ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးသွားနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

 385

Pika (NP News) - မေ ၁၄

ဆီးရီးယားအပေါ် အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးသွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ တူရကီသမ္မတအာဒိုဂန်ရဲ့မေးခွန်းတွေကို ယခုလိုပြန်လည်တုံ့ပြန်ဖြေကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဆီးရီးယားနိုင်ငံဟာ ပြည်တွင်းစစ်ကိုကြုံတွေ့နေရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုဒဏ်တွေကို ရင်ဆိုင်နိုင်ဖို့ ရုန်းကန်နေရတယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က"ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်က ဖြေလျှော့ပေးသွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဆီးရီးယားကို အသစ်ကနေပြန်စစေချင်လို့ပါ"လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေနဲ့ပတ်သက်ပြီး ၎င်းကိုတူရကီသမ္မတအာဒိုဂန်က မေးခွန်းတွေမေးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် သူတို့တွေအသစ်ကနေပြန်မစနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်မလို့ သူတို့ကိုကူညီတဲ့အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးသွားနိုင်ပါတယ်"လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
ဆီးရီးယားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ေျဖေလွ်ာ့ေပးသြားႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေမ ၁၄

ဆီးရီးယားအေပၚ အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈေတြကို ေျဖေလွ်ာ့ေပးသြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။

ေဒၚနယ္ထရမ့္ဟာ တူရကီသမၼတအာဒိုဂန္ရဲ႕ေမးခြန္းေတြကို ယခုလိုျပန္လည္တုံ႔ျပန္ေျဖၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဆီးရီးယားႏိုင္ငံဟာ ျပည္တြင္းစစ္ကိုႀကဳံေတြ႕ေနရတဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈဒဏ္ေတြကို ရင္ဆိုင္ႏိုင္ဖို႔ ႐ုန္းကန္ေနရတယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က"ဆီးရီးယားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို အေမရိကန္က ေျဖေလွ်ာ့ေပးသြားႏိုင္ပါတယ္။ဘာေၾကာင့္လဲဆိုေတာ့ ဆီးရီးယားကို အသစ္ကေနျပန္စေစခ်င္လို႔ပါ"လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ဆီးရီးယားအေပၚ ပိတ္ဆို႔အေရးယူမႈေတြနဲ႔ပတ္သက္ၿပီး ၎ကိုတူရကီသမၼတအာဒိုဂန္က ေမးခြန္းေတြေမးခဲ့တယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္တို႔ရဲ႕ ပိတ္ဆို႔အေရးယူမႈေတြေၾကာင့္ သူတို႔ေတြအသစ္ကေနျပန္မစႏိုင္ဘူးလို႔ ကြၽန္ေတာ္ထင္ပါတယ္။ ဒါေၾကာင့္မလို႔ သူတို႔ကိုကူညီတဲ့အေနနဲ႔ ပိတ္ဆို႔အေရးယူမႈေတြကို ေျဖေလွ်ာ့ေပးသြားႏိုင္ပါတယ္"လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.