အိန္ဒိယနဲ့ပါကစ္စတန်တို့က အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ပြော

61

Pika (NP News) - မေ ၁၂
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက် အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ အပြည့်အဝနဲ့ချက်ချင်း အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အိန္ဒိယနဲ့ပါကစ္စတန် နှစ်နိုင်ငံစလုံးဟာ ချက်ချင်းအသက်ဝင်မယ့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က "အမေရိကန်က ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ တစ်ညကြာတဲ့ဆွေးနွေးမှုတွေအပြီးမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ အပြည့်အဝနဲ့ချက်ချင်းအပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပါတယ်။
ဒီလိုမျိုး အကောင်းဆုံးစဉ်းစားဆုံးဖြတ်နိုင်ခဲ့တဲ့အတွက်လည်း နှစ်နိုင်ငံစလုံးကို ဂုဏ်ပြုပါတယ်” လို့ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်စစ်တပ်က ၎င်းရဲ့နျူကလီးယားလက်နက်တွေကို ကြီးကြပ်တဲ့စစ်ဘက်ဆိုင်ရာထိပ်တန်းအဖွဲ့နဲ့ တွေ့ဆုံမှုတွေလုပ်ဆောင်မယ်လို့ ပြောကြားခဲ့မှုနဲ့အတူ နျူကလီးယားလက်နက်တွေပါဝင်လာမှာကို စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
အိန္ဒိယနဲ့ပါကစ္စတန်တို့ကြားဖြစ်ပွားလျက်ရှိတဲ့ တင်းမာမှုတွေကိုလျှော့ချဖို့အတွက် နှစ်နိုင်ငံစလုံးကို
အမေရိကန်နဲ့ တရုတ်တို့က တိုက်တွန်းမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ ယခုလိုကြေညာချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
အိႏၵိယနဲ႔ပါကစၥတန္တို႔က အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၁၂
အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ဆက္တိုက္လုပ္ေဆာင္ခဲ့ၿပီးေနာက္ အိႏၵိယနဲ႔ပါကစၥတန္တို႔ဟာ အျပည့္အဝနဲ႔ခ်က္ခ်င္း အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အိႏၵိယနဲ႔ပါကစၥတန္ ႏွစ္ႏိုင္ငံစလုံးဟာ ခ်က္ခ်င္းအသက္ဝင္မယ့္ အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့တယ္လို႔ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က "အေမရိကန္က ၾကားဝင္ေစ့စပ္ေပးမႈနဲ႔အတူ တစ္ညၾကာတဲ့ေဆြးေႏြးမႈေတြအၿပီးမွာ အိႏၵိယနဲ႔ ပါကစၥတန္တို႔ဟာ အျပည့္အဝနဲ႔ခ်က္ခ်င္းအပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ပါတယ္။
ဒီလိုမ်ိဳး အေကာင္းဆုံးစဥ္းစားဆုံးျဖတ္ႏိုင္ခဲ့တဲ့အတြက္လည္း ႏွစ္ႏိုင္ငံစလုံးကို ဂုဏ္ျပဳပါတယ္” လို႔ေျပာဆိုခဲ့ပါတယ္။
ပါကစၥတန္စစ္တပ္က ၎ရဲ႕န်ဴကလီးယားလက္နက္ေတြကို ႀကီးၾကပ္တဲ့စစ္ဘက္ဆိုင္ရာထိပ္တန္းအဖြဲ႕နဲ႔ ေတြ႕ဆုံမႈေတြလုပ္ေဆာင္မယ္လို႔ ေျပာၾကားခဲ့မႈနဲ႔အတူ န်ဴကလီးယားလက္နက္ေတြပါဝင္လာမွာကို စိုးရိမ္မႈေတြျမင့္တက္ေနခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ထုတ္ျပန္ေၾကညာခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။
အိႏၵိယနဲ႔ပါကစၥတန္တို႔ၾကားျဖစ္ပြားလ်က္ရွိတဲ့ တင္းမာမႈေတြကိုေလွ်ာ့ခ်ဖို႔အတြက္ ႏွစ္ႏိုင္ငံစလုံးကို
အေမရိကန္နဲ႔ တ႐ုတ္တို႔က တိုက္တြန္းမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ယခုလိုေၾကညာခ်က္ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။