တပ်မတော် နှင့် TNLA တွေ့ဆုံဆွေးနွေးမှု မအောင်မြင်သည့်နောက် ဩဂုတ်လတွင် ထပ်မံတွေ့ဆုံမည်

1843

Pearl (NP News) - မေ ၂
တပ်မတော် နှင့် TNLA တွေ့ဆုံဆွေးနွေးမှု မအောင်မြင်သည့်နောက် နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံမည်ဖြစ်ကြောင်း PSLF/ TNLA ၏ ယနေ့ (မေလ ၂ရက် ) ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ဆွေးနွေးရာတွင် တပ်မတော်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နှင့် TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားဦးဆောင်သည့် ကိုယ်စားလှယ်တို့သည် တရုတ်နိုင်ငံ၏ကြားဝင်စီစဉ်မှုဖြင့် ဧပြီလ (၂၈)နှင့် (၂၉)ရက်တွင် အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် တရုတ်ပြည်၊ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နစကမှ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့်ဩဂုတ်လတွင် ထပ်မံတွေ့ဆုံရန် သဘောတူခဲ့ကြောင်း သိရသည်။
တပ်မတော်လုံခြုံရေးအဖွဲ့က ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရပ်တန့်ရန်၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြန်လည်ဖွင့်လှစ်နိုင်ရန်၊ ဒေသတည်ငြိမ်အေးချမ်းရန်နှင့် MNDAA ကဲ့သို့ တဆင့်တိုးအပစ်ခတ်ရပ်စဲရေးပြုလုပ်နိုင်ရန်အတွက် တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းမှ ကမကထပြုအလေးထားကြိုးပမ်းပြီး နှစ်ဖက်တွေ့ဆုံမှုများ အလျင်အမြန်တိုးတက်လာစေရန် ဆောင်ရွက်ခဲ့ကြောင်း လည်း သိရသည်။
ထိုကဲ့သို့ TNLA က သတင်းထုတ်ပြန်ထားသော်လည်း အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ နစကမှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းများမရှိသေးပေ။

Zawgyi Version:
တပ္မေတာ္ ႏွင့္ TNLA ေတြ႕ဆုံေဆြးေႏြးမႈ မေအာင္ျမင္သည့္ေနာက္ ဩဂုတ္လတြင္ ထပ္မံေတြ႕ဆုံမည္
Pearl (NP News) - ေမ ၂
တပ္မေတာ္ ႏွင့္ TNLA ေတြ႕ဆုံေဆြးေႏြးမႈ မေအာင္ျမင္သည့္ေနာက္ ႏွစ္ဖက္အပစ္အခတ္ရပ္စဲႏိုင္ရန္ လာမည့္ဩဂုတ္လတြင္ ထပ္မံေတြ႕ဆုံမည္ျဖစ္ေၾကာင္း PSLF/ TNLA ၏ ယေန႔ (ေမလ ၂ရက္ ) ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ေဆြးေႏြးရာတြင္ တပ္မေတာ္ဘက္မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးကိုကိုဦး ဦးေဆာင္သည့္ကိုယ္စားလွယ္အဖြဲ႕ႏွင့္ TNLA မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တားဂ်ဳတ္ဂ်ားဦးေဆာင္သည့္ ကိုယ္စားလွယ္တို႔သည္ တ႐ုတ္ႏိုင္ငံ၏ၾကားဝင္စီစဥ္မႈျဖင့္ ဧၿပီလ (၂၈)ႏွင့္ (၂၉)ရက္တြင္ အပစ္အခတ္ရပ္စဲႏိုင္ရန္အတြက္ တ႐ုတ္ျပည္၊ ကူမင္းၿမိဳ႕၌ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
နစကမွ ေတာင္းဆိုခ်က္ကို TNLA ကိုယ္စားလွယ္မ်ားက သေဘာမတူႏိုင္သျဖင့္ ႏွစ္ဖက္အျပန္အလွန္ေဆြးေႏြးမႈ ထပ္ဆင့္မတိုးႏိုင္ေသးဘဲ ႏွစ္ဖက္အပစ္အခတ္ရပ္စဲႏိုင္ရန္အတြက္ လာမည့္ဩဂုတ္လတြင္ ထပ္မံေတြ႕ဆုံရန္ သေဘာတူခဲ့ေၾကာင္း သိရသည္။
တပ္မေတာ္လုံၿခဳံေရးအဖြဲ႕က ထိုးစစ္ဆင္ ပစ္ခတ္တိုက္ခိုက္မႈမ်ားအားလုံးရပ္တန္႔ရန္၊ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းျပန္လည္ဖြင့္လွစ္ႏိုင္ရန္၊ ေဒသတည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ MNDAA ကဲ့သို႔ တဆင့္တိုးအပစ္ခတ္ရပ္စဲေရးျပဳလုပ္ႏိုင္ရန္အတြက္ တ႐ုတ္ႏိုင္ငံအထူးကိုယ္စားလွယ္ မစၥတာတိန္႔ရွီကြၽင္းမွ ကမကထျပဳအေလးထားႀကိဳးပမ္းၿပီး ႏွစ္ဖက္ေတြ႕ဆုံမႈမ်ား အလ်င္အျမန္တိုးတက္လာေစရန္ ေဆာင္႐ြက္ခဲ့ေၾကာင္း လည္း သိရသည္။
ထိုကဲ့သို႔ TNLA က သတင္းထုတ္ျပန္ထားေသာ္လည္း အဆိုပါေဆြးေႏြးပြဲႏွင့္ ပတ္သက္၍ လက္ရွိအခ်ိန္ထိ နစကမွ တစ္စုံတစ္ရာ ထုတ္ျပန္ျခင္းမ်ားမရွိေသးေပ။