No-Fly Zone လွယ်သလား/ ခက်သလား

72

Htay Oung (NP News) - မေ ၄
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စီမံကိန်းအရ ပထမအသုတ်အနေနဲ့ ရိုဟင်ဂျာဆိုသူ ၁၈၀,၀၀၀ ဦးကို အရင်ဆုံး နေရာချထားပေးမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ ကုလသမဂ္ဂသက်ဆိုင်ရာကိုယ်စားလှယ်တို့ စစ်ဗျူဟာအရ ပူးပေါင်းပြီး ရခိုင်ပြည်နယ်တစ်ခုလုံး “လေယာဉ်မပျံသန်းရဇုံ” No-Fly Zone (NFZ) ကို သတ်မှတ် ကြေညာမှာဖြစ်ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လွှတ်တော်မှာ မိန့်ခွန်းပြောချက်အရ NFZ အတွက် မြေပြင်တပ်များကို အသုံးပြုမည်မဟုတ်ဘဲ အမေရိကန်ရေတပ်စစ်သင်္ဘောများက အကာအကွယ်ပေးမှုဖြစ် ကြောင်း၊ ရခိုင်ကမ်းလွန်မှာ ဖြန့်ချမယ်ဆိုတဲ့ အဆင့်မြင့် တိုက်ခိုက်ရေးစစ်သင်္ဘောများနဲ့ ဒုံးကျည်စနစ်များစာရင်း အထိ ကောလဟလလိုလို အကြားအမြင်ဗေဒင်လိုလို ဟောပြောရေးသားချက်များ၊ အားရဝမ်းသာ မျှဝေနေသူများ ကို ယခုရက်ပိုင်း အွန်လိုင်းလူမှုကွန်ရက်မှာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။
ဒီအတွက် လေယာဉ်မပျံသန်းရဇုံ No-Fly Zone ဆိုတာ ဘာလဲ၊ ၂၀ နဲ့ ၂၁ ရာစု ကမ္ဘာ့သမိုင်းမှာ အဲဒါရှိဖူးလား၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တစ်ဦးဟာ အဲဒီ NFZ ကို ပြဌာန်းဖို့ အခွင့်အာဏာရှိသူလား စသဖြင့် လက်လှမ်းမီရာ ရှာဖွေဖတ်ရှုမိပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်အတွင်း No-Fly Zone (NFZ) သတ်မှတ်ခြင်းကို သက်ဆိုင်ရာနိုင်ငံအစိုးရ (သို့မဟုတ်) စစ်အာဏာပိုင်များက ပြုလုပ်လေ့ရှိပါတယ်။ ပြည်တွင်းလုံခြုံရေး-မီးတောင်ပေါက်ကွဲခြင်းတို့လို့ သဘာဝဘေးအန္တရာယ်များ၊ နိုင်ငံကာကွယ်ရေးအရ ဝေဟင်ပစ် လက်နက်စမ်းသပ်ရန် လိုအပ်တဲ့အခါ NFZ ကို ယာ ယီ ပြဋ္ဌာန်းလေ့ရှိပါတယ်။
သက်ဆိုင်ရာအစိုးရ/စစ်တပ် မဟုတ်ဘဲ တိုင်းပြည်တစ်ပြည်ရဲ့ ဝေဟင်ပိုင်နက်အတွင်း NFZ သတ်မှတ်နိုင်တဲ့ အခွင့်အာဏာကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်မှာ မရှိပဲ၊ လုံခြုံရေးကောင်စီ (UNSC) မှာသာ လျှင် ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း ၇
“UNSC သည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် အောက်ပါ အခွင့် အာဏာများ ရှိသည်။
အပိုဒ် ၃၉ : ကမ္ဘာ့ ငြိမ်းချမ်းရေးပျက်ပြားမှု ခြိမ်းခြောက်မှု (သို့မဟုတ်) လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ် အခြေအနေ (ဥပမာ လူမျိုးသုဉ်းပြုမှု) တွေ့ရှိပါက စစ်ရေးအရ အပါအဝင် အရေးယူဆောင်ရွက်နိုင်သည်။
အပိုဒ် ၄၂ : ညှိနှိုင်းမှု မရသည့်အခါ NFZ ကဲ့သို့ လေကြောင်းကန့်သတ်မှု (သို့မဟုတ်) စစ်အင်အားသုံးခြင်း ပါဝင် သည့် အရေးယူမှုများကို ဆောင်ရွက်နိုင်သည်” လို့ အခွင့်အာဏာ အပ်နှင်းထားပါတယ်။
ဒါ့ကြောင့် ၂၀ နဲ့ ၂၁ ရာစု ကမ္ဘာ့သမိုင်းမှာ ကုလသမဂ္ဂက NFZ သတ်မှတ်ခဲ့တာ အမှန်တကယ်ရှိဖူးပါတယ်။ ဒီအတွက် ကောင်းသွားတာနည်းပြီး အလွန်ဆိုးရွားတဲ့ဖြစ်စဉ်များလည်း သင်ခန်းစာအဖြစ် ကျန်ရစ်ခဲ့ပါတယ်။
(၁) ၁၉၉၁–၂၀၀၃ ခုနှစ် အီရတ်နိုင်ငံ– Operation Provide Comfort / Northern Watch & Southern Watch {အကြောင်းရင်း} ၁၉၉၁ ပါရှားပင်လယ်ကွေ့စစ်ပွဲအပြီး အီရတ်နိုင်ငံအတွင်း ဆဒမ်ဟူစိန်အစိုးရက ရှီယိုက် မွတ်စလင် နဲ့ ကာ့ဒ်လူနည်းစုတို့အပေါ် ဖိနှိပ်ရက်စက်မှုများမှ ကာကွယ်ရန် {ကုလသမဂ္ဂ}- လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၆၈၈/၁၉၉၁ အရ မြောက်ပိုင်း (ကာ့ဒ်ဒေသ) နဲ့ တောင်ပိုင်းတွင် NFZ သတ်မှတ်၊ {အကောင် အထည်ဖော်သူ} NATO စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ (အထူးသဖြင့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်)
{ရလဒ်}- အီရတ်လေတပ်ရဲ့ပျံသန်းမှုများ လျော့ကျပေမယ့် ကုလရဲ့ NFZ ပြဌာန်းချက်ကို ၁၉၉၈ မှာ အီရတ်က စောဒကတက်ခဲ့ပါတယ်။ ဒါပေမယ့် NFZ ဟာ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင် အီရတ်ကျူးကျော်စစ်အထိ ဆက်လက်တည်ရှိနေခဲ့ပါတယ်။
(၂) ၁၉၉၃–၁၉၉၅ ခုနှစ် ဘော့စနီးယားနဲ့ ဟာဇီဂိုဗီးနား – Operation Deny Flight
{အကြောင်းရင်း} ဘော့စနီးယားစစ်ပွဲအတွင်း ဆားဘီးယားလေတပ်ရဲ့ တိုက်ခိုက်မှုများကို တားဆီးရန်။
{ကုလသမဂ္ဂ} လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၈၁၆ /၁၉၉၃ အရ NFZ သတ်မှတ်
{အကောင်အထည်ဖော်သူ} နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ
{ရလဒ်} ၁၉၉၄ မှာ နေတိုးက ဆားဘီးယားလေယာဉ်များကို ပထမဆုံးအကြိမ် ပစ်ချခဲ့
NFZ က ၁၉၉၅ ဒေတန်စာချုပ် ချုပ်ဆိုသည်အထိ စစ်ရပ်စဲရေးကို အထောက်အကူပြုခဲ့
(၃) ၂၀၁၁ ခုနှစ်လစ်ဗျား – Operation Odyssey Dawn / Unified Protector
{အကြောင်းရင်း} - ကဒါဖီအစိုးရက လစ်ဗျားပြည်သူများအပေါ် ရက်စက်ဖိနှိပ်မှုကို တုံ့ပြန်ရန်။
{ကုလသမဂ္ဂ} - လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၁၉၇၃ (၂၀၁၁) အရ NFZ သတ်မှတ်။
{အကောင်အထည်ဖော်သူ} - နေတိုးစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံများ (အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်)။
{ရလဒ်} - ကဒါဖီရဲ့လေတပ်စွမ်းရည် ပျက်ပြားပြီး လစ်ဗျားအစိုးရ ပြုတ်ကျသွားခဲ့ပေမယ့် လစ်ဗျားစစ်တပ် ပျက်ပြားသွားခြင်းနဲ့အတူ နိုင်ငံပြိုကွဲသွားခဲ့ရ။ တော်လှန်ရေးသမားတို့ အာဏာရရှိစေဖို့ NFZ ကို စစ်ရေးအရ ဘောင်ကျော်အသုံးချတဲ့ သဘောသက်ရောက်သွားတယ်လို့ နိုင်ငံတကာက ပြစ်တင်ဝေဖန်ခံခဲ့ရ။ ကွန်ဂရက်ကို ကျော်လွန်ပြီး သမ္မတရဲ့ အခွင့်အာဏာအရ ၂၀၁၁ ခုနှစ် လစ်ဗျားကို R2P မိတဲ့ခြင်းဟာ သူ့ သူ့ရာထူးသက်တမ်းမှာ နောင်တရမိဆုံး အမှားကြီးတစ်ခုလို့ သမ္မတဟောင်း အိုဘားမား ဝန်ခံခဲ့ပါတယ်။
ဒီလိုဆိုရင် အခြားတိုင်းပြည်တစ်ပြည်ရဲ့ လေကြောင်းနယ်နိမိတ်အတွင်း UNSC ဆုံးဖြတ်ချက် မပါရှိပဲ စစ်အင် အားကြီးနိုင်ငံများ (သို့မဟုတ်) မဟာမိတ်အုပ်စုများက NSF ပြဌာန်းပြီး စစ်ရေးအရေးယူမှုများ ဆောင်ရွက်ခဲ့ဖူး သလားဆိုရင် သမိုင်းဝင်ဖြစ်စဉ်များအရ ရှိခဲ့ပြီး “တရားဝင်သည်-မဝင်သည်ဖြစ်စေ လက်တွေ့လုပ်ဆောင်နေ သည့် လေယာဉ် မပျံသန်းရဇုန်” De Facto No-Fly Zone လို့ ခေါ်ဆိုကြောင်း ဖြေရပါလိမ့်မယ်။
(၁) ၁၉၉၉ ခုနှစ် ကိုဆိုဗိုစစ်ပွဲ – Operation Allied Force
{အခြေအနေ}- ယူဂိုဆလားဗီးယားနိုင်ငံ ကိုဆိုဗိုဒေသမှာ ဆားဘီးယားတပ်များက အယ်လ်ဘေးနီးယန်းလူ နည်းစု တို့အပေါ် လူမျိုးသုဉ်းပြုရာရောက်တဲ့ တိုက်ခိုက်မှုများမှ တားဆီးရန်။
{ကုလသမဂ္ဂ}- လုံခြုံရေးကောင်စီက NFZ ပြဋ္ဌာန်းရန် ရုရှားက ဗီတိုအာဏာသုံးပြီး တားမြစ်ခဲ့။
UNSC သဘောတူညီချက်မရှိပဲ ၁၉၉၉ မတ်လမှာ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် ဦးဆောင် နေတိုးစစ်အုပ်စု က ကိုဆိုဗိုအပေါ် လေကြောင်းတိုက်ခိုက်မှုများ စတင်ခဲ့၊ NFZ သတ်မှတ်ကာ ဆားဘီးယားလေတပ်ရဲ့ ပျံသန်း မှုများကို တားမြစ်ခဲ့ပြီး ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
{ရလဒ်နဲ့ ဝေဖန်မှုများ} ဆားဘီးယားတပ်များ ကိုဆိုဗိုမှ ဆုတ်ခွာခဲ့ရပြီး၊ နောက်ပိုင်း ကိုဆိုဗိုနိုင်ငံ ဖြစ်ပေါ်လာ
{နိုင်ငံတကာဥပဒေအရ} လုံခြုံရေးကောင်စီ သဘောတူညီချက် မရှိဘဲ စစ်ရေးဝင်ရောက်မှုဟာ အပြည်ပြည် ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ဟု ရုရှားနဲ့ တရုတ်တို့က ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။
(၂) ၂၀၁၇–၂၀၂၀ ခုနှစ် ဆီးရီးယား– အမေရိကန်နဲ့ မဟာမိတ်များက NFZ သတ်မှတ်ခြင်း
{အခြေအနေ} ဆီးရီးယားပြည်တွင်းစစ်အတွင်း အစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက် အိုင်စစ် (ISIS) နဲ့ အာဆတ် အစိုးရတပ်များရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်ခဲ့
{မဟာမိတ်များရဲ့လုပ်ဆောင်ချက်} အမေရိကန်နဲ့ ပြင်သစ်တို့က လုံခြုံရေးကောင်စီ သဘောတူညီချက်မရှိဘဲ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသ ၇ ခုကို ယာယီ NFZ သတ်မှတ်ခဲ့၊ ဆီးရီးယားစစ်လေယာဉ်ပျံသန်းမှု ကို တားမြစ်ပြီး ပစ်ခတ်ခံရနိုင်ကြောင်း သတိပေးခဲ့။
{ရလဒ်နဲ့ ဝေဖန်မှုများ} အရပ်သားများအပေါ် လေကြောင်းဗုံးကြဲမှုကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ခဲ့၊ ဆီးရီးယားရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်း ဟု အာဆတ်အစိုးရနဲ့ ရုရှားက စွပ်စွဲခဲ့၊
အမေရိကန်ဟာ ပြည်တွင်းစစ်ကြောင့် အစိတ်စိတ် အမွှာမွှာဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံအတွင်း သူ လေ့ကျင့် လက်နက်တပ်ဆင်ပေးထားတဲ့ SDF ကာ့ဒ်သူပုန်တို့ကို အကာအကွယ်ပေးလိုရင်း ဖြစ်ပါတယ်။ ဒါပေမယ့် SDF တို့ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး တူရကီနိုင်ငံအတွင်း အကြမ်းဖက်မှုများ ပြုလုပ်နေတဲ့ YPG ကာ့ဒ်စစ်သွေးကြွ တို့နဲ့ နှစ်ကိုယ့်တစ်စိတ်များ ဖြစ်နေတဲ့အတွက် တူရကီမှာ ဆွေ့ဆွေ့ခုန်သွားရပါတယ်။
{နိုင်ငံရေးအရှုပ်ထွေးမှုများ} ဥပမာ ဆီးရီးယားအရေး အမေရိကန်နဲ့ ရုရှား-တူရကီတို့အကြား တင်းမာမှုကို ပိုမိုဆိုးရွားစေခဲ့၊ ရုရှား-တူရကီ ပိုမိုနီးကပ်သွား
UNSC ရဲ့ ဆုံးဖြတ်ချက်ဖြစ်သည့်တိုင် NFZ ဟာ နိုင်ငံတကာဥပဒေအရ အငြင်းပွားဖွယ်ဖြစ်ရပြီး နောက်ဆက်တွဲ နိုင်ငံရေးနဲ့လူသားချင်း စာနာမှုဆိုင်ရာ ဆိုးရွားရှုတ်ထွေးတဲ့ အကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းမှုကို ခြိမ်းခြောက်ရာရောက်ရှိပြီး လူသားချင်းစာနာမှုကို အဓိကထားဖို့အတွက် NFZ ပြဌာန်း ပိုင်ခွင့်ရှိတဲ့ UNSC ကိုယ်တိုင်မှာ ဗီတိုအာဏာအသုံးပြုခွင့်ရှိတဲ့ နျူလက်နက်ပိုင် (၅) နိုင်ငံပါဝင်နေပါတယ်။ ဗွီတိုနဲ့ ပယ်ချ မခံပဲ NFZ ဖြစ်ဖို့တင် အတော် ခက်နေပါတယ်။
တစ်ခါ NFZ ပီပြင်ဖို့ အကောင်အထည်ဖော်ရန် တာဝန်ပေးဖို့ကလည်း ဒီလိုနေရာမျိုးမှာ အမြဲအသင့်ရှိနေတဲ့ အမေရိကန်ဦးဆောင် နေတိုးစစ်အုပ်စုသာလျှင် အဖြစ်များပါတယ်။ စစ်အင်အားကြီးနိုင်ငံတွေဟာ အကြောင်း အရာ တစ်ခုတည်းဖြစ်သည့်တိုင် ဒီနေရာတစ်မျိုး-ဟိုနေရာတစ်မျိုး “နှစ်ခွစံနှုန်း” Double Standard ရှိကြတာ ချည့်ပါပဲ၊ အမေရိကန်၊ ရုရှား စတဲ့ နိုင်ငံတွေဟာ မိမိအကျိုးစီးပွား အလို့ငှာ NFZ ကို အသုံးချလေ့ရှိပြီး အခြားနိုင် ငံများရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားမှု နည်းပါးတယ်လို့ ဝေဖန်ခံရပါတယ်။
ဒီလိုဆိုရင် UNSC ဆုံးဖြတ်ချက် မပါတဲ့ NFZ ဆိုတာက ပိုဆိုးလိမ့်မယ်ဆိုတာ အလွယ်သိနိုင်ပါတယ်။ နိုင်ငံတ ကာဥပဒေအရ မတရားသဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်အင်အားကြီးနိုင်ငံများက သူတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျိုးစီးပွားအတွက်သာ ဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် လူသားချင်းစာနာမှုနဲ့ အချုပ်အခြာအာဏာ ဆိုင်ရာ ပဋိ ပက္ခများ အမြဲတမ်း နောက်ဆက်တွဲ ကျန်ရစ်တတ်ပါတယ်။
မိမိတို့ရဲ့ နိုင်ငံရေးနဲ့ စစ်ရေး အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့နေရာမှာ ပြိုင်ဘက်ရဲ့ အကျိုးစီးပွားကို ဖျက်ဆီး ခြင်းကလည်း သွယ်ဝှိုက်ပါဝင်နေပါတယ်။
#HtayOung #OungMarine
Zawgyi Version:
No-Fly Zone လြယ္သလား/ ခက္သလား
Htay Oung (NP News) - ေမ ၄
ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ရဲ႕ စီမံကိန္းအရ ပထမအသုတ္အေနနဲ႔ ႐ိုဟင္ဂ်ာဆိုသူ ၁၈၀,၀၀၀ ဦးကို အရင္ဆုံး ေနရာခ်ထားေပးမည္ျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္စစ္တပ္နဲ႔ ကုလသမဂၢသက္ဆိုင္ရာကိုယ္စားလွယ္တို႔ စစ္ဗ်ဴဟာအရ ပူးေပါင္းၿပီး ရခိုင္ျပည္နယ္တစ္ခုလုံး “ေလယာဥ္မပ်ံသန္းရဇုံ” No-Fly Zone (NFZ) ကို သတ္မွတ္ ေၾကညာမွာျဖစ္ေၾကာင္း၊ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ လႊတ္ေတာ္မွာ မိန႔္ခြန္းေျပာခ်က္အရ NFZ အတြက္ ေျမျပင္တပ္မ်ားကို အသုံးျပဳမည္မဟုတ္ဘဲ အေမရိကန္ေရတပ္စစ္သေဘၤာမ်ားက အကာအကြယ္ေပးမႈျဖစ္ ေၾကာင္း၊ ရခိုင္ကမ္းလြန္မွာ ျဖန႔္ခ်မယ္ဆိုတဲ့ အဆင့္ျမင့္ တိုက္ခိုက္ေရးစစ္သေဘၤာမ်ားနဲ႔ ဒုံးက်ည္စနစ္မ်ားစာရင္း အထိ ေကာလဟလလိုလို အၾကားအျမင္ေဗဒင္လိုလို ေဟာေျပာေရးသားခ်က္မ်ား၊ အားရဝမ္းသာ မွ်ေဝေနသူမ်ား ကို ယခုရက္ပိုင္း အြန္လိုင္းလူမႈကြန္ရက္မွာ ခပ္စိတ္စိတ္ေတြ႕လာရပါတယ္။
ဒီအတြက္ ေလယာဥ္မပ်ံသန္းရဇုံ No-Fly Zone ဆိုတာ ဘာလဲ၊ ၂၀ နဲ႔ ၂၁ ရာစု ကမာၻ႔သမိုင္းမွာ အဲဒါရွိဖူးလား၊ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္တစ္ဦးဟာ အဲဒီ NFZ ကို ျပဌာန္းဖို႔ အခြင့္အာဏာရွိသူလား စသျဖင့္ လက္လွမ္းမီရာ ရွာေဖြဖတ္ရႈမိပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ေဝဟင္ပိုင္နက္အတြင္း No-Fly Zone (NFZ) သတ္မွတ္ျခင္းကို သက္ဆိုင္ရာႏိုင္ငံအစိုးရ (သို႔မဟုတ္) စစ္အာဏာပိုင္မ်ားက ျပဳလုပ္ေလ့ရွိပါတယ္။ ျပည္တြင္းလုံၿခဳံေရး-မီးေတာင္ေပါက္ကြဲျခင္းတို႔လို႔ သဘာဝေဘးအႏၲရာယ္မ်ား၊ ႏိုင္ငံကာကြယ္ေရးအရ ေဝဟင္ပစ္ လက္နက္စမ္းသပ္ရန္ လိုအပ္တဲ့အခါ NFZ ကို ယာ ယီ ျပ႒ာန္းေလ့ရွိပါတယ္။
သက္ဆိုင္ရာအစိုးရ/စစ္တပ္ မဟုတ္ဘဲ တိုင္းျပည္တစ္ျပည္ရဲ႕ ေဝဟင္ပိုင္နက္အတြင္း NFZ သတ္မွတ္ႏိုင္တဲ့ အခြင့္အာဏာကေတာ့ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္မွာ မရွိပဲ၊ လုံၿခဳံေရးေကာင္စီ (UNSC) မွာသာ လွ်င္ ျဖစ္ပါတယ္။
၁၉၄၅ ခုႏွစ္ ကုလသမဂၢပဋိညာဥ္စာတမ္း အခန္း ၇
“UNSC သည္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ရန္ ေအာက္ပါ အခြင့္ အာဏာမ်ား ရွိသည္။
အပိုဒ္ ၃၉ : ကမာၻ႔ ၿငိမ္းခ်မ္းေရးပ်က္ျပားမႈ ၿခိမ္းေျခာက္မႈ (သို႔မဟုတ္) လူသားခ်င္းစာနာမႈဆိုင္ရာအေရးေပၚ အေျခအေန (ဥပမာ လူမ်ိဳးသုဥ္းျပဳမႈ) ေတြ႕ရွိပါက စစ္ေရးအရ အပါအဝင္ အေရးယူေဆာင္႐ြက္ႏိုင္သည္။
အပိုဒ္ ၄၂ : ညႇိႏႈိင္းမႈ မရသည့္အခါ NFZ ကဲ့သို႔ ေလေၾကာင္းကန႔္သတ္မႈ (သို႔မဟုတ္) စစ္အင္အားသုံးျခင္း ပါဝင္ သည့္ အေရးယူမႈမ်ားကို ေဆာင္႐ြက္ႏိုင္သည္” လို႔ အခြင့္အာဏာ အပ္ႏွင္းထားပါတယ္။
ဒါ့ေၾကာင့္ ၂၀ နဲ႔ ၂၁ ရာစု ကမာၻ႔သမိုင္းမွာ ကုလသမဂၢက NFZ သတ္မွတ္ခဲ့တာ အမွန္တကယ္ရွိဖူးပါတယ္။ ဒီအတြက္ ေကာင္းသြားတာနည္းၿပီး အလြန္ဆိုး႐ြားတဲ့ျဖစ္စဥ္မ်ားလည္း သင္ခန္းစာအျဖစ္ က်န္ရစ္ခဲ့ပါတယ္။
(၁) ၁၉၉၁–၂၀၀၃ ခုႏွစ္ အီရတ္ႏိုင္ငံ– Operation Provide Comfort / Northern Watch & Southern Watch {အေၾကာင္းရင္း} ၁၉၉၁ ပါရွားပင္လယ္ေကြ႕စစ္ပြဲအၿပီး အီရတ္ႏိုင္ငံအတြင္း ဆဒမ္ဟူစိန္အစိုးရက ရွီယိုက္ မြတ္စလင္ နဲ႔ ကာ့ဒ္လူနည္းစုတို႔အေပၚ ဖိႏွိပ္ရက္စက္မႈမ်ားမွ ကာကြယ္ရန္ {ကုလသမဂၢ}- လုံၿခဳံေရးေကာင္စီ ဆုံးျဖတ္ခ်က္ အမွတ္ ၆၈၈/၁၉၉၁ အရ ေျမာက္ပိုင္း (ကာ့ဒ္ေဒသ) နဲ႔ ေတာင္ပိုင္းတြင္ NFZ သတ္မွတ္၊ {အေကာင္ အထည္ေဖာ္သူ} NATO စစ္စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံမ်ား (အထူးသျဖင့္ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္)
{ရလဒ္}- အီရတ္ေလတပ္ရဲ႕ပ်ံသန္းမႈမ်ား ေလ်ာ့က်ေပမယ့္ ကုလရဲ႕ NFZ ျပဌာန္းခ်က္ကို ၁၉၉၈ မွာ အီရတ္က ေစာဒကတက္ခဲ့ပါတယ္။ ဒါေပမယ့္ NFZ ဟာ ၂၀၀၃ ခုႏွစ္ အေမရိကန္ဦးေဆာင္ အီရတ္က်ဴးေက်ာ္စစ္အထိ ဆက္လက္တည္ရွိေနခဲ့ပါတယ္။
(၂) ၁၉၉၃–၁၉၉၅ ခုႏွစ္ ေဘာ့စနီးယားနဲ႔ ဟာဇီဂိုဗီးနား – Operation Deny Flight
{အေၾကာင္းရင္း} ေဘာ့စနီးယားစစ္ပြဲအတြင္း ဆားဘီးယားေလတပ္ရဲ႕ တိုက္ခိုက္မႈမ်ားကို တားဆီးရန္။
{ကုလသမဂၢ} လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ ၈၁၆ /၁၉၉၃ အရ NFZ သတ္မွတ္
{အေကာင္အထည္ေဖာ္သူ} ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံမ်ား
{ရလဒ္} ၁၉၉၄ မွာ ေနတိုးက ဆားဘီးယားေလယာဥ္မ်ားကို ပထမဆုံးအႀကိမ္ ပစ္ခ်ခဲ့
NFZ က ၁၉၉၅ ေဒတန္စာခ်ဳပ္ ခ်ဳပ္ဆိုသည္အထိ စစ္ရပ္စဲေရးကို အေထာက္အကူျပဳခဲ့
(၃) ၂၀၁၁ ခုႏွစ္လစ္ဗ်ား – Operation Odyssey Dawn / Unified Protector
{အေၾကာင္းရင္း} - ကဒါဖီအစိုးရက လစ္ဗ်ားျပည္သူမ်ားအေပၚ ရက္စက္ဖိႏွိပ္မႈကို တုံ႔ျပန္ရန္။
{ကုလသမဂၢ} - လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္ ၁၉၇၃ (၂၀၁၁) အရ NFZ သတ္မွတ္။
{အေကာင္အထည္ေဖာ္သူ} - ေနတိုးစစ္စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံမ်ား (အေမရိကန္၊ ျပင္သစ္၊ ၿဗိတိန္)။
{ရလဒ္} - ကဒါဖီရဲ႕ေလတပ္စြမ္းရည္ ပ်က္ျပားၿပီး လစ္ဗ်ားအစိုးရ ျပဳတ္က်သြားခဲ့ေပမယ့္ လစ္ဗ်ားစစ္တပ္ ပ်က္ျပားသြားျခင္းနဲ႔အတူ ႏိုင္ငံၿပိဳကြဲသြားခဲ့ရ။ ေတာ္လွန္ေရးသမားတို႔ အာဏာရရွိေစဖို႔ NFZ ကို စစ္ေရးအရ ေဘာင္ေက်ာ္အသုံးခ်တဲ့ သေဘာသက္ေရာက္သြားတယ္လို႔ ႏိုင္ငံတကာက ျပစ္တင္ေဝဖန္ခံခဲ့ရ။ ကြန္ဂရက္ကို ေက်ာ္လြန္ၿပီး သမၼတရဲ႕ အခြင့္အာဏာအရ ၂၀၁၁ ခုႏွစ္ လစ္ဗ်ားကို R2P မိတဲ့ျခင္းဟာ သူ႔ သူ႔ရာထူးသက္တမ္းမွာ ေနာင္တရမိဆုံး အမွားႀကီးတစ္ခုလို႔ သမၼတေဟာင္း အိုဘားမား ဝန္ခံခဲ့ပါတယ္။
ဒီလိုဆိုရင္ အျခားတိုင္းျပည္တစ္ျပည္ရဲ႕ ေလေၾကာင္းနယ္နိမိတ္အတြင္း UNSC ဆုံးျဖတ္ခ်က္ မပါရွိပဲ စစ္အင္ အားႀကီးႏိုင္ငံမ်ား (သို႔မဟုတ္) မဟာမိတ္အုပ္စုမ်ားက NSF ျပဌာန္းၿပီး စစ္ေရးအေရးယူမႈမ်ား ေဆာင္႐ြက္ခဲ့ဖူး သလားဆိုရင္ သမိုင္းဝင္ျဖစ္စဥ္မ်ားအရ ရွိခဲ့ၿပီး “တရားဝင္သည္-မဝင္သည္ျဖစ္ေစ လက္ေတြ႕လုပ္ေဆာင္ေန သည့္ ေလယာဥ္ မပ်ံသန္းရဇုန္” De Facto No-Fly Zone လို႔ ေခၚဆိုေၾကာင္း ေျဖရပါလိမ့္မယ္။
(၁) ၁၉၉၉ ခုႏွစ္ ကိုဆိုဗိုစစ္ပြဲ – Operation Allied Force
{အေျခအေန}- ယူဂိုဆလားဗီးယားႏိုင္ငံ ကိုဆိုဗိုေဒသမွာ ဆားဘီးယားတပ္မ်ားက အယ္လ္ေဘးနီးယန္းလူ နည္းစု တို႔အေပၚ လူမ်ိဳးသုဥ္းျပဳရာေရာက္တဲ့ တိုက္ခိုက္မႈမ်ားမွ တားဆီးရန္။
{ကုလသမဂၢ}- လုံၿခဳံေရးေကာင္စီက NFZ ျပ႒ာန္းရန္ ႐ုရွားက ဗီတိုအာဏာသုံးၿပီး တားျမစ္ခဲ့။
UNSC သေဘာတူညီခ်က္မရွိပဲ ၁၉၉၉ မတ္လမွာ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္ ဦးေဆာင္ ေနတိုးစစ္အုပ္စု က ကိုဆိုဗိုအေပၚ ေလေၾကာင္းတိုက္ခိုက္မႈမ်ား စတင္ခဲ့၊ NFZ သတ္မွတ္ကာ ဆားဘီးယားေလတပ္ရဲ႕ ပ်ံသန္း မႈမ်ားကို တားျမစ္ခဲ့ၿပီး ပစ္မွတ္မ်ားကို ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။
{ရလဒ္နဲ႔ ေဝဖန္မႈမ်ား} ဆားဘီးယားတပ္မ်ား ကိုဆိုဗိုမွ ဆုတ္ခြာခဲ့ရၿပီး၊ ေနာက္ပိုင္း ကိုဆိုဗိုႏိုင္ငံ ျဖစ္ေပၚလာ
{ႏိုင္ငံတကာဥပေဒအရ} လုံၿခဳံေရးေကာင္စီ သေဘာတူညီခ်က္ မရွိဘဲ စစ္ေရးဝင္ေရာက္မႈဟာ အျပည္ျပည္ ဆိုင္ရာဥပေဒကို ခ်ိဳးေဖာက္ျခင္းျဖစ္ဟု ႐ုရွားနဲ႔ တ႐ုတ္တို႔က ျပင္းထန္စြာေဝဖန္ခဲ့ပါတယ္။
(၂) ၂၀၁၇–၂၀၂၀ ခုႏွစ္ ဆီးရီးယား– အေမရိကန္နဲ႔ မဟာမိတ္မ်ားက NFZ သတ္မွတ္ျခင္း
{အေျခအေန} ဆီးရီးယားျပည္တြင္းစစ္အတြင္း အစြန္းေရာက္အစၥလာမ္မစ္အၾကမ္းဖက္ အိုင္စစ္ (ISIS) နဲ႔ အာဆတ္ အစိုးရတပ္မ်ားရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈမ်ားေၾကာင့္ အရပ္သားမ်ား ထိခိုက္ခဲ့
{မဟာမိတ္မ်ားရဲ႕လုပ္ေဆာင္ခ်က္} အေမရိကန္နဲ႔ ျပင္သစ္တို႔က လုံၿခဳံေရးေကာင္စီ သေဘာတူညီခ်က္မရွိဘဲ ဆီးရီးယားႏိုင္ငံအေရွ႕ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသ ၇ ခုကို ယာယီ NFZ သတ္မွတ္ခဲ့၊ ဆီးရီးယားစစ္ေလယာဥ္ပ်ံသန္းမႈ ကို တားျမစ္ၿပီး ပစ္ခတ္ခံရႏိုင္ေၾကာင္း သတိေပးခဲ့။
{ရလဒ္နဲ႔ ေဝဖန္မႈမ်ား} အရပ္သားမ်ားအေပၚ ေလေၾကာင္းဗုံးႀကဲမႈကို အတိုင္းအတာတစ္ခုအထိ ကာကြယ္ႏိုင္ခဲ့၊ ဆီးရီးယားရဲ႕ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္ျခင္း ဟု အာဆတ္အစိုးရနဲ႔ ႐ုရွားက စြပ္စြဲခဲ့၊
အေမရိကန္ဟာ ျပည္တြင္းစစ္ေၾကာင့္ အစိတ္စိတ္ အမႊာမႊာျဖစ္ေနတဲ့ ဆီးရီးယားႏိုင္ငံအတြင္း သူ ေလ့က်င့္ လက္နက္တပ္ဆင္ေပးထားတဲ့ SDF ကာ့ဒ္သူပုန္တို႔ကို အကာအကြယ္ေပးလိုရင္း ျဖစ္ပါတယ္။ ဒါေပမယ့္ SDF တို႔ဟာ နယ္စပ္ကို ျဖတ္ေက်ာ္ၿပီး တူရကီႏိုင္ငံအတြင္း အၾကမ္းဖက္မႈမ်ား ျပဳလုပ္ေနတဲ့ YPG ကာ့ဒ္စစ္ေသြးႂကြ တို႔နဲ႔ ႏွစ္ကိုယ့္တစ္စိတ္မ်ား ျဖစ္ေနတဲ့အတြက္ တူရကီမွာ ေဆြ႕ေဆြ႕ခုန္သြားရပါတယ္။
{ႏိုင္ငံေရးအရႈပ္ေထြးမႈမ်ား} ဥပမာ ဆီးရီးယားအေရး အေမရိကန္နဲ႔ ႐ုရွား-တူရကီတို႔အၾကား တင္းမာမႈကို ပိုမိုဆိုး႐ြားေစခဲ့၊ ႐ုရွား-တူရကီ ပိုမိုနီးကပ္သြား
UNSC ရဲ႕ ဆုံးျဖတ္ခ်က္ျဖစ္သည့္တိုင္ NFZ ဟာ ႏိုင္ငံတကာဥပေဒအရ အျငင္းပြားဖြယ္ျဖစ္ရၿပီး ေနာက္ဆက္တြဲ ႏိုင္ငံေရးနဲ႔လူသားခ်င္း စာနာမႈဆိုင္ရာ ဆိုး႐ြားရႈတ္ေထြးတဲ့ အက်ိဳးဆက္မ်ားကို ျဖစ္ေပၚေစခဲ့ပါတယ္။ ကမာၻႀကီး ၿငိမ္းခ်မ္းမႈကို ၿခိမ္းေျခာက္ရာေရာက္ရွိၿပီး လူသားခ်င္းစာနာမႈကို အဓိကထားဖို႔အတြက္ NFZ ျပဌာန္း ပိုင္ခြင့္ရွိတဲ့ UNSC ကိုယ္တိုင္မွာ ဗီတိုအာဏာအသုံးျပဳခြင့္ရွိတဲ့ န်ဴလက္နက္ပိုင္ (၅) ႏိုင္ငံပါဝင္ေနပါတယ္။ ဗြီတိုနဲ႔ ပယ္ခ် မခံပဲ NFZ ျဖစ္ဖို႔တင္ အေတာ္ ခက္ေနပါတယ္။
တစ္ခါ NFZ ပီျပင္ဖို႔ အေကာင္အထည္ေဖာ္ရန္ တာဝန္ေပးဖို႔ကလည္း ဒီလိုေနရာမ်ိဳးမွာ အၿမဲအသင့္ရွိေနတဲ့ အေမရိကန္ဦးေဆာင္ ေနတိုးစစ္အုပ္စုသာလွ်င္ အျဖစ္မ်ားပါတယ္။ စစ္အင္အားႀကီးႏိုင္ငံေတြဟာ အေၾကာင္း အရာ တစ္ခုတည္းျဖစ္သည့္တိုင္ ဒီေနရာတစ္မ်ိဳး-ဟိုေနရာတစ္မ်ိဳး “ႏွစ္ခြစံႏႈန္း” Double Standard ရွိၾကတာ ခ်ည့္ပါပဲ၊ အေမရိကန္၊ ႐ုရွား စတဲ့ ႏိုင္ငံေတြဟာ မိမိအက်ိဳးစီးပြား အလို႔ငွာ NFZ ကို အသုံးခ်ေလ့ရွိၿပီး အျခားႏိုင္ ငံမ်ားရဲ႕ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈကို ေလးစားမႈ နည္းပါးတယ္လို႔ ေဝဖန္ခံရပါတယ္။
ဒီလိုဆိုရင္ UNSC ဆုံးျဖတ္ခ်က္ မပါတဲ့ NFZ ဆိုတာက ပိုဆိုးလိမ့္မယ္ဆိုတာ အလြယ္သိႏိုင္ပါတယ္။ ႏိုင္ငံတ ကာဥပေဒအရ မတရားသျဖင့္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး စစ္အင္အားႀကီးႏိုင္ငံမ်ားက သူတို႔ရဲ႕ ႏိုင္ငံေရးနဲ႔ စစ္ေရး အက်ိဳးစီးပြားအတြက္သာ ျဖစ္ေလ့ရွိပါတယ္။ ဒါ့ေၾကာင့္ လူသားခ်င္းစာနာမႈနဲ႔ အခ်ဳပ္အျခာအာဏာ ဆိုင္ရာ ပဋိ ပကၡမ်ား အၿမဲတမ္း ေနာက္ဆက္တြဲ က်န္ရစ္တတ္ပါတယ္။
မိမိတို႔ရဲ႕ ႏိုင္ငံေရးနဲ႔ စစ္ေရး အက်ိဳးစီးပြားကို ကာကြယ္ဖို႔ဆိုတဲ့ေနရာမွာ ၿပိဳင္ဘက္ရဲ႕ အက်ိဳးစီးပြားကို ဖ်က္ဆီး ျခင္းကလည္း သြယ္ဝႈိက္ပါဝင္ေနပါတယ္။
#HtayOung #OungMarine