ယူကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့အစီအစဉ်တွေ ရှိနေဆဲဖြစ်တယ်လို့ ရုရှားအစိုးရပြော

 365

Pika (NP News) - မေ ၈

ရုရှားတပ်ဖွဲ့တွေဟာ သမ္မတပူတင်ရဲ့အမိန့်အတိုင်း လာမယ့်မေလ(၈)ရက်က (၁၀)ရက်အထိ အပစ်အခတ်ရပ်စဲဖို့ စီစဉ်ထားပေမယ့်လည်း ယူကရိန်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့မယ်ဆိုရင် လက်တုံ့ပြန်မှု တွေ လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတွေကို အောင်နိုင်တဲ့ နှစ်(၈၀)ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် သုံးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ဧပြီလ(၂၈)ရက်မှာ ပူတင်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
ဒါပေမယ့်လည်း ရုရှားဘက်က အဆိုပြုချက်တွေကို ယူကရိန်းသမ္မတဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့ပြီး အနည်းဆုံး ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေးကိုသာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် သုံးရက်ကြာအပစ်အခတ်ရပ်စဲရေးကို ယူကရိန်းဘက်က လက်မှတ်မရေးထိုးဘူးဆိုရင် ရုရှားဘက်က ဘာလုပ်မှာလဲဆိုတဲ့မေးခွန်းတွေကို ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်က တုံ့ပြန်ဖြေကြားခဲ့ တယ်လို့လည်း သိရပါတယ်။ ဒီမစ်ထရီပက်စကော့ဗ်က “ရုရှားသမ္မတပူတင်ကတော့ သုံးရက်ကြာ အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ဖို့ ညွှန်ကြားထားပါတယ်။
အဲဒီအချိန်အတွင်း ယူကရိန်းဘက်က တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ပြန်လည်လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းမွာ အပစ္အခတ္ရပ္စဲဖို႔အစီအစဥ္ေတြ ရွိေနဆဲျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - ေမ ၈

႐ုရွားတပ္ဖြဲ႕ေတြဟာ သမၼတပူတင္ရဲ႕အမိန႔္အတိုင္း လာမယ့္ေမလ(၈)ရက္က (၁၀)ရက္အထိ အပစ္အခတ္ရပ္စဲဖို႔ စီစဥ္ထားေပမယ့္လည္း ယူကရိန္းတပ္ဖြဲ႕ေတြက တိုက္ခိုက္မႈေတြ လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းခဲ့မယ္ဆိုရင္ လက္တုံ႔ျပန္မႈ ေတြ လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။
ဒုတိယကမာၻစစ္အတြင္း နာဇီဂ်ာမနီေတြကို ေအာင္ႏိုင္တဲ့ ႏွစ္(၈၀)ျပည့္ ႏွစ္ပတ္လည္အထိမ္းအမွတ္အျဖစ္ သုံးရက္ၾကာ အပစ္အခတ္ရပ္စဲေရးကို ၿပီးခဲ့တဲ့ဧၿပီလ(၂၈)ရက္မွာ ပူတင္က ထုတ္ျပန္ေၾကညာခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။
ဒါေပမယ့္လည္း ႐ုရွားဘက္က အဆိုျပဳခ်က္ေတြကို ယူကရိန္းသမၼတဇီလန္စကီးက ျငင္းဆန္ပယ္ခ်ခဲ့ၿပီး အနည္းဆုံး ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရးကိုသာ လက္မွတ္ေရးထိုးဖို႔ အဆင္သင့္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ သုံးရက္ၾကာအပစ္အခတ္ရပ္စဲေရးကို ယူကရိန္းဘက္က လက္မွတ္မေရးထိုးဘူးဆိုရင္ ႐ုရွားဘက္က ဘာလုပ္မွာလဲဆိုတဲ့ေမးခြန္းေတြကို ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္က တုံ႔ျပန္ေျဖၾကားခဲ့ တယ္လို႔လည္း သိရပါတယ္။ ဒီမစ္ထရီပက္စေကာ့ဗ္က “႐ုရွားသမၼတပူတင္ကေတာ့ သုံးရက္ၾကာ အပစ္အခတ္ ရပ္စဲေရးလုပ္ေဆာင္ဖို႔ ၫႊန္ၾကားထားပါတယ္။
အဲဒီအခ်ိန္အတြင္း ယူကရိန္းဘက္က တိုက္ခိုက္မႈေတြ လုပ္ေဆာင္လာခဲ့မယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ဘက္က လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ျပန္လည္လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.