ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ် ရာထူးကထုတ်ပယ်ခံရပြီးအကျဉ်းချခံရဟု သတင်းများထွက်ပေါ်နေ

1972

ဂျန်ဇက် (NP News) - မေ ၁၁
ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံကြား ဖြစ်ပွားနေတဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကိုအဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲရေး ရယူဖို့ သဘောတူညီမှုတွေရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်ဟာ ရာထူးက ဖယ်ရှားခံရကာ အကျဉ်းချခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ Asim Munirဟာ နိုင်ငံနဲ့ ဒေသအတွင်းမှာမတည်ငြိမ်မှုတွေဖြစ်လာအောင်လုပ်ဆောင်ခဲ့ခြင်းအတွက် ရာထူးက ဖယ်ရှားခံရတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဆိုပါသတင်းနဲ့ပတ်သက်ပြီး ပါကစ္စတန်စစ်တပ်နဲ့ အစိုးရအဖွဲ့က တစ်စုံတစ်ရာ
အတည်ပြုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ပါကစ္စတန်စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီး Sahir Shamshad Mirza ကို ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ် တာဝန်ပေးအပ်ဖွယ်ရှိတယ်လို့ သတင်းတွေထပ်မံ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။
ပါကစ္စတန်စစ်တပ်ရဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Inter-Services Public Relations (ISPR) ကလည်း ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်ကို ရာထူးက ထုတ်ပယ်လိုက်တယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး
ဖြေရှင်းတာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီလက အိန္ဒိယနိုင်ငံ ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားပြည်နယ်မှာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာခဲ့ပြီးနောက် ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်လာခဲ့ကာ အိန္ဒိယက မေလ ၅ ရက်မှာ ဆင်ဒေါအမည်ရှိ စစ်ဆင်ရေးကိုစတင်ခဲ့ကာ ပါကစ္စတန် ကို စတင်ပစ်ခတ်ခဲ့ပါတယ်။
ပါကစ္စတန် စစ်တပ်ကလည်း မေလ ၁၀ ရက်မှာ အိန္ဒိယနိုင်ငံကို တုံ့ပြန်တိုက်ခိုက်မယ့် စစ်ဆင်ရေး စတင်ခဲ့ပြီးတုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ရေးတင်းမာမှုများ၊ မြင့်တက်လာခဲ့ပါတယ်။ ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံကြား စစ်ရေးတင်းမာမှုမြင့်တက်လာချိန်မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ကြားဝင်စေ့စပ်ပေးခဲ့ပြီး မေလ ၁၁ ရက်မှာ ပါကစ္စတန် နဲ့ အိန္ဒိယနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။

ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္ ရာထူးကထုတ္ပယ္ခံရၿပီးအက်ဥ္းခ်ခံရဟု သတင္းမ်ားထြက္ေပၚေန
ဂ်န္ဇက္ (NP News) - ေမ ၁၁
ပါကစၥတန္ နဲ႔ အိႏၵိယႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ အျပန္အလွန္ပစ္ခတ္မႈေတြကိုအဆုံးသတ္ၿပီး အပစ္ခတ္ရပ္စဲေရး ရယူဖို႔ သေဘာတူညီမႈေတြရရွိခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာပဲ ပါကစၥတန္ ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ရာထူးက ဖယ္ရွားခံရကာ အက်ဥ္းခ်ခံလိုက္ရတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္သူ Asim Munirဟာ ႏိုင္ငံနဲ႔ ေဒသအတြင္းမွာမတည္ၿငိမ္မႈေတြျဖစ္လာေအာင္လုပ္ေဆာင္ခဲ့ျခင္းအတြက္ ရာထူးက ဖယ္ရွားခံရတာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။ အဆိုပါသတင္းနဲ႔ပတ္သက္ၿပီး ပါကစၥတန္စစ္တပ္နဲ႔ အစိုးရအဖြဲ႕က တစ္စုံတစ္ရာ
အတည္ျပဳတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ပါကစၥတန္စစ္တပ္က ဒုတိယဗိုလ္ခ်ဳပ္ႀကီး Sahir Shamshad Mirza ကို ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္ တာဝန္ေပးအပ္ဖြယ္ရွိတယ္လို႔ သတင္းေတြထပ္မံ ထြက္ေပၚေနဆဲျဖစ္ပါတယ္။
ပါကစၥတန္စစ္တပ္ရဲ႕အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Inter-Services Public Relations (ISPR) ကလည္း ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ရာထူးက ထုတ္ပယ္လိုက္တယ္ဆိုတဲ့သတင္းနဲ႔ပတ္သက္ၿပီး
ေျဖရွင္းတာမ်ိဳး မရွိေသးပါဘူး။
ၿပီးခဲ့တဲ့ ဧၿပီလက အိႏၵိယႏိုင္ငံ ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားျပည္နယ္မွာ လူေပါင္း ၂၆ ဦး ေသဆုံးခဲ့တဲ့အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္လာခဲ့ၿပီးေနာက္ ပါကစၥတန္ နဲ႔ အိႏၵိယႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ကာ အိႏၵိယက ေမလ ၅ ရက္မွာ ဆင္ေဒါအမည္ရွိ စစ္ဆင္ေရးကိုစတင္ခဲ့ကာ ပါကစၥတန္ ကို စတင္ပစ္ခတ္ခဲ့ပါတယ္။
ပါကစၥတန္ စစ္တပ္ကလည္း ေမလ ၁၀ ရက္မွာ အိႏၵိယႏိုင္ငံကို တုံ႔ျပန္တိုက္ခိုက္မယ့္ စစ္ဆင္ေရး စတင္ခဲ့ၿပီးတုံ႔ျပန္တိုက္ခိုက္ခဲ့ရာ စစ္ေရးတင္းမာမႈမ်ား၊ ျမင့္တက္လာခဲ့ပါတယ္။ ပါကစၥတန္ နဲ႔ အိႏၵိယႏိုင္ငံၾကား စစ္ေရးတင္းမာမႈျမင့္တက္လာခ်ိန္မွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ၾကားဝင္ေစ့စပ္ေပးခဲ့ၿပီး ေမလ ၁၁ ရက္မွာ ပါကစၥတန္ နဲ႔ အိႏၵိယႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးရယူဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။