အပစ်အခတ်ရပ်စဲရေးအတွက် ယူကရိန်းဘက်က တုံ့ပြန်မှုတွေကို စောင့်ဆိုင်းနေတယ်လို့ ရုရှားအစိုးရပြော

146

Pika (NP News) - ဧပြီ ၃ဝ
တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစတင်ဖို့ ရုရှားသမ္မတပူတင်ရဲ့ကမ်းလှမ်းချက်တွေကို ယူကရိန်းဘက်က တုံ့ပြန်တာမျိုးမရှိဘူးလို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် လာမယ့်လအတွက် ထုတ်ပြန်ကြေညာခဲ့တဲ့ သုံးရက်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ယူကရိန်းက ပါဝင်မှာလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့ ရုရှားအစိုးရကပြောကြားခဲ့ပါတယ်။ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က "ကြိုတင်သတ်မှတ်ထားတာမျိုးတွေမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စတင်ဖို့ ရုရှားဘက်က အဆင်သင့်ဖြစ်နေပြီဆိုတာကို ပူတင်ကအကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီကမ်းလှမ်းချက်တွေကို ယူကရိန်းဘက်က တုံ့ပြန်တာမျိုးကို ကျွန်တော်တို့လုံးဝမကြားရသေးပါဘူး"လို့ ပြောဆိုခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီကို အောင်နိုင်မှု နှစ်(၈၀)ပြည့်အထိမ်းအမှတ်အဖြစ် လာမယ့်မေလ(၈)ရက်ကနေ (၁၀)ရက်အထိ သုံးရက်ကြာအပစ်အခတ်ရပ်စဲရေးကို ပူတင်က ဧပြီလ(၂၈)ရက်မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းက သုံးရက်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်ဖို့ ရည်ရွယ်ထားတာမျိုး ရှိ/မရှိဆိုတာကို နားလည်ဖို့က ခက်ခဲတယ်လို့ ဒီမစ်ထရီပက်စကော့ဗ်က ပြောကြားခဲ့ပါတယ်။
zawgyi version
အပစ္အခတ္ရပ္စဲေရးအတြက္ ယူကရိန္းဘက္က တုံ႔ျပန္မႈေတြကို ေစာင့္ဆိုင္းေနတယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ဧၿပီ ၃ဝ
တိုက္႐ိုက္ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြစတင္ဖို႔ ႐ုရွားသမၼတပူတင္ရဲ႕ကမ္းလွမ္းခ်က္ေတြကို ယူကရိန္းဘက္က တုံ႔ျပန္တာမ်ိဳးမရွိဘူးလို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ လာမယ့္လအတြက္ ထုတ္ျပန္ေၾကညာခဲ့တဲ့ သုံးရက္ၾကာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မွာ ယူကရိန္းက ပါဝင္မွာလားဆိုတာကိုလည္း ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔ ႐ုရွားအစိုးရကေျပာၾကားခဲ့ပါတယ္။ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က "ႀကိဳတင္သတ္မွတ္ထားတာမ်ိဳးေတြမရွိဘဲ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြကို စတင္ဖို႔ ႐ုရွားဘက္က အဆင္သင့္ျဖစ္ေနၿပီဆိုတာကို ပူတင္ကအႀကိမ္ႀကိမ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမဲ့လည္း အဲဒီကမ္းလွမ္းခ်က္ေတြကို ယူကရိန္းဘက္က တုံ႔ျပန္တာမ်ိဳးကို ကြၽန္ေတာ္တို႔လုံးဝမၾကားရေသးပါဘူး"လို႔ ေျပာဆိုခဲ့ပါတယ္။
ဒုတိယကမာၻစစ္အတြင္း နာဇီဂ်ာမနီကို ေအာင္ႏိုင္မႈ ႏွစ္(၈၀)ျပည့္အထိမ္းအမွတ္အျဖစ္ လာမယ့္ေမလ(၈)ရက္ကေန (၁၀)ရက္အထိ သုံးရက္ၾကာအပစ္အခတ္ရပ္စဲေရးကို ပူတင္က ဧၿပီလ(၂၈)ရက္မွာ ထုတ္ျပန္ေၾကညာခဲ့တယ္လို႔သိရပါတယ္။ ဒါေပမဲ့လည္း ယူကရိန္းက သုံးရက္ၾကာအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္မွာ ပါဝင္ဖို႔ ရည္႐ြယ္ထားတာမ်ိဳး ရွိ/မရွိဆိုတာကို နားလည္ဖို႔က ခက္ခဲတယ္လို႔ ဒီမစ္ထရီပက္စေကာ့ဗ္က ေျပာၾကားခဲ့ပါတယ္။