အိန္ဒိယအပေါ်သဘောထားတင်းမာတဲ့ ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်အကြောင်း တစေ့တစောင်း

 167

ဂျန်ဇက် (NP News) - မေ ၁၃

ကက်ရှ်မီးယားပြည်နယ်မှာ ဧပြီ (၂၂) ရက်ကဖြစ်ပွားခဲ့တဲ့ လူပေါင်း (၂၆) ဦးသေဆုံးစေခဲ့တဲ့အကြမ်းဖက် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်နေ ချိန်မှာပဲ ပါကစ္စတန် ကာကွယ် ရေးဦးစီးချုပ်ရဲ့လုပ်ရပ်တွေက နှစ်နိုင်ငံကြား တင်းမာမှုတွေ ပိုမိုဖြစ်လာဖွယ်ရှိ တယ်လို့ဆိုပါတယ်။ ပါကစ္စတန် ကာကွယ် ရေး ဦးစီးချုပ် ဆေးယက်အေစင်မူနီဟာ ပြီးခဲ့တဲ့ရက် ပိုင်းက ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံကြား ထိစပ်နေတဲ့ အရှည် (၇၀ဝ) ကီလိုမီတာရှိနယ်စပ်ဒေသကို ကိုယ်တိုင်သွားရောက်ပြီး စစ်တပ်ကို မြေပြင်သွား ရောက်စစ်ဆေးခဲ့ကာ ပါကစ္စတန် စစ်သားတွေကို စိတ်ဓာတ်ပိုင်းပိုမိုတက်ကြွစေဖို့ လှုံ့ဆော်ခဲ့တယ်လို့ သိရပါတယ်။ မူနီဟာ (၂၀၂၂)ခုနှစ်မှာ ပါကစ္စတန် စစ်တပ်သမိုင်းတစ်လျှောက်မှာ (၁၁)ဦးမြောက် ကာကွယ်ရေးဦးစီးချုပ်အဖြစ် လက်ရှိအချိန်အထိ တာဝန်ယူနေသူ ဖြစ်ပါတယ်။
၎င်းကို (၁၉၆၈)ခုနှစ်ကမွေးဖွားခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်မဖြစ်ခင် ပါကစ္စတန် စစ်ထောက်လှမ်းရေးတပ်ဖွဲ့ အပါအဝင် ပါကစ္စတန် စစ်တပ်ရဲ့အဓိကအရေးပါတဲ့ဌာနတွေမှာ တာဝန်ယူခဲ့ ဖူးသူဖြစ်ပါတယ်။ မူနီကို ရာဝယ်ပင်ဒီ အရပ်ဒေသမှာ မွေးဖွားခဲ့ပြီးနောက်ပိုင်းမှာ ပန်ဂျပ်ပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ (၁၉၄၇)ခုနှစ် မှာ အိန္ဒိယနိုင်ငံကခွဲထွက်ခဲ့ပြီးနောက် မူနီရဲ့ မိဘတွေဟာ ပါကစ္စတန်နိုင်ငံဘက်ခြမ်းကိုပြောင်း ရွှေ့ခဲ့ပြီး ဖခင်ဖြစ်သူက ပညာရေးဝန်ထမ်းဖြစ်ကာ မွေးချင်းနှစ်ဦးရှိပြီး အစ်ကိုဖြစ်သူက အစိုးရကျောင်း ဆရာတစ်ဦးဖြစ်ပါတယ်။ မူနီဟာ ငယ်စဉ်က အစ္စလာမ်ဘာသာရေးကျောင်းမှာ တက်ရောက်ခဲ့ရပြီး ပါကစ္စတန် အမှတ် (၁၇) ဗိုလ်လောင်းသင်တန်း ကျောင်း (OTS)ကိုတက်ရောက်ခဲ့ပြီး (၁၉၈၆)ခုနှစ်မှာ ပါကစ္စတန်စစ်တပ်မှာတာဝန်ထမ်းဆောင် ခွင့်ရရှိခဲ့ကာ အမှတ် (၂၃) ခြေလျင်တပ်ရင်းမှာ ပထမဆုံးတာဝန်ထမ်းဆောင်ခွင့်ရှိခဲ့ပါတယ်။
၎င်းဟာ ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မှာ ဒုတိယဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်ခဲ့ရပြီး ဆော်ဒီ အာရေဗျ နိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်အောင်အဓိက ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးနဲ့မပတ် သက်တဲ့ စစ်သားတစ်ဦးအဖြစ် တပ်အတွင်းလူသိများ သူဖြစ်ပြီး နိုင်ငံရေးကိစ္စတွေမှာ တိုက်ရိုက်ပါဝင်ခြင်း ထက်စစ်ရေးအကြောင်းအရာများကိုသာ ဦးစားပေး သူဖြစ်တယ်လို့သိရပါတယ်။ သူဟာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တာဝန်ယူပြီးနောက်ပိုင်း နိုင်ငံရေးမှာ တပ်မတော်က ဝင်ရောက်လှုပ်ရှားမှုကို လျှော့ ချဖို့ကြိုးပမ်း နေသူဖြစ်တယ်လို့လည်း သုံးသပ်ပြောဆို တာတွေရှိခဲ့ပါတယ်။ သတင်းအရင်းအမြစ်တချို့အရ ၎င်းဟာ “constitutionalism’’ (ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလေးစားခြင်း) ကိုထောက်ခံသူဖြစ်ပြီး တပ်မတော်ဟာ နိုင်ငံရေးမှာ ထိခိုက်မှုနည်းစေလို သူလို့ ဖော်ပြကြပါတယ်။ မူနီဟာ စစ်ဘက်ဆိုင်ရာ ပညာရပ်များကို Pakistan Military Academy (PMA) မှာတက်ရောက်သင်ကြားခဲ့ရသလို မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာလည်းစစ်သင် တန်းတွေ သွားရောက် တက်ရောက်ခဲ့ဖူးပါတယ်။ ဒါ့ပြင် မူနီဟာ National Defence University (Pakistan) နဲ့ နိုင်ငံခြားရှိ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းတွေကိုလည်း တက်ရောက်ခဲ့ဖူး သူဖြစ်ပါတယ်။ မူနီဟာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပေမယ့် ထင်ထင် ပေါ်ပေါ် နေထိုင်ခြင်းမရှိဘဲ မီဒီယာတွေမှာ အများအပြား မဖော်ပြထားပါဘူး၊ ၎င်းဟာ ပါကစ္စတန်စစ်တပ်သမိုင်းမှာ စစ်ထောက်လှမ်းရေးအဖွဲ့မှာတာဝန်ယူခဲ့ဖူးသလို ပြည်တွင်း ထောက်လှမ်း ရေးအဖွဲ့တွေမှာ တာဝန်ယူခဲ့ဖူးတဲ့ ပထမဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ၎င်းဟာ ပါကစ္စတန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်းတိုက်ပွဲတွေမှာ စွမ်းဆောင်ရည် ကောင်းတွေပြသနိုင်ခဲ့တဲ့အတွက် Sword of Honour အမည်ရှိ ဂုဏ်ထူးဆောင် ဆုအပါဝင် စစ်ဘက်ဆိုင်ရာဆု အများအပြားကို ရရှိခဲ့ဖူးသူဖြစ်ပါတတယ်။ မူနီဟာ ပါကစ္စတန်စစ်တပ် သမိုင်းမှာ Sword of Honour အမည်ရှိ ဂုဏ်ထူး ဆောင်ဆုကို ရရှိခဲ့ဖူးတဲ့တတိယမြောက်စစ်သားတစ် ဦးဖြစ်ပြီး အဲဒီဆုက ၎င်းကို တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ် ရရှိစေဖို့ များစွာအထောက်ပံ့ဖြစ်စေခဲ့တယ် လို့သိရပါတယ်။ Sword of Honour ဟာ Pakistan Military Academy (PMA), Kakul သင်တန်းပြီး ဆုံးသော အကောင်းဆုံး Cadet တစ်ဦးကို ဆုချီးမြှင့် ခြင်းဖြစ်ပြီး၊ အဲဒီဆုက ပါကစ္စတန် တပ်မတော်အတွင်း အမြင့်ဆုံးဂုဏ်ပြုဆုတစ်ခုဖြစ်ပါတယ်။ 'Sword of Honour' ဟာ PMA သင်တန်းကာလတစ်ခုလုံး အတွင်း စွမ်းဆောင်ရည်၊ စည်းကမ်း၊ ခေါင်းဆောင်မှုနဲ့ ပညာရေးပိုင်းအထူးပြောင်မြောက်မှုအားလုံးမှာထိပ် ဆုံးအနေ အထားရရှိတဲ့ သင်တန်းသားတစ်ဦးကိုချီးမြှင့်တဲ့ ဂုဏ်ပြုဓားဖြစ်ပါတယ်။ အဲဒီဓားဟာ တပ်မတော်အတွင်း အဓိကခေါင်း ဆောင်တွေကနေ အကြီးအကဲတစ်ဦးဖြစ်လာစေဖို့ အထောက်ကူဖြစ်စေတယ် လို့လည်း ရှုမြင်သုံးသပ်တာတွေရှိခဲ့ပါ တယ်။ Sword of Honour ရရှိသူတွေအနက် အများစုဟာ တပ်မတော်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း ဗိုလ် ချုပ်ရာထူးကိုအများဆုံးရရှိလေ့ရှိတယ်လို့သိရပါတယ်။ ဗိုလ်ချုပ်ကြီးမူနီဟာ အာဏာသိမ်းမှုတွေဖြစ်ပွားလေ့ရှိနေတဲ့ ပါကစ္စတန်နိုင်ငံရေးထဲမှာပါဝင်ဆက် နွယ်မယ့် အမူအရာမပြသသူဖြစ်ပြီး တပ်မတော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်အောင်ပြု လုပ်လိုသူတစ်ဦးဖြစ်ကာ သူရဲ့မိသားစုကလည်း မီဒီယာစာမျက်နှာထက် ဝေးကွာအောင်နေထိုင် လေ့ရှိပြီးလျှို့ဝှက်စွာနေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ၎င်းဟာ တပ်မတော်မှာ နှစ်ပေါင်း ၄၀ကျော်တာဝန်ယူချိန်အတွင်း မည်သည့်နိုင်ငံရေးပါတီနဲ့မှ ပါဝင်ဆက်နွယ် ခြင်းမရှိသူအဖြစ် လူသိများသူဖြစ်ပါတယ်။ ဗိုလ်ချုပ် ကြီးမူနီဟာ (၁၉၈၆) ခုနှစ်မှာ စစ်တပ်အတွင်းကို ဝင်ရောက်ခဲ့ပြီး စစ်ထောက်လှမ်းရေး ဌာနမှာအရည် အချင်းမြင့်သူအဖြစ် အသိအမှတ်ပြုခံ ရကာစစ်ထောက် လှမ်းရေးဌာနရဲ့ဦးစီးအရာရှိအဖြစ် တာဝန်ယူခဲ့ သူဖြစ်ပါတယ်။ ဒါ့ပြင် ၎င်းဟာ (၂၀၁၈) ခုနှစ်မှာ ISI (Inter-Services Intelligence) ဌာန ဦးစီးအရာရှိအဖြစ်တာဝန်ယူခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေး စောင့်ရှောက်ရေးနဲ့ အာဖဂန် နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံကြားဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာအဓိက အခန်း ကဏ္ဍကပါဝင် ခဲ့သူဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ်မှာ Gujranwala ပြည်နယ်ရဲ့စစ်တိုင်းမှူးဖြစ်ခဲ့ပြီး (၂၀၂၂) ခုနှစ် နိုဝင် ဘာလမှာ ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခွင့်ရခဲ့သူဖြစ်ပါတယ်။ ၎င်းဟာ စစ်ထောက်လှမ်းရေးမှာ နှစ်အတန်ကြာတာဝန်ယူခဲ့ဖူးသူဖြစ်တဲ့အတွက် မဟာဗျူဟာအမြင်ပိုင်ဆိုင်သူ၊ ဖြစ်သလို ဘာသာရေးတန်ဖိုးထိန်း သိမ်းသူနဲ့စစ် စည်းကမ်းတကျဖြစ်သူလို့ အသိအမှတ်ပြုခံထားရသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမူနီဟာသွေးအေးသူတစ်ဦး ဖြစ်ပြီး အခက်ခဲပြဿနာတွေကိုစဉ်းစားချင့်ချိန်ပြီးမှ တုံ့ပြန်တဲ့ သဘောသဘာဝရှိသူဖြစ်ကာ စစ်တပ်အတွင်း စည်းကမ်း ကို အလေးထားသူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ ဗိုလ်ချုပ်ကြီးမူနီဟာ စစ်အာဏာ သိမ်းမှုဖြစ်ပွားလေ့ရှိတဲ့ ပါကစ္စတန် နိုင်ငံရဲ့နိုင်ငံရေးမှာ ပါကစ္စတန် တပ်မတော်ရဲ့ မူဝါဒအတိုင်းရပ်တည်သူ ဖြစ်ပါတယ်။ ၎င်းဟာ ပါကစ္စတန်စစ်တပ်မှာ နှစ်ပေါင်း (၄၀)ကျော်ကြာတာဝန်ယူခဲ့သူဖြစ်တဲ့အတွက် စစ်ရေးအတွေ့ကြုံရင့်ကျင့်သူတစ်ဦးဖြစ်ပေမယ့် လူသိများ ထင်ပေါ်အောင်နေထိုင်ခြင်းမျိုးလုပ်ဆောင်သူ မဟုတ်ဘူးလို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်ကြီးမူနီတို့ မိသားစုကို ပါကစ္စတန် နိုင်ငံအတွင်းမှာ ဟာဖစ် မိသားစုအဖြစ် လူသိများပြီး မိသားစုအများစုဟာ ကုရ်အာန် ကျမ်းစာအတိုင်း လိုက်နာနေထို င်သူဖြစ်တယ်လို့သိရပါတယ်။ ဗိုလ်ချုပ်ကြီးမူနီဟာ အားကစားကို ဝါသနာပါသူတစ်ဦးဖြစ်ရာ ကြံ့ခိုင်မှုကောင်းမွန်သူတစ် ဦးဖြစ်ပြီး အပြေးအားကစားနည်းကို ဝါသနာပါသူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မူနီဟာ စာဖတ်ခြင်းနဲ့ ခရီးသွား ခြင်းကို ဝါသနာပါသူတစ်ဦးဖြစ်ပါတယ်။ မူနီဟာ ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်အဖြစ်တာဝန်ယူပြီးနောက် ပါကစ္စ တန် ပဓာနဖြစ်ရေးမူဝါဒကို အဓိကထားဖော်ဆောင်ခဲ့ပြီး ပါကစ္စတန်နိုင်ငံကို ရန်သူတွေတိုက်ခိုက်မှုမှ ကာကွယ်နိုင် အောင်အဓိက ကြိုးစားခဲ့သူဖြစ်ပါတယ်။ မူနီဟာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်တာဝန်ယူပြီးနောက်ပိုင်း ပါကစ္စတန် ဝန်ကြီးချုပ် အီရန်ခန်းကို ဖမ်းဆီးမှုကြောင့်ဖြစ်လာခဲ့တဲ့ လူထုဆူပူအုံကြွမှုကို ထိန်းသိမ်းနိုင်အောင် လုပ်ဆောင်နိုင်ခဲ့သလို အီရန်နိုင်ငံက ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်လာချိန်မှာလည်း ခေါင်းငုံ့မခံဘဲလက်တုံ့ ပြန်တိုက်ခိုက်နိုင်အောင်ပြတ် သားတဲ့အမိန့်ကို ပေးခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမူနီက အီရန်နိုင်ငံနဲ့ (၂၀၂၄)ခုနှစ်အတွင်း အပြန်အလှန်ပစ်ခတ် မှုဖြစ်ပွားချိန်အတွင်း အီရန်က ပါကစ္စတန်ကို ဆက်တိုက်နေ မယ်ဆိုရင် တန်ပြန်သက်ရောက်မှုများစွာရင်ဆိုင်ရမှာဖြစ် ပြီး အီရန်ကို ပျက်စီးမှုများအောင်တိုက်ခိုက် မယ်လို့ သတိပေးပြောဆိုခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီး မူနီအိန္ဒိယနိုင်ငံ အပေါ်ထားရှိတဲ့ မူဝါဒတွေဟာ အငြင်းပွားမှုတွေဖြစ်စေခဲ့ပြီး ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံကြားအတိတ်သမိုင်းက ဆက်ဆံ ရေးကိုဘယ်တော့မှမမေ့ဖို့ အခုလိုမျိုးလူသိရှင်ကြားပြောဆိုခဲ့ဖူးပါတယ်။ ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ် မူနီက ‘ပါက စ္စတန်နိုင်ငံသားတွေဟာ ဟိန္ဒူဘာသာဝင် အများစုနေထိုင်တဲ့ အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံကြား ရှင်သန်နေထိုင်ရမှု ရှုထောင့်တိုင်းမှာ ကွဲပြားခြားနားမှုတွေ ရှိနေတာကို ကလေးတွေကိုပြောပြရမှာဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံသား တွေဟာ မိမိတို့ သားသမီးတွေကို ပါကစ္စတန်နိုင်ငံရဲ့အတိတ်သမိုင်းကြောင်း ဇာတ်လမ်းတွေကိုပြောပြရမယ်။ ပါကစ္စတန် နိုင်ငံဟာ အိန္ဒိယနိုင်ငံနဲ့ ဘာသာမတူဘူး၊ ဓလေ့တွေ မတူဘူး၊ ရိုးရာတွေမတူဘူး၊ အတွေးတွေမတူဘူး၊ ရည်မှန်းချက် တွေမတူဘူး၊ အဲဒါက လူမျိုးနှစ်ခုသီအိုရီရဲ့အခြေခံ အုတ်မြစ်ကိုချခဲ့တယ်။ အိန္ဒိယနဲ့ပါ ကစ္စတန်နိုင်ငံ တို့ဟာ လူမျိုးနှစ်ခု ဖြစ်ပြီး လူမျိုးတစ်မျိုးတည်း မဟုတ်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ ဘိုးဘေး တွေက ဒီနိုင်ငံကိုထူထောင်ဖို့ အဆက်မ ပြတ် ရုန်း ကန်လှုပ်ရှားခဲ့ကြတယ်။ ဘိုးဘေးတွေ ဒီနိုင်ငံ ထူထောင်ရေးအတွက် အများကြီး စတေးခဲ့ရတယ်။ အဲဒါကြောင့် ပါကစ္စတန်နိုင်ငံသားတွေဟာ ကာကွယ် ရမယ်ဆိုတာ သိရတယ်။ ချစ်လှစွာသော ညီအစ်ကို မောင်နှမ သားသမီးတို့ အနေနဲ့ ပါကစ္စတန်နိုင်ငံရဲ့ အတိတ်သမိုင်း ဇာတ်လမ်းကို မမေ့ကြရပါဘူး၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံကြား ဆက်ဆံ ရေးတွေမှာ တတိယ မျိုးဆက်၊ စတုတ္ထမျိုးဆက် သို့မဟုတ် ပဉ္စမမျိုးဆက် တွေရောက်ရှိချိန်မှာဘယ်သောအခါမှ အားမနည်း သွားစေဖို့ ပါကစ္စတန်ရဲ့အတိတ်သမိုင်းတွေကို နောင်လာနောက်သားများထံ ပြောပြဖို့ မမေ့ပါနဲ့}} လို့ပြောပါ တယ်။ ကာကွယ်ရေးဦးစီးချုပ်မူနီရဲ့ စကားတွေကိုလေ့လာကြည့်မယ်ဆိုရင် ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံကြား အတိတ်သမိုင်းတုန်းကဖြစ်ခဲ့တဲ့ ခါးသီးဖွယ်အဖြစ်ပျက်တွေကိုမမေ့ဘဲ လက်စားချေဖို့ လိုလားသူနေသူတစ်ဦးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ပါကစ္စတန်ကာကွယ်ရေးဦးစီးချုပ်ဟာ ကက်ရှ်မီးယား ပြည်နယ်မှာ ဧပြီ (၂၂)ရက်က အကြမ်းဖက်တိုက် ခိုက်မှုမဖြစ်ပွားခင် ဧပြီ (၁၇)ရက်က ကက်ရှ်မီးယား ပြည်နယ်ကို ရောက်ရှိလာခဲ့ပြီး ပါကစ္စတန်နိုင်ငံအနေနဲ့ အိန္ဒိယ နိုင်ငံနဲ့အငြင်းပွားနေတဲ့ သမိုင်းဝင် ကက်ရှ်မီးယားပြည်နယ်ကို ဘယ်တော့မှ စွန့်လွှတ်ဆုံး ရှုံးခံမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ ပါတယ်။ ပါကစ္စတန် ကာကွယ်ရေးဦးစီးချုပ်မူနီရဲ့ပြောဆိုချက်တွေဟာ ကက်ရှ်မီးယားပြည်နယ်မှာ တိုက်ခိုက်မှုတွေ ဖြစ်လာအောင် လှုံဆော်သလိုမျိုးဖြစ်စေခဲ့တယ်လို့ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးမူနီဟာ အငြင်းပွား နေတဲ့ ကက်ရှ်မီးယား ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံအပေါ် သဘောထားတင်းမာ တဲ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်နေပြီး (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီ (၅)ရက်တုန်းက မိန့်ခွန်းပြောဆိုရာမှာလည်း အိန္ဒိယကိုတိုက်ခိုက်သွား မယ်လို့လူသိရှင် ကြားပြောဆိုခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်ကြီးမူနီက ‘‘ပါကစ္စ တန်ဟာ ကက်ရှ်မီးယားပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ စစ်ပွဲသုံးကြိမ်ဖြစ်ခဲ့ဖူးတယ်။ လိုအပ်မယ် ဆိုရင် (၁၀)ကြိမ်အထိလည်း စစ်ဖြစ်ဖို့ ဝန်မလေးသ လို (၁၀)ကြိမ်စစ်ဖြစ်ရမယ်ဆိုရင်လည်း ပါကစ္စတန်က တိုက်ခိုက်သွားမယ်”လို့ ပြောပါတယ်။

Zawgyi Version:
အိႏၵိယအေပၚသေဘာထားတင္းမာတဲ့ ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္အေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ေမ ၁၃

ကက္ရွ္မီးယားျပည္နယ္မွာ ဧၿပီ (၂၂) ရက္ကျဖစ္ပြားခဲ့တဲ့ လူေပါင္း (၂၆) ဦးေသဆုံးေစခဲ့တဲ့အၾကမ္းဖက္ တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံၾကားတင္းမာမႈအရွိန္ျမင့္တက္ေန ခ်ိန္မွာပဲ ပါကစၥတန္ ကာကြယ္ ေရးဦးစီးခ်ဳပ္ရဲ႕လုပ္ရပ္ေတြက ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ပိုမိုျဖစ္လာဖြယ္ရွိ တယ္လို႔ဆိုပါတယ္။ ပါကစၥတန္ ကာကြယ္ ေရး ဦးစီးခ်ဳပ္ ေဆးယက္ေအစင္မူနီဟာ ၿပီးခဲ့တဲ့ရက္ ပိုင္းက ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံၾကား ထိစပ္ေနတဲ့ အရွည္ (၇၀ဝ) ကီလိုမီတာရွိနယ္စပ္ေဒသကို ကိုယ္တိုင္သြားေရာက္ၿပီး စစ္တပ္ကို ေျမျပင္သြား ေရာက္စစ္ေဆးခဲ့ကာ ပါကစၥတန္ စစ္သားေတြကို စိတ္ဓာတ္ပိုင္းပိုမိုတက္ႂကြေစဖို႔ လႈံ႕ေဆာ္ခဲ့တယ္လို႔ သိရပါတယ္။ မူနီဟာ (၂၀၂၂)ခုႏွစ္မွာ ပါကစၥတန္ စစ္တပ္သမိုင္းတစ္ေလွ်ာက္မွာ (၁၁)ဦးေျမာက္ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ လက္ရွိအခ်ိန္အထိ တာဝန္ယူေနသူ ျဖစ္ပါတယ္။
၎ကို (၁၉၆၈)ခုႏွစ္ကေမြးဖြားခဲ့ၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္မျဖစ္ခင္ ပါကစၥတန္ စစ္ေထာက္လွမ္းေရးတပ္ဖြဲ႕ အပါအဝင္ ပါကစၥတန္ စစ္တပ္ရဲ႕အဓိကအေရးပါတဲ့ဌာနေတြမွာ တာဝန္ယူခဲ့ ဖူးသူျဖစ္ပါတယ္။ မူနီကို ရာဝယ္ပင္ဒီ အရပ္ေဒသမွာ ေမြးဖြားခဲ့ၿပီးေနာက္ပိုင္းမွာ ပန္ဂ်ပ္ျပည္နယ္ကို ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ပါကစၥတန္ႏိုင္ငံဟာ (၁၉၄၇)ခုႏွစ္ မွာ အိႏၵိယႏိုင္ငံကခြဲထြက္ခဲ့ၿပီးေနာက္ မူနီရဲ႕ မိဘေတြဟာ ပါကစၥတန္ႏိုင္ငံဘက္ျခမ္းကိုေျပာင္း ေ႐ႊ႕ခဲ့ၿပီး ဖခင္ျဖစ္သူက ပညာေရးဝန္ထမ္းျဖစ္ကာ ေမြးခ်င္းႏွစ္ဦးရွိၿပီး အစ္ကိုျဖစ္သူက အစိုးရေက်ာင္း ဆရာတစ္ဦးျဖစ္ပါတယ္။ မူနီဟာ ငယ္စဥ္က အစၥလာမ္ဘာသာေရးေက်ာင္းမွာ တက္ေရာက္ခဲ့ရၿပီး ပါကစၥတန္ အမွတ္ (၁၇) ဗိုလ္ေလာင္းသင္တန္း ေက်ာင္း (OTS)ကိုတက္ေရာက္ခဲ့ၿပီး (၁၉၈၆)ခုႏွစ္မွာ ပါကစၥတန္စစ္တပ္မွာတာဝန္ထမ္းေဆာင္ ခြင့္ရရွိခဲ့ကာ အမွတ္ (၂၃) ေျခလ်င္တပ္ရင္းမွာ ပထမဆုံးတာဝန္ထမ္းေဆာင္ခြင့္ရွိခဲ့ပါတယ္။
၎ဟာ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ရီယက္မွာ ဒုတိယဗိုလ္မႉးႀကီးတာဝန္ထမ္းေဆာင္ခဲ့ရၿပီး ေဆာ္ဒီ အာေရဗ် ႏိုင္ငံနဲ႔ ပါကစၥတန္ႏိုင္ငံၾကား ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈပိုမိုေကာင္းမြန္ေအာင္အဓိက ႀကိဳးပမ္းခဲ့သူျဖစ္ပါတယ္။ သူဟာ ႏိုင္ငံေရးနဲ႔မပတ္ သက္တဲ့ စစ္သားတစ္ဦးအျဖစ္ တပ္အတြင္းလူသိမ်ား သူျဖစ္ၿပီး ႏိုင္ငံေရးကိစၥေတြမွာ တိုက္႐ိုက္ပါဝင္ျခင္း ထက္စစ္ေရးအေၾကာင္းအရာမ်ားကိုသာ ဦးစားေပး သူျဖစ္တယ္လို႔သိရပါတယ္။ သူဟာတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ယူၿပီးေနာက္ပိုင္း ႏိုင္ငံေရးမွာ တပ္မေတာ္က ဝင္ေရာက္လႈပ္ရွားမႈကို ေလွ်ာ့ ခ်ဖို႔ႀကိဳးပမ္း ေနသူျဖစ္တယ္လို႔လည္း သုံးသပ္ေျပာဆို တာေတြရွိခဲ့ပါတယ္။ သတင္းအရင္းအျမစ္တခ်ိဳ႕အရ ၎ဟာ “constitutionalism’’ (ဖြဲ႕စည္းပုံအေျခခံ ဥပေဒကိုေလးစားျခင္း) ကိုေထာက္ခံသူျဖစ္ၿပီး တပ္မေတာ္ဟာ ႏိုင္ငံေရးမွာ ထိခိုက္မႈနည္းေစလို သူလို႔ ေဖာ္ျပၾကပါတယ္။ မူနီဟာ စစ္ဘက္ဆိုင္ရာ ပညာရပ္မ်ားကို Pakistan Military Academy (PMA) မွာတက္ေရာက္သင္ၾကားခဲ့ရသလို မေလးရွားႏိုင္ငံ ကြာလာလမ္ပူမွာလည္းစစ္သင္ တန္းေတြ သြားေရာက္ တက္ေရာက္ခဲ့ဖူးပါတယ္။ ဒါ့ျပင္ မူနီဟာ National Defence University (Pakistan) နဲ႔ ႏိုင္ငံျခားရွိ စစ္ဘက္ဆိုင္ရာ သင္တန္းေက်ာင္းေတြကိုလည္း တက္ေရာက္ခဲ့ဖူး သူျဖစ္ပါတယ္။ မူနီဟာ ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ေပမယ့္ ထင္ထင္ ေပၚေပၚ ေနထိုင္ျခင္းမရွိဘဲ မီဒီယာေတြမွာ အမ်ားအျပား မေဖာ္ျပထားပါဘူး၊ ၎ဟာ ပါကစၥတန္စစ္တပ္သမိုင္းမွာ စစ္ေထာက္လွမ္းေရးအဖြဲ႕မွာတာဝန္ယူခဲ့ဖူးသလို ျပည္တြင္း ေထာက္လွမ္း ေရးအဖြဲ႕ေတြမွာ တာဝန္ယူခဲ့ဖူးတဲ့ ပထမဆုံး ပုဂၢိဳလ္လည္းျဖစ္ပါတယ္။ ၎ဟာ ပါကစၥတန္စစ္တပ္မွာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္းတိုက္ပြဲေတြမွာ စြမ္းေဆာင္ရည္ ေကာင္းေတြျပသႏိုင္ခဲ့တဲ့အတြက္ Sword of Honour အမည္ရွိ ဂုဏ္ထူးေဆာင္ ဆုအပါဝင္ စစ္ဘက္ဆိုင္ရာဆု အမ်ားအျပားကို ရရွိခဲ့ဖူးသူျဖစ္ပါတတယ္။ မူနီဟာ ပါကစၥတန္စစ္တပ္ သမိုင္းမွာ Sword of Honour အမည္ရွိ ဂုဏ္ထူး ေဆာင္ဆုကို ရရွိခဲ့ဖူးတဲ့တတိယေျမာက္စစ္သားတစ္ ဦးျဖစ္ၿပီး အဲဒီဆုက ၎ကို တပ္မေတာ္ကာ ကြယ္ေရး ဦးစီးခ်ဳပ္ ရရွိေစဖို႔ မ်ားစြာအေထာက္ပံ့ျဖစ္ေစခဲ့တယ္ လို႔သိရပါတယ္။ Sword of Honour ဟာ Pakistan Military Academy (PMA), Kakul သင္တန္းၿပီး ဆုံးေသာ အေကာင္းဆုံး Cadet တစ္ဦးကို ဆုခ်ီးျမႇင့္ ျခင္းျဖစ္ၿပီး၊ အဲဒီဆုက ပါကစၥတန္ တပ္မေတာ္အတြင္း အျမင့္ဆုံးဂုဏ္ျပဳဆုတစ္ခုျဖစ္ပါတယ္။ 'Sword of Honour' ဟာ PMA သင္တန္းကာလတစ္ခုလုံး အတြင္း စြမ္းေဆာင္ရည္၊ စည္းကမ္း၊ ေခါင္းေဆာင္မႈနဲ႔ ပညာေရးပိုင္းအထူးေျပာင္ေျမာက္မႈအားလုံးမွာထိပ္ ဆုံးအေန အထားရရွိတဲ့ သင္တန္းသားတစ္ဦးကိုခ်ီးျမႇင့္တဲ့ ဂုဏ္ျပဳဓားျဖစ္ပါတယ္။ အဲဒီဓားဟာ တပ္မေတာ္အတြင္း အဓိကေခါင္း ေဆာင္ေတြကေန အႀကီးအကဲတစ္ဦးျဖစ္လာေစဖို႔ အေထာက္ကူျဖစ္ေစတယ္ လို႔လည္း ရႈျမင္သုံးသပ္တာေတြရွိခဲ့ပါ တယ္။ Sword of Honour ရရွိသူေတြအနက္ အမ်ားစုဟာ တပ္မေတာ္မွာ တာဝန္ထမ္းေဆာင္ခ်ိန္အတြင္း ဗိုလ္ ခ်ဳပ္ရာထူးကိုအမ်ားဆုံးရရွိေလ့ရွိတယ္လို႔သိရပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီဟာ အာဏာသိမ္းမႈေတြျဖစ္ပြားေလ့ရွိေနတဲ့ ပါကစၥတန္ႏိုင္ငံေရးထဲမွာပါဝင္ဆက္ ႏြယ္မယ့္ အမူအရာမျပသသူျဖစ္ၿပီး တပ္မေတာ္ကို ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေဆာင္႐ြက္ေအာင္ျပဳ လုပ္လိုသူတစ္ဦးျဖစ္ကာ သူရဲ႕မိသားစုကလည္း မီဒီယာစာမ်က္ႏွာထက္ ေဝးကြာေအာင္ေနထိုင္ ေလ့ရွိၿပီးလွ်ိဳ႕ဝွက္စြာေနထိုင္သူတစ္ဦးျဖစ္ပါတယ္။ ၎ဟာ တပ္မေတာ္မွာ ႏွစ္ေပါင္း ၄၀ေက်ာ္တာဝန္ယူခ်ိန္အတြင္း မည္သည့္ႏိုင္ငံေရးပါတီနဲ႔မွ ပါဝင္ဆက္ႏြယ္ ျခင္းမရွိသူအျဖစ္ လူသိမ်ားသူျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ ႀကီးမူနီဟာ (၁၉၈၆) ခုႏွစ္မွာ စစ္တပ္အတြင္းကို ဝင္ေရာက္ခဲ့ၿပီး စစ္ေထာက္လွမ္းေရး ဌာနမွာအရည္ အခ်င္းျမင့္သူအျဖစ္ အသိအမွတ္ျပဳခံ ရကာစစ္ေထာက္ လွမ္းေရးဌာနရဲ႕ဦးစီးအရာရွိအျဖစ္ တာဝန္ယူခဲ့ သူျဖစ္ပါတယ္။ ဒါ့ျပင္ ၎ဟာ (၂၀၁၈) ခုႏွစ္မွာ ISI (Inter-Services Intelligence) ဌာန ဦးစီးအရာရွိအျဖစ္တာဝန္ယူခဲ့ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး၊ နယ္စပ္လုံၿခဳံေရး ေစာင့္ေရွာက္ေရးနဲ႔ အာဖဂန္ နစၥတန္နဲ႔ ပါကစၥတန္ႏိုင္ငံၾကားျဖစ္ပြားတဲ့ အၾကမ္းဖက္ တိုက္ခိုက္မႈေတြမွာအဓိက အခန္း က႑ကပါဝင္ ခဲ့သူျဖစ္ပါတယ္။ (၂၀၂၁) ခုႏွစ္မွာ Gujranwala ျပည္နယ္ရဲ႕စစ္တိုင္းမႉးျဖစ္ခဲ့ၿပီး (၂၀၂၂) ခုႏွစ္ ႏိုဝင္ ဘာလမွာ ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ တာဝန္ယူခြင့္ရခဲ့သူျဖစ္ပါတယ္။ ၎ဟာ စစ္ေထာက္လွမ္းေရးမွာ ႏွစ္အတန္ၾကာတာဝန္ယူခဲ့ဖူးသူျဖစ္တဲ့အတြက္ မဟာဗ်ဴဟာအျမင္ပိုင္ဆိုင္သူ၊ ျဖစ္သလို ဘာသာေရးတန္ဖိုးထိန္း သိမ္းသူနဲ႔စစ္ စည္းကမ္းတက်ျဖစ္သူလို႔ အသိအမွတ္ျပဳခံထားရသူ ျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီဟာေသြးေအးသူတစ္ဦး ျဖစ္ၿပီး အခက္ခဲျပႆနာေတြကိုစဥ္းစားခ်င့္ခ်ိန္ၿပီးမွ တုံ႔ျပန္တဲ့ သေဘာသဘာဝရွိသူျဖစ္ကာ စစ္တပ္အတြင္း စည္းကမ္း ကို အေလးထားသူတစ္ဦးအျဖစ္ ထင္ရွားပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီဟာ စစ္အာဏာ သိမ္းမႈျဖစ္ပြားေလ့ရွိတဲ့ ပါကစၥတန္ ႏိုင္ငံရဲ႕ႏိုင္ငံေရးမွာ ပါကစၥတန္ တပ္မေတာ္ရဲ႕ မူဝါဒအတိုင္းရပ္တည္သူ ျဖစ္ပါတယ္။ ၎ဟာ ပါကစၥတန္စစ္တပ္မွာ ႏွစ္ေပါင္း (၄၀)ေက်ာ္ၾကာတာဝန္ယူခဲ့သူျဖစ္တဲ့အတြက္ စစ္ေရးအေတြ႕ႀကဳံရင့္က်င့္သူတစ္ဦးျဖစ္ေပမယ့္ လူသိမ်ား ထင္ေပၚေအာင္ေနထိုင္ျခင္းမ်ိဳးလုပ္ေဆာင္သူ မဟုတ္ဘူးလို႔ ဆိုၾကပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီတို႔ မိသားစုကို ပါကစၥတန္ ႏိုင္ငံအတြင္းမွာ ဟာဖစ္ မိသားစုအျဖစ္ လူသိမ်ားၿပီး မိသားစုအမ်ားစုဟာ ကုရ္အာန္ က်မ္းစာအတိုင္း လိုက္နာေနထို င္သူျဖစ္တယ္လို႔သိရပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီဟာ အားကစားကို ဝါသနာပါသူတစ္ဦးျဖစ္ရာ ႀကံ့ခိုင္မႈေကာင္းမြန္သူတစ္ ဦးျဖစ္ၿပီး အေျပးအားကစားနည္းကို ဝါသနာပါသူျဖစ္တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ မူနီဟာ စာဖတ္ျခင္းနဲ႔ ခရီးသြား ျခင္းကို ဝါသနာပါသူတစ္ဦးျဖစ္ပါတယ္။ မူနီဟာ ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ ပါကစၥ တန္ ပဓာနျဖစ္ေရးမူဝါဒကို အဓိကထားေဖာ္ေဆာင္ခဲ့ၿပီး ပါကစၥတန္ႏိုင္ငံကို ရန္သူေတြတိုက္ခိုက္မႈမွ ကာကြယ္ႏိုင္ ေအာင္အဓိက ႀကိဳးစားခဲ့သူျဖစ္ပါတယ္။ မူနီဟာ ကာကြယ္ေရး ဦးစီးခ်ဳပ္အျဖစ္တာဝန္ယူၿပီးေနာက္ပိုင္း ပါကစၥတန္ ဝန္ႀကီးခ်ဳပ္ အီရန္ခန္းကို ဖမ္းဆီးမႈေၾကာင့္ျဖစ္လာခဲ့တဲ့ လူထုဆူပူအုံႂကြမႈကို ထိန္းသိမ္းႏိုင္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့သလို အီရန္ႏိုင္ငံက ပါကစၥတန္ႏိုင္ငံကို တိုက္ခိုက္လာခ်ိန္မွာလည္း ေခါင္းငုံ႔မခံဘဲလက္တုံ႔ ျပန္တိုက္ခိုက္ႏိုင္ေအာင္ျပတ္ သားတဲ့အမိန႔္ကို ေပးခဲ့သူျဖစ္ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီက အီရန္ႏိုင္ငံနဲ႔ (၂၀၂၄)ခုႏွစ္အတြင္း အျပန္အလွန္ပစ္ခတ္ မႈျဖစ္ပြားခ်ိန္အတြင္း အီရန္က ပါကစၥတန္ကို ဆက္တိုက္ေန မယ္ဆိုရင္ တန္ျပန္သက္ေရာက္မႈမ်ားစြာရင္ဆိုင္ရမွာျဖစ္ ၿပီး အီရန္ကို ပ်က္စီးမႈမ်ားေအာင္တိုက္ခိုက္ မယ္လို႔ သတိေပးေျပာဆိုခဲ့ဖူးပါတယ္။ ဗိုလ္ခ်ဳပ္ႀကီး မူနီအိႏၵိယႏိုင္ငံ အေပၚထားရွိတဲ့ မူဝါဒေတြဟာ အျငင္းပြားမႈေတြျဖစ္ေစခဲ့ၿပီး ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံၾကားအတိတ္သမိုင္းက ဆက္ဆံ ေရးကိုဘယ္ေတာ့မွမေမ့ဖို႔ အခုလိုမ်ိဳးလူသိရွင္ၾကားေျပာဆိုခဲ့ဖူးပါတယ္။ ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္ မူနီက ‘ပါက စၥတန္ႏိုင္ငံသားေတြဟာ ဟိႏၵဴဘာသာဝင္ အမ်ားစုေနထိုင္တဲ့ အိႏၵိယႏိုင္ငံနဲ႔ပါကစၥတန္ႏိုင္ငံၾကား ရွင္သန္ေနထိုင္ရမႈ ရႈေထာင့္တိုင္းမွာ ကြဲျပားျခားနားမႈေတြ ရွိေနတာကို ကေလးေတြကိုေျပာျပရမွာျဖစ္ပါတယ္။ ပါကစၥတန္ႏိုင္ငံသား ေတြဟာ မိမိတို႔ သားသမီးေတြကို ပါကစၥတန္ႏိုင္ငံရဲ႕အတိတ္သမိုင္းေၾကာင္း ဇာတ္လမ္းေတြကိုေျပာျပရမယ္။ ပါကစၥတန္ ႏိုင္ငံဟာ အိႏၵိယႏိုင္ငံနဲ႔ ဘာသာမတူဘူး၊ ဓေလ့ေတြ မတူဘူး၊ ႐ိုးရာေတြမတူဘူး၊ အေတြးေတြမတူဘူး၊ ရည္မွန္းခ်က္ ေတြမတူဘူး၊ အဲဒါက လူမ်ိဳးႏွစ္ခုသီအိုရီရဲ႕အေျခခံ အုတ္ျမစ္ကိုခ်ခဲ့တယ္။ အိႏၵိယနဲ႔ပါ ကစၥတန္ႏိုင္ငံ တို႔ဟာ လူမ်ိဳးႏွစ္ခု ျဖစ္ၿပီး လူမ်ိဳးတစ္မ်ိဳးတည္း မဟုတ္ဘူး၊ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ ဘိုးေဘး ေတြက ဒီႏိုင္ငံကိုထူေထာင္ဖို႔ အဆက္မ ျပတ္ ႐ုန္း ကန္လႈပ္ရွားခဲ့ၾကတယ္။ ဘိုးေဘးေတြ ဒီႏိုင္ငံ ထူေထာင္ေရးအတြက္ အမ်ားႀကီး စေတးခဲ့ရတယ္။ အဲဒါေၾကာင့္ ပါကစၥတန္ႏိုင္ငံသားေတြဟာ ကာကြယ္ ရမယ္ဆိုတာ သိရတယ္။ ခ်စ္လွစြာေသာ ညီအစ္ကို ေမာင္ႏွမ သားသမီးတို႔ အေနနဲ႔ ပါကစၥတန္ႏိုင္ငံရဲ႕ အတိတ္သမိုင္း ဇာတ္လမ္းကို မေမ့ၾကရပါဘူး၊ ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံၾကား ဆက္ဆံ ေရးေတြမွာ တတိယ မ်ိဳးဆက္၊ စတုတၳမ်ိဳးဆက္ သို႔မဟုတ္ ပၪၥမမ်ိဳးဆက္ ေတြေရာက္ရွိခ်ိန္မွာဘယ္ေသာအခါမွ အားမနည္း သြားေစဖို႔ ပါကစၥတန္ရဲ႕အတိတ္သမိုင္းေတြကို ေနာင္လာေနာက္သားမ်ားထံ ေျပာျပဖို႔ မေမ့ပါနဲ႔}} လို႔ေျပာပါ တယ္။ ကာကြယ္ေရးဦးစီးခ်ဳပ္မူနီရဲ႕ စကားေတြကိုေလ့လာၾကည့္မယ္ဆိုရင္ ပါကစၥတန္နဲ႔ အိႏၵိယႏိုင္ငံၾကား အတိတ္သမိုင္းတုန္းကျဖစ္ခဲ့တဲ့ ခါးသီးဖြယ္အျဖစ္ပ်က္ေတြကိုမေမ့ဘဲ လက္စားေခ်ဖို႔ လိုလားသူေနသူတစ္ဦးျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ ပါကစၥတန္ကာကြယ္ေရးဦးစီးခ်ဳပ္ဟာ ကက္ရွ္မီးယား ျပည္နယ္မွာ ဧၿပီ (၂၂)ရက္က အၾကမ္းဖက္တိုက္ ခိုက္မႈမျဖစ္ပြားခင္ ဧၿပီ (၁၇)ရက္က ကက္ရွ္မီးယား ျပည္နယ္ကို ေရာက္ရွိလာခဲ့ၿပီး ပါကစၥတန္ႏိုင္ငံအေနနဲ႔ အိႏၵိယ ႏိုင္ငံနဲ႔အျငင္းပြားေနတဲ့ သမိုင္းဝင္ ကက္ရွ္မီးယားျပည္နယ္ကို ဘယ္ေတာ့မွ စြန႔္လႊတ္ဆုံး ရႈံးခံမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ ပါတယ္။ ပါကစၥတန္ ကာကြယ္ေရးဦးစီးခ်ဳပ္မူနီရဲ႕ေျပာဆိုခ်က္ေတြဟာ ကက္ရွ္မီးယားျပည္နယ္မွာ တိုက္ခိုက္မႈေတြ ျဖစ္လာေအာင္ လႈံေဆာ္သလိုမ်ိဳးျဖစ္ေစခဲ့တယ္လို႔ေဝဖန္မႈေတြလည္းရွိေနခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီဟာ အျငင္းပြား ေနတဲ့ ကက္ရွ္မီးယား ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး အိႏၵိယႏိုင္ငံအေပၚ သေဘာထားတင္းမာ တဲ့စစ္ေခါင္းေဆာင္ တစ္ဦးျဖစ္ေနၿပီး (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီ (၅)ရက္တုန္းက မိန႔္ခြန္းေျပာဆိုရာမွာလည္း အိႏၵိယကိုတိုက္ခိုက္သြား မယ္လို႔လူသိရွင္ ၾကားေျပာဆိုခဲ့ဖူးပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးမူနီက ‘‘ပါကစၥ တန္ဟာ ကက္ရွ္မီးယားျပည္နယ္ အေရးနဲ႔ ပတ္သက္ၿပီး အိႏၵိယနဲ႔ စစ္ပြဲသုံးႀကိမ္ျဖစ္ခဲ့ဖူးတယ္။ လိုအပ္မယ္ ဆိုရင္ (၁၀)ႀကိမ္အထိလည္း စစ္ျဖစ္ဖို႔ ဝန္မေလးသ လို (၁၀)ႀကိမ္စစ္ျဖစ္ရမယ္ဆိုရင္လည္း ပါကစၥတန္က တိုက္ခိုက္သြားမယ္”လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.