ICC ရောက် ဒူတာတေး နိုင်ငံရေး တကျော့ပြန် ခြေလှမ်း

 673

Htay Oung (NP News) - မေ ၁၂

ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက် တနင်္လာ (ယနေ့) ဒေသစံတော်ချိန် နံနက် ၇ နာရီမှ စတင်ပြီး ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းကို စတင်နေပြီဖြစ်ပါတယ်။ မဲရုံပေါင်း ၁၈၀၀၀ ကျော်မှာ မဲပေးခွင့်ရှိသူ နိုင်ငံသား ၆၈ သန်းတို့ရဲ့ဆန္ဒမဲတွေဟာ တိုင်းပြည်ရဲ့အကြီးမားဆုံး နိုင်ငံရေးမျိုးဆက် ၂ ခုအကြား ကာလရှည်အာဏာ လွန်ဆွဲပွဲရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးလိမ့်မယ်လို့ BBC က မေလ ၁၁ ရက်မှာ ရေးသားပါတယ်။
ရွေးကောက်ပွဲဟာ “ဘောင်ဘောင်” အများသိကြတဲ့ သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာ ကိုယ်စားပြု အထက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ICC ရောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့သမီးဖြစ်သူ လက်ရှိ ဒုတိယ သမ္မတ ဆာရာ ဒူတာတေးတို့အကြား ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုလည်းဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ ဘောင်ဘောင်ရဲ့အမတ်အရေအတွက် ပိုမိုများပြားလာမယ်ဆိုရင် ဆာရာဒူတာတေးအပေါ် နိုင်ငံ့ဘဏ္ဍာအလွဲသုံးစားမှုနဲ့ စွပ်စွဲအပြစ်တင်ရန် အခွင့်အလမ်းကို တိုးမြင့်စေမှာဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းအရ ယခုရွေးကောက်ပွဲဟာ အဖွဲ့ဝင် ၃၁၇ ဦးပါ ကွန်ဂရက်လွှတ်တော်အမတ်များ၊
ရာပေါင်းများစွာသော အုပ်ချုပ်ရေးမှူးများ-မြို့တော်ဝန်များနဲ့ မြို့တော်ကောင်စီဝင်များကို ရွေးချယ်မှာ ဖြစ်ပြီး မကြာမီ တရားဝင် မဟုတ်တဲ့ ရလဒ်များ ထွက်ပေါ်လာဖွယ်ရှိပါတယ်။
ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်တွေဟာ အောက်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်များကို အတည်ပြုခြင်း/ငြင်းပယ်ခြင်း၊ ၃ ပုံ ၂ ပုံ ထောက်ခံမဲ (၁၆ မဲ) ရရှိလျှင် ထင်ရှားတဲ့ စွပ်စွဲပြစ်တင်ခြင်း၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အခွင့်အာဏာရှိပါတယ် အထက်လွှတ်တော်အမတ်များထဲမှ ရွေးကောက်တင်မြှောက်ခံရတဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟာ ထုံးတမ်းစဉ်လာအရ ဒုတိယသမ္မတပြီးရင် နိုင်ငံရေးအာဏာဆက်ခံသူဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ ရွေးချယ်ခံရတဲ့ လက်ရှိအဖွဲ့ဝင် ၂၄ ဦးပါ အထက်လွှတ်တော်ရဲ့ထက်ဝက်ဟာ ၂၀၂၈ ခုနှစ်အထိ ဆက်လက် တည်ရှိနေမှာဖြစ်ပြီး ကျန်တစ်ဝက်ကို ရွေးချယ်ကြပါလိမ့်မယ်။ အဲဒီ ၁၂ ဦးထဲက ၄ ဦးဟာ ခြောက်နှစ်သက်တမ်း ၂ ကြိမ် ကန့်သတ်ချက်အရ ထပ်မံယှဉ်ပြိုင်ခွင့် မရှိတော့ဘဲ ၇ ဦးက ပြန်လည်ယှဉ်ပြိုင်နေပါတယ်။
သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကလွဲရင် လက်ရှိသမ္မတ ဘောင်ဘောင်အပါအဝင် နောက်ဆုံးသမ္မတ ၅ ဦးအနက် ၄ ဦးဟာ အထက်လွှတ်တော်အမတ်အဖြစ်မှ တက်လှမ်းလာခဲ့ကြသူများဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ် သမ္မတ- ဒုတိယသမ္မတရာထူးနေရာအတွက် ချိန်ရွယ်နိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုလို့လည်း ဆိုနိုင်ပါတယ်။
ဒီမိုကရေစီဆန္ဒမဲစနစ်ရွေးကောက်ပွဲများ နီးကပ်လာတဲ့အခါ ဖြစ်နေကျအတိုင်း နိုင်ငံရေးမဟာမိတ်အုပ်စုများအတွင်း ရုတ်ရုတ်သဲသဲဖြစ်ခြင်း၊ အလွယ်တကူ “သာကူး မှန်ပြောင်း” များလည်း ဖြစ်ပွားနေပါတယ်။
ထူးခြားချက်ကတော့ နယ်သာလန်နိုင်ငံသည် ဟိတ်မြို့ ICC တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အသက် ၈၀ အရွယ် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးဟာ မိုင်ထောင်ချီကွာဝေးတဲ့ သူ့ရဲ့ဇာတိ ဒါဗာအိုမြို့မှာ မြို့တော်ဝန်အဖြစ် ယှဉ်ပြိုင်သူ စာရင်းဝင်နေခြင်းပဲဖြစ်ပါတယ်။ တနည်းအားဖြင့် ရိုဒရီဂိုဒူတာတေးရဲ့
ဖိလစ်ပိုင်နိုင်ငံရေးအတွင်း တကျော့ပြန်ဝင်လာမယ့် ခြေလှမ်းပဲဖြစ်ပါတယ်။
လက်ရှိသမ္မတ ဘောင်ဘောင်မားကို့စ်ရဲ့အစ်မရင်းဖြစ်သူ လက်ရှိ အောက်လွှတ်တော်အမတ် အင်မီမားကို့စ်ဟာ ဒူတာတေးအုပ်စုဘက် ထောက်ခံသူအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ အင်မီဟာ သူ့မောင် ဘောင်ဘောင် မကောင်းကြောင်းတော့ တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ဘောင်ဘောင်ကလည်း သူ့အစ်မ အင်မီမကောင်းကြောင်း မပြောခြင်းဟာ ဖိလစ်ပိုင် ယဉ်ကျေးမှုမှာ မောင်နှမချင်း ဝေဖန်တိုက်ခိုက်မှုကို မုန်းတီးလေ့ရှိတဲ့အတွက်ဖြစ်နိုင်ပါတယ်။
ဒူတာတေး အုပ်စုဘက်က ထိပ်တန်း ထင်ကြေးပေးခံရသူ ၂ ဦးဟာ သမ္မတဟောင်းလက်ထက် မူးယစ်ဆေးဝါးစစ်ပွဲကာလ လက်သံပြောင်လွန်းလို့ ဝေဖန်စွပ်စွဲခံထားရသူများဖြစ်ပါတယ်။ ဘောင်ဘောင်မားကို့စ်ဘက်မှာ ကမ္ဘာသိ လက်ဝှေ့ကျော် “မန်နီ ပက်ကွီယို” က တစ်ပြေးနေပါတယ်။
သြဇာအာဏာ-ဆက်လက်ရှင်သန်ရေး-လက်စားချေခြင်း ပဋိပက္ခနိမိတ်များ ထင်ဟပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံ ရွေးကောက်ပွဲရဲ့အောက်လွှတ်တော် အမတ်နေရာ ၃၁၇ နေရာအတွက် ၂၅၄ နေရာကို ခရိုင်တစ်ခုစီက တိုက်ရိုက် မဲပေးမှာဖြစ်ပြီး ကျန် ၆၃ နေရာကို ပါတီက ရွေးချယ်ဖို့ ရှိနေပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ICC ေရာက္ ဒူတာေတး ႏိုင္ငံေရး တေက်ာ့ျပန္ ေျခလွမ္း
Htay Oung (NP News) - ေမ ၁၂

ဖိလစ္ပိုင္ႏိုင္ငံမွာ ၂၀၂၅ ခုႏွစ္ ေမလ ၁၂ ရက္ တနလၤာ (ယေန႔) ေဒသစံေတာ္ခ်ိန္ နံနက္ ၇ နာရီမွ စတင္ၿပီး ေ႐ြးေကာက္ပြဲ ဆႏၵမဲေပးျခင္းကို စတင္ေနၿပီျဖစ္ပါတယ္။ မဲ႐ုံေပါင္း ၁၈၀၀၀ ေက်ာ္မွာ မဲေပးခြင့္ရွိသူ ႏိုင္ငံသား ၆၈ သန္းတို႔ရဲ႕ဆႏၵမဲေတြဟာ တိုင္းျပည္ရဲ႕အႀကီးမားဆုံး ႏိုင္ငံေရးမ်ိဳးဆက္ ၂ ခုအၾကား ကာလရွည္အာဏာ လြန္ဆြဲပြဲရဲ႕ကံၾကမၼာကို အဆုံးအျဖတ္ေပးလိမ့္မယ္လို႔ BBC က ေမလ ၁၁ ရက္မွာ ေရးသားပါတယ္။
ေ႐ြးေကာက္ပြဲဟာ “ေဘာင္ေဘာင္” အမ်ားသိၾကတဲ့ သမၼတ ဖာဒီနန္ မားကို႔စ္ဂ်ဴနီယာ ကိုယ္စားျပဳ အထက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ICC ေရာက္ သမၼတေဟာင္း ႐ိုဒရီဂို ဒူတာေတးရဲ႕သမီးျဖစ္သူ လက္ရွိ ဒုတိယ သမၼတ ဆာရာ ဒူတာေတးတို႔အၾကား ျပင္းထန္တဲ့ ယွဥ္ၿပိဳင္မႈလည္းျဖစ္ပါတယ္။

အထက္လႊတ္ေတာ္မွာ ေဘာင္ေဘာင္ရဲ႕အမတ္အေရအတြက္ ပိုမိုမ်ားျပားလာမယ္ဆိုရင္ ဆာရာဒူတာေတးအေပၚ ႏိုင္ငံ့ဘ႑ာအလြဲသုံးစားမႈနဲ႔ စြပ္စြဲအျပစ္တင္ရန္ အခြင့္အလမ္းကို တိုးျမင့္ေစမွာျဖစ္ပါတယ္။ လုပ္ထုံးလုပ္နည္းအရ ယခုေ႐ြးေကာက္ပြဲဟာ အဖြဲ႕ဝင္ ၃၁၇ ဦးပါ ကြန္ဂရက္လႊတ္ေတာ္အမတ္မ်ား၊
ရာေပါင္းမ်ားစြာေသာ အုပ္ခ်ဳပ္ေရးမႉးမ်ား-ၿမိဳ႕ေတာ္ဝန္မ်ားနဲ႔ ၿမိဳ႕ေတာ္ေကာင္စီဝင္မ်ားကို ေ႐ြးခ်ယ္မွာ ျဖစ္ၿပီး မၾကာမီ တရားဝင္ မဟုတ္တဲ့ ရလဒ္မ်ား ထြက္ေပၚလာဖြယ္ရွိပါတယ္။
ဖိလစ္ပိုင္ အထက္လႊတ္ေတာ္အမတ္ေတြဟာ ေအာက္လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္မ်ားကို အတည္ျပဳျခင္း/ျငင္းပယ္ျခင္း၊ ၃ ပုံ ၂ ပုံ ေထာက္ခံမဲ (၁၆ မဲ) ရရွိလွ်င္ ထင္ရွားတဲ့ စြပ္စြဲျပစ္တင္ျခင္း၊ စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရန္ အခြင့္အာဏာရွိပါတယ္ အထက္လႊတ္ေတာ္အမတ္မ်ားထဲမွ ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ ေအာက္လႊတ္ေတာ္ဥကၠ႒ဟာ ထုံးတမ္းစဥ္လာအရ ဒုတိယသမၼတၿပီးရင္ ႏိုင္ငံေရးအာဏာဆက္ခံသူျဖစ္ပါတယ္။
၂၀၂၂ ခုႏွစ္မွာ ေ႐ြးခ်ယ္ခံရတဲ့ လက္ရွိအဖြဲ႕ဝင္ ၂၄ ဦးပါ အထက္လႊတ္ေတာ္ရဲ႕ထက္ဝက္ဟာ ၂၀၂၈ ခုႏွစ္အထိ ဆက္လက္ တည္ရွိေနမွာျဖစ္ၿပီး က်န္တစ္ဝက္ကို ေ႐ြးခ်ယ္ၾကပါလိမ့္မယ္။ အဲဒီ ၁၂ ဦးထဲက ၄ ဦးဟာ ေျခာက္ႏွစ္သက္တမ္း ၂ ႀကိမ္ ကန႔္သတ္ခ်က္အရ ထပ္မံယွဥ္ၿပိဳင္ခြင့္ မရွိေတာ့ဘဲ ၇ ဦးက ျပန္လည္ယွဥ္ၿပိဳင္ေနပါတယ္။
သမၼတေဟာင္း ႐ိုဒရီဂို ဒူတာေတးကလြဲရင္ လက္ရွိသမၼတ ေဘာင္ေဘာင္အပါအဝင္ ေနာက္ဆုံးသမၼတ ၅ ဦးအနက္ ၄ ဦးဟာ အထက္လႊတ္ေတာ္အမတ္အျဖစ္မွ တက္လွမ္းလာခဲ့ၾကသူမ်ားျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အနာဂတ္ သမၼတ- ဒုတိယသမၼတရာထူးေနရာအတြက္ ခ်ိန္႐ြယ္ႏိုင္တဲ့ ႏိုင္ငံေရးလႈပ္ရွားမႈလို႔လည္း ဆိုႏိုင္ပါတယ္။
ဒီမိုကေရစီဆႏၵမဲစနစ္ေ႐ြးေကာက္ပြဲမ်ား နီးကပ္လာတဲ့အခါ ျဖစ္ေနက်အတိုင္း ႏိုင္ငံေရးမဟာမိတ္အုပ္စုမ်ားအတြင္း ႐ုတ္႐ုတ္သဲသဲျဖစ္ျခင္း၊ အလြယ္တကူ “သာကူး မွန္ေျပာင္း” မ်ားလည္း ျဖစ္ပြားေနပါတယ္။
ထူးျခားခ်က္ကေတာ့ နယ္သာလန္ႏိုင္ငံသည္ ဟိတ္ၿမိဳ႕ ICC တရား႐ုံးမွာ အမႈရင္ဆိုင္ေနရတဲ့ အသက္ ၈၀ အ႐ြယ္ သမၼတေဟာင္း ႐ိုဒရီဂိုဒူတာေတးဟာ မိုင္ေထာင္ခ်ီကြာေဝးတဲ့ သူ႔ရဲ႕ဇာတိ ဒါဗာအိုၿမိဳ႕မွာ ၿမိဳ႕ေတာ္ဝန္အျဖစ္ ယွဥ္ၿပိဳင္သူ စာရင္းဝင္ေနျခင္းပဲျဖစ္ပါတယ္။ တနည္းအားျဖင့္ ႐ိုဒရီဂိုဒူတာေတးရဲ႕
ဖိလစ္ပိုင္ႏိုင္ငံေရးအတြင္း တေက်ာ့ျပန္ဝင္လာမယ့္ ေျခလွမ္းပဲျဖစ္ပါတယ္။
လက္ရွိသမၼတ ေဘာင္ေဘာင္မားကို႔စ္ရဲ႕အစ္မရင္းျဖစ္သူ လက္ရွိ ေအာက္လႊတ္ေတာ္အမတ္ အင္မီမားကို႔စ္ဟာ ဒူတာေတးအုပ္စုဘက္ ေထာက္ခံသူအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနပါတယ္။ အင္မီဟာ သူ႔ေမာင္ ေဘာင္ေဘာင္ မေကာင္းေၾကာင္းေတာ့ တစ္ခါမွ မေျပာခဲ့ဖူးပါဘူး။ ေဘာင္ေဘာင္ကလည္း သူ႔အစ္မ အင္မီမေကာင္းေၾကာင္း မေျပာျခင္းဟာ ဖိလစ္ပိုင္ ယဥ္ေက်းမႈမွာ ေမာင္ႏွမခ်င္း ေဝဖန္တိုက္ခိုက္မႈကို မုန္းတီးေလ့ရွိတဲ့အတြက္ျဖစ္ႏိုင္ပါတယ္။
ဒူတာေတး အုပ္စုဘက္က ထိပ္တန္း ထင္ေၾကးေပးခံရသူ ၂ ဦးဟာ သမၼတေဟာင္းလက္ထက္ မူးယစ္ေဆးဝါးစစ္ပြဲကာလ လက္သံေျပာင္လြန္းလို႔ ေဝဖန္စြပ္စြဲခံထားရသူမ်ားျဖစ္ပါတယ္။ ေဘာင္ေဘာင္မားကို႔စ္ဘက္မွာ ကမာၻသိ လက္ေဝွ႔ေက်ာ္ “မန္နီ ပက္ကြီယို” က တစ္ေျပးေနပါတယ္။
ၾသဇာအာဏာ-ဆက္လက္ရွင္သန္ေရး-လက္စားေခ်ျခင္း ပဋိပကၡနိမိတ္မ်ား ထင္ဟပ္ေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံ ေ႐ြးေကာက္ပြဲရဲ႕ေအာက္လႊတ္ေတာ္ အမတ္ေနရာ ၃၁၇ ေနရာအတြက္ ၂၅၄ ေနရာကို ခ႐ိုင္တစ္ခုစီက တိုက္႐ိုက္ မဲေပးမွာျဖစ္ၿပီး က်န္ ၆၃ ေနရာကို ပါတီက ေ႐ြးခ်ယ္ဖို႔ ရွိေနပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.