တင်းမာမှုတွေကို လျော့ပါးစေဖို့အတွက် လက်တွဲလုပ်ဆောင်ကြဖို့ အိန္ဒိယနဲ့ပါကစ္စတန်တို့ကို တရုတ်တိုက်တွန်း

203

Pika (NP News) - ဧပြီ ၂၉
ပြီးခဲ့တဲ့ရက်ပိုင်းက ကက်ရှ်မီးယားပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ဘက်မလိုက်တဲ့စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်ဆောင်ဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် နှစ်နိုင်ငံကြားဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို လျော့ပါးစေဖို့အတွက် လက်တွဲလုပ်ဆောင်ကြဖို့ အိန္ဒိယနဲ့ပါကစ္စတန်တို့ကို တရုတ်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားဖြစ်ပွားနေတဲ့ပဋိပက္ခဟာ အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့အကျိုးစီးပွားတွေကို အကျိုးပြုမှာမဟုတ်သလို ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို အကူအညီဖြစ်စေမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Mohammad Ishaq Dar နဲ့ ဖုန်းခေါ်ဆိုမှုလုပ်ဆောင်ချိန်အတွင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အကြမ်းဖက်မှုတွေကို တိုက်ဖျက်ဖို့ပါကစ္စတန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်ရဲ့ထောက်ခံမှုကို ဝမ်ယိက ထပ်လောင်းပြောကြားခဲ့ပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့က နိုင်ငံအာလုံးရဲ့ စုပေါင်းတာဝန်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ရာစုနှစ်တစ်ခုအတွင်း မွတ်ဆလင်အများစုနေထိုင်ရာ ကက်ရှ်မီးယားပြည်နယ်မှာ သေနတ်သမားတွေက အရပ်သားတွေအပေါ် အဆိုးရွားဆုံးတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်မှုတွေ ပေါ်ပေါက်လာခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် နှစ်နိုင်ငံစလုံးဟာ အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေကို လုပ်ဆောင်ခဲ့ကြပြီးနောက် ဝမ်ယိရဲ့တောင်းဆိုမှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
zawgyi version
တင္းမာမႈေတြကို ေလ်ာ့ပါးေစဖို႔အတြက္ လက္တြဲလုပ္ေဆာင္ၾကဖို႔ အိႏၵိယနဲ႔ပါကစၥတန္တို႔ကို တ႐ုတ္တိုက္တြန္း
Pika (NP News) - ဧၿပီ ၂၉
ၿပီးခဲ့တဲ့ရက္ပိုင္းက ကက္ရွ္မီးယားျပည္နယ္မွာျဖစ္ပြားခဲ့တဲ့ အၾကမ္းဖက္မႈနဲ႔ပတ္သက္ၿပီး ဘက္မလိုက္တဲ့စုံစမ္းစစ္ေဆးမႈတစ္ခုကို လုပ္ေဆာင္ဖို႔ တ႐ုတ္အစိုးရက ေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။
ဒါ့ျပင္ ႏွစ္ႏိုင္ငံၾကားျဖစ္ပြားေနတဲ့ တင္းမာမႈေတြကို ေလ်ာ့ပါးေစဖို႔အတြက္ လက္တြဲလုပ္ေဆာင္ၾကဖို႔ အိႏၵိယနဲ႔ပါကစၥတန္တို႔ကို တ႐ုတ္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ အိႏၵိယနဲ႔ပါကစၥတန္တို႔ၾကားျဖစ္ပြားေနတဲ့ပဋိပကၡဟာ အိႏၵိယနဲ႔ပါကစၥတန္တို႔ရဲ႕အက်ိဳးစီးပြားေတြကို အက်ိဳးျပဳမွာမဟုတ္သလို ေဒသတြင္းၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို အကူအညီျဖစ္ေစမွာ မဟုတ္ဘူးလို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိက ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး Mohammad Ishaq Dar နဲ႔ ဖုန္းေခၚဆိုမႈလုပ္ေဆာင္ခ်ိန္အတြင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ဖို႔ပါကစၥတန္ရဲ႕ႀကိဳးပမ္းအားထုတ္မႈေတြကို တ႐ုတ္ရဲ႕ေထာက္ခံမႈကို ဝမ္ယိက ထပ္ေလာင္းေျပာၾကားခဲ့ၿပီး အဲဒီျပႆနာကိုေျဖရွင္းဖို႔က ႏိုင္ငံအာလုံးရဲ႕ စုေပါင္းတာဝန္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ရာစုႏွစ္တစ္ခုအတြင္း မြတ္ဆလင္အမ်ားစုေနထိုင္ရာ ကက္ရွ္မီးယားျပည္နယ္မွာ ေသနတ္သမားေတြက အရပ္သားေတြအေပၚ အဆိုး႐ြားဆုံးတိုက္ခိုက္မႈကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ပါကစၥတန္တပ္ဖြဲ႕တို႔ၾကား အျပန္အလွန္ပစ္ခတ္မႈေတြ ေပၚေပါက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႏွစ္ႏိုင္ငံစလုံးဟာ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အျပန္အလွန္ျပစ္တင္ေဝဖန္မႈေတြကို လုပ္ေဆာင္ခဲ့ၾကၿပီးေနာက္ ဝမ္ယိရဲ႕ေတာင္းဆိုမႈေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။