မလေးရှားမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး မီးခြစ်နဲ့ကစားပြီး သေဆုံး

60
ရောင်နီ (NP News) - မေ ၁၈
မလေးရှားနိုင်ငံ၊ မလကာ၊ ကရူဘန်မှာရှိတဲ့ ပြည်သူ့အိမ်ရာ စီမံကိန်းတိုက်ခန်းမှာ မေလ ၁၆ ရက်က အသက်လေးနှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ မလေးရှားပြည်နယ် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက ပြောပါတယ်။
အဆိုပါဖြစ်ရပ်ဆိုးမဖြစ်ပွားမီ မေလ ၁၆ ရက် မွန်းလွဲ ၂ နာရီ ၂၀ ခန့် အချိန်ခန့်က ကလေးဟာ မီးခြစ်နဲ့ ကစားနေခဲ့တာဖြစ်တယ်လို့ သေဆုံးသူရဲ့ မိခင်က ဆိုပါတယ်။ ကလေးငယ်ဟာ မိသားစုရဲ့မွေးချင်းငါးဦးအနက် စတုတ္ထမြောက် ရင်သွေးဖြစ်ပြီး တိုက်ခန်း ခြောက်လွှာရှိ တတိယအိပ်ခန်းမှာ မီးလောင်ဒဏ်ရာတွေနဲ့ ကြမ်းပြင်ပေါ် လဲလျောင်း သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။ လေထဲမှာ ဓာတ်ငွေရှိနေလို့ ပေါက်ကွဲမှုဖြစ်ခဲ့သလား၊ တခြားဘယ်လို အကြောင်းရင်းတွေ ရှိနေသလဲဆိုတာတော့ မသိရသေးပါဘူး။
သေဆုံးရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သေဆုံးသူ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးထား တယ်လို့ သိရပါတယ်။
Zawgyi Version:
မေလးရွားမွာ အသက္ ၄ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး မီးျခစ္နဲ႔ကစားၿပီး ေသဆုံး
ေရာင္နီ (NP News) - ေမ ၁၈
မေလးရွားႏိုင္ငံ၊ မလကာ၊ က႐ူဘန္မွာရွိတဲ့ ျပည္သူ႔အိမ္ရာ စီမံကိန္းတိုက္ခန္းမွာ ေမလ ၁၆ ရက္က အသက္ေလးႏွစ္ အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးေနတာကို ေတြ႕ရွိခဲ့တယ္လို႔ မေလးရွားျပည္နယ္ မီးသတ္နဲ႔ ကယ္ဆယ္ေရးဌာနက ေျပာပါတယ္။
အဆိုပါျဖစ္ရပ္ဆိုးမျဖစ္ပြားမီ ေမလ ၁၆ ရက္ မြန္းလြဲ ၂ နာရီ ၂၀ ခန႔္ အခ်ိန္ခန႔္က ကေလးဟာ မီးျခစ္နဲ႔ ကစားေနခဲ့တာျဖစ္တယ္လို႔ ေသဆုံးသူရဲ႕ မိခင္က ဆိုပါတယ္။ ကေလးငယ္ဟာ မိသားစုရဲ႕ေမြးခ်င္းငါးဦးအနက္ စတုတၳေျမာက္ ရင္ေသြးျဖစ္ၿပီး တိုက္ခန္း ေျခာက္လႊာရွိ တတိယအိပ္ခန္းမွာ မီးေလာင္ဒဏ္ရာေတြနဲ႔ ၾကမ္းျပင္ေပၚ လဲေလ်ာင္း ေသဆုံးေနခဲ့တာ ျဖစ္ပါတယ္။ ေလထဲမွာ ဓာတ္ေငြရွိေနလို႔ ေပါက္ကြဲမႈျဖစ္ခဲ့သလား၊ တျခားဘယ္လို အေၾကာင္းရင္းေတြ ရွိေနသလဲဆိုတာေတာ့ မသိရေသးပါဘူး။
ေသဆုံးရတဲ့အေၾကာင္းရင္းကို စုံစမ္းေနဆဲျဖစ္ၿပီး ေသဆုံးသူ ႐ုပ္အေလာင္းကို ရဲတပ္ဖြဲ႕ဆီ လႊဲေျပာင္းေပးထား တယ္လို႔ သိရပါတယ္။