ငလျင်ကြောင့် အထိနာခဲ့သော်လည်း ပိုမိုကောင်းမွန်သည့်နိုင်ငံရေးအခြေအနေရရှိရန် ရွေးကောက်ပွဲကို မူလအတိုင်းကျင်းပသင့်ဟုဆို

 524

Pearl

မန္တလေးငလျင်ကြီးကြောင့် ပြည်သူများအထိနာခဲ့သော်လည်း ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခြေအနေရရှိရန် ရွေးကောက်ပွဲကို မူလအတိုင်း ကျင်းပသင့်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူ ဦးအေးလွင်က ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးဆီသို့စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

“အခုမြေငလျင်ကိစ္စဖြစ်လိုက်တဲ့ဟာက အခြေအနေကတော့ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ရေး ကိစ္စမှာ ပြည်သူက အထိနာထားတယ်ဆိုတော့ အများကြီး အကျိုးသက်ရောက်မှုရှိတယ်။ သို့သော်လည်း အနာက အနာပဲ။ ဒါပေမယ့် ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့ ဘဝမြင့်မားရေး ကိစ္စတို့ ဘဝအခြေအနေ မြှင့်တင်ရေး ကိစ္စတို့အတွက် လုပ်ကို လုပ်ရမှာ။ အနာကို ကုနေရင်းနဲ့ပဲ လုပ်ကို လုပ်ရမှာ။ ဒီလိုပဲ မြင်ပါတယ်” ဟု ဦး‌အေးလွင်က ပြောသည်။

ပြည်သူများအထိနာထားသည့်အတွက် လာမည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ကျင်းပပေးမည့် လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲကို ထိခိုက်မှုနှင့် အကျိုးသက်ရောက်မှုများရှိသော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်း၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကာ ရွေးကောက်ပွဲကိုလည်း မူလအစီအစဉ်အတိုင်း ပြန်လည်ကျင်းပသင့်ကြောင်းလည်း ထည့်သွင်းပြောကြားထားသည်။

“ငလျင်ကြောင့် ရွေးကောက်ပွဲကို ထိခိုက်မှု ရှိပါတယ်။ အကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။ သို့သော်လည်းပဲ ဖြစ်မြောက်အောင် ကူတဲ့ ကယ်တဲ့ လူတွေကလည်း ကူတဲ့ကယ်တဲ့အလုပ်ဆက်လုပ်၊ အကူကယ် ခံတဲ့လူတွေကလည်း အကူကယ်ခံတဲ့ လုပ်တဲ့အလုပ်ကိုဆက်လုပ်၊ လုပ်သော်လည်း ဒီရွေးကောက်ပွဲကနေ ဆက်ပြီးတော့ ပိုမိုကောင်းမွန်တဲ့ နိုင်ငံရေးအခြေအနေမျိုးကို ဆုပ်ကိုင်နိုင်ဖို့သွားတဲ့ ကိစ္စမှာ အားလုံးက ဖေးဖေးမမလက်တွဲခေါ်ပြီးတော့ အတူလျှောက်လှမ်းရမယ့် ကိစ္စလို့ ပြောချင်ပါတယ်” ဟု ဦးအေးလွင်က ဆက်လက်ပြောသည်။

Zawgyi Version:
ငလ်င္ေၾကာင့္ အထိနာခဲ့ေသာ္လည္း ပိုမိုေကာင္းမြန္သည့္ႏိုင္ငံေရးအေျခအေနရရွိရန္ ေ႐ြးေကာက္ပြဲကို မူလအတိုင္းက်င္းပသင့္ဟုဆို

Pearl

မႏၲေလးငလ်င္ႀကီးေၾကာင့္ ျပည္သူမ်ားအထိနာခဲ့ေသာ္လည္း ပိုမိုေကာင္းမြန္သည့္ ႏိုင္ငံေရးအေျခအေနရရွိရန္ ေ႐ြးေကာက္ပြဲကို မူလအတိုင္း က်င္းပသင့္ေၾကာင္း ျပည္ေထာင္စုျမန္မာႏိုင္ငံအမ်ိဳးသား ႏိုင္ငံေရးအဖြဲ႕ခ်ဳပ္ပါတီမွ တာဝန္ရွိသူ ဦးေအးလြင္က ယာယီပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးမွ ထာဝရၿငိမ္းခ်မ္းေရးဆီသို႔စကားဝိုင္းေဆြးေႏြးပြဲတြင္ ေျပာသည္။

“အခုေျမငလ်င္ကိစၥျဖစ္လိုက္တဲ့ဟာက အေျခအေနကေတာ့ လြတ္လပ္ၿပီးေတာ့ တရားမွ်တတဲ့ေ႐ြးေကာက္ပြဲ ျဖစ္ေရး ကိစၥမွာ ျပည္သူက အထိနာထားတယ္ဆိုေတာ့ အမ်ားႀကီး အက်ိဳးသက္ေရာက္မႈရွိတယ္။ သို႔ေသာ္လည္း အနာက အနာပဲ။ ဒါေပမယ့္ ကိုယ့္ဘဝနဲ႔ ပတ္သက္တဲ့ ဘဝျမင့္မားေရး ကိစၥတို႔ ဘဝအေျခအေန ျမႇင့္တင္ေရး ကိစၥတို႔အတြက္ လုပ္ကို လုပ္ရမွာ။ အနာကို ကုေနရင္းနဲ႔ပဲ လုပ္ကို လုပ္ရမွာ။ ဒီလိုပဲ ျမင္ပါတယ္” ဟု ဦး‌ေအးလြင္က ေျပာသည္။

ျပည္သူမ်ားအထိနာထားသည့္အတြက္ လာမည့္ ဒီဇင္ဘာလႏွင့္ ဇန္နဝါရီလတို႔တြင္ က်င္းပေပးမည့္ လြတ္လပ္၍ တရားမွ်တသည့္ေ႐ြးေကာက္ပြဲကို ထိခိုက္မႈႏွင့္ အက်ိဳးသက္ေရာက္မႈမ်ားရွိေသာ္လည္း ကူညီကယ္ဆယ္ေရးလုပ္ငန္း၊ ျပန္လည္ ထူေထာင္ေရး လုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္ကာ ေ႐ြးေကာက္ပြဲကိုလည္း မူလအစီအစဥ္အတိုင္း ျပန္လည္က်င္းပသင့္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားထားသည္။

“ငလ်င္ေၾကာင့္ ေ႐ြးေကာက္ပြဲကို ထိခိုက္မႈ ရွိပါတယ္။ အက်ိဳးသက္ေရာက္မႈေတြလည္း ရွိပါတယ္။ သို႔ေသာ္လည္းပဲ ျဖစ္ေျမာက္ေအာင္ ကူတဲ့ ကယ္တဲ့ လူေတြကလည္း ကူတဲ့ကယ္တဲ့အလုပ္ဆက္လုပ္၊ အကူကယ္ ခံတဲ့လူေတြကလည္း အကူကယ္ခံတဲ့ လုပ္တဲ့အလုပ္ကိုဆက္လုပ္၊ လုပ္ေသာ္လည္း ဒီေ႐ြးေကာက္ပြဲကေန ဆက္ၿပီးေတာ့ ပိုမိုေကာင္းမြန္တဲ့ ႏိုင္ငံေရးအေျခအေနမ်ိဳးကို ဆုပ္ကိုင္ႏိုင္ဖို႔သြားတဲ့ ကိစၥမွာ အားလုံးက ေဖးေဖးမမလက္တြဲေခၚၿပီးေတာ့ အတူေလွ်ာက္လွမ္းရမယ့္ ကိစၥလို႔ ေျပာခ်င္ပါတယ္” ဟု ဦးေအးလြင္က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.