နောက်ထပ်တိုက်ခိုက်မှုတွေ မရှိတော့ဘူးဆိုရင် တင်းမာမှုတွေ လျှော့ချဖို့ စဉ်းစားသွားမယ်လို့ ပါကစ္စတန်ပြော

 584

Pika (NP News) - မေ ၁၁

အိန္ဒိယနိုင်ငံက နောက်ထပ်တိုက်ခိုက်မှုတွေ မလုပ်ဆောင်တော့ဘူးဆိုရင် ပါကစ္စတန်ဘက်က တင်းမာမှုတွေကို လျှော့ချဖို့အတွက် စဉ်းစားသွားမယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြပြီး နောက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ(၂၂)ရက်က ကတ်ရှ်မီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ပံ့ပိုးပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယဘက်က စွပ်စွဲပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံကြားတင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီအကြမ်းဖက်တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက ပါကစ္စတန်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့ပြီးနောက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု‌တွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါ့ပေမယ့်လည်း နှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိတဲ့တင်းမာမှုတွေကို လျှော့ချဖို့အတွက် အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို နိုင်ငံအများအပြားက တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေနာက္ထပ္တိုက္ခိုက္မႈေတြ မရွိေတာ့ဘူးဆိုရင္ တင္းမာမႈေတြ ေလွ်ာ့ခ်ဖို႔ စဥ္းစားသြားမယ္လို႔ ပါကစၥတန္ေျပာ
Pika (NP News) - ေမ ၁၁

အိႏၵိယႏိုင္ငံက ေနာက္ထပ္တိုက္ခိုက္မႈေတြ မလုပ္ေဆာင္ေတာ့ဘူးဆိုရင္ ပါကစၥတန္ဘက္က တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ စဥ္းစားသြားမယ္လို႔ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း အိႏၵိယနဲ႔ပါကစၥတန္တို႔ဟာ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို လုပ္ေဆာင္ခဲ့ၾကၿပီး ေနာက္ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ဧၿပီလ(၂၂)ရက္က ကတ္ရွ္မီးယားျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့အၾကမ္းဖက္တိုက္ခိုက္မႈကို ပါကစၥတန္အစိုးရက ပံ့ပိုးေပးမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အိႏၵိယဘက္က စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ႏွစ္ႏိုင္ငံၾကားတင္းမာမႈေတြ ျမင့္တက္လာခဲ့တာလည္းျဖစ္ပါတယ္။
အဲဒီအၾကမ္းဖက္တိုက္ခိုက္မႈကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အိႏၵိယက ပါကစၥတန္ကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ ခဲ့ၿပီးေနာက္ တင္းမာမႈေတြ ပိုမိုျမင့္တက္လာခဲ့ၿပီး အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈ‌ေတြ ထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။ ဒါ့ေပမယ့္လည္း ႏွစ္ႏိုင္ငံၾကား ျဖစ္ပြားလ်က္ရွိတဲ့တင္းမာမႈေတြကို ေလွ်ာ့ခ်ဖို႔အတြက္ အိႏၵိယနဲ႔ ပါကစၥတန္တို႔ကို ႏိုင္ငံအမ်ားအျပားက တိုက္တြန္းေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.