အစ္စရေးခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်မည့် ပါလက်စတိုင်းအမှုကိစ္စ တရားစွဲအရာရှိချုပ်က ဟောင်ဖွာဟောင်ဖွာ မလုပ်ရန် ICC တရားသူကြီးများက အမိန့်ပေး

 70

Htay Oung (NP News) – မေ ၄

နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့တရားစွဲအရာရှိများအနေဲ့ တရားရုံးရဲ့ပါလက်စတိုင်းဆိုင်ရာအမှုကို လျှို့ဝှက်ထားရမယ် လို့ ICC တရားသူကြီးများက အမိန့်ပေးခဲ့ကြောင်း၊ ဖမ်းဝရမ်းထုတ်ပေးရန် အသစ်လျှောက်ထားမှုများကိုလည်း လူသိရှင်ကြား ပြောဆိုခြင်းမပြုရန် တားမြစ်လိုက်တယ်သိရှိရကြောင်း ဂါးဒီးယန်းက ၂ဝ၂၅ ခုနှစ် ဧပြီလ ၂၈ ရက် မှာ ရေးခဲ့ပါတယ်။
ICC တရားသူကြီးများရဲ့ ဧပြီလ ထုတ်ပြန်ခဲ့တဲ့ဌာနအတွင်း လျှို့ဝှက်အဆင့် ညွှန်ကြားချက်အရ တရားစွဲအရာရှိချုပ် ကာရင်ခန်းအနေနဲ့ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုများ (သို့) သံသယရှိသူများကို ရှာဖွေရန် ရည်ရွယ်တယ်လို့ ခွင့်ပြုချက်မတိုင်မီ လူသိရှင်ကြားပြောဆိုနိုင်မှာ မဟုတ်ကြောင်း နားလည်ရပါတယ်။
သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေများအတွင်း စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ရာရောက် ရှိတဲ့ရာဇဝတ်မှုများနဲ့ပတ်သက်ပြီး အစ္စရေးသံသယရှိသူများကို စွဲဆိုရန် အချက်အလက်သစ်များ ထပ်မံပြင်ဆင် နေချိန်မှာ ခန်းကို ရည်ညွှန်းပြီး ယခုလို အမိန့်သစ်ထွက်ပေါ်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယိုအတ်ဂဲလင်တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီးပါပြီ။ ဟားမတ်စ်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ခဲ့ပေမယ့် သေဆုံးကြောင်း အတည်ပြုပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ခန်းကို တားမြစ်ကန့်သတ်လိုက်တဲ့ လတ်တလော အမိန့်ဟာ တရားစွဲအရာရှိနဲ့ ICC တရားသူကြီးများကြား အတော်လေးတင်းတင်းမာမာဖြစ်နေခိုက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ပါလက်စတိုင်း စုံစမ်းစစ်ဆေးမှုများနဲ့ အခြားအမှုများမှာ ဖမ်းဝရမ်းလျှောက်ထားရန် ဆုံးဖြတ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့တဲ့အတွက်၊ ဒီကိစ္စကို ရှေ့ဆက်ပြီး ကိုင်တွယ်အကာင်အထည်ဖော် ဆောင်ရွက်ရမယ့်သူများအတွက် အတော်ကြီးသတိထားရမယ့် ကိန်း ဆိုက်သွားပါတယ်။
မကြာသေးမီလများအတွင်း မြန်မာစစ်ခေါင်းဆောင်အတွက် ဖမ်းဝရမ်းထုတ်ရန် ခန်းက လျှောက်ထားခဲ့ပေမယ့် မရရှိသေးကြောင်း၊ တာလီဘန်ထိပ်တန်းခေါင်းဆောင်နဲ့ အာဖဂန်တရားရေးမှူးချုပ်တို့လည်း အလားတူဖြစ် ကြောင်း သိရှိရပါတယ်။ ဆူဒန်နိုင်ငံ အနောက်ဒါဖာဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို ကျူးလွန် ကြောင်း စွပ်စွဲခံရသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမယ်လို့ ကုလသမဂ္ဂ အစည်းအဝေးတစ်ခုမှာ ခန်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ခန်းက အမျိုးသမီးဝန်ထမ်းတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကြောင်း ဖေဖော်ဝါရီလမှာ သတင်း ထွက်ပေါ်ခဲ့တဲ့စွပ်စွဲချက်များ၊ ခန်းအပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမယ့် အလားအလာကို ရင်ဆိုင် နေရချိန်မှာ လူသိရှင်ကြားပြောဆိုမှုများ ထွက်ပေါ်လာခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲချက်ကို ခန်းက ငြင်းဆိုပြီး ဌာနေ ပြင်ပစုံစမ်းစစ်ဆေးရေးမှူးများက စစ်ဆေးနေတယ်လို့ ပြောပါတယ်။
လူပုံအလယ် ခန်းရဲ့ ဟောင်ဖွာ ဟောင်ဖွာ ထုတ်ဖော်ပြောဆိုမှုတွေဟာ ICC တရားသူကြီးများနဲ့ တရားစွဲအရာရှိများ ရုံးဝန်ထမ်းများကို စိတ်ပျက်စေခဲ့ကြောင်း၊ ခန်းရဲ့ပြောဆိုမှုတွေဟာ အစဉ်အလာ လုပ်ထုံးလုပ်နည်းများမှ လွဲချော် နေကြောင်း တရားသူကြီးများထံ တိုင်တန်းမှုများ ပြုလုပ်ခဲ့တယ်လို့ ဒီကိစ္စကို ကောင်းစွာသိရှိသူများက ပြောပြပါ တယ်။
လျှို့ဝှက်အမိန့်အရ ပါလက်စတိုင်းကိစ္စမှာ ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမယ့်အကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မပြုရန် တရားသူကြီးများက တားမြစ်လိုက်ကြောင်း၊ နောင် အလားတူ တောင်းဆိုမှုများကို လည်း ခွင့်ပြုချက် မရမချင်း ထုတ်ဖော်ပြောဆိုခြင်း မပြုရန် ညွှန်ကြားထားကြောင်း၊ ခန်းရဲ့အစဉ်အလာ မဟုတ်တဲ့ လုပ်ကိုင်ဆောင်ရွက်နေပုံကို ပိုမိုကျယ်ပြန့်စွာတားဆီးတဲ့ ICC အခြားတရားသူကြီးများရဲ့ အလားတူ အမိန့်တစ်ခု ထက်မနည်းလဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ICC ဖမ်းဝရမ်းထုတ်ပေးရန် လျှောက်ထားတဲ့လုပ်ငန်းစဉ်ကို သိုသိုသိပ်သိပ်လုပ်ရတာမျိုး မကြာခဏ ဖြစ်ပွားလေ့ ရှိပါတယ်။ စုံစမ်းစစ်ဆေးမှုများရဲ့ ဖြောင့်မတ်မှန်ကန်မှုကို ကာကွယ်ရန်၊ မျက်မြင်သက်သေများနဲ့ သားကောင် ဖြစ်ခဲ့ရသူတို့ ဘေးကင်းလုံခြုံစေရန်၊ သံသယရှိသူများကို ရှာဖွေဖမ်းဆီးနိုင်စေဖို့ အခွင့်အလမ်းများ ရရှိရန်အတွက် ဖြစ်ပါတယ်။
ဒါပေမယ့် တရားစွဲအရာရှိအတွက် သိသာထင်ရှားတဲ့ ကိုယ်ပိုင်လုပ်ပိုင်ခွင့် ရှိပါတယ်၊ ဥပမာ ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပေါ်နေမှုကို တားဆီးနိုင်ဖို့၊ ကျူးလွန်သူ ဖမ်းဆီးနိုင်ရေးကို အထောက်အကူဖြစ်မယ်လို့ ယုံကြည် လျှင် ဖမ်းဝရမ်းလျှောက်ထားကြောင်း လူသိရှင်ကြား ထုတ်ပြန်ခွင့် ရှိပါတယ်။
ခန်းမတိုင်မီ ICC တရားစွဲအရာရှိချုပ်ဖြစ်သူ ဖက်တိုဘက်ဆူဒါကတော့ တရားသူကြီးများ အတည်ပြုပြီးမှ ဖမ်းဝရမ်းထုတ်ပြန်ကြောင်း ထုတ်ဖော်ပြောတတ်ပါတယ်။ လူမည်းအမျိုးသမီး တရားစွဲအရာချုပ်ရဲ့ ၉-နှစ်တာ သက်တမ်းမှာ ဖမ်းဝရမ်းထုတ်ပြန်ကြောင်း လူသိရှင်ကြား ကြေညာမှု ၃-ကြိမ် ရှိခဲ့ပါတယ်။ ယုတ္တိတန်တဲ့ အကြောင်းပြချက်များအရ ICC ရဲ့ စီရင်ပိုင်ခွင့်အတွင်း ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တရားသူကြီးများက အတည်ပြုပြီးမှသာ အများသိ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ခန်းကတော့ ဖမ်းဝရမ်းထုတ်ဖို့ သူ့အနနဲ့ လျှောက်ထားမယ့်အဆင့်မှာပဲ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။ ဒီအတွက် ဘာတစ်ခုမှ စတင်ရသေးမီ အမှုကို သုံးသပ်နေတဲ့ ICC တရားသူကြီး ၃ ဦးအပေါ် ယခင် မရှိခဲ့ဖူးတဲ့ အများလူထုဖိအားများ ဖြစ်ပေါ်စေခဲ့တယ်လို့ သိရှိရပါတယ်။ ခန်းရဲ့လုပ်ရပ်ဟာ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကြောင်း သူ့အပေါ် စွပ်စွဲချက်များကို လျော့ပါးအောင် အကွက်ရွှေ့ခြင်းဖြစ်တယ်လို့ စွပ်စွဲမှုများ ဖြစ်ခဲ့ရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးရန် ဂါးဒီးယန်းရဲ့ မေတ္တာရပ်ခံချက်ကို ICC ဘက်က ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။
#HtayOung #OungMarine

Zawgyi Version:
အစၥေရးေခါင္းေဆာင္မ်ားကို ဖမ္းဝရမ္းထုတ္မည့္ ပါလက္စတိုင္းအမႈကိစၥ တရားစြဲအရာရွိခ်ဳပ္က ေဟာင္ဖြာ ေဟာင္ဖြာ မလုပ္ရန္ ICC တရားသူႀကီးမ်ားက အမိန႔္ေပး
Htay Oung (NP News) – ေမ ၄

ႏိုင္ငံတကာရာဇဝတ္ခုံ႐ုံးရဲ႕တရားစြဲအရာရွိမ်ားအေနဲ႔ တရား႐ုံးရဲ႕ပါလက္စတိုင္းဆိုင္ရာအမႈကို လွ်ိဳ႕ဝွက္ထားရမယ္ လို႔ ICC တရားသူႀကီးမ်ားက အမိန႔္ေပးခဲ့ေၾကာင္း၊ ဖမ္းဝရမ္းထုတ္ေပးရန္ အသစ္ေလွ်ာက္ထားမႈမ်ားကိုလည္း လူသိရွင္ၾကား ေျပာဆိုျခင္းမျပဳရန္ တားျမစ္လိုက္တယ္သိရွိရေၾကာင္း ဂါးဒီးယန္းက ၂ဝ၂၅ ခုႏွစ္ ဧၿပီလ ၂၈ ရက္ မွာ ေရးခဲ့ပါတယ္။
ICC တရားသူႀကီးမ်ားရဲ႕ ဧၿပီလ ထုတ္ျပန္ခဲ့တဲ့ဌာနအတြင္း လွ်ိဳ႕ဝွက္အဆင့္ ၫႊန္ၾကားခ်က္အရ တရားစြဲအရာရွိခ်ဳပ္ ကာရင္ခန္းအေနနဲ႔ ဖမ္းဝရမ္းထုတ္ရန္ ေလွ်ာက္ထားမႈမ်ား (သို႔) သံသယရွိသူမ်ားကို ရွာေဖြရန္ ရည္႐ြယ္တယ္လို႔ ခြင့္ျပဳခ်က္မတိုင္မီ လူသိရွင္ၾကားေျပာဆိုႏိုင္မွာ မဟုတ္ေၾကာင္း နားလည္ရပါတယ္။
သိမ္းပိုက္ခံ ပါလက္စတိုင္းနယ္ေျမမ်ားအတြင္း စစ္ရာဇဝတ္မႈမ်ားနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ရာေရာက္ ရွိတဲ့ရာဇဝတ္မႈမ်ားနဲ႔ပတ္သက္ၿပီး အစၥေရးသံသယရွိသူမ်ားကို စြဲဆိုရန္ အခ်က္အလက္သစ္မ်ား ထပ္မံျပင္ဆင္ ေနခ်ိန္မွာ ခန္းကို ရည္ၫႊန္းၿပီး ယခုလို အမိန႔္သစ္ထြက္ေပၚလာျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုနဲ႔ ကာကြယ္ေရးဝန္ႀကီးေဟာင္း ယိုအတ္ဂဲလင္တို႔ကို ဖမ္းဝရမ္း ထုတ္ခဲ့ၿပီးပါၿပီ။ ဟားမတ္စ္စစ္ေခါင္းေဆာင္ကို ဖမ္းဝရမ္းထုတ္ခဲ့ေပမယ့္ ေသဆုံးေၾကာင္း အတည္ျပဳၿပီးေနာက္ ျပန္လည္႐ုပ္သိမ္းခဲ့ပါတယ္။
ခန္းကို တားျမစ္ကန႔္သတ္လိုက္တဲ့ လတ္တေလာ အမိန႔္ဟာ တရားစြဲအရာရွိနဲ႔ ICC တရားသူႀကီးမ်ားၾကား အေတာ္ေလးတင္းတင္းမာမာျဖစ္ေနခိုက္ ထြက္ေပၚလာျခင္းျဖစ္ေၾကာင္း၊ ပါလက္စတိုင္း စုံစမ္းစစ္ေဆးမႈမ်ားနဲ႔ အျခားအမႈမ်ားမွာ ဖမ္းဝရမ္းေလွ်ာက္ထားရန္ ဆုံးျဖတ္ေၾကာင္း လူသိရွင္ၾကား ေၾကညာခဲ့တဲ့အတြက္၊ ဒီကိစၥကို ေရွ႕ဆက္ၿပီး ကိုင္တြယ္အကာင္အထည္ေဖာ္ ေဆာင္႐ြက္ရမယ့္သူမ်ားအတြက္ အေတာ္ႀကီးသတိထားရမယ့္ ကိန္း ဆိုက္သြားပါတယ္။
မၾကာေသးမီလမ်ားအတြင္း ျမန္မာစစ္ေခါင္းေဆာင္အတြက္ ဖမ္းဝရမ္းထုတ္ရန္ ခန္းက ေလွ်ာက္ထားခဲ့ေပမယ့္ မရရွိေသးေၾကာင္း၊ တာလီဘန္ထိပ္တန္းေခါင္းေဆာင္နဲ႔ အာဖဂန္တရားေရးမႉးခ်ဳပ္တို႔လည္း အလားတူျဖစ္ ေၾကာင္း သိရွိရပါတယ္။ ဆူဒန္ႏိုင္ငံ အေနာက္ဒါဖာေဒသမွာ ျဖစ္ပြားခဲ့တဲ့ ရက္စက္ၾကမ္းၾကဳတ္မႈမ်ားကို က်ဴးလြန္ ေၾကာင္း စြပ္စြဲခံရသူေတြကို ဖမ္းဝရမ္းထုတ္ဖို႔ ေလွ်ာက္ထားမယ္လို႔ ကုလသမဂၢ အစည္းအေဝးတစ္ခုမွာ ခန္းက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
ခန္းက အမ်ိဳးသမီးဝန္ထမ္းတစ္ဦးအေပၚ လိင္ပိုင္းဆိုင္ရာ မေတာ္မတရားျပဳေၾကာင္း ေဖေဖာ္ဝါရီလမွာ သတင္း ထြက္ေပၚခဲ့တဲ့စြပ္စြဲခ်က္မ်ား၊ ခန္းအေပၚ အေမရိကန္က ဒဏ္ခတ္ပိတ္ဆို႔ အေရးယူမယ့္ အလားအလာကို ရင္ဆိုင္ ေနရခ်ိန္မွာ လူသိရွင္ၾကားေျပာဆိုမႈမ်ား ထြက္ေပၚလာခဲ့ပါတယ္။ သူ႔အေပၚ စြပ္စြဲခ်က္ကို ခန္းက ျငင္းဆိုၿပီး ဌာေန ျပင္ပစုံစမ္းစစ္ေဆးေရးမႉးမ်ားက စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။
လူပုံအလယ္ ခန္းရဲ႕ ေဟာင္ဖြာ ေဟာင္ဖြာ ထုတ္ေဖာ္ေျပာဆိုမႈေတြဟာ ICC တရားသူႀကီးမ်ားနဲ႔ တရားစြဲအရာရွိမ်ား ႐ုံးဝန္ထမ္းမ်ားကို စိတ္ပ်က္ေစခဲ့ေၾကာင္း၊ ခန္းရဲ႕ေျပာဆိုမႈေတြဟာ အစဥ္အလာ လုပ္ထုံးလုပ္နည္းမ်ားမွ လြဲေခ်ာ္ ေနေၾကာင္း တရားသူႀကီးမ်ားထံ တိုင္တန္းမႈမ်ား ျပဳလုပ္ခဲ့တယ္လို႔ ဒီကိစၥကို ေကာင္းစြာသိရွိသူမ်ားက ေျပာျပပါ တယ္။
လွ်ိဳ႕ဝွက္အမိန႔္အရ ပါလက္စတိုင္းကိစၥမွာ ဖမ္းဝရမ္းထုတ္ရန္ ေလွ်ာက္ထားမယ့္အေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုျခင္း မျပဳရန္ တရားသူႀကီးမ်ားက တားျမစ္လိုက္ေၾကာင္း၊ ေနာင္ အလားတူ ေတာင္းဆိုမႈမ်ားကို လည္း ခြင့္ျပဳခ်က္ မရမခ်င္း ထုတ္ေဖာ္ေျပာဆိုျခင္း မျပဳရန္ ၫႊန္ၾကားထားေၾကာင္း၊ ခန္းရဲ႕အစဥ္အလာ မဟုတ္တဲ့ လုပ္ကိုင္ေဆာင္႐ြက္ေနပုံကို ပိုမိုက်ယ္ျပန႔္စြာတားဆီးတဲ့ ICC အျခားတရားသူႀကီးမ်ားရဲ႕ အလားတူ အမိန႔္တစ္ခု ထက္မနည္းလဲ ရွိေနေသးတယ္လို႔ ဆိုပါတယ္။
ICC ဖမ္းဝရမ္းထုတ္ေပးရန္ ေလွ်ာက္ထားတဲ့လုပ္ငန္းစဥ္ကို သိုသိုသိပ္သိပ္လုပ္ရတာမ်ိဳး မၾကာခဏ ျဖစ္ပြားေလ့ ရွိပါတယ္။ စုံစမ္းစစ္ေဆးမႈမ်ားရဲ႕ ေျဖာင့္မတ္မွန္ကန္မႈကို ကာကြယ္ရန္၊ မ်က္ျမင္သက္ေသမ်ားနဲ႔ သားေကာင္ ျဖစ္ခဲ့ရသူတို႔ ေဘးကင္းလုံၿခဳံေစရန္၊ သံသယရွိသူမ်ားကို ရွာေဖြဖမ္းဆီးႏိုင္ေစဖို႔ အခြင့္အလမ္းမ်ား ရရွိရန္အတြက္ ျဖစ္ပါတယ္။
ဒါေပမယ့္ တရားစြဲအရာရွိအတြက္ သိသာထင္ရွားတဲ့ ကိုယ္ပိုင္လုပ္ပိုင္ခြင့္ ရွိပါတယ္၊ ဥပမာ ရာဇဝတ္မႈမ်ား ဆက္လက္ျဖစ္ေပၚေနမႈကို တားဆီးႏိုင္ဖို႔၊ က်ဴးလြန္သူ ဖမ္းဆီးႏိုင္ေရးကို အေထာက္အကူျဖစ္မယ္လို႔ ယုံၾကည္ လွ်င္ ဖမ္းဝရမ္းေလွ်ာက္ထားေၾကာင္း လူသိရွင္ၾကား ထုတ္ျပန္ခြင့္ ရွိပါတယ္။
ခန္းမတိုင္မီ ICC တရားစြဲအရာရွိခ်ဳပ္ျဖစ္သူ ဖက္တိုဘက္ဆူဒါကေတာ့ တရားသူႀကီးမ်ား အတည္ျပဳၿပီးမွ ဖမ္းဝရမ္းထုတ္ျပန္ေၾကာင္း ထုတ္ေဖာ္ေျပာတတ္ပါတယ္။ လူမည္းအမ်ိဳးသမီး တရားစြဲအရာခ်ဳပ္ရဲ႕ ၉-ႏွစ္တာ သက္တမ္းမွာ ဖမ္းဝရမ္းထုတ္ျပန္ေၾကာင္း လူသိရွင္ၾကား ေၾကညာမႈ ၃-ႀကိမ္ ရွိခဲ့ပါတယ္။ ယုတၱိတန္တဲ့ အေၾကာင္းျပခ်က္မ်ားအရ ICC ရဲ႕ စီရင္ပိုင္ခြင့္အတြင္း ျပစ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း တရားသူႀကီးမ်ားက အတည္ျပဳၿပီးမွသာ အမ်ားသိ သတင္းထုတ္ျပန္ခဲ့ပါတယ္။
ခန္းကေတာ့ ဖမ္းဝရမ္းထုတ္ဖို႔ သူ႔အနနဲ႔ ေလွ်ာက္ထားမယ့္အဆင့္မွာပဲ လူသိရွင္ၾကား ထုတ္ေျပာခဲ့ပါတယ္။ ဒီအတြက္ ဘာတစ္ခုမွ စတင္ရေသးမီ အမႈကို သုံးသပ္ေနတဲ့ ICC တရားသူႀကီး ၃ ဦးအေပၚ ယခင္ မရွိခဲ့ဖူးတဲ့ အမ်ားလူထုဖိအားမ်ား ျဖစ္ေပၚေစခဲ့တယ္လို႔ သိရွိရပါတယ္။ ခန္းရဲ႕လုပ္ရပ္ဟာ လိင္ပိုင္းဆိုင္ရာ မေတာ္မတရား ျပဳေၾကာင္း သူ႔အေပၚ စြပ္စြဲခ်က္မ်ားကို ေလ်ာ့ပါးေအာင္ အကြက္ေ႐ႊ႕ျခင္းျဖစ္တယ္လို႔ စြပ္စြဲမႈမ်ား ျဖစ္ခဲ့ရပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ထင္ျမင္ခ်က္ေပးရန္ ဂါးဒီးယန္းရဲ႕ ေမတၱာရပ္ခံခ်က္ကို ICC ဘက္က ျပန္လည္ေျဖၾကားျခင္း မရွိပါဘူး။
#HtayOung #OungMarine

Related news

© 2021. All rights reserved.