အမေရိကန်နဲ့ လေးကြိမ်မြောက်နျူကလီးယားဆွေးနွေးပွဲကို လုပ်ဆောင်ဖို့ အီရန် သဘောတူ

 195

Pika (NP News) - မေ ၁၁

အမေရိကန်နဲ့ လေးကြိမ်မြောက် နျူကလီးယားဆိုင်ရာဆွေးနွေးပွဲကို မေလ(၁၁)ရက်မှာ အိုမန်နိုင်ငံမှာ ကျင်းပဖို့ အီရန်ဘက်က သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် အမေရိကန်အထူးသံတမန်စတိဗ်ဝစ်အော့ဖ်ဟာ လေးကြိမ်မြောက်နျူကလီးယားဆွေးနွေးပွဲအတွက် မေလ(၁၁)ရက်မှာ အိုမန်နိုင်ငံကို ရောက်ရှိလာမှာဖြစ်တယ်လို့ လည်း သိရပါတယ်။
သတင်းရင်းမြစ်တစ်ခုက “အရင်တုန်းကလိုပဲ တိုက်ရိုက်ရော၊သွယ်ဝိုက်တာရော ပါဝင်တဲ့ဆွေးနွေးမှုတွေကို ကျွန်တော်တို့မျှော်လင့်ထားပါတယ်” လို့ ပြောခဲ့ပါတယ်။
အီရန်ကိုယ်စားလှယ်အဖွဲ့မှ အမည်မဖော်လိုသူတစ်ဦးက “အိုမန်နိုင်ငံခြားရေးဝန်ကြီးရဲ့အဆိုပြုချက်နဲ့အတူ လေးကြိမ်မြောက်နျူကလီးယားဆွေးနွေးပွဲကို မေလ(၁၁)ရက်မှာ ကျင်းပဖို့ သဘောတူညီမှုကို အီရန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အိုမန်မှာ လေးကြိမ်မြောက် အမေရိကန်-အီရန် နျူကလီးယားဆွေးနွေးပွဲကို လုပ်ဆောင်ဖို့ သဘောတူညီခဲ့ပြီးပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး သဘောတူညီချက်တစ်ခုကို မရရှိခဲ့ဘူးဆိုရင် အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးမှုတွေ စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်နဲ့ အီရန်ကြားဆွေးနွေးမှုတွေ နှောင့်နှေးခဲ့ပေမယ့်လည်း ရက်အနည်းငယ်အကြာမှာ ယခုလိုသဘောတူညီချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္နဲ႔ ေလးႀကိမ္ေျမာက္န်ဴကလီးယားေဆြးေႏြးပြဲကို လုပ္ေဆာင္ဖို႔ အီရန္ သေဘာတူ
Pika (NP News) - ေမ ၁၁

အေမရိကန္နဲ႔ ေလးႀကိမ္ေျမာက္ န်ဴကလီးယားဆိုင္ရာေဆြးေႏြးပြဲကို ေမလ(၁၁)ရက္မွာ အိုမန္ႏိုင္ငံမွာ က်င္းပဖို႔ အီရန္ဘက္က သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ အေမရိကန္အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္ဟာ ေလးႀကိမ္ေျမာက္န်ဴကလီးယားေဆြးေႏြးပြဲအတြက္ ေမလ(၁၁)ရက္မွာ အိုမန္ႏိုင္ငံကို ေရာက္ရွိလာမွာျဖစ္တယ္လို႔ လည္း သိရပါတယ္။
သတင္းရင္းျမစ္တစ္ခုက “အရင္တုန္းကလိုပဲ တိုက္႐ိုက္ေရာ၊သြယ္ဝိုက္တာေရာ ပါဝင္တဲ့ေဆြးေႏြးမႈေတြကို ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အီရန္ကိုယ္စားလွယ္အဖြဲ႕မွ အမည္မေဖာ္လိုသူတစ္ဦးက “အိုမန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕အဆိုျပဳခ်က္နဲ႔အတူ ေလးႀကိမ္ေျမာက္န်ဴကလီးယားေဆြးေႏြးပြဲကို ေမလ(၁၁)ရက္မွာ က်င္းပဖို႔ သေဘာတူညီမႈကို အီရန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ အိုမန္မွာ ေလးႀကိမ္ေျမာက္ အေမရိကန္-အီရန္ န်ဴကလီးယားေဆြးေႏြးပြဲကို လုပ္ေဆာင္ဖို႔ သေဘာတူညီခဲ့ၿပီးပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္တစ္ခုကို မရရွိခဲ့ဘူးဆိုရင္ အီရန္အေပၚ ဗုံးႀကဲတိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ အေမရိကန္နဲ႔ အီရန္ၾကား ေဆြးေႏြးမႈေတြ စတင္ခဲ့တာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အေမရိကန္နဲ႔ အီရန္ၾကားေဆြးေႏြးမႈေတြ ေႏွာင့္ေႏွးခဲ့ေပမယ့္လည္း ရက္အနည္းငယ္အၾကာမွာ ယခုလိုသေဘာတူညီခ်က္ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.