ဂါဇာကမ်းမြောင်ဒေသကို အင်အားအပြည့်ဖြင့်ဝင်ရောက်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်ကတိပြု

 244

Pika (NP News) - မေ ၁၈

အစ္စရေးစစ်တပ်သည် မကြာမီကာလအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်လက်နက် ကိုင်အဖွဲ့ကို အပြီးသတ်သုတ်သင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကတိပြုပြောခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ကျန်ရှိနေသည့်ဓားစာခံများ အားလုံး ပြန်လည်လွတ်မြောက်လာရေးအတွက် စေ့စပ်ညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်ရန် အစ္စရေးအစိုးရ က ရည်ရွယ်ထားကြောင်း နေတန်ရာဟုက ပြောခဲ့သည်။
နေတန်ရာဟုသည် အစ္စရေးအရန်တပ်ဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားစဉ်အချိန်အတွင်း ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နေတန်ရာဟုက “လာမယ့်ရက်ပိုင်းအတွင်း စစ်ဆင်ရေးပြီး မြောက်ဖို့အတွက် ဂါဇာကမ်းမြောင်ဒေသကို အင်အားအပြည့်နဲ့ဝင်ရောက်သွားမှာပါ။ အဓိပ္ပာယ်ကတော့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပြီး ကျန်ရှိနေတဲ့ ဓားစာခံတွေအားလုံး လွတ်မြောက်စေဖို့ ဆိုတာပဲဖြစ်ပါ တယ်” ဟု ပြောဆိုခဲ့သည်။
ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဓားစာခံများ ပြန်လွှတ်ပေးခြင်းအတွက် အပြန်အလှန်အနေဖြင့် ယာယီအပစ်အခတ်ရပ်စဲရေးကို အစ္စရေးအစိုးရဘက်က ငြင်းဆန်ပယ်ချခဲ့ခြင်းမျိုး မရှိခဲ့ဖူးသော်လည်း လက်ရှိ ဖြစ်ပွားနေသည့်စစ်ပွဲကိုရပ်တန့်သွားမည့် အခြေအနေများမရှိကြောင်း နေတန်ရာဟုက ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ထို့ပြင် အရပ်သားပြည်သူများကို ဂါဇာကမ်းမြောင်ဒေသမှ ထွက်ခွာခွင့်ပြုမည့် အုပ်ချုပ်ရေးအဖွဲ့တစ်ခုကို အစ္စရေးဘက်က ဖွဲ့စည်းပြီးပြီဖြစ်ကြောင်း နေတန်ရာဟုက ထုတ်ပြန်ပြောဆိုခဲ့သည်။ လက်ရှိပေးထားသောအခွင့်အရေးများအရ နေထိုင်သူထက်ဝက်ကျော်သည် ဂါဇာကမ်းမြောင်ဒေသမှ ထွက်ခွာ သွားလိမ့်မည်ဖြစ်ကြောင်း နေတန်ရာဟုက ထပ်မံပြောဆိုခဲ့သည်။

Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသကို အင္အားအျပည့္ျဖင့္ဝင္ေရာက္သြားမည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ကတိျပဳ
Pika (NP News) - ေမ ၁၈
အစၥေရးစစ္တပ္သည္ မၾကာမီကာလအတြင္း ဂါဇာကမ္းေျမာင္ေဒသရွိ ဟားမတ္စ္လက္နက္ ကိုင္အဖြဲ႕ကို အၿပီးသတ္သုတ္သင္သြားမည္ျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ကတိျပဳေျပာခဲ့သည္။ တစ္ခ်ိန္တည္းတြင္ပင္ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးထိန္းသိမ္းထားေသာ က်န္ရွိေနသည့္ဓားစာခံမ်ား အားလုံး ျပန္လည္လြတ္ေျမာက္လာေရးအတြက္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားကို ဆက္လက္လုပ္ေဆာင္ရန္ အစၥေရးအစိုးရ က ရည္႐ြယ္ထားေၾကာင္း ေနတန္ရာဟုက ေျပာခဲ့သည္။
ေနတန္ရာဟုသည္ အစၥေရးအရန္တပ္ဖြဲ႕ဝင္မ်ားကို မိန႔္ခြန္းေျပာၾကားစဥ္အခ်ိန္အတြင္း ယင္းကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေနတန္ရာဟုက “လာမယ့္ရက္ပိုင္းအတြင္း စစ္ဆင္ေရးၿပီး ေျမာက္ဖို႔အတြက္ ဂါဇာကမ္းေျမာင္ေဒသကို အင္အားအျပည့္နဲ႔ဝင္ေရာက္သြားမွာပါ။ အဓိပၸာယ္ကေတာ့ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို ဖ်က္ဆီးၿပီး က်န္ရွိေနတဲ့ ဓားစာခံေတြအားလုံး လြတ္ေျမာက္ေစဖို႔ ဆိုတာပဲျဖစ္ပါ တယ္” ဟု ေျပာဆိုခဲ့သည္။
ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕က ဓားစာခံမ်ား ျပန္လႊတ္ေပးျခင္းအတြက္ အျပန္အလွန္အေနျဖင့္ ယာယီအပစ္အခတ္ရပ္စဲေရးကို အစၥေရးအစိုးရဘက္က ျငင္းဆန္ပယ္ခ်ခဲ့ျခင္းမ်ိဳး မရွိခဲ့ဖူးေသာ္လည္း လက္ရွိ ျဖစ္ပြားေနသည့္စစ္ပြဲကိုရပ္တန႔္သြားမည့္ အေျခအေနမ်ားမရွိေၾကာင္း ေနတန္ရာဟုက ရွင္းရွင္းလင္းလင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ ထို႔ျပင္ အရပ္သားျပည္သူမ်ားကို ဂါဇာကမ္းေျမာင္ေဒသမွ ထြက္ခြာခြင့္ျပဳမည့္ အုပ္ခ်ဳပ္ေရးအဖြဲ႕တစ္ခုကို အစၥေရးဘက္က ဖြဲ႕စည္းၿပီးၿပီျဖစ္ေၾကာင္း ေနတန္ရာဟုက ထုတ္ျပန္ေျပာဆိုခဲ့သည္။ လက္ရွိေပးထားေသာအခြင့္အေရးမ်ားအရ ေနထိုင္သူထက္ဝက္ေက်ာ္သည္ ဂါဇာကမ္းေျမာင္ေဒသမွ ထြက္ခြာ သြားလိမ့္မည္ျဖစ္ေၾကာင္း ေနတန္ရာဟုက ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.