ရုရှားခရီးစဉ်အတွင်း နစကဥက္ကဌ နှင့် တရုတ်သမ္မတတို့ တွေ့ဆုံဆွေးနွေး

650

သုတကျော် (NP News) - မေ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက် ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့သို့ တွေ့ဆုံခြင်းကို စစ်ရေးပြအခမ်းအနားအပြီး Soluex Hotel Moscow ရှိ BEIJING ဧည့်ခန်းမဆောင်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ နစကဥက္ကဌ နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး တရုတ် နိုင်ငံသမ္မတနှင့်အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ ပေါ လစ်ဗျူရို၏ အမြဲတမ်းကော်မတီအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံးအကြီးအကဲဖြစ်သူ Mr. CAI Qi ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာ ကော်မရှင်အကြီးအကဲ၊ နိုင်ငံခြား ရေးဝန်ကြီး Mr. WANG Yi နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ ရမှုများနှင့် ဆုံးရှုံးရမှုများအတွက် မြန်မာနိုင်ငံအစိုးရ၊ ပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်း ရပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူတို့အတူတကွ လက်တွဲ၍ ပြန်လည် တည် ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့်လည်း လိုအပ် သည်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ဆက်ဆံ ရေးသည် ယခုနှစ်တွင် ၇၅ နှစ်ရောက်ရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာအာဏာနှင့် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်း ရေးတို့ကို အမြဲထောက်ခံအားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ငလျင်သဘာဝဘေးဒဏ်ဖြစ်ပေါ်ခဲ့မှုကြောင့် ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်၌ အဆွေတော်အနေဖြင့် မြန်မာပြည်သူလူထုနှင့်ထပ်တူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး အမြန်ဆုံးကျော်ဖြတ် နိုင်ပါစေကြောင်းကို ဆုမွန်ကောင်းတောင်းပေးခဲ့ပါကြောင်း၊ ထို့ပြင် ငလျင်လှုပ်ခတ်မှု အပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အရေးအကြီးဆုံးအချိန်ဖြစ် သည့် (Golden Hour)တွင် တရုတ်နိုင်ငံမှ ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ငလျင် လှုပ်ခတ်ပြီး ၁၈ နာရီအကြာ၌ မြန်မာနိုင်ငံသို့ ပထမဆုံးရောက်ရှိလာခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်း စာနာထောက်ထားမှု အကူအညီ များကိုလည်း ပေးအပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများအနေဖြင့် တရုတ် နိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးမှုများအပေါ် အစဉ်အမြဲကျေးဇူးတင်အမှတ်ရနေ မည်ဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည်များကိုဆက် လက်ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး မေတ္တာရပ်ခံလိုကြောင်း နစကဥက္ကဌ က ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စများနှင့်ပတ်သက်၍ ဒေသအတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်ကုန်ပိုင်းတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ လေ့လာရေးအဖွဲ့များကိုလည်း ဖိတ်ကြားနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့်အတူ အေးအတူပူအမျှ အနာဂတ် မျှဝေသော အသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန်နှင့် အိမ်နီးချင်း နိုင်ငံများဆိုင်ရာ လုပ်ငန်းများအတွက် အခြေခံအသစ်များ ဖော်ဆောင်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် မြန်မာနိုင်ငံအနေဖြင့် အားပေးထောက်ခံပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကို များစွာ အထောက်အကူ ဖြစ်စေသည့်အပြင် နှစ်နိုင်ငံအကြား နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ကြောင်း နစက ဥက္ကဌက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူကြီး ၅ ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုတင် ပြင်ဆင်နေမှုများနှင့် ရွေးကောက်ပွဲအား အားပေးထောက်ခံလျက်ရှိမှုတို့နှင့်ပတ်သက်၍ တရုတ်သမ္မတက ဆွေးနွေးပြောကြားသည်။
နစက ဥက္ကဌ နှင့် တရုတ်သမ္မတ တို့သည် နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုနှင့် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ဆွေးနွေးခဲ့ကြကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
႐ုရွားခရီးစဥ္အတြင္း နစကဥကၠဌ ႏွင့္ တ႐ုတ္သမၼတတို႔ ေတြ႕ဆုံေဆြးေႏြး
သုတေက်ာ္ (NP News) - ေမ ၉
႐ုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့သည့္ ၁၉၄၁-၁၉၄၅ မဟာမ်ိဳးခ်စ္ စစ္ပြဲႀကီး ေအာင္ပြဲ ျပည့္အထိမ္းအမွတ္ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္ ခဲ့သည့္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ တ႐ုတ္ႏိုင္ငံသမၼတ မစၥတာရွီက်င့္ဖ်င္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ေတြ႕ဆုံျခင္းကို စစ္ေရးျပအခမ္းအနားအၿပီး Soluex Hotel Moscow ရွိ BEIJING ဧည့္ခန္းမေဆာင္၌ ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ နစကဥကၠဌ ႏွင့္အတူ ေကာင္စီတြဲဖက္အတြင္းေရးမႉး ဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦး၊ ေကာင္စီဝင္ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ေဒါက္တာ ဘေ႐ႊ၊ ခြန္စံလြင္၊ ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၿပီး တ႐ုတ္ ႏိုင္ငံသမၼတႏွင့္အတူ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၊ ေပါ လစ္ဗ်ဴ႐ို၏ အၿမဲတမ္းေကာ္မတီအဖြဲ႕ဝင္၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၏ အတြင္းေရးမႉးအဖြဲ႕ဝင္၊ တ႐ုတ္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ႐ုံးအႀကီးအကဲျဖစ္သူ Mr. CAI Qi ၊ တ႐ုတ္ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ၏ေပါလစ္ဗ်ဴ႐ိုအဖြဲ႕ဝင္၊ တ႐ုတ္ ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ၏ ႏိုင္ငံျခားေရးရာ ေကာ္မရွင္အႀကီးအကဲ၊ ႏိုင္ငံျခား ေရးဝန္ႀကီး Mr. WANG Yi ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့သည္။
ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚႀကဳံေတြ႕ခဲ့ရသည့္ မႏၲေလးငလ်င္ႀကီးေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ ရမႈမ်ားႏွင့္ ဆုံးရႈံးရမႈမ်ားအတြက္ ျမန္မာႏိုင္ငံအစိုးရ၊ ျပည္သူလူထုႏွင့္ထပ္တူ ဝမ္းနည္း ရပါေၾကာင္း၊ ျမန္မာႏိုင္ငံအစိုးရႏွင့္ ျပည္သူတို႔အတူတကြ လက္တြဲ၍ ျပန္လည္ တည္ ေဆာက္ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို အေကာင္းဆုံး ဆက္လက္ ေဆာင္႐ြက္သြားႏိုင္မည္ဟု ယုံၾကည္ေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံအေနျဖင့္လည္း လိုအပ္ သည္မ်ားကို ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တ႐ုတ္-ျမန္မာ ဆက္ဆံ ေရးသည္ ယခုႏွစ္တြင္ ၇၅ ႏွစ္ေရာက္ရွိၿပီျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာ ႏိုင္ငံ၏ဖြံ႕ၿဖိဳးတိုးတက္ေရး၊ အခ်ဳပ္အျခာအာဏာႏွင့္ ျမန္မာႏိုင္ငံတည္ၿငိမ္ေအးခ်မ္း ေရးတို႔ကို အၿမဲေထာက္ခံအားေပးလ်က္ရွိေၾကာင္း၊ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္ ဆက္လက္ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေၾကာင္း တ႐ုတ္ႏိုင္ငံ သမၼတ မစၥတာရွီက်င့္ဖ်င္ က ေျပာၾကားသည္။
ျမန္မာႏိုင္ငံတြင္ ငလ်င္သဘာဝေဘးဒဏ္ျဖစ္ေပၚခဲ့မႈေၾကာင့္ ခက္ခဲမႈမ်ားႏွင့္ ရင္ဆိုင္ႀကဳံေတြ႕ေနရသည့္အခ်ိန္၌ အေဆြေတာ္အေနျဖင့္ ျမန္မာျပည္သူလူထုႏွင့္ထပ္တူ ဝမ္းနည္းေၾကာင္း သဝဏ္လႊာေပးပို႔ခဲ့ၿပီး အျမန္ဆုံးေက်ာ္ျဖတ္ ႏိုင္ပါေစေၾကာင္းကို ဆုမြန္ေကာင္းေတာင္းေပးခဲ့ပါေၾကာင္း၊ ထို႔ျပင္ ငလ်င္လႈပ္ခတ္မႈ အၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ အေရးအႀကီးဆုံးအခ်ိန္ျဖစ္ သည့္ (Golden Hour)တြင္ တ႐ုတ္ႏိုင္ငံမွ ကူညီကယ္ဆယ္ေရးအဖြဲ႕မ်ားသည္ ငလ်င္ လႈပ္ခတ္ၿပီး ၁၈ နာရီအၾကာ၌ ျမန္မာႏိုင္ငံသို႔ ပထမဆုံးေရာက္ရွိလာခဲ့ၿပီး လိုအပ္သည့္ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ တ႐ုတ္ႏိုင္ငံ အစိုးရ အေနျဖင့္ ျမန္မာႏိုင္ငံအတြက္ အေရးေပၚလူသားခ်င္း စာနာေထာက္ထားမႈ အကူအညီ မ်ားကိုလည္း ေပးအပ္ခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံအစိုးရႏွင့္ျပည္သူမ်ားအေနျဖင့္ တ႐ုတ္ ႏိုင္ငံအစိုးရ၏ ကူညီေဆာင္႐ြက္ေပးမႈမ်ားအေပၚ အစဥ္အၿမဲေက်းဇူးတင္အမွတ္ရေန မည္ျဖစ္ပါေၾကာင္း၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားသည္ ေရရွည္ေဆာင္႐ြက္ရ မည့္ လုပ္ငန္းစဥ္ျဖစ္သည့္အတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ လိုအပ္သည္မ်ားကိုဆက္ လက္ကူညီပံ့ပိုးေဆာင္႐ြက္ေပးႏိုင္ေရး ေမတၱာရပ္ခံလိုေၾကာင္း နစကဥကၠဌ က ေျပာသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံအေရးကိစၥမ်ားႏွင့္ပတ္သက္၍ ေဒသအတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာတြင္ ျမန္မာႏိုင္ငံဘက္မွ ရပ္တည္ေပးသည့္အတြက္လည္း ေက်းဇူးတင္ရွိပါေၾကာင္း၊ ျမန္မာႏိုင္ငံအေနျဖင့္ ယခုႏွစ္ကုန္ပိုင္းတြင္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲတစ္ရပ္ကို ေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏိုင္ေရး ႀကိဳတင္ ျပင္ဆင္မႈမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ခ်ိန္တြင္ ႏိုင္ငံတကာမွ ေလ့လာေရးအဖြဲ႕မ်ားကိုလည္း ဖိတ္ၾကားႏိုင္ေရး စီစဥ္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ တ႐ုတ္ႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္အတူ ေအးအတူပူအမွ် အနာဂတ္ မွ်ေဝေသာ အသိုက္အဝန္းတစ္ခုကို တည္ေဆာက္သြားရန္ႏွင့္ အိမ္နီးခ်င္း ႏိုင္ငံမ်ားဆိုင္ရာ လုပ္ငန္းမ်ားအတြက္ အေျခခံအသစ္မ်ား ေဖာ္ေဆာင္သြားႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ေနမႈအေပၚ ျမန္မာႏိုင္ငံအေနျဖင့္ အားေပးေထာက္ခံပါေၾကာင္း၊ ယေန႔ေတြ႕ဆုံမႈသည္ ႏွစ္ႏိုင္ငံဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရးကို မ်ားစြာ အေထာက္အကူ ျဖစ္ေစသည့္အျပင္ ႏွစ္ႏိုင္ငံအၾကား နီးကပ္စြာ ဆက္လက္ ပူးေပါင္းေဆာင္႐ြက္သြား ႏိုင္မည္ဟု ယုံၾကည္ေၾကာင္း နစက ဥကၠဌက ေျပာသည္။
တ႐ုတ္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာဆက္ဆံေရးတြင္ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ ေရးမူႀကီး ၅ ရပ္ႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိမႈ၊ ေဒသတြင္းႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာ တြင္ ျမန္မာႏိုင္ငံဘက္မွ ရပ္တည္ေပးလ်က္ရွိမႈ၊ ျမန္မာႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ၏ ႀကိဳတင္ ျပင္ဆင္ေနမႈမ်ားႏွင့္ ေ႐ြးေကာက္ပြဲအား အားေပးေထာက္ခံလ်က္ရွိမႈတို႔ႏွင့္ပတ္သက္၍ တ႐ုတ္သမၼတက ေဆြးေႏြးေျပာၾကားသည္။
နစက ဥကၠဌ ႏွင့္ တ႐ုတ္သမၼတ တို႔သည္ ႏွစ္ႏိုင္ငံဆက္ဆံမႈ တိုးျမႇင့္ေဆာင္႐ြက္ေရး၊ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ႏိုင္ေရး၊ ေဆြမ်ိဳးေပါက္ေဖာ္ ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ေအးအတူပူအမွ် အသိုက္အဝန္းတည္ေဆာက္ေရး၊ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ေရးတို႔ႏွင့္ ေဆြးေႏြးခဲ့ၾကကာ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ခဲ့ၾကေၾကာင္း သိရသည္။