Squid Game season 3 အတွက် တရားဝင် ထွေလာအသစ် Netflix ထုတ်ပြန်

 43

ရောင်နီ (NP News) - မေ ၈

နာမည်ကြီးတောင်ကိုရီးယားဒရာမာ Squid Game နောက်ဆုံး ထွက်ရှိမယ့် Season 3 အတွက် တရားဝင် အမြည်း ထွေလာဗီဒီယိုနဲ့ ဓာတ်ပုံတွေကို Netflix က ထုတ်ပြန်လိုက်ပါတယ်။

Squid Game Season 3 ကို ယခုနှစ် ဇွန်လ ၂၇ ရက်မှာ ထွက်ရှိဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ Season 3 ဟာ ပင်တိုင် ဇာတ်ကောင် ဂီဟွန်း (Player 456) ရဲ့ အချစ်ဆုံးသူငယ်ချင်း ဂျောင်ဘဲ့ (Player 390) သေဆုံးခြင်း၊ ဂီဟွန်း အဖမ်းခံရခြင်း အပါအဝင် စိတ်လှုပ်ရှားစရာ ဇာတ်ဝင်ခန်းတွေရဲ့အဆက်အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ ထွေလာဗီဒီယိုထဲမှာတော့ နောက်ထပ်ဆော့ရမယ့် အမျိုးအမည်မသိ ဂိမ်းတစ်ခု၊ Cast တစ်ဦးချင်းစီရဲ့ဇာတ်ဝင်ခန်းပုံရိပ်တွေနဲ့ ပန်းရောင်ခေါင်းတလားတွေကို ပြသထားပါတယ်။ ပြီးခဲ့တဲ့ Season 2 မှာ ဂီဟွန်းက ဂိမ်းကစားပွဲကို ဖျက်သိမ်းဖို့ ကစားပွဲကို ပြန်လည်ရောက်ရှိလာသူ အဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။

Survival သည်းထိတ်ရင်ဖို အက်ရှင်စီးရီးဟာ ၂၀၂၁ ခုနှစ်က Season 1 စတင်ထွက်ရှိခဲ့ပြီး Netflix ကြည့်ရှုသူ အများဆုံး စီးရီးဖြစ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ထွက်ရှိခဲ့တဲ့ Squid Game Season 2 ဟာလည်း Netflix မှာ ယခင် စံချိန်ကို ချိုးဖျက်ပြီး လူကြိုက်အများဆုံး အင်္ဂလိပ်မဟုတ်တဲ့ ရုပ်ရှင်စီးရီး စာရင်းကို သုံးရက်အတွင်း ဝင်ရောက်ခဲ့ပါတယ်။

Zawgyi Version:
Squid Game season 3 အတြက္ တရားဝင္ ေထြလာအသစ္ Netflix ထုတ္ျပန္
ေရာင္နီ (NP News) - ေမ ၈

နာမည္ႀကီးေတာင္ကိုရီးယားဒရာမာ Squid Game ေနာက္ဆုံး ထြက္ရွိမယ့္ Season 3 အတြက္ တရားဝင္ အျမည္း ေထြလာဗီဒီယိုနဲ႔ ဓာတ္ပုံေတြကို Netflix က ထုတ္ျပန္လိုက္ပါတယ္။

Squid Game Season 3 ကို ယခုႏွစ္ ဇြန္လ ၂၇ ရက္မွာ ထြက္ရွိဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။ Season 3 ဟာ ပင္တိုင္ ဇာတ္ေကာင္ ဂီဟြန္း (Player 456) ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္း ေဂ်ာင္ဘဲ့ (Player 390) ေသဆုံးျခင္း၊ ဂီဟြန္း အဖမ္းခံရျခင္း အပါအဝင္ စိတ္လႈပ္ရွားစရာ ဇာတ္ဝင္ခန္းေတြရဲ႕အဆက္အေနနဲ႔ ထြက္ရွိလာမွာျဖစ္ပါတယ္။ ေထြလာဗီဒီယိုထဲမွာေတာ့ ေနာက္ထပ္ေဆာ့ရမယ့္ အမ်ိဳးအမည္မသိ ဂိမ္းတစ္ခု၊ Cast တစ္ဦးခ်င္းစီရဲ႕ဇာတ္ဝင္ခန္းပုံရိပ္ေတြနဲ႔ ပန္းေရာင္ေခါင္းတလားေတြကို ျပသထားပါတယ္။ ၿပီးခဲ့တဲ့ Season 2 မွာ ဂီဟြန္းက ဂိမ္းကစားပြဲကို ဖ်က္သိမ္းဖို႔ ကစားပြဲကို ျပန္လည္ေရာက္ရွိလာသူ အျဖစ္ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

Survival သည္းထိတ္ရင္ဖို အက္ရွင္စီးရီးဟာ ၂၀၂၁ ခုႏွစ္က Season 1 စတင္ထြက္ရွိခဲ့ၿပီး Netflix ၾကည့္ရႈသူ အမ်ားဆုံး စီးရီးျဖစ္ခဲ့ပါတယ္။ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလက ထြက္ရွိခဲ့တဲ့ Squid Game Season 2 ဟာလည္း Netflix မွာ ယခင္ စံခ်ိန္ကို ခ်ိဳးဖ်က္ၿပီး လူႀကိဳက္အမ်ားဆုံး အဂၤလိပ္မဟုတ္တဲ့ ႐ုပ္ရွင္စီးရီး စာရင္းကို သုံးရက္အတြင္း ဝင္ေရာက္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.