အိန္ဒိယ-ပါကစ္စတန်ပဋိပက္ခကိုဖြေရှင်းရာမှာ ကူညီပေးလိုတယ်လို့ တရုတ်ပြော

275

Pika (NP News) - မေ ၁၁
အိန္ဒိယနဲ့ပါကစ္စတန်တို့ကြား တင်းမာမှုအရှိန်မြင့်တက်လာတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တရုတ်နိုင်ငံက ထုတ်ဖော်ပြသခဲ့ပြီး အဲဒီကိစ္စကိုဖြေရှင်းရာမှာ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့အတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်က အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေတွေ အားလုံးကို အနီးကပ်စောင့်ကြည့်နေပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့ပြင် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ဦးစားပေးဖို့၊တည်ငြိမ်မှုကို ထိန်းသိမ်းဖို့၊ငြိမ်းချမ်းတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ပြဿနာဖြေရှင်းရေးလမ်းကြောင်းကို ပြန်သွားဖို့၊တင်းမာမှုတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ လုပ်ရပ်တွေအားလုံးကို သတိထားကြဖို့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးတော့ တရုတ်နိုင်ငံဟာ အဲဒီကိစ္စရပ်တွေမှာ အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ပါဝင်ဖို့အတွက် ဆန္ဒ ရှိနေဆဲဖြစ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလ(၂၂)ရက်က ကတ်ရှ်မီးယားပြည်နယ်မှာ လူ(၂၆)ဦးသေဆုံးစေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနဲ့ ပါကစ္စတန်ကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
အိႏၵိယ-ပါကစၥတန္ပဋိပကၡကိုေျဖရွင္းရာမွာ ကူညီေပးလိုတယ္လို႔ တ႐ုတ္ေျပာ
Pika (NP News) - ေမ ၁၁
အိႏၵိယနဲ႔ပါကစၥတန္တို႔ၾကား တင္းမာမႈအရွိန္ျမင့္တက္လာတာနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို တ႐ုတ္ႏိုင္ငံက ထုတ္ေဖာ္ျပသခဲ့ၿပီး အဲဒီကိစၥကိုေျဖရွင္းရာမွာ အျပဳသေဘာေဆာင္တဲ့အခန္းက႑ကေန ပါဝင္ဖို႔အတြက္ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “တ႐ုတ္က အိႏၵိယနဲ႔ ပါကစၥတန္ၾကား ျဖစ္ပြားေနတဲ့ လက္ရွိအေျခအေနေတြ အားလုံးကို အနီးကပ္ေစာင့္ၾကည့္ေနပါတယ္” လို႔ ထုတ္ျပန္ခဲ့ပါတယ္။
ဒါ့ျပင္ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ဦးစားေပးဖို႔၊တည္ၿငိမ္မႈကို ထိန္းသိမ္းဖို႔၊ၿငိမ္းခ်မ္းတဲ့ ႏိုင္ငံေရးနည္းလမ္းနဲ႔ ျပႆနာေျဖရွင္းေရးလမ္းေၾကာင္းကို ျပန္သြားဖို႔၊တင္းမာမႈေတြ ပိုမိုျပင္းထန္လာႏိုင္တဲ့ လုပ္ရပ္ေတြအားလုံးကို သတိထားၾကဖို႔ အိႏၵိယနဲ႔ ပါကစၥတန္တို႔ကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။
ၿပီးေတာ့ တ႐ုတ္ႏိုင္ငံဟာ အဲဒီကိစၥရပ္ေတြမွာ အျပဳသေဘာေဆာင္တဲ့အခန္းက႑ကေန ပါဝင္ဖို႔အတြက္ ဆႏၵ ရွိေနဆဲျဖစ္တယ္လို႔လည္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဧၿပီလ(၂၂)ရက္က ကတ္ရွ္မီးယားျပည္နယ္မွာ လူ(၂၆)ဦးေသဆုံးေစခဲ့တဲ့ အၾကမ္းဖက္တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ ပါကစၥတန္ၾကား တင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။