခြုံရေးအေဂျင်စီများက ယုံကြည်ကြ ပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ဘိုသာပတ်သာရီနယ်မြေ အကြမ်းဖက်တိုက်ခိုက်ခံရမှုမှာ အိန္ဒိယစစ်တပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် လူလေးဦးတို့ သေဆုံးခဲ့ရပါတယ်။ အဲဒီလမှာပဲ ဆိုနာမာ့ဂျ်နယ်မြေ ဥမင်လိုဏ်ခေါင်း ဆောက်လုပ်ရေးမှာ အလုပ်သမားခြောက်ဦးနဲ့ ဆရာဝန်တစ်ဦးတို့ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။ ယခု ပါဟယ်လ်ဂမ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ “ဟာရှင်_မူဆာ” ဟာ အဓိက တာဝန်ရှိသူလို့ သံသယရှိပါ တယ်။
#HtayOung #OungMarine

Zawgyi Version:
အၾကမ္းဖက္အဖြဲ႕မ်ားအား ေထာက္ပံ့မႈေပးခဲ့ေၾကာင္း ပါကစၥတန္ကာကြယ္ေရးဝန္ႀကီး ဝန္ခံ
Htay Oung (NP News) - ဧၿပီ ၂၈
ပါကစၥတန္အစိုးရအေနနဲ႔ အၾကမ္းဖက္အဖြဲ႕မ်ားအား ေငြေၾကးေထာက္ပံ့ခဲ့တဲ့ သမိုင္းေၾကာင္း ရွိ-မရွိ ေမးျမန္းခံရ တဲ့အခါ အေမရိကန္နဲ႔ အေနာက္ႏိုင္ငံမ်ားအတြက္ အဲဒီ ညစ္ပတ္တဲ့အလုပ္မ်ားကို လုပ္ခဲ့ရဖူးတယ္လို႔ ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီးက ဝန္ခံေၾကာင္း၊ ဒီျဖစ္ရပ္ဟာ မၾကာေသးခင္ အရပ္သား ၂၆ ဦး ေသဆုံးခဲ့ရတဲ့ (ဂ်မူး-ကက္ရွ္မီးယား) ပါဟယ္လ္ဂမ္အၾကမ္းဖက္တိုက္ခိုက္ခံရမႈအၿပီး ေပၚထြက္လာျခင္းျဖစ္တယ္လို႔ နယူးေဒလီ အေျခစိုက္ “ NDTV” ၂ဝ၂၅ ခုႏွစ္ ဧၿပီလ ၂၅ ရက္က ေရးသားပါတယ္။
“Sky News” ၿဗိတိသွ်သတင္းဌာနနဲ႔ေတြ႕ဆုံစဥ္ေမးခြန္းမ်ားကို ပါကစၥတန္ဝန္ႀကီး ခါဝါဂ်ာ_ အမ္ _အာရွစ္က အဲဒီလို ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္ပါတယ္။
“ဝန္ႀကီးခင္ဗ်ား အဲဒီအၾကမ္းဖက္အဖြဲ႕အစည္းေတြကို ေထာက္ပံ့ကူညီ၊ ေလ့က်င့္ေပးမႈနဲ႔ ရန္ပုံေငြ ပံ့ပိုးမႈေတြ အတြက္ ပါကစၥတန္မွာ ရွည္လ်ားတဲ့သမိုင္းေၾကာင္းရွိတယ္ဆိုတာ ဝန္ခံပါသလား” လို႔ သတင္းေထာက္က ေမးျမန္းခဲ့ပါတယ္။
ပါကစၥတန္ဝန္ႀကီးက "ကြၽန္ေတာ္တို႔ဟာ အေနာက္ႏိုင္ငံနဲ႔ ၿဗိတိန္ အပါအဝင္ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ လုံးလုံး အေမရိကန္အတြက္ အဲဒီညစ္ပတ္တဲ့အလုပ္ေတြကို လုပ္ခဲ့တာပါ" ဒါေပမယ့္ “မွားလို႔” လို႔ အျမန္ေျပာဆိုလိုက္ၿပီး အဲ့ဒီလို လုပ္တဲ့အတြက္ ပါကစၥတန္က အက်ိဳးဆက္ မ်ားကို ခံစားခဲ့ရတယ္လို႔ ဆိုပါတယ္။ အာဖဂန္စစ္ပြဲနဲ႔ 9/11 ျဖစ္စဥ္ေနာက္ပိုင္း အေမရိကန္ဦးေဆာင္ တာလီဘန္တိုက္ဖ်က္ေရးစစ္ပြဲမွာ အေနာက္ႏိုင္ငံမ်ားနဲ႔ မပူးေပါင္းခဲ့ဘူး ဆိုရင္ ပါကစၥတန္ရဲ႕ မွတ္တမ္းဟာ " ေျခာက္ပစ္ကင္း သဲလဲစင္" ျဖစ္ေနစရာရွိတယ္လို႔ ျဖည့္စြက္ေျပာဆိုပါတယ္။
အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ဂ်မူး-ကက္ရွ္မီးယား ဘိုင္ဆာရမ္ ခ်ိင့္ဝွမ္းရွိ အပန္းေျဖျမက္ခင္းျပင္တစ္ခုမွာ အျပစ္မဲ့ အရပ္သား ၂၆ ဦး ပစ္သတ္ခံခဲ့ရတဲ့ “ပါဟယ္လ္ဂမ္အၾကမ္းဖက္မႈ” အၿပီး အေမရိကန္နဲ႔ အေနာက္ႏိုင္ငံမ်ား အတြက္ အၾကမ္းဖက္သမားမ်ားကို ေက်ာေထာက္ေနာက္ခံေပးျခင္းျဖင့္ ညစ္ပတ္တဲ့အလုပ္မ်ားကို လုပ္ေဆာင္ ေနေၾကာင္း ပါကစၥတန္ဝန္ႀကီးရဲ႕ဝန္ခံခ်က္ထြက္ေပၚလာျခင္းျဖစ္ပါတယ္။
ဆိုဗီယက္-အာဖဂန္စစ္ပြဲ( ၁၉၇၉-၁၉၈၉ ခုႏွစ္) မွာ ပါကစၥတန္ဟာ အေမရိကန္ကို ကူညီတဲ့အေနနဲ႔ ဆိုဗီယက္ တို႔ကို တိုက္ထုတ္ရန္ လက္နက္ကိုင္စစ္ေသြးႂကြမ်ားကို ေလ့က်င့္သင္ၾကားေပးျခင္း၊ လက္သင့္ခံ ခိုလႈံခြင့္ေပးျခင္း မ်ား ျပဳလုပ္ခဲ့ပါတယ္။ အာဖဂန္နစၥတန္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့အတြက္ အေမရိကန္ႏွင့္ ဆိုဗီယက္တို႔ၾကား “ကိုယ္စားျပဳစစ္” Proxy war မွာ ပါကစၥတန္ဟာ ဗိုက္အငွားနဲ႔ ဓါးထိုးခံရင္း အေရးပါတဲ့အခန္းက႑မွ ပါဝင္လာခဲ့ ပါတယ္။ စစ္ပြဲဟာ အာဖဂန္နစၥတန္မွ ဆိုဗီယက္တိ့ု ဆုတ္ခြာျခင္းနဲ႔အတူ ျပည္တြင္းစစ္ ၿပီးဆုံးခဲ့ၿပီး ၂၀၀၁ ခုႏွစ္ အေမရိကန္ကမာၻ႔ကုန္သြယ္ေရးစင္တာ အေဆာက္အအုံကို တိုက္ခိုက္ခံရခ်ိန္အထိ ဆယ္စုႏွစ္တစ္ခုနီးပါး တာလီဘန္မ်ားက ဦးေဆာင္ေနရာ ယူထားႏိုင္ခဲ့ပါတယ္။
အဲဒီကာလ အိုစမာဘင္လာဒင္ရဲ႕အယ္လ္ကိုင္ဒါမ်ားကို တာလီဘန္တို႔က အာဖဂန္မွာ ခိုလႈံခြင့္ေပး ထားခ်ိန္ျဖစ္ပါ တယ္။ ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္မွာ အယ္လ္ကိုင္ဒါတို႔ဟာ အေမရိကန္ ေျမေပၚမွာ အႀကီးမားဆုံး တိုက္ခိုက္မႈကိုျပဳလုပ္ခဲ့တဲ့အတြက္ လူေပါင္း ၂,၉၉၆ ဦး ေသဆုံးခဲ့ရတယ္။ အေမရိကန္ဟာ အာဖဂန္နစၥတန္ ႏိုင္ငံအတြင္း အလုံးစုံ က်ဴးေက်ာ္ဝင္ေရာက္ခဲ့ၿပီး တစ္ဖန္ တာလီဘန္မ်ားကို ေခ်မႈန္းရာမွာ ပါကစၥတန္ဟာ အေမရိကန္ဦးေဆာင္တပ္မ်ား စစ္ဆင္ေရးရဲ႕ အခ်က္အခ်ာျဖစ္ေနခဲ့ပါတယ္။
အိႏၵိယ ဆန႔္က်င္ေရးအၾကမ္းဖက္သမားေတြကို သူ႔ရဲ႕ ေျမေပၚမွာ ေက်ာေထာက္ေနာက္ခံျပဳ၊ ေငြ ေၾကးေထာက္ပံ့ ေလ့က်င့္ေပးေနတဲ့ ပါကစၥတန္ဟာ ပါဟယ္လ္ဂမ္မွာ အရပ္သားေတြကို သတ္ခဲ့တဲ့တိုက္ခိုက္သူေတြကို ပံ့ပိုးေပးတယ္လို႔ ထပ္မံစြပ္စြဲျခင္း ခံရပါတယ္။ အိႏၵိယႏိုင္ငံရဲ႕အလိုအရွိဆုံး အၾကမ္းဖက္သမားတစ္ဦးျဖစ္သူ “ဟာဖက္ဇ္_ဆာအိဒ္” ဦးေဆာင္ “လက္ရွ္ခါ-အီး_တိုင္ဘာ” နဲ႔ ဆက္ႏြယ္ေနတဲ့ “ခုခံေရးတပ္ဦး” (TRF) က တိုက္ခိုက္မႈဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ ေျပာပါတယ္။
ယခုတိုက္ခိုက္မႈဟာ တားျမစ္ပိတ္ပင္ခံထားရတဲ့ လက္ရွ္ခါအီးတိုင္ဘာ (LeT) အၾကမ္းဖက္အဖြဲ႕ရဲ႕ဆက္စပ္ အမာခံအဖြဲ႕က က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တိုက္ခိုက္သူမ်ားအမ်ားစုဟာ ႏိုင္ငံျခားသား အၾကမ္းဖက္သမားမ်ား ျဖစ္ၾကၿပီး ေဒသခံေတာ္လွန္ေရးသမားမ်ားနဲ႔ ေျမေပၚေထာက္ပို႔မ်ားကလည္း ကူညီေပးခဲ့ၾကေၾကာင္း၊ အဲ့ဒီအဖြဲ႕ကို ၂၀၀၈ ခုႏွစ္ မြန္ဘိုင္းတိုက္ခိုက္မႈ “26/11” ႀကိဳးကိုင္သူဟာ ဖက္ဇ္ဆာအိဒ္က ထိန္းခ်ဳပ္ထားတယ္လို႔ သတင္းရင္း ျမစ္မ်ားအရ သိရွိရပါတယ္။
အဆိုပါအဖြဲ႕ဟာ ကက္ရွ္မီးယားမွာ အခ်ိန္ၾကာျမင့္စြာ လႈပ္ရွားေနခဲ့ေၾကာင္း၊ နယ္ေျမ ၃ ခု အပါအဝင္ ေဒသအႏွံ႔ ထင္ရွားတဲ့ တိက္ခိုက္မႈအေတာ္မ်ားမ်ားဟာ သူတို႔လက္ခ်က္ျဖစ္တယ္လို႔ လုံၿခဳံေရးေအဂ်င္စီမ်ားက ယုံၾကည္ၾက ပါတယ္။
၂၀၂၄ ခုႏွစ္ ေအာက္တိုဘာလတုန္းက ဘိုသာပတ္သာရီနယ္ေျမ အၾကမ္းဖက္တိုက္ခိုက္ခံရမႈမွာ အိႏၵိယစစ္တပ္မွ တပ္ဖြဲ႕ဝင္ႏွစ္ဦးအပါအဝင္ လူေလးဦးတို႔ ေသဆုံးခဲ့ရပါတယ္။ အဲဒီလမွာပဲ ဆိုနာမာ့ဂ်္နယ္ေျမ ဥမင္လိုဏ္ေခါင္း ေဆာက္လုပ္ေရးမွာ အလုပ္သမားေျခာက္ဦးနဲ႔ ဆရာဝန္တစ္ဦးတို႔ ေသနတ္နဲ႔ပစ္သတ္ခံခဲ့ရပါတယ္။ ယခု ပါဟယ္လ္ဂမ္ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္မႈမွာ “ဟာရွင္_မူဆာ” ဟာ အဓိက တာဝန္ရွိသူလို႔ သံသယရွိပါ တယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.