ရုရှားသမ္မတက ငြိမ်းချမ်းရေးကို ရှောင်ရှားမှုအတွက် ပေးဆပ်ရလိမ့်မယ်လို့ ဗြိတိန်အစိုးရ သတိပေး

 214

Pika (NP News) - မေ ၁၇

ရုရှားသမ္မတပူတင်ဟာ ငြိမ်းချမ်းရေးကို ရှောင်ရှားမှုအတွက် ပေးဆပ်ရလိမ့်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကီရာစတာမာက ပြောကြားခဲ့ပါတယ်။ ကီရာစတာမာဟာ အယ်လ်ဘေးနီးယားနိုင်ငံမှာ ကျင်းပမယ့် European Political Community အစည်းအဝေးမတိုင်မီ ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ကီရာစတာမာက “ယူကရိန်းမှာ သွေးထွက်သံယိုဖြစ်မှုတွေနဲ့သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပွားနေစဉ်အချိန် အတွင်းမှာပဲ လုပ်ဆောင်နေတဲ့ပူတင်ရဲ့နည်းဗျူဟာတွေက လက်မခံနိုင်စရာကိစ္စတွေပါပဲ” လို့ ပြောခဲ့ပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ နှစ်နိုင်ငံကြားဖြစ်ပွားလျက်ရှိတဲ့ပဋိပက္ခကို အဆုံးသတ်ဖို့ အတွက် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ စီစဉ်ထားကြတယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း အဲဒီဆွေးနွေးပွဲတွေကို ရုရှားသမ္မတပူတင်နဲ့ ယူကရိန်းသမ္မတဇီလန်စကီးတို့ တက်ရောက်နိုင်ဖွယ် မရှိကြောင်းနဲ့ ဆွေးနွေးပွဲတွေအတွင်း ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုရရှိလိမ့်မယ်လို့ မထင်မိဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယူကရိန်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်တဲ့တိုးတက်မှုတွေကို အမေရိကန်က စိတ်မရှည်တော့ဘူးလို့ အမေရိကန်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာမှာ ကီရာစတာမာရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားသမၼတက ၿငိမ္းခ်မ္းေရးကို ေရွာင္ရွားမႈအတြက္ ေပးဆပ္ရလိမ့္မယ္လို႔ ၿဗိတိန္အစိုးရ သတိေပး
Pika (NP News) - ေမ ၁၇

႐ုရွားသမၼတပူတင္ဟာ ၿငိမ္းခ်မ္းေရးကို ေရွာင္ရွားမႈအတြက္ ေပးဆပ္ရလိမ့္မယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကီရာစတာမာက ေျပာၾကားခဲ့ပါတယ္။ ကီရာစတာမာဟာ အယ္လ္ေဘးနီးယားႏိုင္ငံမွာ က်င္းပမယ့္ European Political Community အစည္းအေဝးမတိုင္မီ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ကီရာစတာမာက “ယူကရိန္းမွာ ေသြးထြက္သံယိုျဖစ္မႈေတြနဲ႔သတ္ျဖတ္မႈေတြ ဆက္လက္ျဖစ္ပြားေနစဥ္အခ်ိန္ အတြင္းမွာပဲ လုပ္ေဆာင္ေနတဲ့ပူတင္ရဲ႕နည္းဗ်ဴဟာေတြက လက္မခံႏိုင္စရာကိစၥေတြပါပဲ” လို႔ ေျပာခဲ့ပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ရဲ႕ကိုယ္စားလွယ္အဖြဲ႕ေတြဟာ ႏွစ္ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိတဲ့ပဋိပကၡကို အဆုံးသတ္ဖို႔ အတြက္ တူရကီႏိုင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးမႈေတြလုပ္ေဆာင္ဖို႔ စီစဥ္ထားၾကတယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း အဲဒီေဆြးေႏြးပြဲေတြကို ႐ုရွားသမၼတပူတင္နဲ႔ ယူကရိန္းသမၼတဇီလန္စကီးတို႔ တက္ေရာက္ႏိုင္ဖြယ္ မရွိေၾကာင္းနဲ႔ ေဆြးေႏြးပြဲေတြအတြင္း ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုရရွိလိမ့္မယ္လို႔ မထင္မိဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈေတြနဲ႔ပတ္သက္တဲ့တိုးတက္မႈေတြကို အေမရိကန္က စိတ္မရွည္ေတာ့ဘူးလို႔ အေမရိကန္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ကီရာစတာမာရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.