ရုရှားနဲ့ယူကရိန်းကြား တိုက်ရိုက်ဆွေးနွေးမှုတွေကို အမေရိကန် တောင်းဆို

220

Pika (NP News) - မေ ၄
အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ယူကရိန်းကြား ကြားဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တမ်မီဘရုစ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးဟာ ၎င်းတို့ကိုယ်ပိုင်ဖြေရှင်းချက်တွေကို အဆိုပြုပြီး တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ အချိန်တန်ပြီလို့ တမ်မီဘရုစ်က ပြောကြားခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းတို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်နိုင်စွမ်းမရှိဘူးလို့ ယုံကြည်မှုတွေရှိလာခဲ့မယ်ဆိုရင် အမေရိကန်ဟာ ယူကရိန်းပဋိပက္ခအတွက် ငြိမ်းချမ်းတဲ့ဖြေရှင်းချက်တွေကိုရှာဖွေဖို့ ကြိုးပမ်းမှုတွေကို စွန့်လွှတ်သွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက်
ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ကြိုတင်သတ်မှတ်ထားတာမျိုးတွေမရှိဘဲ ယူကရိန်းနဲ့တိုက်ရိုက်ဆွေးနွေးမှုတွေ စတင်ဖို့ ရုရှားဘက်က အဆင်သင့်ရှိတယ်လို့ အစောပိုင်းမှာ ရုရှားဘက်က အချက်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း ရုရှားဘက်က အချက်ပြမှုတွေကို ယူကရိန်းဘက်က တုံ့ပြန်တာမျိုးတွေမရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ တမ်မီဘရုစ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
၎င်းက "ကျွန်မတို့ဟာ ရုရှားနဲ့ယူကရိန်းကြား ကြားဝင်စေ့စပ်ပေးတဲ့နိုင်ငံအဖြစ် ဆက်လက်လုပ်ဆောင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကတိဝတ်တွေအတိုင်း ကျွန်မတို့တတ်နိုင်သမျှကို ဆက်လက်လုပ်ဆောင်ပြီး ကူညီပေးသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား တိုက္႐ိုက္ေဆြးေႏြးမႈေတြကို အေမရိကန္ ေတာင္းဆို
Pika (NP News) - ေမ ၄
အေမရိကန္ႏိုင္ငံဟာ ႐ုရွားနဲ႔ယူကရိန္းၾကား ၾကားဝင္ေစ့စပ္ေပးတဲ့ႏိုင္ငံအျဖစ္ ဆက္လက္လုပ္ေဆာင္ေတာ့မွာ မဟုတ္ဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ တမ္မီဘ႐ုစ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ႐ုရွားနဲ႔ ယူကရိန္းႏွစ္ႏိုင္ငံစလုံးဟာ ၎တို႔ကိုယ္ပိုင္ေျဖရွင္းခ်က္ေတြကို အဆိုျပဳၿပီး တိုက္႐ိုက္ေဆြးေႏြးမႈေတြ လုပ္ေဆာင္ဖို႔ အခ်ိန္တန္ၿပီလို႔ တမ္မီဘ႐ုစ္က ေျပာၾကားခဲ့ပါတယ္။ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေစ့စပ္ညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ႏိုင္စြမ္းမရွိဘူးလို႔ ယုံၾကည္မႈေတြရွိလာခဲ့မယ္ဆိုရင္ အေမရိကန္ဟာ ယူကရိန္းပဋိပကၡအတြက္ ၿငိမ္းခ်မ္းတဲ့ေျဖရွင္းခ်က္ေတြကိုရွာေဖြဖို႔ ႀကိဳးပမ္းမႈေတြကို စြန႔္လႊတ္သြားႏိုင္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္
ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ႀကိဳတင္သတ္မွတ္ထားတာမ်ိဳးေတြမရွိဘဲ ယူကရိန္းနဲ႔တိုက္႐ိုက္ေဆြးေႏြးမႈေတြ စတင္ဖို႔ ႐ုရွားဘက္က အဆင္သင့္ရွိတယ္လို႔ အေစာပိုင္းမွာ ႐ုရွားဘက္က အခ်က္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားဘက္က အခ်က္ျပမႈေတြကို ယူကရိန္းဘက္က တုံ႔ျပန္တာမ်ိဳးေတြမရွိခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ တမ္မီဘ႐ုစ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
၎က "ကြၽန္မတို႔ဟာ ႐ုရွားနဲ႔ယူကရိန္းၾကား ၾကားဝင္ေစ့စပ္ေပးတဲ့ႏိုင္ငံအျဖစ္ ဆက္လက္လုပ္ေဆာင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ကတိဝတ္ေတြအတိုင္း ကြၽန္မတို႔တတ္ႏိုင္သမွ်ကို ဆက္လက္လုပ္ေဆာင္ၿပီး ကူညီေပးသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။