စစ်ပွဲကို ချက်ချင်းအဆုံးသတ်ဖို့ ပူတင်နဲ့ဇီလန်စကီးတို့ကို ဒေါ်နယ်ထရမ့်ပြော

297

Pika (NP News) - မေ ၁၁
ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ နှစ်ယောက်စလုံးကို ပြောကြားလိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ဖြစ်နိုင်ခြေရှိတဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတိပေးချက်တစ်ခုကို ယူကရိန်း မှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဒါ့ပြင် အဲဒီသတိပေးချက်နဲ့ပတ်သက်တဲ့သတင်းထောက်တွေရဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားမှု တွေလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံစလုံးအတွက် ကျွန်တော့်မှာ ပြောစရာစကားရှိပါတယ်။ ဒီစစ်ပွဲကို အဆုံးသတ်လိုက်ပါ။ ဒီမိုက်မဲတဲ့စစ်ပွဲကို ချက်ချင်းရပ်တန့်လိုက်ပါ။ ဒါက ပူတင်နဲ့ဇီလန်စကီးတို့အတွက် ကျွန်တော့်ရဲ့စကားပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း ဘယ်အချိန်မှာမဆိုဖြစ်ပွားနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ရရှိထားတယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ အမေရိကန်သံရုံး က “လေကြောင်းသတိပေးချက်ထုတ်ပြန်တဲ့အချိန်မှာ ခိုလှုံစရာနေရာတွေကို ချက်ချင်းပြင်ဆင်ထားကြဖို့ အမေရိကန်နိုင်ငံသားတွေအားလုံးကို အကြံပြုထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
စစ္ပြဲကို ခ်က္ခ်င္းအဆုံးသတ္ဖို႔ ပူတင္နဲ႔ဇီလန္စကီးတို႔ကို ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၁၁
႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ဖို႔ ႐ုရွားသမၼတပူတင္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ ႏွစ္ေယာက္စလုံးကို ေျပာၾကားလိုတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
လာမယ့္ရက္ပိုင္းအတြင္း ျဖစ္ႏိုင္ေျခရွိတဲ့ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး သတိေပးခ်က္တစ္ခုကို ယူကရိန္း မွာရွိတဲ့ အေမရိကန္သံ႐ုံးက ထုတ္ျပန္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။
ဒါ့ျပင္ အဲဒီသတိေပးခ်က္နဲ႔ပတ္သက္တဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားမႈ ေတြလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “႐ုရွားနဲ႔ယူကရိန္းႏွစ္ႏိုင္ငံစလုံးအတြက္ ကြၽန္ေတာ့္မွာ ေျပာစရာစကားရွိပါတယ္။ ဒီစစ္ပြဲကို အဆုံးသတ္လိုက္ပါ။ ဒီမိုက္မဲတဲ့စစ္ပြဲကို ခ်က္ခ်င္းရပ္တန႔္လိုက္ပါ။ ဒါက ပူတင္နဲ႔ဇီလန္စကီးတို႔အတြက္ ကြၽန္ေတာ့္ရဲ႕စကားပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
လာမယ့္ရက္ပိုင္းအတြင္း ဘယ္အခ်ိန္မွာမဆိုျဖစ္ပြားႏိုင္တဲ့ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြကို ရရွိထားတယ္လို႔ အေမရိကန္သံ႐ုံးက သတင္းထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။ အေမရိကန္သံ႐ုံး က “ေလေၾကာင္းသတိေပးခ်က္ထုတ္ျပန္တဲ့အခ်ိန္မွာ ခိုလႈံစရာေနရာေတြကို ခ်က္ခ်င္းျပင္ဆင္ထားၾကဖို႔ အေမရိကန္ႏိုင္ငံသားေတြအားလုံးကို အႀကံျပဳထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။