ငလျင်ကြောင့် ပျက်စီးခဲ့သော ‌ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အဆင့်အလိုက် ဆောင်ရွက်လျက်ရှိ

 145

စော (NP News) - ဧပြီ ၂၈

အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သော ‌ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအား အဆင့်အလိုက် စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ယနေ့ (ဧပြီ ၂၈ ရက်) တွင် အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါငလျင်ကြီးကြောင့် မန္တလေးမြို့၊ အင်းဝဒေသ၊ ပင်းယဒေသ၊ ပလိပ်ဒေသ၊ ကျောက်ဆည်-မက္ခရာဒေသ၊ အမရပူရဒေသနှင့် စစ်ကိုင်း၊မင်းကွန်ဒေသများရှိ ရှေးဟောင်းအဆောက်အအုံများစွာ ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံများအား ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ လုပ်ငန်းများကိုအဆင့်အလိုက် စနစ်တကျဆောင်ရွက် လျက်ရှိကြောင်း ‌ထုတ်ပြန်ထားသည်။
အဆိုပါရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် များချမှတ်ပြီး လတ်တလော ပျက်စီးမှုစာရင်းကောက်ယူခြင်း၊ ဓာတ်ပုံ နှင့် ဗွီဒီယိုမှတ်တမ်းများရိုက်ကူးခြင်း၊ အတွင်းနံရံဆေးရေးပန်းချီများ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ အရေးပေါ်ထိန်းသိမ်းရန်လိုအပ်ပါက ထိန်းသိမ်းခြင်း၊ သန့်ရှင်ရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ခန့်မှန်းခြေစာရင်းနှင့်အစီရင်ခံစာရေးသားခြင်း၊ Conserve / Restore/ Rebuild ဆောင်ရွက်ခြင်း စသည့်တို့ကို သက်ဆိုင်ရာနယ်မြေများအလိုက်အဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ထို့ပြင် မတ်လ ၃ဝ ရက်က မန္တလေး နန်းမြိုးရိုးနှင့် မြို့ရိုးအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ ပ်က္စီးခဲ့ေသာ ‌ေရွးေဟာင္းအေဆာက္အအုံမ်ားကို ျပန္လည္ျပဳျပင္ထိန္းသိမ္းေရး အဆင့္အလိုက္ ေဆာင္႐ြက္လ်က္ရွိ
ေစာ (NP News) - ဧၿပီ ၂၈

အင္အားျပင္းမႏၲေလးငလ်င္ႀကီးေၾကာင့္ ပ်က္စီးခဲ့ေသာ ‌ေရွးေဟာင္းအေဆာက္အအုံမ်ားကို ျပန္လည္ျပဳျပင္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားအား အဆင့္အလိုက္ စနစ္တက်ေဆာင္႐ြက္လ်က္ရွိေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ယေန႔ (ဧၿပီ ၂၈ ရက္) တြင္ အသိေပးေၾကညာထားျခင္းျဖစ္သည္။
အဆိုပါငလ်င္ႀကီးေၾကာင့္ မႏၲေလးၿမိဳ႕၊ အင္းဝေဒသ၊ ပင္းယေဒသ၊ ပလိပ္ေဒသ၊ ေက်ာက္ဆည္-မကၡရာေဒသ၊ အမရပူရေဒသႏွင့္ စစ္ကိုင္း၊မင္းကြန္ေဒသမ်ားရွိ ေရွးေဟာင္းအေဆာက္အအုံမ်ားစြာ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ထိခိုက္ပ်က္စီးခဲ့သည့္ ေရွးေဟာင္းအေဆာက္အအုံမ်ားအား ျပန္လည္ျပဳျပင္ထိန္းသိမ္းႏိုင္ရန္အတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ လုပ္ငန္းမ်ားကိုအဆင့္အလိုက္ စနစ္တက်ေဆာင္႐ြက္ လ်က္ရွိေၾကာင္း ‌ထုတ္ျပန္ထားသည္။
အဆိုပါေရွးေဟာင္းအေဆာက္အအုံမ်ား ျပဳျပင္ထိန္းသိမ္းႏိုင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရာတြင္ လုပ္ငန္းစဥ္ မ်ားခ်မွတ္ၿပီး လတ္တေလာ ပ်က္စီးမႈစာရင္းေကာက္ယူျခင္း၊ ဓာတ္ပုံ ႏွင့္ ဗြီဒီယိုမွတ္တမ္းမ်ား႐ိုက္ကူးျခင္း၊ အတြင္းနံရံေဆးေရးပန္းခ်ီမ်ား ထိခိုက္မႈ ရွိ/မရွိ စစ္ေဆးျခင္း၊ အေရးေပၚထိန္းသိမ္းရန္လိုအပ္ပါက ထိန္းသိမ္းျခင္း၊ သန႔္ရွင္ေရးလုပ္ငန္းေဆာင္႐ြက္ျခင္း၊ ခန႔္မွန္းေျခစာရင္းႏွင့္အစီရင္ခံစာေရးသားျခင္း၊ Conserve / Restore/ Rebuild ေဆာင္႐ြက္ျခင္း စသည့္တို႔ကို သက္ဆိုင္ရာနယ္ေျမမ်ားအလိုက္အဖြဲ႕မ်ား ဖြဲ႕စည္း ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း သိရသည္။
ထို႔ျပင္ မတ္လ ၃ဝ ရက္က မႏၲေလး နန္းၿမိဳး႐ိုးႏွင့္ ၿမိဳ႕႐ိုးအတြင္းရွိ ေရွးေဟာင္းအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးမႈ အေျခအေနမ်ားကို ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနက အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.