ယူကရိန်းနဲ့ဆွေးနွေးပွဲတွေအတွက် ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေကို သမ္မတပူတင် ထပ်မံထုတ်ဖော်ပြောဆို

215

Pika (NP News) - ဧပြီ ၂၈
ရုရှားသမ္မတပူတင်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်နဲ့တွေ့ဆုံစဉ်အချိန် အတွင်း ယူကရိန်းနဲ့ ကြိုတင်သတ်မှတ်ထားတာမျိုုးမရှိတဲ့ ဆွေးနွေးပွဲတွေအတွက် ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေကို ထပ်မံအတည်ပြုပြောကြားခဲ့တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါ တယ်။
ပူတင်နဲ့ စတိဗ်ဝစ်အော့ဖ်တို့ဟာ ကရင်မလင်နန်းတော်မှာ တွေ့ဆုံစဉ်အချိန်အတွင်း အဲဒီအကြောင်းအရာတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က “စတိဗ်ဝစ်အော့ဖ်နဲ့တွေ့ဆုံစဉ်အချိန်အတွင်း ပူတင်ဟာ ယူကရိန်းနဲ့ကြိုတင်သတ်မှတ်ထားတာမျိုးမရှိတဲ့ ဆွေးနွေးပွဲတွေကို ပြန်လည်စတင်ဖို့အတွက် ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေကို ထပ်လောင်းပြောကြားခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။
ဒါ့ပြင် ပူတင်ဟာ ဆွေးနွေးပွဲတွေအတွက် ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေကို အကြိမ်ကြိမ်ပြောကြားခဲ့တယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က ထပ်မံထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ (၂၀၂၂)ခုနှစ် အောက်တိုဘာလမှာ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ရုရှားသမ္မတပူတင်က သမ္မတအဖြစ် တာဝန်ယူနေစဉ်ကာလပတ်လုံး ဆွေးနွေးပွဲတွေအားလုံးကို တားမြစ်ပိတ်ပင်တဲ့ အမိန့်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Pika (NP News) - ဧပြီ ၂၈
ရုရှားသမ္မတပူတင်ဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန် စတိဗ်ဝစ်အော့ဖ်နဲ့တွေ့ဆုံစဉ်အချိန် အတွင်း ယူကရိန်းနဲ့ ကြိုတင်သတ်မှတ်ထားတာမျိုးမရှိတဲ့ ဆွေးနွေးပွဲတွေအတွက် ရုရှားရဲ့အဆင်သင့်ဖြစ်မှုတွေကို ထပ်မံအတည်ပြုပြောကြားခဲ့တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါ တယ်။