နောက်ထပ် F/A-18 Super Hornet တိုက်လေယာဉ်တစ်စင်းကို အမေရိကန်ရေတပ်ဆုံးရှုံး

 389

Pika (NP News) - မေ ၈

အမေရိကန်ရေတပ်ဟာ ပင်လယ်နီအတွင်း နောက်ထပ် F/A-18 Super Hornet တိုက်လေယာဉ်တစ်စင်းကို ထပ်မံဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ အဲဒီဆုံးရှုံးမှုဟာ သီတင်းပတ်တစ်ပတ်ကျော်အတွင်း အမေရိကန်လေယာဉ် တင်သင်္ဘော USS Harry S. Truman က F/A-18 Super Hornet တိုက်လေယာဉ်ကို ဆုံးရှုံးရမှု နှစ်ကြိမ်မြောက် ဖြစ်တယ်လို့လည်း သိရပါတယ်။
F/A-18 Super Hornetတိုက်လေယာဉ်ဟာ အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Trumanအပေါ် ဆင်းသက်ဖို့ ကြိုးပမ်းစဉ်အချိန်အတွင်း အထိန်းစနစ်ချို့ယွင်းခဲ့မှုနဲ့အတူ ပင်လယ်ထဲကို ပြုတ်ကျသွားခဲ့တာဖြစ် တယ်လို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက “အထိန်းစနစ် ချို့ယွင်း သွားခဲ့မှုနဲ့အတူ F/A-18 Super Hornetတိုက်လေယာဉ်ဟာ လေယာဉ်တင်သင်္ဘောရဲ့ကုန်းပတ်ကိုကျော်ပြီး ရေထဲ ကို ပြုတ်ကျသွားခဲ့ပါတယ်။ လေယာဉ်မှူးနှစ်ဦးစလုံးဟာ ထိုင်ခုံနဲ့အတူ အောင်မြင်စွာကန်ထွက်နိုင်ခဲ့ပြီး Helicopter Sea Combat Squadron 11 မှာ တာဝန်ကျတဲ့ရဟတ်ယာဉ်က ၎င်းတို့ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အတွင်း လေယာဉ်မှူးနှစ်ဦးစလုံးက ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်လေယာဉ်တင်သင်္ဘော USS Harry S. Trumanဟာ ဟူသီလက်နက်ကိုင်အဖွဲ့ ရဲ့ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကနေ ရှောင်ထွက်ဖို့အတွက် လှည့်ခဲ့စဉ်အချိန်အတွင်း F/A-18 Super Hornet တိုက်လေယာဉ်နဲ့ တိုက်လေယာဉ်တွေကို ဆွဲတဲ့ ထရပ်ကားတစ်စီး ရေထဲကို ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်ထပ်မံဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေနာက္ထပ္ F/A-18 Super Hornet တိုက္ေလယာဥ္တစ္စင္းကို အေမရိကန္ေရတပ္ဆုံးရႈံး
Pika (NP News) - ေမ ၈

အေမရိကန္ေရတပ္ဟာ ပင္လယ္နီအတြင္း ေနာက္ထပ္ F/A-18 Super Hornet တိုက္ေလယာဥ္တစ္စင္းကို ထပ္မံဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။ အဲဒီဆုံးရႈံးမႈဟာ သီတင္းပတ္တစ္ပတ္ေက်ာ္အတြင္း အေမရိကန္ေလယာဥ္ တင္သေဘၤာ USS Harry S. Truman က F/A-18 Super Hornet တိုက္ေလယာဥ္ကို ဆုံးရႈံးရမႈ ႏွစ္ႀကိမ္ေျမာက္ ျဖစ္တယ္လို႔လည္း သိရပါတယ္။
F/A-18 Super Hornetတိုက္ေလယာဥ္ဟာ အေမရိကန္ေလယာဥ္တင္သေဘၤာ USS Harry S. Trumanအေပၚ ဆင္းသက္ဖို႔ ႀကိဳးပမ္းစဥ္အခ်ိန္အတြင္း အထိန္းစနစ္ခ်ိဳ႕ယြင္းခဲ့မႈနဲ႔အတူ ပင္လယ္ထဲကို ျပဳတ္က်သြားခဲ့တာျဖစ္ တယ္လို႔ သိရပါတယ္။ အမည္မေဖာ္လိုတဲ့ အေမရိကန္ကာကြယ္ေရးအရာရွိတစ္ဦးက “အထိန္းစနစ္ ခ်ိဳ႕ယြင္း သြားခဲ့မႈနဲ႔အတူ F/A-18 Super Hornetတိုက္ေလယာဥ္ဟာ ေလယာဥ္တင္သေဘၤာရဲ႕ကုန္းပတ္ကိုေက်ာ္ၿပီး ေရထဲ ကို ျပဳတ္က်သြားခဲ့ပါတယ္။ ေလယာဥ္မႉးႏွစ္ဦးစလုံးဟာ ထိုင္ခုံနဲ႔အတူ ေအာင္ျမင္စြာကန္ထြက္ႏိုင္ခဲ့ၿပီး Helicopter Sea Combat Squadron 11 မွာ တာဝန္က်တဲ့ရဟတ္ယာဥ္က ၎တို႔ကို ေအာင္ျမင္စြာ ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ အဲဒီျဖစ္ရပ္အတြင္း ေလယာဥ္မႉးႏွစ္ဦးစလုံးက ထိခိုက္ဒဏ္ရာ အနည္းငယ္သာ ရရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေမရိကန္ေလယာဥ္တင္သေဘၤာ USS Harry S. Trumanဟာ ဟူသီလက္နက္ကိုင္အဖြဲ႕ ရဲ႕ဒုံးက်ည္ေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္မႈကေန ေရွာင္ထြက္ဖို႔အတြက္ လွည့္ခဲ့စဥ္အခ်ိန္အတြင္း F/A-18 Super Hornet တိုက္ေလယာဥ္နဲ႔ တိုက္ေလယာဥ္ေတြကို ဆြဲတဲ့ ထရပ္ကားတစ္စီး ေရထဲကို ျပဳတ္က်မႈျဖစ္ပြားခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ထပ္မံျဖစ္ပြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.