အမေရိကန်က ပင်လယ်နီမှာ လေယာဉ်တင်သင်္ဘော ဖြန့်ကျက်ချထားမှုကို သက်တမ်းတိုး

 120

Pika (NP News) - မေ ၄

အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်ဟာ ပင်လယ်နီမှာ အမေရိကန်လေယာဉ်တင် သင်္ဘော USS Harry S. Truman ဖြန့်ကျက်ချထားမှုကို သက်တမ်းတိုးခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
အဲဒီသက်တမ်းတိုးမှုနဲ့အတူ အမေရိကန်လေယာဉ်တင်သင်္ဘောနှစ်စီးဟာ အရှေ့အလယ်ပိုင်းဒေသမှာ အနည်းဆုံး သီတင်းပတ်(၁)ပတ်ကျော်လောက် ဆက်ရှိနေမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အခြားလေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့ကို လေယာဉ်တင်သင်္ဘော USS Carl Vinson က ဦးဆောင်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ USS Carl Vinson ဟာ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်က လုပ်ဆောင်နေတဲ့စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေနဲ့ ပြီးခဲ့တဲ့လက အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTOM) ဆီကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပင်လယ်နီအတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေအပေါ် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးဖို့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် အမေရိကန်ရဲ့လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုစစ်ဆင်ရေးတွေမှာ ဗြိတိန်နိုင်ငံက ပူးပေါင်းပါဝင်လာခဲ့ပြီဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ သတင်းတွေအရ သိရပါတယ်။

Zawgyi Version:
အေမရိကန္က ပင္လယ္နီမွာ ေလယာဥ္တင္သေဘၤာ ျဖန႔္က်က္ခ်ထားမႈကို သက္တမ္းတိုး
Pika (NP News) - ေမ ၄

အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္အႀကီးအကဲ ပီတီဟတ္ဆတ္ဟာ ပင္လယ္နီမွာ အေမရိကန္ေလယာဥ္တင္ သေဘၤာ USS Harry S. Truman ျဖန႔္က်က္ခ်ထားမႈကို သက္တမ္းတိုးခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရး အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
အဲဒီသက္တမ္းတိုးမႈနဲ႔အတူ အေမရိကန္ေလယာဥ္တင္သေဘၤာႏွစ္စီးဟာ အေရွ႕အလယ္ပိုင္းေဒသမွာ အနည္းဆုံး သီတင္းပတ္(၁)ပတ္ေက်ာ္ေလာက္ ဆက္ရွိေနမွာျဖစ္တယ္လို႔လည္း သိရပါတယ္။ အျခားေလယာဥ္တင္သေဘၤာ တိုက္ခိုက္ေရးအဖြဲ႕ကို ေလယာဥ္တင္သေဘၤာ USS Carl Vinson က ဦးေဆာင္ေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။ USS Carl Vinson ဟာ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ အေမရိကန္က လုပ္ေဆာင္ေနတဲ့စစ္ဆင္ေရးတစ္စိတ္တစ္ပိုင္းအေနနဲ႔ ၿပီးခဲ့တဲ့လက အေမရိကန္ ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ (CENTOM) ဆီကို ေရာက္ရွိလာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ပင္လယ္နီအတြင္း သြားလာေနတဲ့ ကုန္တင္သေဘၤာေတြအေပၚ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕တိုက္ခိုက္မႈေတြကို တားဆီးဖို႔ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕အေပၚ အေမရိကန္ရဲ႕ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္မႈစစ္ဆင္ေရးေတြမွာ ၿဗိတိန္ႏိုင္ငံက ပူးေပါင္းပါဝင္လာခဲ့ၿပီျဖစ္တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ခဲ့တဲ့ သတင္းေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.