တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ခွန်ကောက်ခံခြင်းဖြေလျော့ဖို့ ကနဦး သဘောတူညီမူရ

45

ဂျန်ဇက် (NP News) - မေ ၁၂
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကုန်သွယ်ခွန် အပြန်အလှန်ကောက်ခံနေခြင်းကိုဖြေလျော့ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာစီးပွားရေးအကောင်ဆုံးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ကုန်သွယ်ခွန်တွေ အပြန်အလှန်ကောက်ခံခဲ့ပြီးနောက်တင်းမာမှု မြင့်တက်ခဲ့ပြီး လက်ရှိအချိန်မှာ အငြင်းပွားမှုတွေကိုဖြေရှင်းဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက နှစ်နိုင်စလုံးဟာ အပြန်အလှန်ကုန်သွယ်ခွန်ကောက်မယ့်အစီအစဥ◌်ကို ရက်ပေါင်း ၉၀ ကြာဆိုင်းငံထားဖို့ အပြင် ကုန်သွယ်ခွန်ကောက်ခံခြင်းကို ၁၀ရါခိုက်နှုန်း အထိလျော့ချဖို့ သဘောတူညီခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက "နှစ်နိုင်ငံစလုံးဟာ နိုင်ငံအကျိုးစီးပွားကို အဓိကထားတယ်။ ဟန်ချက်ညီတဲ့ကုန်သွယ်ရေးလုပ်ဖို့စိတ်ဝင်စားတယ်" လို့ ပြောပါတယ်။ ဒေါ်နယ်ထရမ့်သမ္မတ ဖြစ်လာပြီးနောက်ပိုင်း အမေရိကန်အစိုးရဟာ တရုတ် အပါအဝင် နိုင်ငံအများစုကို ကုန်သွယ်ခွန်တွေ ကောက်ခံခဲ့ရာ တင်းမာမှုတွေဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ တရုတ်ကုန်စည်တွေကို အခွန် ၁၄၅ ရာခိုင်နှုန်းအထိ ကောက်ခံဖို့သတင်းထုတ်ပြန်ထားပြီး လိုအပ်ရင် ထပ်မံတိုးမြှင့် ကောက်ခံမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
တရုတ်ကလည်း အမေရိကန်ကို လက်တုံ့ပြန်ဖို့အတွက် ကုန်သွယ်ခွန်တွေကို ကောက်ခံခဲ့ပါတယ်။
တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက နှစ်နိုင်ငံအကျိုးစီးပွားအတွက် စီးပွားရေးဖိုရမ်တွေ ဆက်လက်လုပ်ဆောင်မယ်လို့ ပြောခဲ့ပါတယ်။
Zawgyi Version:
တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ခြန္ေကာက္ခံျခင္းေျဖေလ်ာ့ဖို႔ ကနဦး သေဘာတူညီမူရ
ဂ်န္ဇက္ (NP News) - ေမ ၁၂
အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ကုန္သြယ္ခြန္ အျပန္အလွန္ေကာက္ခံေနျခင္းကိုေျဖေလ်ာ့ဖို႔ သေဘာတူညီခဲ့ေၾကာင္း သိရပါတယ္။ ကမာၻစီးပြားေရးအေကာင္ဆုံးႏိုင္ငံေတြျဖစ္တဲ့ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ဟာ ကုန္သြယ္ခြန္ေတြ အျပန္အလွန္ေကာက္ခံခဲ့ၿပီးေနာက္တင္းမာမႈ ျမင့္တက္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ အျငင္းပြားမႈေတြကိုေျဖရွင္းဖို႔ သေဘာတူညီခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
အေမရိကန္ဘ႑ာေရးဝန္ႀကီးက ႏွစ္ႏိုင္စလုံးဟာ အျပန္အလွန္ကုန္သြယ္ခြန္ေကာက္မယ့္အစီအစဥ◌္ကို ရက္ေပါင္း ၉၀ ၾကာဆိုင္းငံထားဖို႔ အျပင္ ကုန္သြယ္ခြန္ေကာက္ခံျခင္းကို ၁၀ရါခိုက္ႏႈန္း အထိေလ်ာ့ခ်ဖို႔ သေဘာတူညီခဲ့တယ္လို႔ ေျပာပါတယ္။
အေမရိကန္ဘ႑ာေရးဝန္ႀကီးက "ႏွစ္ႏိုင္ငံစလုံးဟာ ႏိုင္ငံအက်ိဳးစီးပြားကို အဓိကထားတယ္။ ဟန္ခ်က္ညီတဲ့ကုန္သြယ္ေရးလုပ္ဖို႔စိတ္ဝင္စားတယ္" လို႔ ေျပာပါတယ္။ ေဒၚနယ္ထရမ့္သမၼတ ျဖစ္လာၿပီးေနာက္ပိုင္း အေမရိကန္အစိုးရဟာ တ႐ုတ္ အပါအဝင္ ႏိုင္ငံအမ်ားစုကို ကုန္သြယ္ခြန္ေတြ ေကာက္ခံခဲ့ရာ တင္းမာမႈေတြျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္အစိုးရဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ကုန္စည္ေတြကို အခြန္ ၁၄၅ ရာခိုင္ႏႈန္းအထိ ေကာက္ခံဖို႔သတင္းထုတ္ျပန္ထားၿပီး လိုအပ္ရင္ ထပ္မံတိုးျမႇင့္ ေကာက္ခံမယ္လို႔ ေျပာဆိုခဲ့ဖူးပါတယ္။
တ႐ုတ္ကလည္း အေမရိကန္ကို လက္တုံ႔ျပန္ဖို႔အတြက္ ကုန္သြယ္ခြန္ေတြကို ေကာက္ခံခဲ့ပါတယ္။
တ႐ုတ္အစိုးရတာဝန္ရွိသူတစ္ဦးက ႏွစ္ႏိုင္ငံအက်ိဳးစီးပြားအတြက္ စီးပြားေရးဖိုရမ္ေတြ ဆက္လက္လုပ္ေဆာင္မယ္လို႔ ေျပာခဲ့ပါတယ္။