ထိုင်းနိုင်ငံတောင်ပိုင်းမှာ သေနတ်သမားတစ်ဦးက လူ(၃)ဦးကို သေနတ်နဲ့ပစ်သတ်

 399

Pika (NP News) - မေ ၄

ခွဲထွက်ရေးသမားတွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ သေနတ်သမားတစ်ဦးက ကလေးငယ်တစ်ဦး အပါအဝင် လူ(၃)ဦးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သံသယရှိသူကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးမှု တွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
သေနတ်သမားဟာ မေလ(၂)ရက်နေ့နှောင်းပိုင်းက မွတ်ဆလင်အများစုနေထိုင်ရာ ပြည်နယ်သုံးခုထဲက တစ်ခုဖြစ် တဲ့ Narathiwat ပြည်နယ် Tak Bai ခရိုင်က လူနေရပ်ကွက်တစ်ခုအတွင်းမှာ ယခုလိုအကြမ်းဖက်သတ်ဖြတ်မှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီဖြစ်ရပ်အတွင်း အသက်(၉)နှစ်အရွယ် ကလေးမတစ်ဦး၊ အသက်(၇၅)နှစ်အရွယ် အမျိုးသားတစ်ဦးတို့အပါအဝင် လူ(၃)ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါ တယ်။
ရဲအရာရှိ Watthana Thurarat က “တစ်ဦးက အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ အခြားနှစ်ဦးကတော့ ရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲ ဆေးရုံတင်ထားတဲ့အချိန်အတွင်း သေဆုံးသွားခဲ့ပါတယ်“ လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် သံသယရှိသူဟာ အကြမ်းဖက်သူပုန်အဖွဲ့နဲ့ဆက်နွယ်နေတယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ေသနတ္သမားတစ္ဦးက လူ(၃)ဦးကို ေသနတ္နဲ႔ပစ္သတ္
Pika (NP News) - ေမ ၄

ခြဲထြက္ေရးသမားေတြရဲ႕အၾကမ္းဖက္တိုက္ခိုက္မႈေတြ မၾကာခဏျဖစ္ပြားေလ့ရွိတဲ့ ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ ေသနတ္သမားတစ္ဦးက ကေလးငယ္တစ္ဦး အပါအဝင္ လူ(၃)ဦးကို ေသနတ္နဲ႔ပစ္သတ္မႈျဖစ္ပြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သံသယရွိသူကို အာဏာပိုင္ေတြက လိုက္လံဖမ္းဆီးမႈ ေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေသနတ္သမားဟာ ေမလ(၂)ရက္ေန႔ေႏွာင္းပိုင္းက မြတ္ဆလင္အမ်ားစုေနထိုင္ရာ ျပည္နယ္သုံးခုထဲက တစ္ခုျဖစ္ တဲ့ Narathiwat ျပည္နယ္ Tak Bai ခ႐ိုင္က လူေနရပ္ကြက္တစ္ခုအတြင္းမွာ ယခုလိုအၾကမ္းဖက္သတ္ျဖတ္မႈကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီျဖစ္ရပ္အတြင္း အသက္(၉)ႏွစ္အ႐ြယ္ ကေလးမတစ္ဦး၊ အသက္(၇၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးတို႔အပါအဝင္ လူ(၃)ဦးေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါ တယ္။
ရဲအရာရွိ Watthana Thurarat က “တစ္ဦးက အခင္းျဖစ္ပြားရာေနရာမွာပဲ ေသဆုံးသြားခဲ့ပါတယ္။ အျခားႏွစ္ဦးကေတာ့ ရရွိခဲ့တဲ့ဒဏ္ရာေတြနဲ႔ပဲ ေဆး႐ုံတင္ထားတဲ့အခ်ိန္အတြင္း ေသဆုံးသြားခဲ့ပါတယ္“ လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ သံသယရွိသူဟာ အၾကမ္းဖက္သူပုန္အဖြဲ႕နဲ႔ဆက္ႏြယ္ေနတယ္လို႔ ရဲတပ္ဖြဲ႕က ယုံၾကည္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.