စင်ကာပူ ရီရှန်အသိုင်းအဝိုင်းထဲမှာ ရက်စက်စွာ သတ်ဖြတ်ခံထားရတဲ့ကြောင်တစ်ကောင် ရုပ်အလောင်းနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး ကေရှန်မူဂန် ရှုတ်ချ

499

ရောင်နီ (NP News) - မေ ၁၁
မေလ ၉ ရက် နံနက်ပိုင်းက စင်ကာပူနိုင်ငံ၊ ရီရှန် လူနေအိမ်အသိုင်းအဝိုင်းမှာ တွေ့ခဲ့ရတဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ ကြောင်ရုပ်အလောင်းနဲ့ပတ်သက်ပြီး ဥပဒေနဲ့ ပြည်ထဲရေးဝန်ကြီး ရှန်မူဂန်က ရှုတ်ချခဲ့ပါ တယ်။
အဆိုပါ ကြောင်လေးနာမည်ဟာ ကင်းကောင်ဖြစ်ပြီး ရီရှန် အိမ်ရာထဲမှာ လူချစ်လူခင်ပေါများတဲ့ ကြောင်လေး ဖြစ်ပါတယ်။ အသတ်ခံရချိန်မှာ မျက်လုံးတွေ ဖောက်ထုတ်ခံထားရပြီး ဘက်ဘက်ပေါင်တစ်ခြမ်း ဆွဲဖြဲခံထားရတာ တွေရပါတယ်။ မျက်နှာအနေအထား မပျက်စီးခဲ့တာကြောင့် အိမ်ရာထဲက ကြောင်လေးအဖြစ် လူတွေ မှတ်မိကြ တာဖြစ်ပါတယ်။ ဒါအပြင် ကြောင်ရဲ့ရုပ်အလောင်းကို လမ်းဘေးအမှိုက်ပုံးမှာ လွှင့်ပစ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး Ned Soon GRC ဥပဒေနဲ့ ပြည်ထဲရေးဝန်ကြီးမစ္စတာ ရှန်မူဂန်က "ဒီလိုလုပ်ရပ်မျိုးလုပ်မယ့်လူက ဘယ်လိုလူမျိုးလဲ၊ ဒါက ကျွန်တော်တို့ပြည်သူတွေမဟုတ်ဘူး" လို့ သူ့ရဲ့ ဖေ့ဘွတ် အကောင့်မှာ ဆိုထားပါတယ်။
ကြောင်သေဆုံးမှုအတွက် တာဝန်ရှိတဲ့သူကို အာဏာပိုင်တွေက စစ်ဆေးရှာဖွေနေပြီး အနီးပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကြမ်းဖက်မှုတွေ့ရှိရင်လည်း အကြောင်းကြားဖို့ အကြံပေးထားတယ်လို့ သိရပါတယ်။

Zawgyi Version:
စင္ကာပူ ရီရွန္အသိုင္းအဝိုင္းထဲမွာ ရက္စက္စြာ သတ္ျဖတ္ခံထားရတဲ့ေၾကာင္တစ္ေကာင္ ႐ုပ္အေလာင္းနဲ႔ပတ္သက္ၿပီး ျပည္ထဲေရးဝန္ႀကီး ေကရွန္မူဂန္ ရႈတ္ခ်
ေရာင္နီ (NP News) - ေမ ၁၁
ေမလ ၉ ရက္ နံနက္ပိုင္းက စင္ကာပူႏိုင္ငံ၊ ရီရွန္ လူေနအိမ္အသိုင္းအဝိုင္းမွာ ေတြ႕ခဲ့ရတဲ့ ရက္ရက္စက္စက္ သတ္ျဖတ္ခံထားရတဲ့ ေၾကာင္႐ုပ္အေလာင္းနဲ႔ပတ္သက္ၿပီး ဥပေဒနဲ႔ ျပည္ထဲေရးဝန္ႀကီး ရွန္မူဂန္က ရႈတ္ခ်ခဲ့ပါ တယ္။
အဆိုပါ ေၾကာင္ေလးနာမည္ဟာ ကင္းေကာင္ျဖစ္ၿပီး ရီရွန္ အိမ္ရာထဲမွာ လူခ်စ္လူခင္ေပါမ်ားတဲ့ ေၾကာင္ေလး ျဖစ္ပါတယ္။ အသတ္ခံရခ်ိန္မွာ မ်က္လုံးေတြ ေဖာက္ထုတ္ခံထားရၿပီး ဘက္ဘက္ေပါင္တစ္ျခမ္း ဆြဲၿဖဲခံထားရတာ ေတြရပါတယ္။ မ်က္ႏွာအေနအထား မပ်က္စီးခဲ့တာေၾကာင့္ အိမ္ရာထဲက ေၾကာင္ေလးအျဖစ္ လူေတြ မွတ္မိၾက တာျဖစ္ပါတယ္။ ဒါအျပင္ ေၾကာင္ရဲ႕႐ုပ္အေလာင္းကို လမ္းေဘးအမႈိက္ပုံးမွာ လႊင့္ပစ္ထားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး Ned Soon GRC ဥပေဒနဲ႔ ျပည္ထဲေရးဝန္ႀကီးမစၥတာ ရွန္မူဂန္က "ဒီလိုလုပ္ရပ္မ်ိဳးလုပ္မယ့္လူက ဘယ္လိုလူမ်ိဳးလဲ၊ ဒါက ကြၽန္ေတာ္တို႔ျပည္သူေတြမဟုတ္ဘူး" လို႔ သူ႔ရဲ႕ ေဖ့ဘြတ္ အေကာင့္မွာ ဆိုထားပါတယ္။
ေၾကာင္ေသဆုံးမႈအတြက္ တာဝန္ရွိတဲ့သူကို အာဏာပိုင္ေတြက စစ္ေဆးရွာေဖြေနၿပီး အနီးပတ္ဝန္းက်င္မွာ တိရစာၦန္အၾကမ္းဖက္မႈေတြ႕ရွိရင္လည္း အေၾကာင္းၾကားဖို႔ အႀကံေပးထားတယ္လို႔ သိရပါတယ္။