ယူကရိန်းအစိုးရနဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ရုရှားသမ္မတပူတင် အဆိုပြုကမ်းလှမ်း

71

ဂျန်ဇက် (NP News) - မေ ၁၂
စစ်ပွဲရေသောက်မြစ်ကို ဖယ်ရှားနိုင်ဖို့နဲ့ အပြန်အလှန်ငြိမ်းချမ်းရေး ရယူနိုင်ဖို့ ရည်ရွယ်ပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးလိုတယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူကရိန်း နဲ့ ဥရောပခေါင်းဆောင်များက ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ သုံးနှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ရက်ပေါင်း ၃၀ ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကို မေလ ၁၂ ရက်မှာ စတင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် ရုရှားသမ္မတက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ရုရှားသမ္မတက "ပဋိပက္ခတွေရဲ့မူလဇစ်မြစ်ကို ဖယ်ရှားဖို့ လေးလေးနက်နက် စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်၊ဆွေးနွေးပွဲတွေအတွင်းမှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီနိုင်မယ်ဆိုတဲ့အချက်ကို ဖယ်ထားလို့ မရဘူး။ ၂၀၂၂ ခုနှစ်မှာ စေ့စပ်ညှိနှိုင်းမှုတွေကို ဖြတ်တောက်ခဲ့တာ ရုရှား မဟုတ်ပါဘူး။ ဒါဟာ ယူကရိန်းဘက် ဖြတ်တောက်ခဲ့တာဖြစ်တယ်။
ဒါပေမယ့် လက်ရှိအချိန်မှာ ယူကရိန်းဘက်က ကြိုတင်သတ်မှတ်ချက်တွေမပါဘဲ တိုက်ရိုက်ညှိနှိုင်းမှုတွေ ပြန်စဖို့ အဆိုပြုနေပါတယ်။
သူတို့ပြောသလိုပဲ၊ ကျွန်တော်တို့ရဲ့အဆိုပြုချက်ဟာ စားပွဲပေါ်မှာ ရှိနေပြီး၊ အခု ဆုံးဖြတ်ချက်ဟာ ယူကရိန်း အာဏာပိုင်တွေအပေါ်မှာမူတည်တယ်။ သူတို့ရဲ့ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ သူတို့ရဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကို မဟုတ်ဘဲ သူတို့ရဲ့နိုင်ငံရေး ရည်မှန်းချက်တွေနဲ့ လမ်းညွှန်ပြနေတာ ဖြစ်ပါတယ်။ အစ္စတန်ဘူလ်မှာ မေလ (၁၅)ရက်နောက်ဆုံးထားပြီး နှောင့်နှေးမှုမရှိဘဲ ညှိနှိုင်းမှုတွေ စတင်ဖို့ အဆိုပြုထားပါတယ်" လို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအဆုံးသတ်ဖို့ ဒေါ်နယ်ထရမ့်ဟာအမေရိကန်သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း
ကြားဝင်ဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။
ရုရှားနဲ့ ယူကရိန်းနိုင်ငံကြားစစ်ပွဲ စတင်ပြီးနောက် ပထမ လတွေအတွင်း နှစ်ဖက်အစိုးရတာဝန်ရှိသူတွေဟာ တူရကီနိုင်ငံမှာ ကနဦးတွေ့ဆုံဆွေးနွေးခဲ့ပေမယ့် နောက်ပိုင်းမှာ ပျက်ပြယ်ခဲ့ပြီး လက်ရှိအချိန်အထိတိုက်ပွဲတွေ ဖြစ်ပွားခဲ့ရတယ်လို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းအစိုးရနဲ႔တိုက္႐ိုက္ေတြ႕ဆုံေဆြးေႏြးဖို႔ ႐ုရွားသမၼတပူတင္ အဆိုျပဳကမ္းလွမ္း
ဂ်န္ဇက္ (NP News) - ေမ ၁၂
စစ္ပြဲေရေသာက္ျမစ္ကို ဖယ္ရွားႏိုင္ဖို႔နဲ႔ အျပန္အလွန္ၿငိမ္းခ်မ္းေရး ရယူႏိုင္ဖို႔ ရည္႐ြယ္ၿပီး တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ယူကရိန္းနဲ႔ တိုက္႐ိုက္ေဆြးေႏြးလိုတယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ယူကရိန္း နဲ႔ ဥေရာပေခါင္းေဆာင္မ်ားက ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကားျဖစ္ပြားေနတဲ့ သုံးႏွစ္ၾကာ စစ္ပြဲကို အဆုံးသတ္ဖို႔ ရက္ေပါင္း ၃၀ ၾကာ ယာယီအပစ္ခတ္ရပ္စဲေရးကို ေမလ ၁၂ ရက္မွာ စတင္ဖို႔ တိုက္တြန္းေတာင္းဆိုခဲ့ၿပီးေနာက္ ႐ုရွားသမၼတက အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
႐ုရွားသမၼတက "ပဋိပကၡေတြရဲ႕မူလဇစ္ျမစ္ကို ဖယ္ရွားဖို႔ ေလးေလးနက္နက္ ေစ့စပ္ညႇိႏႈိင္းမႈေတြလုပ္ဖို႔ ကြၽန္ေတာ္တို႔ ဆုံးျဖတ္ထားပါတယ္၊ေဆြးေႏြးပြဲေတြအတြင္းမွာ အပစ္အခတ္ရပ္စဲေရးဆိုင္ရာ သေဘာတူညီႏိုင္မယ္ဆိုတဲ့အခ်က္ကို ဖယ္ထားလို႔ မရဘူး။ ၂၀၂၂ ခုႏွစ္မွာ ေစ့စပ္ညႇိႏႈိင္းမႈေတြကို ျဖတ္ေတာက္ခဲ့တာ ႐ုရွား မဟုတ္ပါဘူး။ ဒါဟာ ယူကရိန္းဘက္ ျဖတ္ေတာက္ခဲ့တာျဖစ္တယ္။
ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ယူကရိန္းဘက္က ႀကိဳတင္သတ္မွတ္ခ်က္ေတြမပါဘဲ တိုက္႐ိုက္ညႇိႏႈိင္းမႈေတြ ျပန္စဖို႔ အဆိုျပဳေနပါတယ္။
သူတို႔ေျပာသလိုပဲ၊ ကြၽန္ေတာ္တို႔ရဲ႕အဆိုျပဳခ်က္ဟာ စားပြဲေပၚမွာ ရွိေနၿပီး၊ အခု ဆုံးျဖတ္ခ်က္ဟာ ယူကရိန္း အာဏာပိုင္ေတြအေပၚမွာမူတည္တယ္။ သူတို႔ရဲ႕ပုဂၢိဳလ္ေရးအရ ႏိုင္ငံေရး ရည္မွန္းခ်က္ေတြနဲ႔ သူတို႔ရဲ႕ျပည္သူေတြရဲ႕အက်ိဳးစီးပြားကို မဟုတ္ဘဲ သူတို႔ရဲ႕ႏိုင္ငံေရး ရည္မွန္းခ်က္ေတြနဲ႔ လမ္းၫႊန္ျပေနတာ ျဖစ္ပါတယ္။ အစၥတန္ဘူလ္မွာ ေမလ (၁၅)ရက္ေနာက္ဆုံးထားၿပီး ေႏွာင့္ေႏွးမႈမရွိဘဲ ညႇိႏႈိင္းမႈေတြ စတင္ဖို႔ အဆိုျပဳထားပါတယ္" လို႔ ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ စစ္ပြဲအဆုံးသတ္ဖို႔ ေဒၚနယ္ထရမ့္ဟာအေမရိကန္သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း
ၾကားဝင္ေဆြးေႏြးေပးခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားနဲ႔ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲ စတင္ၿပီးေနာက္ ပထမ လေတြအတြင္း ႏွစ္ဖက္အစိုးရတာဝန္ရွိသူေတြဟာ တူရကီႏိုင္ငံမွာ ကနဦးေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ပ်က္ျပယ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိတိုက္ပြဲေတြ ျဖစ္ပြားခဲ့ရတယ္လို႔ သိရပါတယ္။